← Chapters

ယိုးမင်ဧကရာဇ်၏ဂူဗိမာန်

Vol. 50 Ch. 703

ယိုးမင်ဧကရာဇ်၏ဂူဗိမာန်

Vol. 50 Ch. 703

အခန်း (၇၀၃) ယိုးမင်ဧကရာဇ်၏ဂူဗိမာန်

ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းတို့ မျက်နှာချင်းဆိုင်ထိုင်လျှက် ရှိကြသည်။

ကျိုးဟောက်ရှန်းက ခဏမျှ ငြိမ်သက်နေပြီးမှ...

“မိတ်ဆွေလေး’ရန်’ ပြောတဲ့ ရတနာပစ္စည်းက အရင် ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ ဧကရာဇ်နဲ့ ဆက်စပ်နေတာလား”

ရန်ကျောက်ကဲက...

“ကျွန်တော်လည်း သေချာမပြောနိုင်ဘူး ၊ ဒီ ရတနာပစ္စည်းကို တခြားသူတစ်ယောက်ဆီက ရခဲ့တာပါ ၊ ဒီရတနာပစ္စည်းရဲ့ မူလပိုင်ရှင်က တစ်ချိန်တုန်းက ကွမ်းမင်ဂိုဏ်းရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်”

ထိုစကားကြားတော့ ကျိုးဟောက်ရှန်းက သူ၏ နှင်းဖြူရောင်မျက်ခုံးများကို တစ်ချက်ပင့်လိုက်သည်။

ရန်ကျောက်ကဲက ဆက်ပြော၏။

“အဲဒီနောက်ပိုင်း ကျွန်တော်ကိုယ်တိုင် ဒီ ရတနာပစ္စည်းကို စမ်းစစ်ကြည့်တော့ အရင်တုန်းက ယိုးမင်ဧကရာဇ် ၊ ဒါမှမဟုတ် ယိုးမင်ဂမ္ဘီရဂိုဏ်းနဲ့ ဆက်စပ်နေတယ်လို့ ခံစားရတယ်”

ကျိုးဟောက်ရှန်း ထပ်မံတိတ်ဆိတ်သွားချိန် ရန်ကျောက်ကဲကတော့ သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။

အတန်ကြာမှ ကျိုးဟောက်ရှန်းက ဖြည်းညင်းစွာဖြင့်...

“တကယ်တော့ ဒီအဘိုးကြိးလည်း အရင်တုန်းက ဧကရာဇ်မင်းသေဆုံးမှုရဲ့နောက်ကွယ်က အမှန်တရားကို မသိပါဘူး”

ခဏနားပြီးမှ သူက ဆက်ရှင်းပြသည်။

“ဧကရာဇ်မင်းသာမကဘူး ၊ အဲဒီတုန်းက ဂိုဏ်းက ထိပ်တန်းအကြီးအကဲတွေအားလုံး ဆုံးပါးသွားကြာတာဆိုတော့... ကျန်ရစ်ခဲ့တဲ့သူတွေက အမှန်တကယ်ဘာဖြစ်ခဲ့လဲဆိုတာကို အနည်းအကျဉ်းလောက်ပဲ သိခဲ့ကြတယ်”

ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

ယိုးမင်ဧကရာဇ် ’ယင်ထျန်းရှ’ ဆိုသည်က မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် ပေါ်ထွက်လာခဲ့သော အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များထဲမှ တစ်ယောက်ဖြစ်၏။

သူ၏သေဆုံးမှုက ကိစ္စရပ်များစွာကို ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ သို့သော် ယိုးမင်ဂိုဏ်းကိုယ်တိုင်က ရန်သူ မည်သူဖြစ်ကြောင်း မသိရသဖြင့် အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ခြင်း မရှိခဲ့ကြပေ။

“ဧကရာဇ် (၃)ပါး က လုပ်ခဲ့တာလား ၊ ဒါမှမဟုတ် ယိုးမင်ဧကရာဇ်လိုမျိုး အုပ်စိုးရှင်ဘွဲ့ကိပိုင်ဆိုင်ထားတဲ့ တခြားသူတွေက ဝိုင်းပြီးတိုက်ခိုက်ခဲ့တာလား မပြောတတ်ဘူး”

ရန်ကျောက်ကဲ အတွေးများ ဖြတ်တောက်လိုက်သည်။

ကျိုးဟောက်ရှန်းအသံက ယခင်ကထက်ပင် ပိုမိုပျော့ပြောင်းလာပြီး...

