ဟန်စံအိမ်နှင့် ပူးပေါင်းခြင်း
Vol. 2 Ch. 22
“သခင်လေးမို ... ပြန်လာပြီပဲ ... ယန်အာ မိန်းကလေးရော ဘယ်မှာလဲ ... ”
မိုဝူကျီသည် သူနှင့်ယန်အာတို့ ငှားရမ်းထားသည့် အဆောက်အဦ ရောက်သည့်အခါ ဒေါ်လေးလုသည် သူမ၏ တွန်းလှည်းလေးကို တွန်းထွက် လာသည်ကို တွေ့လိုက်ရသည်။ ဒေါ်လေးလုသည် မိုဝူကျီအား မြင်သည့်အခါ အံ့သြပျော်ရွှင် သွားခဲ့သည်။ သူမ ကြားထားသည့် အတိုင်း မိုဝူကျီ၏ စိတ်အခြေအနေသည် တိုးတက်လာပုံရ၏။
မိုဝူကျီသည် ရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီး
“ ဒေါ်လေးလု ... ကျွန်တော်နဲ့ ယန်အာကို ဒီနှစ်တွေ အတွင်းမှာ စောင့်ရှောက်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် ... ဒါပေမဲ့ အခု ယန်အာကို ကျွန်တော်ဆီက ခေါ်သွားကြပြီ ... ကျွန်တော်လည်း မကြာခင် ယောင်ကျိုးကနေ ထွက်သွားတော့မယ် ... ဒီနေ့ ပြန်လာတာက ယန်အာ ပစ္စည်းတွေကို သိမ်းဆည်ဖို့ပါ ... ”
ဤသည်က မိုဝူကျီက ဒေါ်လေးလုကို တွေ့သည့် ပထမဆုံးအကြိမ် ဖြစ်၏။ သူမသည် အမျိုးသမီး တစ်ဦးဖြစ်ပြီး အသားညို၍ အသက်သုံးဆယ် ကျော်မျှသာ ဖြစ်ဟန်ပေါ်သည်။ စိတ်ဖိစီးမှု များကြောင့် မျက်နှာ အသားရေတွင် အရေးအကြောင်းများ ရှိနေပြီး ထိုအရေးအကြောင်း များသည် အရွယ်ကောင်းတွင် သူမ၏ လှပသော မျက်နှာကို ဖုံးကွယ်ထား သကဲ့သို့ ဖြစ်နေ၏။
ဒေါ်လေးလုသည် ပင်ပန်းနွမ်းလျှ နေသည်ကို မြင်တွေ့၍ မိုဝူကျီသည် မနေ့ညက စီးပွားရေး အခြေအနေသည် ဆိုးဝါးကြောင်း ခန့်မှန်းလိုက်သည်။
“ကောင်းတယ် ... ကောင်းတယ် ... ယန်အာက ရင့်ကျက်နေပေမဲ့ သူမက အရမ်းငယ်သေးတယ် ... တစ်ယောက်ယောက်က ဂရုစိုက်စောင့်ရှောက် ပေးသင့်တယ်...” ဒေါ်လေးလုသည် ဆက်ပြောခြင်းမှ ရပ်တန့်လိုက်၏။
တချိန်လုံး ယန်အာသည် သူမကို စောင့်ရှောက်ပေးရန် တစ်စုံတစ်ယောက်အား လိုအပ်သော်လည်း သူမသည်သာ ဒေါ်လေးလု ရှေ့ရှိနေသော ဤသခင်လေးကို စောင့်ရှောက် ပေးခဲ့ရ၏။
“အထဲဝင်ပြီး သန့်ရှင်းရေး လုပ်လိုက်လေ ... မင်းအတွက် တစ်ချိန်လုံး သိမ်းပေးထားတယ်...”
