← Chapters

လွတ်မြောက်မည့် လမ်းကြောင်းကို ရှာဖွေခြင်း

Vol. 2 Ch. 21

လွတ်မြောက်မည့် လမ်းကြောင်းကို ရှာဖွေခြင်း

Vol. 2 Ch. 21

“သခင် ... သခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့လည်း ကျွန်တော်က သခင်တစ်ယောက် ဖြစ်ဖို့က မည်မျှ ခက်ခဲကြောင်း သိပါတယ် ... သခင်က တိုင်းပြည်အတွက် ဆက်တိုက် စိုးရိမ်နေရတယ် ... ဒန်းဟန် ဆေးလုပ်ငန်းမှာ ကျွန်တော့ ရှယ်ယာတချို့ ပိုင်ပါတယ် ရှယ်ယာရဲ့ အမြတ်ငွေက ကျွန်တော့် လက်ကျန်တစ်ဘဝလုံး သုံးစွဲရန် လုံလောက်ပါတယ် ... ကျွန်တော်က ဆေးဖော်စပ်သူ မဟုတ်တဲ့အတွက် ရောင်းဖို့ နောက်ထပ် ဆေးကိုလည်း မဖော်စပ်နိုင်ပါဘူး ... ဒါပေမဲ့လည်း ဒီမတော်တဆမှု အပြီးမှာ ဆေးဖော်စပ်မှုမှာ အနည်းငယ် စိတ်ဝင်စားမိလို့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ ဆေးဖော်စပ်ဖို့ သင်ယူရာမှာ အာရုံစိုက် ထားချင်တယ် ... ကျွန်တော်လည်း နောင်အနာဂတ်မှာ တိုင်းပြည်ရှိ ပြည်သူများအတွက် များများကူညီ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်မိတယ် ... ”

မိုဝူကျီသည် သတိနှင့် အကြောက်တရား တွဲဖက်ကာ ပြောလိုက်သည်။

စစ်ထူချင်သည် မိုဝူကျီ၏ အဖြေကိုကြားကာ အနည်းငယ် အံ့သြသွားခဲ့၏။ မိုဝူကျီသည် အရိုက်အရာ ဆက်ခံမည့် ကိစ္စကြိုးပမ်းရာတွင် အလွန်အမင်း ဇွဲကောင်းလှ၏။ ထို့ကြောင့် စစ်ထူချင်သည် မိုဝူကျီသာ သူ့ကမ်းလှမ်းမှုကို လက်ခံသည်နှင့် သတ်မည်ဖြစ်ကြောင်း သိရှိမည်ကို မယုံကြည်ပေ။ မိုဝူကျီ အတိတ်အကြောင်း သိသူများသည်လည်း သူ့ဆုံးဖြတ်ချက် အကြောင်း အလွန်တရာ သိချင်နေကြ၏။ မိုမျိုးနွယ်စုရဲ့ မျိုးဆက်သည် သူ့အား အရိုက်အရာ ပေးသည့်အခါ မည်သို့ ငြင်းပယ် လိမ့်မည်နည်း ...

“မင်းက ဆေးဖော်စပ်ခြင်းမှာ အမှန်တကယ် စိတ်ဝင်စားတယ်လား ... မင်း စိတ်ဝင်စားရင် ချင်ယွီဆေးဖော်စပ် ကျောင်းကို ဝင်ဖို့ ထောက်ခံပေးနိုင်တယ် ... ”

ဆံဖြူနှင့် အကြီးအကဲ တစ်ယောက်သည် ရှေ့တိုးလာကာ ပြောလိုက်၏။

လက်ရှိ မိုဝူကျီသည် ရူးသွပ်နေသည့် မိုရှင်းဟယ်နှင့် မတူချေ။ သူသည် ချက်ချင်း ဤအကြီးအကဲ၏ သဘောထားကို နားလည် သဘောပေါက်လိုက်၏။ အကြီးအကဲသည် သခင်ကို ကပ်ဖားရပ်ဖား လုပ်ချင်ပြီး တိုင်ပြည်တွင် သူ့ရာထူးလည်း မြင့်တက်စေရန် ပံ့ပိုးမှုကို ပြသခြင်း ဖြစ်၏။

မိုဝူကျီသည် ထိုကျောင်းကို တက်ချင်သော်လည်း တစ်စုံတစ်ယောက်က သူ့အား သတ်ရန် ကြံစည်နေသည်မှာ သေချာလှ၏။ သူသည် အရိုက်အရာကို စွန့်လွှတ်လိုက်လျှင်ပင် သူဂရုစိုက်ရန် လိုသေး၏။