“ငါတို့အရင် ဘိုးဘေးတွေက ဒီကိစ္စကို ခန့်မှန်းခဲ့ကြေပမယ့် တိကျေသချာတဲ့ တစ်စုံတစ်ရာကို ရှာမတွေ့ကြဘူး ၊ အကြောင်းအရာများစွာနောက်လိုက်ပြီး ရှာဖွေဖို့ကလည်း ငါတို့မှာ အစွမ်းအစ မရှိဘူးလေ”

ရှေးအတိတ်တစ်ချိန်က ဆင်းသက်လာသော မြင်ကွင်းများ သူ့မျက်စိတ်ထဲပေါ်လာသည်ကြောင့် ကျိုးဟောက်ရှန်း မျက်ဝန်းများက အဝေးတစ်နေရာသို့ ငေးငိုင်သွားသည်။

ထိုစဉ်အချိန်က...

ယိုးမင်ဂမ္ဘီရဂိုဏ်း အလွန်တရာ ရှင်သန်ကြီးထွားနေချိန်ဖြစ်သည်။

ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ က များပြားလှစွာသော တန်ခိုးစွမ်းအားရှင်များကို ဦးဆောင်လျှက် အဓိကပလ္လင်မှ ထွက်ခွာသွားခဲ့သည်။

ကောလဟလများအရ သူတို့က ‘အဝေးတစ်နေရာမှ ဘုံကမ္ဘာတစ်ခု’ သို့ ခရီးထွက်မည်ဟု ဆိုကြ၏။

အစပိုင်းမှာတော့ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်ခဲ့သော်လည်း ဘယ်တော့မှ ပြန်မလာနိုင်တော့သော ခရီးစဉ်ဖြစ်မည်ဟု ဘယ်သူက သိရှိပါမည်နည်း။

ယိုးမင်ဂိုဏ်းကိုစောင့်ရှောက်ရန် ဂိုဏ်းတွင်ကျန်ရစ်ခဲ့ကြသော အကြီးအကဲများက ဧကရာဇ်မင်းတို့အုပ်စုအား ဆက်သွယ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြပေ။

တစ်နေ့မှာတော့...

ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ တစ်ယောက်တည်း ယိုးမင်ဂမ္ဘီရ အဓိကပလ္လင်သို့ ပြန်ရောက်လာခဲ့သည်။ ထိုနေ့မှာပင် တင်ပျဉ်ခွေထိုင်လျှက်သားဖြင့် ဆုံးပါးသွားခဲ့၏။

သူ မသေဆုံးခင် တပည့်များက အဖြစ်အပျက်များကို မေးမြန်းကြသော်လည်း ယင်ထျန်းရှက စကားတစ်ခွန်းမှမဆိုဘဲ လေထုထဲတွင်သာ ထူးဆန်းသောအင်းသင်္ကေတတစ်ခု ရေးသားထားသည်။

သူ သေဆုံးသွားသည့်အခါ ထိုအင်းသင်္ကေတက တွင်းနက်ကြီးတစ်ခုပမာ ပျံ့နှံ့သွားပြီး သူ၏ ရုပ်အလောင်းကို စုပ်ယူလိုက်သည်။

ယိုးမင်ဂမ္ဘီရဂိုဏ်း၏ အဓိကပလ္လင်မှာ ကြီးမားသောအတိုင်းအတာဖြင့် ပြိုကျသွားပြီး အပျက်အဆီးအပိုင်းအစများက ယင်ထျန်းရှ၏ရုပ်အလောင်းကို ဝန်းရံသွားကာ ဂူဗိမာန်ကြီးတစ်ခု ဖြစ်တည်လာသည်။

အဆုံးသတ်မှာတော့ ဂူဗိမာန်ကြီးက တွင်းနက်ကြီးအတွင်း စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွား၏။ တွင်းနက်ကြိးက အလင်းတန်းတစ်ခုအဖြစ် လှည့်ပတ်ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းဆီသို့ သဲလွန်စမရှိ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ထို့နောက် မိုးမြေတစ်ခွင်တွင် စကာားလုံးများ ပေါ်လာသည်။

“များစွာသော နည်းလမ်းများကို အရပ်ရပ်သို့ပျံ့နှံ့သွားစေပါ...”

