← Chapters

အားမာန်ဖြင့် ပြန်လည် ရောက်ရှိလာမှု

Vol. 2 Ch. 15

အားမာန်ဖြင့် ပြန်လည် ရောက်ရှိလာမှု

Vol. 2 Ch. 15

အသံသည် လွှမ်းမိုးမှုရှိပြီး သြဇာတိက္ကမနှင့် ပြည့်လှသောကြောင့် လုကျိုးကျွင်းအား နောက်သို့ပြန်ဆုတ် စေခဲ့သည်။

“မိတ်ဆွေ ... ကျွန်တော်က ဒန်းဟန် ဆေးလုပ်ငန်းရဲ့ ပိုင်ရှင် လုကျိုးကျွင်းပါ...”

လုကျိုးကျွင်းသည် အရပ်မြင့်မားပြီး သတ္တိရှိလှသည့် အမျိုးသားသည် အခြားနှစ်ယောက် နှင့်အတူ သူ့နောက်တွင် ရောက်လာသည်ကို မြင်သောအခါ ရုတ်ခြည်း ရပ်တန့်လိုက်သည်။ သူသည် ဒန်းဟန် ဆေးလုပ်ငန်း ဖွင့်ပွဲနေ့က ထိုလူနှစ်ယောက်သည် ဒဏ်ရာရနေသော လူတစ်ယောက်ကို သယ်ဆောင်ကာ ရောက်လာဖူးကြောင်း အမှတ်ရလိုက်၏။

ဖြစ်နိုင်သည်က ဒဏ်ရာ ရနေသူသည် သေဆုံးသွား၍ သူတို့သည် ပြဿနာရှာရန် ရောက်ရှိ လာခြင်းများလား ... .

ထိုအတွေးသည် လုကျိုးကျွင်းအား ချွေးအေးများ ထွက်လာစေ၏။ ပုံမှန်အခြေအနေ အောက်တွင် ဆေးတွင် ပြဿနာမရှိပါက ထိုမျှ ပုံကြီးချဲ့ရန် အကြောင်းမရှိပေ။ သို့သော်လည်း တစ်ယောက်ယောက်သာ သူတို့ကို စုံစမ်းစစ်ဆေးလျှင် ပို၍ ပြဿနာ များလာနိုင်သည်။ ထိုသူသည် စစ်တပ်မှ ဖြစ်လျှင် ပို၍ ပို၍ပင် ပြဿနာ ကြီးကျယ်ဦးမည် ဖြစ်သည်။

“သူဌေးလု ...  ဒါက ကျွန်တော်တို့ ခေါင်းဆောင်ပါ ... ကျွန်တော်တို့က ကိုးဘဝ ပျောက်ကင်းဆေးကို ပုလင်း ၃၀၀လောက် လိုချင်တယ် ... ဈေးနှုန်းများ ညှိနှိုင်းရဦးမလား သိချင်လို့ပါ ... ” လုကျိုးကျွင်း သတိထားမိသည့် လူတစ်ယောက်မှ ဝင်ပြောလိုက်သည်။

“အမ် ... ”

လုကျိုးကျွင်းသည် အခြေအနေကို ချက်ချင်း နားလည်သွားပေသည်။ ကိုးဘဝ ပျောက်ကင်းဆေးသည် အလွန်လွန် ကောင်း၍သာ ခေါင်းဆောင် ကိုယ်တိုင် လာဝယ်ရခြင်း ဖြစ်ရမည်။

လုကျိုးကျွင်းသည် ချက်ချင်း စိတ်တည်ငြိမ် သွားခဲ့သည်။ ဤစီးပွားရေးတွင် ကျင်လည်ခဲ့သည့် နှစ်များစွာ အတွေ့အကြုံအရ သူသည် အခြေအနေကို အပြည့်အစုံ လုံးဝ နားလည်သွားသည်။ ဒီနေ့မှစ၍ ကိုးဘဝ ပျောက်ကင်ဆေးသည် ပန်ကိတ်များကဲ့သို့ ရောင်းချရမည့် ကိစ္စတွင် စိတ်ပူစရာ အလျှင်းမရှိတော့ချေ။

လုကျိုးကျွင်းသည် ဤကြီးမားလှသည့် စစ်တပ်ကြီးတွင် ပိုက်ဆံမှလွဲ၍ ဘာမှမရှိကြောင်း သိ၏။

“ဖြေဆေးတွေ ကတော့ ကျန်ရှိ နေပါသေးတယ် ... ဒါပေမဲ့ ရွှေနှစ်ပြားနဲ့ ဖွင့်ဈေးက အခု ပြောင်းလဲ...”