“ကျွန်တော်က ဆေးဖော်စပ်ခြင်းမှာပဲ စိတ်ဝင်စားတာ မဟုတ်ပါဘူး ... အရာအားလုံးထက် ကျင့်ကြံခြင်းမှာ စိတ်ဝင်စားပါတယ် ... ဒါပေမဲ့လည်း ကျွန်တော့်မှာ သေမျိုး ဝိညာဉ်ကြောသာ ရှိနေလို့ မကျင့်ကြံနိုင်တော့ပါဘူး ... ” မိုဝူကျီသည် သက်ပြင်းချရင်း ပြောလိုက်သည်။

မကျင့်ကြံ နိုင်ခြင်းသည် သူ့အတွက် အကြီးမားဆုံး နာကျင်မှုဖြစ်သော စကားသည် အမှန်တရားဖြစ်၏။

ဟန်ချန်အန်းသည် မိုဝူကျီစိတ်ကို ဖတ်နိုင်သကဲ့သို့ ပြောလိုက်၏။

“ညီလေးမို ... နောက် ခြောက်လကြာရင် ရှင်းဟန် အင်ပါယာမှာ နွေဦးနတ်ဘုရား ဂိတ် ညီလာခံ ကျင်းပလိမ့်မယ် ... ချင်ယွီပြည်နယ် အနေနဲ့ တက်ရောက်သူ ဆယ်ယောက် ပို့လိမ့်မယ် ... ဟန်မျိုးနွယ်စုက တစ်ယောက်ပါဝင်လို့ ရတယ် ... တကယ်လို့ အလိုရှိတယ်ဆိုရင် ဟန်မိသားစုနောက် လိုက်ပြီး နွေဦး နတ်ဘုရားဂိတ် ညီလာခံမှာ တက်ရောက်နိုင်မဲ့ အခွင့်အရေး ပေးနိုင်တယ် ... ဒါပေမဲ့ မင်းရဲ့ ဘိုးဘေးတွေက နိုဘယ်မျိုးနွယ် တွေဆိုတော့ မင်းတည်ရှိမှုနဲ့ မသင့်လျော်မှာကိုပဲ စိုးရိမ်မိတယ် ... ”

“ဘယ်သူလဲ ဆိုတ သိခွင့်များရှိမလား ... ”

မိုဝူကျီသည် သူ့အဆင့်အတန်းက မည်သို့ပင် ဖြစ်နေပါစေ ကျေနပ်၏။ ဤနေရာတွင် နေခြင်းက အလွန် အန္တရာယ်များလှ၏။ အကယ်၍ သူသာ ရှင်းဟန်အင်ပါယာသို့ သွားရန် သဘောတူညီခဲ့လျှင် အစစ်အမှန် ကျင့်ကြံသူများနှင့် တွေ့နိုင်ပြီး အခွင့်အရေး အသစ်များလည်း ရှာဖွေနိုင်လိမ့်မည်။ အရေးကြီးဆုံး အချက်က သူသည် ချင်ယွီပြည်နယ်မှ ထွက်သွားနိုင်ခြင်းသာ ဖြစ်၏။

ဆံဖြူ အကြီးအကဲသည် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ဒါက ချင်ယွီပြည်နယ် စီရင်စု မြို့စားကြီး ဟန်ချန်အန်းပဲ ... မြန်မြန် ဘာလို့ ကျေးဇူး မတင်သေးတာလဲ ... မင်းကိုယ်မင်း မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်လို့ ထင်နေတာတွေ ရပ်လိုက်တော့ ... ”

မိုဝူကျီသည် စောစောက မတော်တဆမှုတွင် ဆံဖြူ အကြီးအကဲသည် သူ့ကို ဆန့်ကျင်ထားသည့် အတွက် သူပြောသည်ကို မလိုက်လျောခဲ့ပေ။

“အဲဒါဆို ခင်ဗျားက စီရင်စု မြို့စားကြီး ဟန်ပေါ့ ... ခင်ဗျား၏ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ... ကျွန်တော်... မိုဝူကျီက ခင်ဗျားရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ ... ညီလာခံအတွက် ဟန်မျိုးနွယ်စုနောက် လိုက်ရန် ဆန္ဒရှိပါတယ်...” မိုဝူကျီသည် ဟန်ချန်အန်းအား လေးစားစွာ အကြောင်းပြန်လိုက်၏။

အကြောင်းပြန်ပြီးသည့် နောက်တွင် မိုဝူကျီသည် တစ်စုံတစ်ခုကို သတိပြုမိလိုက်၍ ဆံဖြူ အကြီးအကဲထံ လှည့်ကာ မေးလိုက်၏။

“ခင်ဗျားကရော ... ”