ထိုစာကြောင်းကို လူတိုင်းဖတ်ရှုလိုက်ကြရသည်။

ယိုးမင်ဂမ္ဘီရဂိုဏ်းတစ်ခုလုံး ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး ကြီးမားသောကပ်ဘေးကြီးကိုပါ ခံစားခဲ့ကြရသည်။

ထို့နောက်မှာတော့ မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် ကျော်ကြားခဲ့သော ယိုးမင်ဂမ္ဘီရဂိုဏ်းကြီးသည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် တဖြည်းဖြည်းဆုတ်ယုတ်ပြီး အင်အားကျဆင်းသွားခဲ့သည်။

ယိုးမင်ဂမ္ဘီရဂိုဏ်းထင်ရှားကျော်ကြားလာချိန်တွင် ရန်သူအချို့ ရှိခဲ့သည်။ ထိုရန်သူများကကျဆင်းလာချိန်တွင် စုပေါင်းလှုပ်ရှားပြီး ဖိနှိပ်ကြလေရာ ယိုးမင်ဂမ္ဘမီရဂိုဏ်းမှာ အဆက်မပြတ် ဆုတ်ယုတ်သွားတော့၏။

နောက်ဆုံးတွင် ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းဟု နှစ်ခြမ်းကွဲသွားပြီး ဂိုဏ်းတစ်ခုလုံး ပျက်ဆီးလုနီးပါး ဖြစ်သွားခဲ့ရသည်။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“အဝေးတစ်နေရာ ဘုံကမ္ဘာတစ်ခုကို ခရီးထွက်တယ်ဆိုတော့... ငရဲကိုးထပ်ကို သွားကြတာများလား”

ကျိုးဟောက်ရှန်းက ခေါင်းခါယမ်းရင်း..

"ဒီအဘိုးကြီးလည်း အတိအကျ မသိပါဘူး"

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ဧကရာဇ်မင်းရဲ့ ရုပ်အလောင်းက ဘယ်နေရာရောက်သွားသလဲ မသိရသလို သူ့မှာရှိတဲ့ ရတနာပစ္စည်းတွေလည်း ဘယ်ရောက်သွားမှန်း မသိခဲ့ဘူး ၊ ငါတို့ဆက်ခံသူတွေအတွက် ဒဏ္ဍာရီမျှသာ ကျန်ရစ်ခဲ့ပါတယ် ၊ ယိုးမင်ဂူဗိမာန်ဆိုတာ ငါတို့အတွက် ဒဏ္ဍာရီတစ်ပုဒ်ပါပဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းကို ပွတ်သပ်ရင်း...

“’ကျိုး’ ဂိုဏ်းချုပ်စကားအရဆိုရင် ကျွန်တော့်မှာရှိတဲ့ပစ္စည်းက ယိုးမင်ဂူဗိမာန်နဲ့ ဆက်စပ်နေမလား မသိဘူး”

ကျိုးဟောက်ရှန်းက ဖြည်းညင်းစွာဖြင့်...

“ဒီ အဘိုးကြီးလည်း အဲဒီလိုထင်တာပဲ”

သူက ဆက်ပြောသည်။

“ဧကရာဇ်မင်းက သူ သေဆုံးပြီးတဲ့နောက်မှာ ဘာရုပ်ကြွင်းမှ မကျန်ရစ်ခဲ့ဘူး ၊ ဂူဗိမန်တည်ဆောက်တုန်းက ကျန်ရစ်ခဲ့တဲ့ အပိုင်းအစတွေပဲ ကျန်ရစ်ခဲ့တယ် ၊ အဲဒါတွေကတော့ ယိုးမင်ဧကရာဇ်နဲ့ပတ်သက်တဲ့ တစ်ခုတည်းသော ရတနာတွေပါပဲ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး အဖြူတစ်ဝက်အနက်တစ်ဝက်ရှိသော သတ္တုအပိုင်းအစလေးကို ထုတ်ယူလိုက်သည်။ ထို့နောက် စားပွဲထက်သို့အသာချလိုက်ပြီး ကျိုးဟောက်ရှန်းဘက်သို့ အသာတွန်းပို့ပေးလိုက်၏။

ထိုပစ္စည်းလေးကိုတွေ့တော့ ကျိုးဟောက်ရှန်းမျက်လုံးများ လက်ခနဲ တောက်ပသွားသည်။

သူက ထိုပစ္စည်းကိုယူငင်ရန် လက်မလှမ်းဘဲ အကြည့်များကို သိပ်သည်းစေလျှက် သတ္တုအပိုင်းအစလေးကို စူးစိုက်ကြည့်လိုက်သည်။ ကျိုးဟောက်ရှန်း၏ မျက်ဆံတစ်ဖက်တွင် မှိန်ဖျော့သောအလင်ရောင်တစ်ခု တောက်ပလာပြီး တဖြည်းဖြည်း ကြီးထွားလာကာ နက်ရှိုင်းတိတ်ဆိတ်သည့် အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။

