အပိုင်း(၄၁၀)
Vol. 28 Ch. 410
“အား..အား.ငါ့ကိုသတ်ပါ..ရှစ်…ဖုန့်…
ငါ့ကိုသတ်လိုက်စမ်းပါ….
နင်လို့လူယုတ်မာမျိုးကို သေခြင်းတားမြစ်နယ်မြေအကြောင်း
ငါလုံးဝပြောပြမှာမဟုတ်ဖူး..”
ဖျောင်ရွှယ်ယွဲ့၏ ခေါင်းမာပေကတ်သောအော်သံအား သွေးနီရောင်မီးတောက်များကြားရှိ နာကျင်စွာအော်ဟစ်နေသောအသံများကြားမှ ကြားရနိုင်သည်ဖြစ်သည်။
“အရှင်စစ်နတ်ဘုရား”
ဤအချိန်တွင် သမာသမတ်ကျသော ပုံစံနှင့် သတ်လတ်ပိုင်းအရွယ်အရာရှိက သူ၏လက်သီးတို့အား ယဉ်ကျေးစွာဆုပ်၍ ပြောလိုက်သည်။
“ဖျောင်ရွှယ်ယွဲ့ ဒီခွေးမက အရမ်းကို ရေငုံနှုတ်ပိတ်နေလွန်းပါတယ်.. ဒါပေမဲ့သူက မိန်းမတစ်ယောက်ဖြစ်နေတုံးပါ..အရှင်စစ်နတ်ဘုရားသာကျွန်ုပ်ကို ယုံကြည်မယ်ဆိုရင် သူမရဲ့ဒန်တန်ကိုခွဲ သူမရဲ့ မရီဒီယန်တွေကိုဆီးလ်ခတ်ပြီးတော့ ကျွန်ုပ်ကိုကိုင်တွယ်ဖို့လွှဲပေးပါ”
“ကျွန်ုပ်တစ်ရာရာခိုင်နှုန်းမဟုတ်ပေမဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် အရှင်စစ်နတ်ဘုရား ဖျောင်ရွှယ်ယွဲ့ဆီကလိုချင်တဲ့ ဖြောင့်ချက်ကို ရအောင်လုပ်ပေးနိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိပါတယ်”
အရာရှိကစကားပြောပြီးသည့်နောက်
လေထဲတွင်ရှိနေသော ရှစ်ဖုန့်အားသမာ သတ်မကျမှုရှိသောမျက်နှာထားဖြင့် ဆက်လက်၍ကြည့်နေသည်။ ယင်းမှာသူပြောသောနည်းလမ်းက သူမမျက်နှာထားအတိုင်းသမာ
သမတ်ကျမှုရှိနေသကဲ့သို့ပင်ဖြစ်သည်။
သို့သော် စကားပြောပြီးသည့်နောက် ဤသက်လတ်ပိုင်းအရွယ်အရာရှိမှာ ရှစ်ဖုန့်အားကြည့်၍ စိတ်ထဲမှဆုတောင်းနေသည်။
“ကျေးဇူးပြုပြီး ဖျောင်ရွှယ်ယွဲ့ကိုငါ့ဆီလွှဲပေးပါစေ..