ဆံဖြူ အကြီးအကဲသည် မိုဝူကျီသည် ဟန်မိသားစုနောက် လိုက်ရန် ဆန္ဒရှိသည်ကို မြင်၍ သူ့အနေနှင့် မနှစ်သက်ချေ။ သူက မိုဝူကျီအား အေးစက်စွာ ပြန်ဖြေလိုက်၏။

“ငါက ဝန်ကြီး ယောင်ကန်ပဲ ... ”

“တစ်ခါမှ ခင်ဗျားအကြောင်း မကြားဖူးဘူး ... ”

မိုဝူကျီသည် ချက်ချင်း စစ်ထူချင်ထံ လှည့်လိုက်ပြီး ပြောလိုက်၏။

“သခင် ... ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် ... ကျွန်တော်က ဟန်မျိုးနွယ်စုနောက် လိုက်ပြီး အလုပ်အကျွေးပြုရန် ဆုံးဖြတ်လိုက်ပါပြီ ... ”

သူသည် ယောင်ကန်အား ဘေးလူတစ်ယောက် ကဲ့သို့ လုံးဝ လျစ်လျူရှုထားသည်။

“မင်း ဆန္ဒအတိုင်းပဲ...”

စစ်ထူချင်သည် ဝတ်ကျေတမ်းကျေ ပြောလိုက်၏။ သူ့ဘေးမှ ရပ်နေသည့် မိန်းမစိုး တစ်ယောက်သာ စစ်ထူချင်သည် ဒေါသ ထွက်လာသည်ကို သိရှိ၍ အလျင်အမြန် ပြောလိုက်၏။

“ခုံရုံး အစည်းအဝေး သိမ်းလိုက်ပါပြီ ... ”

ဟန်ချန်အန်းသည် မိုဝူကျီအား ပြောလိုက်၏။

“မင်းသွားပြီး ပစ္စည်းတွေ သိမ်းထားသင့်တယ် ... ငါနဲ့အတူ ဟန်စံအိမ်ဆီ လိုက်ခဲ့တော့လေ ... ”

မိုဝူကျီသည် မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

“စီရင်စု မြို့စားကြီးကို ကျေးဇူးတင်ပါတယ် ... ကျွန်တော့်ပစ္စည်း တွေကို သိမ်းဆည်းပြီး ညမှ မြို့စားကြီး နေရာဆီ လာခဲ့ပါ့မယ်...”

ဟန်ချန်အန်းသည် ခေါင်းညိတ်၍ ပြောလိုက်သည်။

“အဲဒါဆိုလည်း သွားလုပ်ချေ ... မင်း စံအိမ်ရောက်တာနဲ့ နာမည်စာရင်း ထပ်ပေးလိုက်ဦး...”

သူ့စကားများ ပြီးဆုံးသည်နှင့် ဟန်ချန်အန်းသည် မိုဝူကျီအား ထပ်၍ မပြောတော့ပဲ ကျန်သောအမှူထမ်းများ နှင့်အတူ ထွက်သွားလိုက်၏။

မိုဝူကျီသည် အရှိန်မြင့်လိုက်ပြီး သူတို့နောက်မှ နီးကပ်စွာ လိုက်ပါသွားကာ မကျေမနပ် ဖြစ်နေသော ယောင်ကန်ကို ချန်ရစ်ထားခဲ့၏။ ယောင်ကန်သည် အဆင့်နိမ့် တစ်ယောက် ဖြစ်သည့် မိုဝူကျီထံမှ ဤမျှ မာနကြီး အထက်စီး ဆန်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူသည် ယောင်ကန်အား အမှူထမ်းများ အားလုံးရှေ့တွင် ဟန်ချန်အန်းအား အလွန်အမင်း လေးစားနေချိန်တွင် သူ့အား မသိဟု ပြောကာ အရှက်ရစေ၏။ လုပ်ပိုင်ခွင့်အရ ဆိုလျှင် သူသည် ဟန်ချန်အန်းထက် ပို၍ အာဏာရှိ၏။ ဟန်ချန်အန်း၏ ရာထူးသည် သူ့ထက် အနည်းငယ်မျှသာ မြင့်၏။

မိုဝူကျီ၏ နောက်ကျောကို ကြည့်ရင်း အလောတကြီး သွားလိုက်ပြီး ယောင်ကန် မျက်လုံးတွင် အေးစက်မှုများ ရှိနေလေသည်။

အကယ်၍ မိုဝူကျီသာ ဖြေရှင်းရန် အရေးကြီးကိစ္စများ မရှိလျှင် သူသည် ချက်ချင်းပင် ဟန်ချန်အန်းနောက် လိုက်၍ ဟန်စံအိမ်သို့ လိုက်ပါ သွားလိမ့်မည်။