ဒေါ်လေးလုသည် သူမစကား ဆုံးသည်နှင့် သူမတွန်းလှည်းကို တွန်းကာ ထွက်သွားလေသည်။
မိုဝူကျီသည် သော့ခလောက်တောင် မရှိ ကြိုးစလေးသာ ချည်နှောင်ထားသည့် စတိုခန်းလေးဆီ လျှောက်ဝင် သွားလေသည်။ ဖုန်တလောင်းလောင်းက သူ့အား ဆီးကြိုနေ၏။ ဤနေရာမှ လအနည်းငယ် ဝေးကွာနေခြင်းသည် နေရာတစ်ခုလုံး ဖုန်များဖြင့် ဖုံးလွှမ်းနေလေသည်။
မိုဝူကျီသည် ဤနေရာတွင် အရင်က နှစ်ညတာသာ နေဖူးလေ၏။ အရင်က သူ့တွင် ခုတင်တစ်ခုနှင့် ကော်ဇောတစ်ခုသာ ရှိသော်လည်း ယန်အာဘက်တွင် ပို၍ ဟောင်းနွမ်း စုတ်ပြတ်နေ၏။ ဟောင်းနွမ်းစုတ်ပြတ် နေသည့် ခေါင်းအုံး တချို့မှလွဲ၍ ဘာမျှ မရှိပေ။ ထိုသည်က ယန်အာသည် ညတွင် အိပ်စက်ရန် ခြုံထည်ပင် မရှိခြင်းကို ဆိုလိုခြင်း ဖြစ်၏။
သူ့နှလုံးသားတွင် မိုဝူကျီသည် နောင်တ အရိပ်များကို ခံစားရသည်။ ယန်အာကဲ့သို့ မိန်းမကောင်းလေးနှင့် တွေ့ဆုံနိုင်ခြင်းသည် သူ့ဆီမှာရှိသည့် ကံကောင်းမှု အားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်မည်။ အထူးသဖြင့် နောက်ကျောဓားနှင့် ထိုးခံရပြီးနောက်တွင် မိုဝူကျီသည် ယန်အာလို မိန်းကလေးမျိုးသည် ရှားပါးလှကြောင်း သိရှိလာ၏။ သူသည် အိတ်ထဲမထည့်ခင် ယန်အာအဝတ်အစား အချို့ကို သေချာ ဖုန်ခါပေးလိုက်သည်။ အောက်ခြေတွင် ဆံထိုးတစ်ခုကို တွေ့လိုက်ရ၏။
ဤဆံထိုးကို ဝတ်ဆင်ထားသည့် ယန်အာ၏ ပုံရိပ်ကို မမှတ်မိသော်လည်း ဤဆံထိုးသည် ရိုးရှင်းသည့် သတ္တုတစ်ခု ဖြစ်နေသော်ငြား ယန်အာ၏ တန်ဖိုအထားရဆုံး ရတနာဖြစ်လိမ့်မည်။
မိုဝူကျီသည် ဆံထိုးကို သေချာပတ်လိုက်ပြီး ခြစ်ရာပဲ့ရာ အများအပြားရှိနေသော ကြေးမုံဆီ လျှောက်လှမ်း သွားလိုက်သည်။ ဤသည်က ယန်အာ၏ တစ်ခုတည်းသော အလှပြင်ပစ္စည်း ဖြစ်၏။ ဖြစ်နိုင်သည်က ဤကြေးမုံသည် ယန်အာက သူ့ကို အဝတ်အစား ဝတ်ပေးရန် သုံးသည့်အရာ ဖြစ်လိမ့်မည်။
နောက်ဆုံး သက်ပြင်းချလိုက်ပြီး မိုဝူကျီသည် ကြေးမုံကိုပါ အိတ်ထဲ ထည့်သိမ်းလိုက်သည်။
ကျည်းမြောင်း လှသည့် အခန်းလေးကို နောက်ဆုံးတစ်ကြိမ် ပြန်ကြည့်လိုက်ပြီး မိုဝူကျီသည် ထွက်လာလိုက်သည်။
“သခင်လေးမို ... ယန်အာလည်း မရှိတော့ ... တစ်နပ်လောက် အတူတူ စားရအောင်လေ...”