အရပ် မြင့်မားသည့် ခေါင်းဆောင်က တွေဝေခြင်းမရှိ လက်ကိုမြှောက်ကာ လုကျိုးကျွင်း ဆက်ပြောမည်ကို တားဆီးလိုက်သည်။

“ခဏ ...  ညှိနှိုင်းတာ မေ့ထားလိုက်တော့ ... ငါတို့ကို ရွှေနှစ်ပြားနဲ့ ရောင်းပေး ...  ပုလင်း ၅၀၀ ယူမယ် ...  ငါတို့က ထေဖေးစစ်တပ် စခန်းကပဲ ... မကြာခဏ မင်းဆိုင်ကို လာဝယ်မယ်...”

“အဲဒါဆို သဘောတူတယ် ... ”

လုကျိုးကျွင်းသည် ဈေးနှုန်းမြင့်ရန် မတွေးတော့ချေ။ ထေဖေးစစ်တပ် စခန်းသည် ချင်ယွီ၏ အကြီးမားဆုံး စစ်ခန်းသုံးခုမှ တစ်ခုအပါအဝင် ဖြစ်၏။ ထေဖေး စစ်တပ်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ခြင်းက အနာဂတ်တွင် ကောင်းသော စီးပွားရေးဖြစ်လာရန် သေချာလိမ့်မည်။

အတိတ်တွင် ဒန်းဟန် ဆေးဆိုင်သည် ချင်ယွီပြည်နယ် တစ်ခုလုံး ဆိုင်ခွဲတွေ အများကြီးရှိစဉ်က ချန်လင်း ဆေးဆိုင်သည် အလုပ်ရုံ သေးသေးလေးသာ ဖြစ်သည်။

လက်ရှိတွင် ချန်လင်း ဆေးလုပ်ငန်းသည် ချင်ယွီပြည်နယ်၏ အကောင်းဆုံး ဆေးလုပ်ငန်းမှ တစ်ခုအပါအဝင် ဖြစ်နေလေပြီ။ ချင်ယွီ၏ ၄၀ ရာခိုင်နှုန်းသော ဆေးများသည် ချန်လင်း ဆေးဆိုင်မှ ထောက်ပံ့ထားခြင်း ဖြစ်သည်။

ချန်လင်း ဆေးလုပ်ငန်း၏ ဌာနချုပ်ရှိ အစည်းအဝေးခန်းမတွင် လူတချို့သည် လက်ဖက်ရည် သောက်ရင်း ဆွေးနွေးနေကြသည်။ ချန်လင်း ဆေးလုပ်ငန်းသည် လမ်းကြောင်းမှန် ရောက်နေပြီဖြစ်၍ အစည်းအဝေးသည် စကားပြောခြင်းနှင့်သာ ပြည့်နှက်နေသည်။

“ဒန်းဟန် ဆေးလုပ်ငန်းက လတ်တလော အုတ်အော်သောင်းနင်း ဖြစ်စေခဲ့တာဆိုတော့ အလွန်ထူးခြားတဲ့ ကုသဆေး ဖော်ထုတ်နိုင်တယ် ထင်နေတာ ...  ကြည့်ရတာ ကြော်ငြာက အပိုတွေပဲ...ဟားဟား ... ”

စကားပြော လိုက်သည့် ပုဂ္ဂိုလ်သည် ချန်လင်းဆေး အရောင်းဘက်တွင် တာဝန် ယူထားသည့် အသက် ခြောက်ဆယ်ကျော် လူကြီးဖြစ်၏။ သူ့နာမည်သည် လျိုးဝမ်ရှုန်း ဖြစ်သည်။