ကျေးဇူးပြုပြီးဖျောင်ရွှယ်ယွဲ့ကိုငါ့ဆီ လွှဲပေးလိုက်ပါ… နတ်ဘုရားကငါ့ကို ကောင်းချီးပေးပါစေ”
သေမျိုးကမ္ဘာ၏ခြောက်ပစ်ကင်း
သဲလဲစင်သောနတ်သမီးကဲ့သို့ ဖြစ်သည့် ဖျောင်ရွှယ်ယွဲ့ကဲ့သို့လှပပြီး သန့်စင်သောသူတစ်ယောက်နှင့်
အကယ်၍များ ခဏလေးပဲပျော်ပါးခွင့်ရမည်ဆိုလျှင်တောင် သူ၏ကျန်သောလက်ကျန်တစ်ဘ
ဝလုံးဘာနောင်တရမှုမှရှိမနေဘဲ သူသေချာပေါက်ကိုပျော်ပါး
ပစ်လိမ့်မည်ဖြစ်သည်။
သက်လတ်ပိုင်းအရွယ်အရာရှိက သူ့အနေဖြင့်ရှစ်ဆယ်ရာခိုင်နှုန်း
အောင်မြင်မည်ဟု မပြောခဲ့ပေ။ယုံကြည်မှုရှိသည်ဟု
သာပြောခဲ့သည်ဖြစ်သည်။
အကယ်၍အချိန်ရောက်လာ၍ ဖျောင်ရွှယ်ယွဲ့က ဖြောင့်ချက်မပေးခဲ့လျှင်တောင် သူ၏နှလုံးသားထိတွေ့မှုအတွက်သူမနှင့်သူပျော်ပါးလိမ့်မည်ဖြစ်သည်။ အချိန်ကျလာသောအခါ၌ သူဘာကိုမှလုပ်ဆောင်နိုင်ခဲ့ခြင်း
မရှိဟုပြောရလျှင်လည်းကိစ္စရှိ
လိမ့်မည်မဟုတ်ပေ။
အကယ်၍ ဖျောင်ရွှယ်ယွဲ့ကဲ့သို့အလှလေး
နှင့်ပျော်ပါးနိုင်ခဲ့လျှင် အဆုံးသတ်၌ ရှစ်ဖုန့်ကြောင့်အသတ်ခံရပြီး
သူသေခဲ့လျှင်တောင် ယင်းက ထိုက်တန်မှုရှိလိမ့်မည်ဖြစ်သည်။
အချိန်တိုလေးအတွင်းမရေ
တွက်နိုင်သောအတွေးများက သက်လတ်ပိုင်းအရွယ်အရာရှိ၏ အတွေးထဲတွင် ဖြစ်ပေါ်သွားခဲ့သည်။ ဖျောင်ရွှယ်ယွဲ့၏ ခန္ဓကိုယ်နှင့် ပျော်ပါးရမည့် ကျေနပ်မှုပီတိဖြစ်ရမှုများအား
သူခံစားမိနိုင်ပြီးဖြစ်သည်။
ဤအချိန်တွင်ဖျောင်ရွှယ်ယွဲ့ ၏ လှပနှစ်လိုဖွယ်ကောင်းပြီး ခြောက်ပစ်ကင်းသဲလဲစင်သော မျက်နှာလေးကသူ၏စိတ်ထဲတွင်
ဆက်တိုက်ဖြစ်ပေါ်နေသည်။ အချိန်ကျလာသောအခါတွင်သူမ၏ မျက်နှာလေးက ညှို့ဓာတ်တို့ဖြင့်ပြည့်နှက်နေကာ နီရဲမှုတို့စွန်းထင်းနေလိမ့်မည်ဖြစ်သည်။ ထိုအဝတ်ဗလာကိုယ်လုံးလေး မို့မောက်သော တောင်ထွတ်နှစ်ခုနှင့် ဖြူဖွေး နူးညံ့ချောမွတ်သော အသား
အရည်တို့က မည်မျှ ဆွဲဆောင်မှုရှိလိုက်သည်ဖြစ်လိမ့်မည်နည်း။
ဤအချိန်တွင်သမာသတ်မကျ
သောသူ၏မျက်နှာ အောက်၌ သူ၏နှလုံးသားမှာ ရာဂမီးတောက်တို့ဖြင့်တောက်လောင်နေသည်။
ဤအရာရှိ၏နမည်မှာ လီကျန့်ချီဖြစ်သည်။ သူ၏နမည်ကဲ့သို့ပင် သူ၏မျက်နှာကလည်း သမာသတ်ကျမှုတို့အပြည့်ဖြစ်သည်။ သို့သော် သူနှင့်ရင်းနှီးမှုရှိသည့်အခြားသော အရာရှိများကတော့ ဤသမာသတ်ကျသောမျက်နှာအောက်မှ လီကျန့်ချီမှာ လူသားမျက်နှာနှင့်သားရဲတစ်ကောင်ဖြစ်ပြီး တဏှာကြီးသောသူဖြစ်ကြောင်း
ကိုသိကြသည်ဖြစ်သည်။
ဤအချိန်တွင် လီကျန့်ချီ၏စကားတို့အား ကြားပြီးသည့်နောက် များစွာသော အရာရှိများမှာ သိမြင်မှုတို့ဖြစ်သွားကြသည်။ ထို့နောက် အရာရှိများက လီကျန့်ချီအား အတုခိုးလိုက်ပြီး သမာသတ်ကျသောမျက်နှထား
တို့အားထုတ်ဖော်လိုက်သည်။ သူတို့က ရှစ်ဖုန့်အားပြောလိုက်သည်။
“အရှင်စစ်နတ်ဘုရား ကျွန်ုပ်မှာလည်း ကောင်းမွန်တဲ့အကြံတစ်ခုတစ်ခုရှိပါတယ်…
ဖျောင်ရွှယ်ယွဲ့ဖြောင့်ချက်ပေးဖို့ ကိုးဆယ်ရာခိုင်နှုန်းအခွင့်အရေးရှိပါတယ်”
“အရှင် စစ်နတ်ဘုရား ဒီအစေခံကိုလွှဲပေးရင်ကိုးဆယ့်ကိုး
ရာခိုင်နှုန်းသေချာပါတယ်.”
