မိုးကြိုးမြူတောရှိ လျှပ်စီးရေကန်
Vol. 2 Ch. 26
မိုဝူကျီသည် တရှဲရှဲအသံ မကြားတော့သည့် အထိ ဆက်တိုက် ပြေးလွှားနေလေသည်။ မြင်ကွင်းတွင် နှလုံးဖောက်မြွေများ မရှိတော့သည်ကို သတိပြုမိပြီး လှည့်ကြည့်လိုက်ရင်း သက်ပြင်း ချမိလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင် ယခုအထိ အန္တရာယ် မကင်းရှင်းသေးကြောင်း သိရှိသည်။
ထူထည်းသည့် မြူများနှင့် မြင့်မားသော သစ်ပင်များသည် သူ့အား ကောင်းကင်ကို မမြင်စေရန် ကာဆီးထား၏။
ထိုအချိန်တွင် သူသည် တောစပ် ကျော်လွန်လာ၍ မိုးကြိုးမြူ တောနက်ထဲသို့ ရောက်နေကြောင်း သေချာလေသည်။
မိုဝူကျီသည် ဟန်နင်နှင့် အတူပါသွားသည့် အခြားသော အစောင့်များ၏ တည်နေရာကိုလည်း ရှာဖွေရန် မကြိုးစားတော့ချေ။ သူသည် အချိန်တိုအတွင် မြန်မြန်ထွက်သွား နိုင်ရန်သာ လိုအပ်လေသည်။
သူသည် မိုးကြိုးမြူတောသို့ အရင်က မရောက်ဖူးသော်လည်း ဤတောအုပ် အကြောင်း ပြောစမှတ် တစ်ခုချင်းစီကို ယုံကြည်၏။ သူသည် တောအုပ်ထဲ ဝင်လာသည့် အခိုက်အတန့်တွင်ပင် စိုးရိမ်မှု ခံစားနေရသည်။
“ဘုန်း ...”
သစ်ပင်အကြီး တစ်ပင်သည် လဲကျလာပြီး မြူထဲမှ အရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။ တောအုပ်၏ မှိန်ဖျော့ဖျော့ အလင်းရောင် ပံ့ပိုးပေးမှုကြောင့် မိုဝူကျီသည် ထိုအရိပ်နှစ်ခုကို မြင်လိုက်ရသည်။
မိုဝူကျီသည် သူတစ်ကြိမ် တစ်ခါမျှ မမြင်ဖူးသော သားရိုင်း နှစ်ကောင်ကို မြင်ရုံနှင့်တင် ခေါင်းကျိန်းစပ်လာ၏။ တစ်ကောင်တွင် မျက်လုံး သုံးလုံးပါရှိပြီး ခန္ဓာကိုယ် တစ်ကိုယ်လုံးအား ကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ကျန်တစ်ကောင်သည် ပါးစပ်နားရှိ အမွေးများတွင် သွေးများ ပေကျံနေသော ခြင်္သေ့ တစ်ကောင်နှင့် တူလှသည်။
သားရိုင်း နှစ်ကောင်သည် မိုဝူကျီအား မြင်ဟန် မပေါ်။
“ဝေါင်း...”
သားရဲနှစ်ကောင်၏ စူးရှလှသည့် မာန်ဖီသံများသည် မိုဝူကျီ၏ နှလုံးခုန် အလွန် မြန်လာလေ၏။
မိုဝူကျီအတွက် ကံကောင်းသည်က တစ်ကောင်တည်း ဖြစ်မနေခြင်း ဖြစ်၏။ ထိုသို့သာဆိုလျှင် သူ့အား သေချာပေါက် သတိပြုမိပြီး ဆွဲစုတ်ခြင်း ခံရလိမ့်မည်။ မိုဝူကျီသည် သားရဲနှစ်ကောင်အား မြင်ကွင်းမှ မမြင်နိုင်တော့သည့် အထိ ဖြည်းညင်းစွာ နောက်ဆုတ်လိုက်သည်။ ထိုအကောင်များသည် တင်းဘူအာ ပြောဖူးသည့် တောအုပ်ထဲ ကျက်စားနေသော နတ်ဆိုးသားရဲများ ဖြစ်လိမ့်မည်။
မိုဝူကျီသည် နောက်ဆုတ် လိုက်သည့်အခါ သူ့ခြေထောက်မှ အေးစက်မှုကို ခံစားလိုက်ရသည်။ သူသည် နတ်ဆိုးသားရဲများ အပေါ် အာရုံစိုက် ထားသောကြောင့် သူ့နောက်မှ အခြေအနေအား ဂရုမပြုမိခဲ့ချေ။
“ဘမ်း...” လျှပ်စီးအားသည် မိုဝူကျီ၏ မနီးမဝေးမှ ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး လင်းဖြာ သွားလေသည်။
ထိုအခိုက်အတန့်တွင် သူသည် မည်သည့်နေရာမှာ ရှိနေကြာင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်၍ ရွှံ့နွံအလယ်တွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။
“ဘမ်း...”