အရိုးသားဆုံး ပြောရလျှင် ဒန်းဟန် ဆေးလုပ်ငန်း၏ ဆေးအသစ် ကြော်ငြာသည် သူ့အား အနည်း အထိတ်တလန့် ဖြစ်စေခဲ့သည်။ သို့သော်လည်း ယခုတွင် ဒန်းဟန် ဆေးလုပ်ငန်းသည် စက္ကူကျား ဖြစ်နေကြောင်း သိရှိ၍ စိတ်အေးသွားခဲ့လေသည်။

နေရာအမြင့်မှာ ထိုင်နေသူ အမျိုးသမီးသည် မေးရှုဟု အမည်ရသော ချန်လင်း ဆေးလုပ်ငန်း၏ ပိုင်ရှင်ဖြစ်၏။ လျိုးဝမ်ရှုန်း စကားများ ကြားပြီးနောက်တွင် သူမက ပြောလိုက်သည်။

“ဆရာလျိုး ... ဒန်းဟန် ဆေးလုပ်ငန်းက ဘယ်လောက်ပဲ အပိုဖြစ်ဖြစ် ... ကျွန်မတို့လို ရောင်းချသူတွေက အာရုံစိုက်ထားဖို့ လိုအပ်သေးတယ် ... အဲဒီအပြင် အခုမှ ရက်အနည်းငယ်ပဲ ရှိသေးတယ် ...  အကယ်၍သာ ကိုးဘဝ ... ”

မေးရှု စကားများသည် တက်ကြွနေသည့် လူငယ်တစ်ယောက် အပြေးအလွှား ဝင်လာပြီး မေးရှုအား စာပေးလိုက်သည့်အခါ ရုတ်တရက် ဖြတ်တောက်ခံ လိုက်ရသည်။

အစည်းအဝေး ခန်းမသည် ငြိမ်ကျသွားပြီး အားလုံးသည် မေးရှုအား ကြည့်လိုက်ကြသည်။

မေးရှုသည် စာအိတ်ကို ဖြဲလိုက်ပြီး စာကို ယူလိုက်သည်။ သူမ စာဖတ်ပြီးသည့် အခိုက်အတန့်တွင် သူမက ပြုံး၍ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

“ဒီနေ့ ... စစ်တပ် ကိုယ်စားလှယ် အချို့က ဒန်းဟန် ဆေးလုပ်ငန်းကို သွားခဲ့တယ် ... သတင်းအရ အဲဒီစစ်တပ် ကိုယ်စားလှယ်တွေက ကိုးဘဝ ပျောက်ကင်းဆေးကို အနည်းဆုံး ပုလင်း၁၀၀ ဝယ်သွားကြတယ် ...  အဲဒါအပြင် တချို့ စီးပွားရေးသမားတွေလည်း ဒန်းဟန် ဆေးလုပ်ငန်းကို သွားကြတယ် ... အဲဒီလူတွေက အရင်က ဒန်းဟန်က ဆေးဝယ် သွားဖူးခဲ့တဲ့ လူတွေပဲ...”

အားလုံးသည် မေးရှု ရည်ညွှန်းသော စကားများသည် သိရှိကြသည်။ ကိုးဘဝ ပျောက်ကင်းဆေး၏ ဈေးနှုန်းသည် အရမ်းမြင့် နေသော်လည်း လူများသည် ဒုတိယအကြိမ် သွား၍ ဝယ်ယူကြသည်။ ထိုအရာသည် ဆေးအကျိုး သက်ရောက်မှုသည် အမှန်တကယ် အံ့အားသင့်ဖွယ် ဖြစ်ကြောင်း ကြော်ငြာထက်ပင် ပိုသာလွန်နေကြောင်း သက်သေပြပြီးသား ဖြစ်သွား၏။

အကယ်၍ ဒန်းဟန် ဆေးလုပ်ငန်းသာ ထိုမျှ အံ့အားသင့်ဖွယ် ကောင်းသည့် ဆေးကို ထုတ်လုပ်နိုင်ခဲ့လျှင် ချန်လင်း ဆေးလုပ်ငန်းသည် သူတို့နှင့် မည်သို့ ယှဉ်ပြိုင်ရမည်နည်း။

“သူဌေးမေး. ... အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ ... ”

ပြည့်ဖြိုးသည့် လူလတ်အရွယ် အမျိုးသားသည် မတ်တတ်ရပ်ကာ မေးလိုက်သည်။

“မေးချီ ... အလုပ်ရုံထဲက အကြီးအကဲတွေကို သတိပေးပြီး ဒန်းဟန် ဆေးလုပ်ငန်းကို ချက်ချင်း သွားကြည့်ခိုင်းလိုက် ... ”

မေးရှု အမူအရာသည် လေးလေးနက်နက် ဖြစ်လာပြီး သူမ အသံသည်လည်း ပို၍ မဝံ့မရဲ ဖြစ်လာသည်။

“ကောင်းပြီ...”