“အရှင်စစ်နတ်ဘုရား ဒီအစေခံကတော့ တစ်ရာရာခိုင်နှုန်းကိုသေချာပါတယ်… ဒီအညတရက စစ်တပ်ရဲ့အမိန့်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်”
ဤအချိန်တွင်ကြမ်းတမ်းသောပုံနှင့်
ထည်ဝါသောပုံရှိသည့်စစ်တပ်
အရာရှိတစ်ယောက်က အရာအားလုံးအားစွန့်လွှတ်မည့်ပုံစံပင်ပေါက်နေသည်။ဖျောင်ရွှယ်ယွဲ့၏ ခန္ဓာကိုယ်ကိုရရှိပြီး ဖျောင်ရွှယ်ယွဲ့ကဲ့သို့ လှပသောနတ်သမီးလေးနှင့် ကာမဆက်ယှက်မှုကို ပြုရရန်အတွက် စစ်တပ်အမိန့်အား အကြောင်းပြရန် ဆန္ဒရှိနေသည်။ အကယ်၍သူသေရမည်ဆိုလျှင်တောင် သူ၏ဘဝ၌နောင်တရမှုမရှိဟုသူခံစားရသည်။
“တော်လောက်ပြီး မင်းတို့အားလုံး တိတ်ကြစမ်း…ငါ့ကိုဒီမှာလာပြီး အနှောက်အယှက်လာပေးမနေကြနဲ့”
ရုတ်တရက် လုံချန်က စစ်တပ်အရာရှိများအား သိက္ခာရှိသောအသွင်အပြင်ဖြင့် အော်လိုက်သည်။
ဧကရာဇ်မင်းတစ်ပါးအနေဖြင့် လုံချန်မှာ ဤအရာရှိများ၏တုံ့ပြန်မှုနှင့်သူတို့၏ ညစ်ညမ်းသောအတွေးများအားမည်ကဲ့သို့ နားမလည်ပဲနေပါမည်နည်း။ထို့အပြင် လုံချန်၌ အမှောင်အရိပ်အဖွဲ့အစည်းရှိသည်ဖြစ်သည်။ ဤအရာရှိများ၏နှစ်သက်လိုလားမှုများက လုံချန်၏လက်အတွင်းသို့ရောက်ရှိ
နေခဲ့ပြီးသားဖြစ်သည်။
လုံချန်၏အမိန့်ပေးမှုဖြင့် အရာရှိများမှာချက်ချင်းပဲ သူတို့၏ပါးစပ်များအားပိတ်လိုက်ကြသည်။
တစ်ယောက်မျက်လုံးအတွင်းမှ ညစ်ညမ်းမှုများအားတစ်ယောက်မြင်
တွေ့ကြရသကဲ့သို့တစ်ယောက်ကိုယ်
တစ်ယောက်သူတို့ကြည့်လိုက်ကြသည်။ သူတို့အားလုံးတစ်ယောက်ကိုယ်တစ်ယောက် တိတ်တဆိတ်ကျိန်ဆဲလိုက်ကြသည်။
“လူမျက်နှာနဲ့ တိရစ္ဆာန်”
ဟင်းလင်းပြင်ထဲတွင်ချီလင်ဘုရင်မှာ ဆက်လက်လောင်ကျွမ်း
နေသောရှစ်ဖုန့်ထက်ထဲရှိ သွေးနီရောင်မီးတောက်အား
စောင့်ကြည့်နေသည်။၎င်းမှာ ရပ်တန့်မည့်အရိပ်အယောင်
ကိုပြခြင်းမရှိရုံသာကဘဲ ပို၍ပင်ပြင်းထန်စွာတောက်လောင်လာ၏။ ဖျောင်ရွှယ်ယွဲ့၏ အော်ဟစ်သံကလည်းပိုပို၍ ကျယ်လောင်လာသည်။
“သခင်လေးဖုန့် ဒီလိုသာဆက်ဖြစ်နေရင် ဖျောင်ရွှယ်ယွဲ့ တကယ်မီးလောင်ပြီးသေသွားမှာကို ကျုပ်ကြောက်မိတယ်….”