ထိုအခါ သတ္တုအပိုင်းအစတွင် ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်လာသည်။ အနက်ရောင်တစ်ဝက်မှ တောက်ပသောအလင်တးန်းများ ထွက်ပေါ်လာပြီး အဖြူရောင်တစ်ဝက်ကတော့ နှိုင်းယှဉ်မရအောင် မှေးမှိန်သွား၏။

ဒါကိုမြင်တော့ ရန်ကျောက်ကဲက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ကျိုးဟောက်ရှန်းကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက်အတွက် ဤသို့သောမြင့်မားသည့်စွမ်းအားကိုပိုင်ဆိုင်သည်မှာ သာမန်ပင် ဖြစ်သည်။

အဖြူတစ်ဝက် အနက်တစ်ဝက်ရှိသော သတ္တုအပိုင်းအစလေးက အဆက်မပြတ်တုန်ခါနေသည်။ ထိုပစ္စည်းလေးကို ဗဟိုပြုလျှက် အနီးပတ်ဝန်းကျင်မှ အရာဝတ္ထုများသည်လည်း ပြိုကျတော့မည့်လက္ခဏာများ ပြသနေသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းတို့နှစ်ယောက်လုံး စိတ်ဓာတ်များတက်ကြွလာသည်။

ကျိုးဟောက်ရှန်းက...

“တကယ့်ကို ထူးဆန်းတာပဲ...”

ကျိုးဟောက်ရှန်းက စူးစမ်းလိုစိတ်ဖြင့် ခဏမျှစဉ်းစားနေပြီးနောက် ရန်ကျောက်ကဲကို ခေါင်းမော့ကြည့်သည်။ ရန်ကျောက်ကဲက လွတ်လွတ်လပ်လပ် လုပ်ဆောင်ပါရန် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ကျိုး‌ဟောက်ရှန်းက လက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး ထူးခြားစွာလင်းလက်နေသည့် သတ္တုအပိုင်းအစလေးကို အသာအယာ ဖိနှိပ်လိုက်သည်။

အနီးပတ်ဝန်းကျင်ဗလာနယ်က အပြည့်အဝ ပြိုကျသွားသည်။

ထို့နောက် သေးငယ်သောအနက်ရောင်အစက်လေးတစ်ခု ဖြစ်ပေါ်လာကာ ဗလာနယ်အက်ကွဲကြောင်းတစ်ခုနှင့်ဆင်တူသော အက်ကွဲကြောင်းတစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စုပ်ယူစွမ်းအားများ ထုတ်လွှတ်လိုက်သည်။

ကျိုးပစ္စည်းက သတ္တုအပိုင်းအစလေးကို တည်ငြိမ်အောင်ပြုလုပ်လိုက်ပြီးနောက် သူ၏ အရိပ်ကျုံ့အိတ်အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ရန်ကျောက်ကဲက သူ ထုတ်ယူလိုက်သည့်ပစ္စည်းကို လှမ်းကြည့်လိုက်သည်။ ထိုပစ္စည်းက ခေါင်မိုးအုတ်ကြွပ်တစ်ခုဖြစ်ပြီး တောက်ပခြင်းအလျဉ်းမရှိသော်လည်း လျှို့ဝှက်နက်နဲသည့်ရောင်ဝါများ ထွက်ပေါ်နေသည်။

အနက်ရောင်အုပ်ကြွပ်က ပျက်ဆီးနေသည်မှာ ထင်ရှားသည်။

စောစောက ကျိုးဟောက်ရှန်းပြောသည့်စကားများအရ ဤပစ္စည်းမှာ ယိုးမင်ဧကရာဇ် ဂူဗိမာန်တည်ဆောက်ရာတွင် ကြွင်းကျန်ခဲ့သော အပိုင်းအစများထဲမှ တစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်သည်။

အနက်ရောင်အုတ်ကြွပ်အပိုင်းအစနှင့် သတ္တုအပိုင်းအစလေး ထိတွေ့လိုက်သည်နှင့် နှစ်ခုလုံးတုန်ခါလာကာ ပတ်ဝန်းကျင်တစ်ခုလုံး ပိုပြီးမတည်မငြိမ် ဖြစ်လာသည်။