သူ့တွင် သွေးကြောဖွင့်ဆေး ရှစ်ပုလင်း ကျန်ရှိနေဆဲ ဖြစ်ပြီး သူ့နှင့်အတူ ပါရှိလေသည်။ သူတို့သည့် အာနိသင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မလွှင့်ပစ်ရက်ပေ။ အကယ်၍ သူသာ တခြား ပါဝင်ပစ္စည်းများ ထပ်၍ ပေါင်းထည့်လျှင် သွေးကြော ဖွင့်နိုင်သည့် အာနိသင် ရှိလာမည့် ဖြေဆေးရလာ နိုင်လောက်မည် ဆိုတာ မည်သူ သိနိုင်မည်နည်း ...

အရေးကြီးဆုံးက သူ့သည် ဒန်းဟန် ဆေးလုပ်ငန်းတွင် ရွှေပြား တစ်သောင်းကျော် ရှိသေး၏။ သူသည် ရွှေပြားများက ဘဝအာမခံကဲ့သို့ မချန်ထားရစ် ခဲ့နိုင်ပေ။ ထို့အပြင် သူသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် စတင်အလုပ် လုပ်သည်မှစ၍ အိမ်ပြန် မရောက်သည်မှာ ကြာလှလေပြီ။ ဒန်းဟန် ဆေးလုပ်ငန်းတွင် မည်မျှ ကြာရှည်အောင် နေနေကြောင်း မည်သူမှ မသိရှိချေ။ သူသည် ယခုအခွင့်အရေးအား အသုံးချကာ အိမ်ကိုပြန်၍ ယန်အာသည် တစ်ခုခု အရေးကြီးသည်များ ချန်ရစ် ထားမလားဆိုတာ သွားကြည့်ချင်သည်။

ဤကမ္ဘာသို့ ရောက်ရှိလာပြီး နောက်တွင် ယန်အာသည် သူ့ဂရုစိုက်သည့် တစ်ဦးတည်းသော တစ်ခုတည်းသော အရာဖြစ်၏။

မိုဝူကျီသည် ဒန်းဟန်ဆီ ပြန်ရောက်သည့်အခါ ဆီးကြိုသည်က စိတ်ဓာတ် ကျနေသော လုကျိုးကျွင်းဖြစ်၏။

မိုဝူကျီ လျှောက်လှမ်း လာသည်ကို မြင်သည့်အခါ လုကျိုးကျွင်းသည် ဖုတ်ပူမီးတိုက် ရောက်လာလေ၏။ သူသည် မိုဝူကျီကို ဆွဲကာ မေးလိုက်သည်။

“ညီလေးမို ... ဒါက ဘာအဓိပ္ပာယ်လဲ ... ငါတို့တွေ အကြီးကြီး ဖြစ်ခါနီးမှာ ဆေးဖော်မြူလာကို အလကား ပေးပစ်ရတာလဲ ... ”

မိုဝူကျီသည် လေးနက်စွာ ပြောလိုက်၏။

“အစ်ကိုလု ... ချန်လင်း ဆေးလုပ်ငန်း ပိုင်ရှင်မေးရဲ့ စကားတွေကြားပြီး အရမ်းအရေးကြီးတဲ့ တစ်ခုကို သတိပြုမိလိုက်တယ် ... ဒီဆေးက ဆင်းရဲတဲ့ သာမန်လူတန်းစား အတွက်ပါ အသက်များစွာ ကယ်တင်နိုင်ဖို့ အကျိုးပြုသင့်တယ် ... မဟုတ်ရင် လူချမ်းသာများ အတွက်ပဲ ဖြစ်နေလိမ့်မယ် ... ဒန်းဟန် ဆေးလုပ်ငန်းမှာလည်း သာမန် လူတန်းစားတွေ အတွက် အများကြီး မထုတ်လုပ် ပေးနိုင်ဘူး ... အဲဒါကြောင့် ဒီဆေးအတွက် ထောက်ပံ့မှု ပိုရအောင် ဆေးဖော်မြူလာကို ဝေပေးခဲ့တာ ... ဒီနည်းလမ်းနဲ့ ကိုးဘဝ ပျောက်ကင်းဆေးရဲ့ ဈေးနှုန်းက နိမ့်သွားလိမ့်မယ် ... ”