လျှပ်စီးနှစ်ချက်သည် မိုဝူကျီကို ဖြတ်ကျော်လာပြီး အလွန်တရာ ညှို့ယူ ဖမ်းစားနိုင်သည့် လျှပ်စီး ပေါင်းကူးတံတား သဖွယ် ဖြစ်ပေါ်လာသည်။
မိုဝူကျီသည် သူရောက်နေသည့် တည်နေရာကို သိရှိပြီး စိတ်လုံးလုံး ကျသွားလေသည်။ ဤသည်က တင်းဘူအာ ပြောဖူးသည့် သေစေနိုင်သော လျှပ်စီးရေကန်ထဲမှ တစ်ခုဖြစ်လိမ့်မည်။
သက်ပြင်းအရှည်ကြီး ချပြီးနောက်တွင် မိုဝူကျီသည် တည်ငြိမ်လာသည်။ သူသည် မိုးကြိုးမြူတော၏ နတ်ဆိုးသားရဲကို မြင်ဖူးလေပြီ။ ယခုအခါ လျှပ်စီး ရေကန်ကိုပါ ကြုံတွေ့နေရ၏။ အကယ်၍ သူသာ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင် အစစ်အမှန် အံ့ဖွယ် ဖြစ်လာလိမ့်မည်။
မိုဝူကျီ၏ ခြေထောက်များသည် လျှပ်စီးကန်ရှိ အေးခဲနေသည့် မြေပြင်တွင် ရပ်နေသောကြောင့် အေးစက်မှုကို ခံစားလာရသည်။ ထိုလျှပ်စီးကန်တွင် လျှပ်စီးအားများ အပြင် အခြားသော ကြောက်စရာများ အကြောင်း မည်သူကမျှ မသိပေ။ မိုဝူကျီသည် သူသည် တစ်နည်းနည်းဖြင့် သေမည်ကို သိသောကြောင့် ထပ်၍ ကြောက်လန့် မနေတော့ချေ။ သူသည် ရွှံ့နွံမှ ထွက်ရန် ခြေလှမ်းကို ဂရုတစိုက် ရွေ့လျားလိုက်သည်။
သူ့အသက် သေလျှင်ပင် ရှင်သန်ခြင်း အတွက် အနည်းဆုံး ပြန်တိုက်ခိုက်ရန် ကြိုးစား ကြည့်သင့်သည်။
“ဘမ်း ...” နောက်ထပ် လျှပ်စီးအား တစ်ခုထွက်ပေါ်လာသည်။ သို့သော်လည်း မိုဝူကျီသည် ဤအခါမှာ ကံမကောင်းတော့ချေ။ ပခုံးကို ဖြတ်၍ ထိသွားလေသည်။
မိုဝူကျီသည် ဒူးမှ အားယုတ်လျော့ လာပြီး ခန္ဓာတစ်ခုလုံးတွင် လောင်ကျွမ်းနေသည့် ပြင်းထန်သော ခံစားချက်ကို ခံစားနေရသည်။
မိုဝူကျီထံ ဝင်ရောက်နေသည့် လျှပ်စီး၏ အရိပ်မှတစ်ဆင့် ရေကန်ရှိ အခြားသော လျှပ်စီး အချို့သည်လည်း မိုဝူကျီ ခန္ဓာကိုယ်ကို စက်ဝန်း သဏ္ဌာန် ဝန်းရံကာ ထွက်ပေါ်လာကြသည်။
မိုဝူကျီ အဝတ်အစားများသည် စုတ်ပြဲကုန်ပြီး အရေပြားများ လောင်ကျွမ်းနေသည့် အနံ့ပင် ရရှိနေပြီ ဖြစ်သည်။ သူ့ခန္ဓာ တစ်ကိုယ်လုံးသည်လည်း ထုံထိုင်းနေလေ၏။ သူ့ဒုတိယ ဘဝတွင် ဓာတ်လိုက် သေဆုံးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူ့အသက် နုတ်ယူရာတွင် ချက်ချင်း ညှာတာခြင်းမရှိ နုတ်ယူခြင်းကို ငရဲသဖွယ် ညှဉ်းပန်းခံရခြင်းထက် ပိုလားသည်။
သူ့ဆန္ဒကို ဖြည့်ဆည်းပေး သကဲ့သို့ ပို၍ ကြီးမားသော လျှပ်စီးသည် သူ့အား ဖြတ်သွားလေသည်။
“ဘမ်း ...”