အခန်း အပြင်ဘက်တွင် မိုဝူကျီသည် လည်ပင်း မာဖလာ ပတ်ထားသည့် ဒေါ်လေးလုအား မြင်လိုက်၏။
မိုဝူကျီသည် ဒေါ်လေးလုအား နောက်တစ်ကြိမ် ဦးညွှတ်၍ အရိုအသေ ပေးလိုက်၏။ အဝတ်ထုပ်ကို ယူကာ ဒေါ်လေးလုအား လှမ်းပေးလိုက်ရင်း ပြောလိုက်သည်။
“ဒေါ်လေးလု ... ကျွန်တော်လည်း မကြာခင် ယောင်ကျိုးက ထွက်သွားတော့မယ် ... ဒီအိတ်မှာ ကျွန်တော်နဲ့ ယန်အာရဲ့ ပစ္စည်းတွေ ပါတယ် ... အခုကစပြီး ကျေးဇူးပြုပြီး ဈေးဆိုင် မထွက်ပါနဲ့လား ... ဖြစ်နိုင်ရင် ကျွန်တော်နဲ့ ယန်အာနေခဲ့တဲ့ အခန်းကို ဆက်ပြီး စောင့်ရှောက် ထားပေးလို့ ရမလား ... ကျွန်တော် အခု ထွက်သွားတော့မယ် ... ဒေါ်လေးလုလည်း ဂရုစိုက်ပါ ... ”
သူပြောပြီးသည်နှင့် မိုဝူကျီသည် ကြာကြာမနေတော့ချေ။ ချက်ချင်း လှည့်ထွက်ကာ ထွက်သွားလိုက်၏။ ဒေါ်လေးလုသည် ယန်အာနှင့်သူ့အား သီးခြားမကာကွယ် ပေးခဲ့ပေမဲ့ နေစရာပေးခဲ့ပြီး ထမင်း တစ်ဝက်လောက် ပေးကမ်းခဲ့၏။ ထိုထမင်း အနည်းငယ်သည် မိုဝူကျီနှင့် ယန်အာအတွက် ကမ္ဘာကြီးသဖွယ် ဖြစ်၍ သူတို့သည့် ထိုအရာအတွက် ကျေးဇူးအရမ်း တင်ကြသည်။
ရွှေပြား ရာဂဏန်းသည် သာမန် မိသားစုအတွက် လုံလောက်လိမ့်မည်။ သူစိုးရိမ်သည်က သူမကို မသက်မသာ ခံစားစေသည့် အထိ အများအပြား ပေးခဲ့မိပြီလား ဟူ၍ ဖြစ်၏။
မြင်ကွင်းမှ မိုဝူကျီ ပျောက်သွားသည့်အခါ ဒေါ်လေးလုသည် သူမလက်တွင် ကိုင်ထားသည့် အိတ်ကို အမှတ်ရလိုက်၏။ သူမသည် အိတ်ကို ဖွင့်လိုက်သည့်အခါ တောက်ပြောင်နေသည့် ရွှေပြားများကို မြင်လိုက်ရပြီး အံ့သြတကြီး ဖြစ်မှုကြောင့် အော်မိတော့မလို ဖြစ်ခဲ့၏။သူမသည် မည်သို့ ဖြစ်ပျက်သွားကြောင်း နားလည်လိုက်ပြီး ယန်အာနှင့် သခင်လေးမိုတို့သည် ရက်ရောသည့် အကျိုးပြုသူများနှင့် တွေ့ဆုံခဲ့သည်ဟု ကောက်ချက် ချလိုက်သည်။ သူမသည် အလျင်အမြန် ပြန်ပြေး လိုက်သော်ငြား သူမ နှလုံးခုန်နှုန်းကို မထိန်းချုပ်နိုင်ချေ။