ဒါကိုမြင်တော့ ကျိုးဟောက်ရှန်းက နောက်ထပ်ပစ္စည်းအပိုင်းအစ (၂)ခုကို ထုတ်ယူလိုက်သည်။ တစ်ခုက သစ်သားဖြင့် လုပ်ထားခြင်းဖြစ်ပြီး ကျန်တစ်ခုက ကျောက်သားဖြင့်လုပ်ထားခြင်းပင်။ ထိုပစ္စည်း (၂)ခုလုံးက အနက်ရောင်အုတ်ကြွပ်နှင့် စွမ်းအားရောင်ဝါချင်း ဆင်တူကြသည်။

ဤအရာများအားလုံးကို စုစည်းထားသောအလည်း ယခင်က မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။ သို့သော် ယခု အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက် သတ္တုအပိုင်းအစနှင့် တွေ့ဆုံသည့်အခါ ထိုအပိုင်းအစများအားလုံး စုစည်းသွားပြီး တညီတညွတ်တည်းတုန်ခါလာကာ နက်ရှိုင်းသည့်‌ တောက်ပမှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကျိုးဟောက်ရှန်းမျက်ခုံးများ ပြေလျော့သွားပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ရန်ကျောက်ကဲက အခြေအနေကို တစ်ခဏမျှ လေ့လာရင်း...

“ဒီပစ္စည်းတစ်ခုတည်းက ယိုးမင်ဂူဗိမာန်ရဲ့တည်နေရာကို ဆုံးဖြတ်ဖို့ မလုံလောက်ဘူးလား”

ကျိုးဟောက်ရှန်းက ပြုံးရင်း...

“ကွမ်းမင်ဂိုဏ်းက ပုန်ကန်သူတွေကို ကျော်လွန်ပြီး အဓိကအားသာချက်တစ်ခုကို သိမ်းပိုက်လိုက်နိုင်ပြီ”

ရန်ကျောက်ကဲကလည်း ပြုံးရင်း...

“ဒါ တကယ့်ကို သတင်း‌ကောင်းပါပဲ”

အလင်းတန်းစီးကြောင်းများက အနက်ရောင်လေထုထဲတွင် လှည့်ပတ်နေပြီး အရှေ့သို့ လမ်းပြနေပုံရသည်။

ကျိုးဟောက်ရှန်းက အထဲတွင်တွေ့မြင်နေရသော ဗလာနယ်ပြောင်းလဲမှုများကို မှတ်သားလိုက်သည်။ ရန်ကျောက်ကဲလည်း အလားတူပင် ပြုလုပ်လိုက်၏။

ကိစ္စပြီးသည်နှင့် ကျိုးဟောက်ရှန်းက ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း ရုတ်တရက် မပြုံးနိုင် မရယ်နိုင် ဖြစ်သွားသည်။

ယိုးမင်ဂိုဏ်းနှင့် ကွမ်းမင်ဂိုဏ်းဆိုသည်က မပြေနိုင်သောရန်ငြိုးရှိသူများ ဖြစ်ကြသည်။ ယိုးမင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းကို ပုန်ကန်သူများအဖြစ် သတ်မှတ်ပြီး သူတို့ကသာ ယခင် ယိုးမင်ဂမ္ဘီရဂိုဏ်းကြီး၏ တရားဝင်အဆက်အနွယ်များအဖြစ် ခံယူထားသည်။

ထို့ကြောင့် မင်ဂမ္ဘီရဂိုဏ်း၏ရှေးဟောင်းအမွေအနှစ်များကိုဆက်ခံသူမှာ ယိုးမင်ဂိုဏ်းသာဖြစ်ရမည်ဟု အမြဲတမ်းယုံကြည်ထားကြသည်။

ယိုးမင်ဂူဗိမာန်ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့ပေ။ ယိုးမင်ဂိုဏ်းအနေဖြင့် ဤသို့သောနေရာတစ်ခုမှ အကျိုးအမြတ်ကို တစ်ဦးတည်းပိုင်ဆိုင်ချင်မည်မှာ အသေအချာပင် ဖြစ်၏။

ရန်ကျောက်ကဲနှင့် သူတို့၏ဆက်ဆံရေးက လက်ရှိတွင် မဆိုးရွားသော်လည်း ယိုးမင်ဂူဗိမာန်ကို အတူတူမျှဝေလိုစိတ်မရှိဘဲ ထိုလူငယ်၏ကျေးဇူးကို အခြားနည်းလမ်းဖြင့်သာ ပြန်ဆပ်လိုကြသည်။

အဖြူရောင်ဝတ်အဘိုးအို ကျိုးဟောက်ရှန်းမှာ သက်ပြင်းတစ်ချက်ချရင်း အတော်လေး အခက်တွေ့လျှက် ရှိလေတော့၏။

All Chapters