ထိုလျှပ်စီးသည် မိုဝူကျီ၏ ပခုံးတွင် ထပ်၍ တိုက်သွားလေသည်။ သို့သော်လည်း မိုဝူကျီသည် သူ့ခန္ဓာ တစ်လျှောက်လုံးတွင် အနည်းငယ်သော နာကျင်ခြင်းကိုမျှ မခံစားမိတော့ချေ။
ထိုသည်သာ မဟုတ်ပေ။ မိုဝူကျီသည် သူ့ပခုံးကို ဖြတ်သွားသည့် လျှပ်စီးသည် တစ်စုံတစ်ခုကို တိုက်ရိုက် ဖွင့်ပေးလိုက်သည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
နောက် အခိုက်အတန့်တွင် သူ့ခန္ဓာ တစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားလေသည်။ မိုဝူကျီသည် ဖြစ်ပျက်သွားသည့် ကိစ္စကို သတိပြုမိပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။
လျှပ်စီးအားသည် သူဆေးသောက်သုံးကာ ဖွင့်ရန် ကြိုးစားခဲ့ပြီး ပိတ်မိနေသည့် ချီသွေးကြောမှ ကွက်လပ် အနည်းငယ်ကို ဖွင့်ပေးလိုက်သည်။ အကယ်၍ လျှပ်စီးအားသည် ထိုမျှ နေရာလပ်အသေးလေး ဆက်တိုက် ဖွင့်ပေးနိုင်လျှင် ပိတ်ဆို့နေသည့် ချီသွေးကြော တစ်ခုလုံးကို ဖွင့်ပေးနိုင်မည် မဟုတ်ပါလော ... ချီသွေးကြော ရှင်းသွားသည်နှင့် သူသည် ကျင့်ကြံနိုင်ရန် ဝိညာဉ်ကြော ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပါလား ...
လျှပ်စီးအား အများအပြား ထိရိုက်ခံရပြီး နောက်တွင် မိုဝူကျီသည် အတွင်းရော အပြင်ပါ မီးကျွမ်းနေလေသည်။ ဆက်လက်၍ ထွက်မပြေးရန် ဆုံးဖြတ်လိုက်၏။ သူသည် သူ့အား လာထိရိုက်မည့် လျှပ်စီးများကို စောင့်နေလေသည်။
“ဘမ်း..” အနောက်မှ လျှပ်စီး နှစ်ချက်သည် ဖြာကျလာပြီး သူ့အား ဖြတ်သွားလေသည်။
ကံမကောင်းစွာ ထိုလျှပ်စီး နှစ်ချက်သည် နာကျင်မှု များကိုသာ ပေးပြီး ကွက်လပ်လေး ပွင့်သွားသည့် ခံစားချက်ကို မပေးစွမ်းပေ။
မိုဝူကျီသည် သူ့ကို ရိုက်ခတ်မည့် လျှပ်စီးများအား မထိန်းချုပ် နိုင်သည်မှာ နှမြောစရာ ကောင်းလှသည်။ အကယ်၍ သူသာ လုပ်နိုင်လျှင် သူသည် ပိတ်ဆို့နေသော ချီသွေးကြောကို ဖွင့်မည့် နေရာအား ရိုက်ခတ်ခံလိမ့်မည်။
သူနောက်ထပ် လျှပ်စီးအားအချို့ ကြုံတွေ့ပြီးသည့် နောက်တွင် ထိုသည်က လုပ်ရန် မသင့်ကြောင်း သတိပြုမိလိုက်သည်။ သူချီသွေးကြောကို မဖွင့်နိုင်ခင်တွင် နာကျင်မှုကြောင့် သေဆုံး သွားနိုင်သည်။
မိုဝူကျီသည် သူ့အိတ် အစုတ်လေးမှ သွေးကြောဖွင့် ဖြေဆေးကို ထုတ်ယူလိုက်ပြီး သောက်လိုက်သည်။ ပိတ်ဆို့နေသည့် ချီသွေးကြောတွင် မီးတောက်လောင် သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ဘမ်း ...”