မိုဝူကျီသည် ဆေးဖော်မြူလာ ဝေပေးခဲ့ရသည့် အကြောင်းရင်း အမှန်ကို သူ့အသက်ကို ကာကွယ်ဖို့ရန် ဘယ်သောအခါမှ ထုတ်ဖော်ပြောမည် မဟုတ်ချေ။ လုကျိုးကျွင်းသည် မှန်းဆနိုင်လောက် သော်လည်း မိုဝူကျီသည် ထုတ်ပြောမည် မဟုတ်။

“ကောင်းပြီ ... ညီလေးမို ... အဲဒါဆို ဒန်းဟန် ဆေးလုပ်ငန်းကို ဆေးအသစ်ဖော်ဖို့ ကူညီတော့မှာလား ... ” လုကျိုးကျွင်းသည် အခြေအနေများသည် ပြန်ပြောင်း၍ မရနိုင်တော့ကြောင်း ကြုံတွေ့ဖူး၍ သိရှိသည်။

မိုဝူကျီသည်လုကျိုးကျွင်း ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“အစ်ကိုလု ... ကျွန်တော် ပြောတာ နားထောင်ဦး ... ကိုးဘဝ ပျောက်ကင်းဆေးကို ဈေးနိမ့်နဲ့ပဲ ဆက်ရောင်းလိုက် ... မှတ်ထားဖို့က တစ်ခါတစ်ရံ လူတွေက တံဆိပ်အတွက် ပိုက်ဆံ ပိုပေးကြတယ် ... ကိုးဘဝ ပျောက်ကင်းဆေးက ချင်ယွီပြည်နယ် တစ်လျှောက် နာမည်ကြီးလာတဲ့ အခါ လူချမ်းသာတွေက ဆေးပထမဆုံး ထုတ်လုပ်တဲ့ ဆီကသာ ဝယ်ကြလိမ့်မယ် ... ဒါက တံဆိပ်အမှတ်အသား တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုပဲ ... ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်လား ဆိုတာအပေါ်မှာ မူတည်တယ် ... ဒီဆေးဖော်မြူလာကို ပေးလိုက်တာက ဒန်းဟန် လုပ်ငန်းအတွက် အဆိုးကြီး မဟုတ်ပါဘူး ... ”

လုကျိုးကျွင်းသည် မိုဝူကျီစကားများ ကို အယုံကြည်ဆုံး ဖြစ်၏။ မိုဝူကျီ ပြောပြီးသည်နှင့် လုကျိုးကျွင်းသည် ချက်ချင်း သူဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ သူ့စိတ်ဓာတ် သည်လည်း ပြန်လည် တက်ကြွလာပြီး မေးလိုက်သည်။

“ညီလေးမို ... အဲဒါဆို အခုဘာလုပ်သင့်လဲ ... ”

မိုဝူကျီသည် ရယ်မောလိုက်ရင်း ပြန်ဖြေလိုက်၏။

“ငါတို့ မဟုတ်တော့ဘူး အစ်ကိုလုပဲ ဖြစ်သွားပြီ ... ကျွန်တော်က စီရင်စုမြို့စားကြီး ဟန်ရဲ့ စံအိမ်မှာ အစောင့်ဖြစ်ဖို့ ဖိတ်ခေါ်မှုကို လက်ခံဖို့ရာ ဆုံးဖြတ်လိုက်တယ် ... ကျွန်တော့်ပစ္စည်းတွေ ပြန်လာ သိမ်းဆည်းတာ ... ပြီးတော့ ကျွန်တော်ပိုင်တဲ့ အမြတ်ဝေစုကို လာယူတာ...”

မိုဝူကျီသည် ဟန်စံအိမ်သို့ ဧည့်သည်အဖြစ် သွားရောက်မည် ဖြစ်သော်လည်း အလွန်အရေးကြီးဟန် ပေါက်နေ၏။

“အမ်...” လုကျိုးကျွင်းသည် အံ့သြ တုန်လှုပ်သွားပြီး သက်ပြင်းချလိုက်သည်။

“ဒန်းဟန် ဆေးလုပ်ငန်းက ညီလေးမိုအတွက် သေးငယ်နေမှာပဲ ... ညီလေးမိုနဲ့ တောက်ပတဲ့ အနာဂတ်အတွက် တကယ် ဆုတောင်းပေးပါတယ် ... စိတ်မပူပါနဲ့ ဒန်းဟန် ဆေးလုပ်ငန်းသာ ပိုက်ဆံဝင်နေသရွေ့ အမြတ်ငွေက ဆက်ရနေမှာပါ ... ”

မိုဝူကျီသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် ဆက်လက်၍ ဆေးမဖော်စပ် တော့ချေ။ ဤစကားများကို ပြောရန်က လုကျိုးကျွင်းအတွက် မလွယ်ကူခဲ့ပေ။

***

All Chapters