စာလာပို့သည့် လူငယ်သည် ဖြေလိုက်ပြီး အလျင်အမြန် ထွက်သွားခဲ့သည်။

လန်ယုသည် သားရေအိတ် အကြီးနှစ်အိတ်ကို သယ်ဆောင်ကာ ဒန်းဟန်ဆေးဆိုင်သို့ ရောက်လာခဲ့သည်။ သို့သော် ဆိုင်အပေါက်ဝ ရောက်သည့်အခါ အလွန် အံ့သြသွားခဲ့၏။ တစ်ချိန်က ဘာမှမရှိသည့် ဒန်းဟန် ဆေးဆိုင်သည် ယခုအခါ ဝယ်ယူသူများဖြင့် ပြည့်နှက်နေ၏။ အားလုံးသည် စိုးရိမ်နေကြပုံ ပေါ်နေသော်လည်း တန်းစီလျက် ရှိနေဆဲ ဖြစ်၏။ လူတန်းကြီးသည် ဆေးဆိုင် အပေါက်ဝမှ လမ်းတစ်ဝက် အထိသို့ ရှည်လျားပေသည်။

ကိုးဘဝ ပျောက်ကင်းဆေးသည် ထိုမျှ အံ့အားသင့်ဖွယ်‌ ကောင်းသည်လား ... သူသည် ကြော်ငြာကို မြင်တွေ့သော်လည်း အတိတ်တွင် အပိုကိစ္စများကို အများကြီး မြင်တွေ့ဖူးသည့် အတွက် ထိုကိစ္စကိုလည်း အာရုံစိုက်ခြင်း မရှိခဲ့ချေ။

“ဘာလုပ်နေတာလဲ ... ကျေးဇူးပြုပြီး နောက်က တန်းစီပေးပါ...” လန်ယုသည် ဆေးဆိုင်သို့ ဝင်ခါနီးတွင် လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။

လန်ယုသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ဒီကို ဆေးလာဝယ်တာ မဟုတ်ဘူး ... ဒီမှာ ဆရာမိုကို လာရှာတာပါ...”

မိန်းမငယ်လေးသည် အလျင်အမြန် ပြေးထွက်လာပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

“ရှင်က အစ်ကိုလန်လား ...  ဆရာမိုက ကျွန်မကို ဒီမှာ ရှင့် စောင့်ခိုင်းထားတာ ...”

လန်ယုသည် အမြန်အဆန် ခေါင်းညိတ်လိုက်ပြီး

“ဟုတ်တယ် ...  ငါက လန်ယု ...  ကျေးဇူးပြုပြီး ဆရာမိုကိုတွေ့ဖို့ ခေါ်သွားပေးလို့ ရမလား...”

မိန်းမငယ်လေးသည် အလောတကြီး ပြောလိုက်သည်။

“အစ်ကိုလန် ... ကျွန်မကို လုလုလို့ ခေါ်ပါ ... ဆရာမိုက ဒီနားမှာ မရှိဘူး ... အလုပ်ရုံထဲမှာ အလုပ်လုပ်နေတယ် ... .ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပေးပါ ... ”

လူထုသည် မိန်းမငယ်လေး၏ ခေါ်ဆောင်သွားခြင်း ခံရသည့် လန်ယုအား အားကျနေကြသည်။ သူတို့သည်လည်း ဆရာမိုနှင့် သိကျွမ်းသည့် သူဖြစ်ရန် ဆုတောင်းနေကြ၏။

အံ့အားသင့်ဖွယ် ကိုးဘဝ ပျောက်ကင်ဆေးစွမ်း အကြောင်း ကောလာဟလသည် မြို့တော်တစ်ခုလုံး အလျင်အမြန် ပျံ့နှံ့သွားလေသည်။ ဆေးရရှိ ထားသည်များသည် အပိုငွေ ဆယ်ပြားဖြင့် အလွယ်တကူ ပြန်လည် ရောင်းချနိုင်ကြသည်။