နောက်ထပ် လျှပ်စီးအား တစ်ခုသည် သူ့အား လာထိရိုက်၏။ မိုဝူကျီသည် လျှပ်စီးအား သူ့တောက်လောင် နေသည့် ချီသွေးကြောအပေါ် ရောက်ရှိရန် အာရုံ စိုက်ထားလေသည်။
မိုဝူကျီသည် သူ့အာရုံ စိုက်မှုကြောင့်လေလား သို့မဟုတ် လျှပ်စီးသည် ချီသွေးကြောကို ဖြတ်သွားသောကြောင့် ဆေးစွမ်း ပြသည်ကြောင့်လား မသေချာပေ။
ဖြစ်နိုင်သည်က ထိုသည်က စိတ်စွမ်းအားကြောင့် မိုဝူကျီသည် သူ့ချီသွေးကြောသည် အနည်းငယ် ပွင့်လာသည်ဟု ခံစားမိသည်။
နောက်ထပ်လျှပ်စီး တစ်ခု ဝင်ရောက်လာသည်။ နောက်တစ်ခါတွင် တူညီသည့် ချီသွေးကြောကို တိုက်ရိုက် ထိရိုက်မိသည်။ ချီသွေးကြောသည် ထိုကြောင့် ပို၍ ပွင့်သွားလေသည်။ လျှပ်စီး ရိုက်ချက်များကြောင့် တောက်လောင်နေသည့် ဆေးသည် ခန္ဓာကိုယ်မှ လျင်မြန်စွာ ကွယ်ပျောက် သွားလေသည်။
လျှပ်စီးကို ချီသွေးကြောနှင့် တိုက်ရိုက် ထိတွေ့စေရန် ခွင့်ပြုထားသော ဆေးအာနိသင်ကြောင့်သာ ဖြစ်လိမ့်မည်။ သူ့ခန္ဓာထဲမှဆေး ပျောက်ကွယ် သွားသည်ကို ခံစားရပြီး မိုဝူကျီသည် နောက်တစ်ပုလင်း ထပ်သုံးစွဲရန် လက်မနှေးနေချေ။
“ဘမ်းဘမ်းဘမ်း ...”
လျှပ်စီးအား ဆယ်ချက်သည် မိုဝူကျီ ခန္ဓာအား ဆက်တိုက် ထိရိုက်လာပေမဲ့ သူသည် သက်သောင့်သက်သာ ဖြစ်နေဆဲ ဖြစ်၏။ သူသည် မရေတွက် နိုင်လောက်အောင် ထိရိုက်ခံ ထားရသော်လည်း ထိုအခိုက်အတန့်တွင် သူ့ခန္ဓာသည် အားအင် ပြည့်နေသည်ဟု ခံစားမိသည်။ သူ့ခန္ဓာသည် နာကျင်မှုများနှင့် ထုံထိုင်းခြင်းများကို ခံစားထားရသည့် အတွက် ထိုအားအင်ကို ထုတ်မပြနိုင်သည်မှာ သနားစရာ ကောင်းလှသည်။
မိုဝူကျီသည် မျက်ရည်များ ကျခြင်းကို မထိန်းချုပ်နိုင်ပေ။ အနည်းဆုံးတော့ သူသည် သူ့၏ ပထမဆုံး ဝိညာဉ်လမ်းကြောင်း ဖြစ်သော ချီသွေးကြောကို အောင်မြင်အောင် ဖွင့်နိုင်ခဲ့၏။
***