တစ်နာရီကြာပြီး နောက်တွင် မိုဝူကျီသည် ကြီးမားသည့် စံအိမ်ရှေ့တွင် မတ်တတ်ရပ်နေ၏။
“ဟန်စံအိမ်တော် ... ” ကြီးမားသည့် စကားလုံး နှစ်လုံးသည် ဤနေရာက နောက်လအနည်းငယ် အတွက် နေထိုင်ရမည့် နေရာဖြစ်ကြောင်း ညွှန်ပြနေ၏။ စီရင်စု မြို့စားကြီး ဟန်ချန်အန်း၏ ကိုယ်ပိုင် စံအိမ်တော်ဖြစ်၏။
အကြမ်းဖျင်း ခန့်မှန်းချက်အရ ဟန်စံအိမ်သည် အနည်းဆုံး စတုရန်း မီတာတစ်သောင်း ကျယ်ဝန်းလေသည်။
ဤစည်ကားလှသည့် ယောင်ကျိုး မြို့လယ်ကောင်တွင် ထိုမျှကြီးမား လှသည့် စံအိမ်တစ်လုံးသည် မည်မျှ ကုန်ကျမည်နည်း။ မြောက်ဘက် ချင်စီရင်စုက မိုစီရင်စု သခင်စံအိမ်နှင့် နှိုင်းယှဉ်လျှင် မည်မျှ ကုန်ကျမည်နည်း။ ကံမကောင်းစွာ မိုဝူကျီသည် မြောက်ဘက်ပိုင်း ချင်တွင် မည်သည့်အရာ ရှိမှန်းပင် မသိရှိချေ။
“ဟေး...ကောင်စုတ်လေး ... စီရင်စု မြို့စားကြီး စံအိမ်ရှေ့ ရပ်ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ... ထွက်သွားစမ်း...”
စီရင်စု မြို့စားကြီး စံအိမ်၏ အစောင့်သည် မိုဝူကျီအား မြင်သည့်အခါ စိတ်မကြည်စွာ အော်ဟစ်ပြောလိုက်၏။
မိုဝူကျီသည် သွားပြီး နှုတ်ဆက်လိုက်သည်။
“ညီအစ်ကိုတို့ ... ကျွန်တော်က မိုဝူကျီပါ ...”
“မင်းက မိုဝူကျီလား ... စီရင်စု မြို့စားကြီး ကိုယ်တိုင် မနေ့က ဖိတ်ခေါ်လာတယ် ဆိုတဲ့ တစ်ယောက်လား ... ”
မိုဝူကျီကို အော်ဟစ်ခဲ့သည့် အစောင့်သည် ထပ်ပြောရင်း မိုဝူကျီအား တိုက်ရိုက် နှောင့်ယှက်လိုက်သည်။
ထို့နောက် သူသည် သူ့ဘာသာ တီးတိုး ရေရွတ်လိုက်၏။
“ငါ့အတွက်တော့ အဲဒီလောက်လည်း မထူးခြားပါဘူး...”
မိုဝူကျီသည် ရယ်မောလိုက်ပြီး
“ဟုတ်ပါတယ် ... ကျွန်တော်ပါ...”