ချီလင်ဘုရင်မှာ သေခြင်းတားမြစ်နယ်မြေလျို့ဝှက်ချက်နှင့်ပက်သက်ပြီး ဖျောင်ရွှယ်ယွဲ့အား စိတ်ပူနေဆဲဖြစ်သည်။
“မစိုးရိမ်ပါနဲ့”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီသခင်လေးက ဒီလိုလုပ်ချင်တယ်ဆိုရင် သူ အရှင်လတ်လတ်မီးရှို့ခံရမှာပဲ.. ဒါပေမဲ့ ဒီခွေးမက မီးလောင်ခံရလို့သေပြီးတဲ့အခါမှာ
သူလွတ်လပ်နိုင်လိမ့်မယ်လို့ထင်နေတယ်”
“ဒီသခင်လေး သူ့ဝိညာဉ်ကိုဆွဲထုတ်ပြီးတော့ သေခြင်းတားမြစ်နယ်မြေက လျှို့ဝှက်ချက်ကိုပါးစပ်ကဖွင့်ဟလာတဲ့အထိ ဒီခွေးမကိုဆက်ပြီးမီးရှို့ပစ်မယ်… အဲ့နောက်မှာမှ သူဝိညာဉ်ကပျောက်ကွယ်သွားလိမ့်မယ်”
ရှစ်ဖုန့်၏စကားတို့အား ကြားပြီးသည့်နောက် ချီလင်ဘုရင်မှာ သဘောပေါက်သွားသည့် ပုံစံဖြစ်ပေါ်လာသည်။ သူကပြောလိုက်သည်။
“ကျုပ်မေ့တော့မလို့…သခင်လေးဖုန့်က ငရဲဘုံကိုးခု ဧကရာဇ် ရဲ့ မျိုးဆက်ကပဲကိုး… ဝိညာဉ်စွမ်းအားအရရယ် ဝိညာဉ်တိုက်ခိုက်မှုရယ်နဲ့ ဝိညာဉ်ထိန်းချုပ်မှုရယ်တွေမှာ ဘယ်သူကများ ဒီက္ဘာကြီးထဲမှာငရဲဘုံကိုးခု ဧကရာဇ်ရဲ့ငရဲဘုံကိုးခု ပညာရပ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိတာရှိလို့လဲ… ကျုပ်အတွေးလွန်နေမိပြီ”
ထျန်းဟန်တိုက်ကြီးထဲတွင် ဝိညာဉ်ထိန်းချုပ်မှုတွင် ယိုမင်ဘုံနန်းနှင့် သန်းပေါင်းများစွာသောတစ္ဆေစစ်သည်တို့အားထိန်းချုပ်ခြင်း၌မည်သူကများ ငရဲဘုံကိုးခု ဧကရာဇ်ထက်ကိုသာလွန်နိုင်ပါမည်နည်း။
“အား..အား..ဟမ့်..ငရဲဘုံကိုးခု မျိုးဆက်လား..အဲ့ခွေးမ ယွဲ့ဝူရှန့်ရဲ့ မျိုးဆက်လား”
သွေးမီးတောက်အတွင်းရှိ အော်ဟစ်သံများကြားထဲမှ ဖျောင်ရွှယ်ယွဲ့၏ အသံကိုကြားရနိုင်သည်ဖြစ်သည်။
“ဝူရှန့်လား..နင်ဝူရှန်ကိုမြင်ခဲ့တယ်လား။”
ဖျောင်ရွှယ်ယွဲ့၏ အသံကိုကြား
ပြီးသည့်နောက် ရှစ်ဖုန့်၏ အသံ၌ အေးစက်မှုတို့ပြည့်နှက်လာသည်။ လှပသောပုံရိပ်လေးတစ်ခုက ရုတ်တရက်သူ၏စိတ်ထဲတွင်ပေါ်လာ၏။
ဖျောင်ရွှယ်ယွဲ့၏ ယွဲ့ဝူရှန့်အားစော်ကားသောစကားလုံးများအရ သူမယွဲ့ဝူရှန့်အားမုန်းတီးနေသည်မှာ ရှင်းလင်းသည်ဖြစ်သည်။ အကယ်၍သူမသာယွဲ့ဝူရှန့်အား သတ်ချင်ခဲ့လျှင် ယွဲ့ဝူရှန့်တစ်ယောက်ပြန်လည်၍
တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
“အဲ့တာတကယ်အဲ့ခွေးမပဲ…အား….အား…”
ဖျောင်ရွှယ်ယွဲ့မှာနာကျင်မှုအပြည့်ဖြင့် စူးစူးဝါးဝါးအော်ဟစ်ရင်း ပြောလိုက်သည်။သူမ၏ကိုယ်တွင်
တောက်လောင်နေသောမီးတောက်က ပို၍ပင် ပြင်းထန်လာသည်။
“ပြောစမ်း..ဝူရှန့်ဘာတွေဖြစ်ခဲ့တာလဲ”
ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။
“အဲ့ခွေးမ မသေသေးဘူး..ဒါပေမဲ့မပူပါနဲ့…
သူ့ရဲ့ဝိညာဉ်ပျောက်ကွယ်သွားဖို့က
သိပ်ကြာတော့မှာမဟုတ်ဖူး.. ဟားဟား..ဟားဟားဟား ..အူး..အား….”
ဖျောင်ရွှယ်ယွဲ့မှာအော်ဟစ်နေရင်း ရယ်မောလိုက်သည်။ နောက်ဆုံးတွင်နာကျင်မှုအားသူမတောင့်မခံနိုင်ဘဲကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဤအချိန်တွင်ရှစ်ဖုန့်မှာဖျောင်ရွှယ်ယွဲ့နှင့်ထပ်မံ၍စကားများအချိန်ဖြုန်းမနေလိုတော့ပေ။ သူ၏ညာလက်အားဆုပ်လိုက်ပြီး “ဝုန်း” ဆိုသောအသံနှင့်အတူ ရှစ်ဖုန့်၏လက်အတွင်းရှိသွေးနီရောင်မီးတောက်မှာရုတ်ခြည်းပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏လက်ထဲတွင်လက်သီးဆုပ်အရွယ် အကြည်ရောင်ဝိညာဉ်တစ်ခုရှိနေသည်။
“ဒီသခင်လေးကိုရှင်းရှင်းလင်းလင်းပြောစမ်း…
ဝူရှန့်ဘယ်မှာလဲ.. သူလဲသေခြင်းတားမြစ်နယ်မြေထဲမှာလား..ဘာတွေဖြစ်နေတာလဲ.”
ရှစ်ဖုန့်ကစကားပြောလိုက်သကဲ့သို့သွေးနီရောင်မီးတောက်က ဟုန်းခနဲသူ၏လက်အတွင်းထပ်မံ၍
ပေါ်လာသည်။ ဤအချိန်တွင်ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်အားမီးရှို့ရန်မီးတောက်ကို
ရှစ်ဖုန့်အသုံးပြုခဲ့သည်။ သူမစကားမပြောမည်အား သူကြောက်ရွံ့ခြင်းမရှိပေ။
သူမ၏ဘဝတွင်မတော်တဆမှုတစ်ခု
နှင့်ကြုံတွေ့ခဲ့ရဖူးသည်ဟု ယွဲ့ဝူရှန့်ပြောခဲ့ဖူးသည်။ သူမ၏မိသားစုတစ်ခုလုံးအား အမည်မသိရသော စွမ်းအားကြီးအင်အားစုတစ်ခုက ဖျက်ဆီးပစ်ခဲ့သည်။ ဤကောင်မလေးကအပြင်ပန်းတွင်
နူးညံ့မှုရှိသော်လည်းသူမ၏နှလုံး
သားထဲတွင်တော့ အရမ်းကိုခေါင်းမာတတ်သောသူလေးဖြစ်သည်။သေခြင်းတားမြစ်နယ်မြေအတွင်းဝင်ရောက်ရန်အတွက်သူမ၏အသက်အားစွန့်စားရန်မှာများစွာဖြစ်နိုင်ချေရှိသည်ဖြစ်၏။
ဆက်ရန်………
ဘာသာပြန်သူ-ARISE