“ဆရာမို ... အစ်ကိုလန် ရောက်ပါပြီ ... ”

လုလုသည် ဒန်းဟန် ဆေးလုပ်ငန်းရှိ မိုဝူကျီ၏ စမ်းသပ်ခန်း အပေါက်ဝမှ သူမသည် လန်ယုအား ခေါ်ဆောင်လာကြောင်း လေးစားစွာ အော်ပြောလိုက်သည်။

ဒန်းဟန် ဆေးလုပ်ငန်းမှာ ရှိသည့် အလုပ်သမားတိုင်းသည် လတ်တလောအတွင်း ဖြစ်ပျက်နေသည့် အားမာန် တက်ကြွဖွယ် အခြေအနေများ၏ ဇာစ်မြစ်ကို သိရှိကြသည်။ အကြောင်းရင်းမှာ စွမ်းဆောင်နိုင်သည့် ဆေးဖော်စပ်သူ ဆရာမို ရောက်ရှိလာခြင်းကြောင့် ဖြစ်၏။ ဆရာမိုသည် အံ့အားသင့်ဖွယ် ဆေးဖြစ်သည့် ကိုးဘဝ ပျောက်ကင်းဆေးကို ဖော်စပ်ခဲ့သည်။

ဒန်းဟန် ဆေးလုပ်ငန်းတွင် ရောင်းချနေသရွေ့ တစ်ခါထက် တစ်ခါပိုပြီး အရောင်းမြင့် လာလိမ့်မည်။ နေ့စဉ်နေ့တိုင်း တန်းစီနေသည့် လူတန်းကို ကြည့်ရင် သိသာ၏။ တချို့သည် ကျန်သူများထက် စောစော ဝယ်ယူနိုင်ရန် ဆေးအတွက် ပိုပေးကြ၏။

မိုဝူကျီ၏ အကူဖြစ်သော လုလုသည် မိုဝူကျီအား အလွန်လေးစားစွာ ဆက်ဆံလေသည်။

လုလုအသံ ပြီးဆုံးသွားသည်နှင့် တံခါးငယ်လေးသည် ပွင့်လာခဲ့သည်။ မိုဝူကျီသည် တံခါးဝတွင် ဆံပင်စုတ်ဖွားဖြင့် ရပ်နေပြီး စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

“အစ်ကိုလန် ... နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ ... ”

လန်ယုသည် မိုဝူကျီ၏ ပုံစံကို လည်းကောင်း စမ်းသပ်ခန်းမှ ဆေးအမျိုးမျိုး၏ အနံ့အသက်များကို လည်းကောင်း အာရုံမထားချေ။ အကြောင်းရင်းသည် အမှန်တကယ် စွမ်းဆောင်နိုင်သည့် မိုဝူကျီလို ဆေးဖော်စပ်သူသည် ဆေးပင်များနှင့် ပတ်သက်လာလျှင် အရူးအမူး ဖြစ်တတ်ကြသည်ကို သိရှိ၍ ဖြစ်သည်။

“ဆရာမို ...  ခင်ဗျား ကျွန်တော့်ကို တကယ်မညာခဲ့ဘူး ... ခင်ဗျားဆေးက မှန်းဆချက် အားလုံးကို ကျော်လွန်ပြီး အရမ်းရမ်းကို အောင်မြင်နေတာပဲ...”

လန်ယုသည် လေးစားသမှုနှင့် ပြောလိုက်သည်။

လန်ယုသည် မိုဝူကျီအား သူသည် ယောင်ကျိုးမြို့တွင် နေမည်ဟု ကတိပေးထား သော်လည်း သူသည် မိုဝူကျီစကားများကို အပြည့်အဝ မယုံကြည်ချေ။ ယနေ့တွင် ဒန်းဟန် ဆေးလုပ်ငန်း၏ ခမ်းနားကြီးကျယ်လှသည့် အချိန်သမယကို သက်သေရရှိပြီး မိုဝူကျီ၏ ဆေးအသစ်သည် သူတို့အား ထပ်၍ မြင့်တက်စေမည် ဖြစ်ကြောင်း လက်ခံ ယုံကြည်လာသည်။

“ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ် ...  အစ်ကိုလန် အထဲဝင်ထိုင်ပါဦး ... ” မိုဝူကျီသည် လန်ယု၏ သားရေအိတ်ကို ကြည့်ရင်း ပြောလိုက်သည်။

လန်ယုသည် မိုဝူကျီ၏ အကြည့်ကို သတိပြုမိပြီး သူ့ရည်ရွယ်ချက်သည် အထဲသို့ ဝင်ထိုင်ခိုင်းသည် မဟုတ်ကြောင်း သိရှိလိုက်သည်။ သူသည် ပြုံးလိုက်ပြီး ဘယ်ဘက်လက်မှ သားရေအိတ်ကို မိုဝူကျီထံ ပေးလိုက်သည်။

“ဆရာမို ... .ဒါတွေက ခင်ဗျားလိုတဲ့ ဆေးပင်တွေပါ ... စုစုပေါင်း ဆယ်မျိုးပါတယ် ... ကြည့်ကြည့်ပါဦး ... ”

မိုဝူကျီသည် အားရပါးရ ပြုံးလိုက်ရင်း အိတ်ကို ယူလိုက်သည်။

“မလိုပါဘူး ...  အစ်ကိုလန်ကို ယုံပါတယ်...”

ထိုစကား ပြောပြီးသည်နှင့် သူသည် လုလုကို ပြောလိုက်သည်။

“လုလု ... အစ်ကိုလန်ကို သေချာ ဂရုစိုက် ပေးရမယ်နော် ... သူယူလာတာကို စစ်ဆေးကြည့်ဖို့ မလိုဘူး ...  ငါ သူ့ကိုယုံတယ် ... ပြီးတော့ ပစ္စည်းတွေအတွက် ဈေးကွက်ပေါက်ဈေး နှစ်ဆပေးလိုက်...”

မိုဝူကျီသည် လန်ယူနှင့် စကားစမြည် မပြောဆိုလိုခြင်း မဟုတ်ပေ။ သူ့လက်ရှိ စမ်းသပ်မှုသည် အလွန် အရေးကြီးနေ၍ ဖြစ်၏။ မိုဝူကျီသည် လန်ယုက ရည်မွန်သောလူ ဖြစ်ကြောင်း သိသည့်အတွက် အကယ်၍ သူသာ ဒန်းဟန် ဆေးလုပ်ငန်းတွင် ကြာကြာနေရန် ဆုံးဖြတ်ပါက လန်ယုအား သူ့အလုပ်ရုံတွင် ခန့်အပ်ရန် နည်းလမ်းရှာမည် ဖြစ်သည်။

မိုဝူကျီသည် ကိုးဘဝ ပျောက်ကင်းဆေး ဈေးနှုန်း ထုတ်ပြောပြီးသည်ကို သိသော်လည်း ဒန်းဟန် ဆေးလုပ်ငန်းသည် ပြည့်ပြည့်ဝဝ မထိန်းချုပ်နိုင်သေးချေ။ များပြားသည့် အမြတ်ငွေနှင့် ရင်ဆိုင်သည့်အခါ သူသည် လုကျိုးကျွင်းနှင့် အခြားသော ဆေးဖော်စပ်သူများက ဤနေရာမှ စီးပွားရေး ဥပဒေနည်းနာများကို လိုက်နာကြဆဲ ဖြစ်မည်ဟု မယုံကြည်ပေ။

သူသည် ကိုးဘဝ ပျောက်ကင်းဆေးသည် ဤမျှ စီးပွားရှာနိုင် လိမ့်မည်ဟု မမျှော်လင့် ထားခဲ့သဖြင့် လုကျိုးကျွင်းအား အပြစ်မတင် နိုင်ကြောင်းလည်း သိရှိသည်။ ဤသည်က အစမျှပင် ရှိသေး၏။ ပင်နီဆီလင်၏ တန်ဖိုး ကြေငြာလိုက်သည်နှင့် လုကျိုးကျွင်း ကိုယ်တိုင်ပင် သူကတိ ပေးထားသည့် ကိစ္စအား အာမခံ ပေးနိုင်တော့မည် မဟုတ်ချေ။

***

All Chapters