အစောင့်များ၏ အတင်းအဖျင်းသည် ချက်ချင်း ထွက်ပေါ်လာပြီး သူသည် မိုဝူကျီကို တစ်ဖက်သို့ ဆွဲကာ မေးလိုက်၏။
“မင်းက ဆေးဖော်စပ်သူလို့ ကြားထားတယ် ... ဟုတ်တယ် ... စီရင်စုသခင် ရာထူးကနေ ထွက်ပြီး ဟန်စံအိမ်ကို အလုပ်သမားအဖြစ် ဘာကြောင့် လာလုပ်တာလဲ ... ”
မိုဝူကျီသည် ဟန်စံအိမ်ကို နှုတ်ဆက်သကဲ့သို့ ပြုမူပြီး ပြောလိုက်၏။
“အစ်ကို ... ဒီလို မေးခွန်းမျိုး မေးတာက မသင့်တော်ဘူးလေ ... စီရင်စု မြို့စားကြီး ဟန်အပေါ် လေးစားမှုက အဆုံးမရှိဘူး ... ရိုးရှင်းလှတဲ့ စီရင်စုသခင် တစ်ယောက်နဲ့ ဟန်စံအိမ်ရဲ့ အလုပ်သမားအဖြစ် ဘယ်လိုလုပ် နှိုင်းလို့ရမှာလဲ ... တခြား စကားနဲ့ဆိုရင် အကယ်၍ ကျွန်တော်က ခင်ဗျားကို စီရင်စုသခင် ဖြစ်ခွင့် ဒါမှမဟုတ် ဟန်စံအိမ် အစောင့်ဖြစ်ခွင့် ပေးရင် ဘာရွေးချယ်မလဲ ... ”
“အမ် ... ”
အစောင့်သည် ထိုအခိုက်အတန့်တွင် ပြန်မဖြေနိုင်ခဲ့ပေ။ စီရင်စု သခင်ရွေးမှာ သေချာနေတာ မဟုတ်ဘူးလား ... ဒါပေမဲ့ စကားလုံးတွေ စီစဉ်ထားတာ ကြည့်လျှင် သူပြောလိုက်သည့် စကားသာ ပေါက်ကြားသွားပါက ဟန်စံအိမ်၏ နောက်လိုက် မလုပ်ချင်ကြောင်း တခြားလူများကို ပြောပြနေ သကဲ့သို့ ဖြစ်မနေဘူးလား ...
“ဟားဟား ... ငါက စီရင်စု မြို့စားကြီးကို အဲဒီလောက် မထောက်ခံပေမဲ့လည်း ဟန်စံအိမ် အစောင့်လုပ်ဖို့ပဲ ရွေးမယ်...” အစောင့်သည် လက်ကို ပွတ်ပြီး ရယ်မောလိုက်သည်။
မိုဝူကျီသည် အစောင့်ပခုံးကို ပုတ်ကာ ၏
“ဒီကိစ္စက ပြီးပြီမလား ... ဒီလိုရိုးရှင်းတဲ့ မေးခွန်းကို ကျွန်တော့်ကို ထပ်မေးရဲသေးလား ... ခင်ဗျားက ကျွန်တော့်ကို အလုပ်အပိုတွေ ပေးနေတာပဲ ... ”
“မဟုတ်ပါဘူး မဟုတ်ပါဘူး...” အစောင့်သည် အလျင်အမြန် ပြောလိုက်သည်။
မိုဝူကျီသည် အားရပါးရ ရယ်မောလိုက်ပြီး
“ကျွန်တော်က နောက်နေတာပါ ... ကျွန်တော် ရောက်ကြောင်း တင်ပြဖို့ ခင်ဗျားကို ဒုက္ခပေးရဦးမှာပဲ...”
အစောင့် ရင်ဘတ်သည် “ဒုတ် ဒုတ် ... ” မြည်သွား၏။
“ညီလေးမို... ငါ့ကို အပ်ထားလိုက် ... အနာဂတ်မှာလည်း ငါ တင်းဘူအာက မင်းသူငယ်ချင်း ဖြစ်ပေးမယ် ... လိုအပ်ရင် ငါ့ဆီကိုသာ လာခဲ့ ... ”
သူအပိုင်း ပြောပြီးသည်နှင့် တင်းဘူအာသည် လက်ပြပြီး အခြား အစောင့်များကို နှုတ်ဆက်လိုက်ရင်း မိုဝူကျီကို ခေါ်ဆောင်ကာ ရောက်ရှိကြောင်း တင်ပြရန် အရင်လက်ဦးမှု ယူလိုက်၏။ မိုဝူကျီသည် သိုင်းပညာကို ဘာမျှမသိသော်လည်း သူသည် ဟန်စံအိမ်၏ ကာကွယ်ရေး ဌာနတွင် နေရာချထားခြင်း ခံရပြီး စံအိမ်ကာကွယ်သူ ဖြစ်လာ၏။
တင်းဘူအာ(နှစ်) ... မိုဝူကျီသည် နာမည် ကြားပြီးသည်နှင့် တင်းဘူစမ် (သုံး) နှင့် တင်းဘူစစ် (လေး) အကြောင်း ဆက်တိုက် တွေးမိနေသည်။ ဤလူသည် အနည်းငယ် နှာဘူးကျမည့်ပုံ ပေါ်သော်လည်း သူ့မျက်လုံးတွင် ကြည့်ကောင်းပြီး စကားပြောသည့် အခါတွင်လည်း လေးနက်၍ မိုဝူကျီသည် သူ့အပေါ် အမြင်ကောင်းများရှိ၏။
တင်းဘူအာသည် အားလုံးကို မိုဝူကျီသည် သူ့တောင်ပံအောက်တွင် ရှိကြောင်း ပြောပြချင်ဟန် ရှိပြီး မိုဝူကျီအား စံအိမ်၏ နေရာမျိုးစုံဆီ ခေါ်သွားပြီး လူတိုင်းနှင့် မိတ်ဆက် ပေးလေသည်။
သို့သော်လည်း မိုဝူကျီ မြင်သည်က တင်းဘူအာ၏ အဆင့်သည် မြင့်သည့်အထဲမှ မဟုတ်ချေ။ အလုပ်သမားနှင့် အစောင့်အားလုံးကို ဖယ်လိုက်လျှင် တချို့သာ တင်းဘူအာ လုပ်နေသည့် အရာကို အနှောင့်အယှက် ဖြစ်သော်လည်း သူ့အား အရှက်မရစေရန် ဘာမှ ဝင်မပြောကြချေ။ သူ့စောင့်နေသည့် နောက်ဖေးတွင်ပင် လူအများက မနှုတ်ဆက်ကြချေ။ သူသည် အရင်က ဌာနအသစ်၏ အုပ်ချုပ်သူပင် မမြင်ဖူးပေ။
မည်သို့ပင်ဖြစ်ဖြစ် ... မိုဝူကျီ အပေါ် ဟန်စံအိမ်၏ ဆက်ဆံရေးသည် လက်ခံ၍ ရသေးသည်။ မိုဝူကျီကဲ့သို့ အလုပ်သမား အသစ်များပင် ကိုယ်ပိုင်အခန်း ရရှိကြ၏။
“ဘူအာ ... စီရင်စု မြို့စားကြီးဟန်က နောက်သုံးလလောက် နေရင် နွေဦးနတ်ဘုရားဂိတ် ညီလာခံရှိတယ်လို့ ကြားထားတယ် ... ဟန်စံအိမ်ရဲ့ အဖွဲ့ဝင်က ပါဝင်ဖို့ လိုအပ်လား...”
စံအိမ်အနှံ့ လျှောက်သွားပြီးသည့် နောက်တွင် မိုဝူကျီသည် သူ့အား အင်ပါယာ၏ နွေဦးနတ်ဘုရားဂိတ် ညီလာခံကို ခေါ်ဆောင် သွားမည့်လူကို မမြင်တွေ့ချေ။ ထိုသည်က သူ့အား စိတ်မရှည် ဖြစ်စေ၏။
သူသည် ဤနေရာသို့ အလုပ်လုပ်ရန် ရိုးရိုးရှင်းရှင်း ရောက်ရှိလာခြင်း မဟုတ်ပေ။ ဟန်စံအိမ်၏ အာဏာကို အသုံးပြုပြီး ရှင်းဟန် အင်ပါယာ၏ မြို့တော်သို့ သွားရန် ဖြစ်၏။ အရေးကြီးဆုံးက နွေဦးနတ်ဘုရားဂိတ် ညီလာခံကို ကြည့်ရှုရန် ဖြစ်ပြီး ယောင်ကျိုးမြို့မှ ထွက်သွားရန် အခွင့်အရေး ရရှိရန် ဖြစ်၏။
***