ကျွန်မ သူငယ်ချင်း။
Vol. 5 Ch. 118
ချူစစ်ဟန်သည် ဟောင်ရန်မြို့တွင် နာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုအချိန်တုန်းက တိုင်းပြည်ရဲ့စာမေးပွဲတိုင်း ပထမရသူလည်း ဖြစ်တယ်။
အကယ်ဒမီကနေ ပုဂ္ဂလိကကျောင်းအထိ လူတိုင်းနီးပါး သူ့နာမည်ကို သိကြသည်။
တခြားသူတွေကို မပြောနဲ့။ ကျောင်းမတက်ဖူးတဲ့ အမျိုးသမီး'ရူ'တောင် ချူစစ်ဟန်အကြောင်း သိတယ်။
သို့သော် ဒီလိုဘဝမျိုးက ထူးထူးခြားခြားပင်။ ဒါ့အပြင် ချုစစ်ဟန်သည် ငယ်စဉ်ကတည်းက မြို့တော်မှာ ပညာသင်ကြားခဲ့သည်။ ထို့ကြောင့် သူ့ကို လူအနည်းငယ်ကပဲ မြင်ဖူးကြတယ်။
လူတိုင်း ချူစစ်ဟန်အကြောင်းကိုသိကြ၏။ သူက အံဩဖို့ကောင်းတာကိုလည်းသိကြသည်။ သို့သော် သူဘယ်လိုလူလဲဆိုတာကိုတော့ သူတို့ မသိကြပေ။
သို့သော် လုရှန်းရဲ့ စကားတွေက ချုစစ်ဟန်နဲ့ လူချင်း တွေ့ဖူးသလိုမျိုး ဖြစ်နေသည်။
အားလုံးတိတ်ဆိတ်သွားပြီး သူမကို ကြည့်နေကြတာကို မြင်တော့ သူမက “ဘာဖြစ်လို့လဲ?”
ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ?
“သခင်'ချု'ကို အရင်က တွေ့ဖူးလား?” ဟဲလိန် မေးမြန်း၏။
သူ့စကားကိုကြားတော့မှ လူတိုင်းဘာလို့ ဒီလိုကြည့်နေသလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားတော့သည်။
သူမ ရိုးရိုးသားသား ခေါင်းညိတ်တယ်။ "တွေ့ဖူးတယ်။ သူက ကျွန်မ သူငယ်ချင်းလေ။"
ငွေတစ်ရာတန်ဖိုးရှိတဲ့ မြင်းလှည်းကို ပေးခဲ့တာသူပဲလေ။
ဟုတ်တယ်။ လုရှန်း သူတို့ကို ခြောက်မိမှာစိုးလို့ ဒီလိုတော့မပြောရဲခဲ့ပေ။
သို့သော် “ကျွန်မ သူငယ်ချင်း” ဆိုသည့် စကားလုံးက စကားမပြောနိုင်လောက်အောင် အံဩစရာကောင်းလွန်းတာကို သူမ မသိခဲ့ပေ။
"ဝမ်းကွဲ အဆင်ပြေရဲ့လား?" ဟဲဒေါင် အားပျော့တဲ့အသံနဲ့ မေးမြန်း၏။
"အဆင်ပြေပါတယ်။ ဘာလို့လဲ?"
လုရှန်း သူ့ကို သံသယနဲ့ ကြည့်တယ်။
“ဟားဟား... ထမင်းမြန်မြန်စားကြရအောင်။ တော်ကြာ ဟင်းပွဲတွေ အေးကုန်တော့မယ်။”
ဟဲလိန် ခြောက်ကပ်ကပ်အပြုံးဖြင့်ဆို၏။
သူမကို ဘယ်သူမှ မယုံဘူး။ ဟဲကျန့်တစ်ယောက်တည်းကပဲ လုရှန်းကို စေ့စေ့ကြည့်နေ၏။
လုရှန်း ရှင်းပြဖို့လည်း စိတ်မဝင်စားပေ။ ဟဲလိန်ရဲ့ စကားကိုနားထောင်ကာ ခေါင်းငုံ့ပြီး တိတ်တိတ်ဆိတ်ဆိတ် စားသောက်တယ်။
ဟဲကျန့်ရဲ့ အချက်အပြုတ်ကျွမ်းကျင်မှု တကယ်ကောင်းတာ ဝန်ခံရမည်။ ဒီလို အရသာရှိတဲ့ဟင်းကို သူမရဲ့ အိမ်မှာ ချက်နိုင်တယ်။ လုရှန်း ထမင်းကို သုံးပန်ကန်တောင်စားခဲ့မိသည်။
စားသောက်ဆိုင် မဖွင့်ရသေးပေမဲ့ အနာဂတ်မှာ ဝင်ငွေတွေ အများကြီး ဝင်တော့မည်ကို မှန်းကြည့်လို့ရတယ်။
ညစာစားပြီးနောက် ခြံဝင်းထဲ အုပ်စုဖွဲ့ကာ စကားစမြည်ပြောကြသည်။
လုရန် အကြောင်းပြောနေစဉ် ဟဲဟူ သက်ပြင်းချရင်း "ဒီကလေး စာလေ့လာမှုမှာသာ အာရုံစိုက်ခဲ့ရင် ဆိုးနေမှာမဟုတ်ဘူး။”
လုရန်က အရမ်း စမတ်ကျတယ်။ လုရန် အရင်တခေါက်လာလည်တုန်းက ဘာမေးမေးဖြေနိုင်ခဲ့သည်။
သို့သော် အမျိုးသမီး'ဟဲ' ကွယ်လွန်ပြီးကတည်းက လုရန် ပြောင်းလဲသွားခဲ့တယ်။ သူက စကားအနည်းငယ်သာ ပြောတတ်သူဖြစ်လာပြီး အခြားအရာတွေကိုပါ စိတ်ပါလက်ပါ လုပ်ဆောင်တတ်လာတယ်။
လုရှန်းရဲ့ ပြောင်းလဲမှုက လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။
အမျိုးသမီး'ရူ'က လုရှန်းရဲ့ ပခုံးကို ပေါ့ပေါ့ပါးပါး ပုတ်ပြီး “ဒီကလေးက ဟိုးအရင်တုန်းကဆို စကားမပြောဘဲ ခေါင်းငုံ့ပြီးပဲနေတာ။ မင်းက စကားကိုလည်း တိုးတိုးလေးပဲ ပြောတယ်။ ဂရုတစိုက် နားမထောင်ရင် မင်းရဲ့အသံကို ဘယ်တော့မှ ကြားနိုင်မှာ မဟုတ်ဘူး။”
လုရှန်း ရှက်ရွံ့စွာ ပြုံးတယ်။ သူမက ခေါင်းကုတ်ပြီး “တကယ်တော့ အစ်ကိုလဲ ပိုအဆင်ပြေလာပါပြီ။ စာသင်ဖို့အတွက် ပုဂ္ဂိကကျောင်းတောင် ပြန်တက်နေပြီ။”
“ဘာ?”
ဟဲချင်း အံ့သြသွားတယ်။ "အားရန်က တကယ် ကျောင်းပြန်တက်နေပြီလား?"
အရင်တခေါက် လုရန်နဲ့မြို့ထဲဆုံစဉ်က လုရန်ဆီ သွားချင်ခဲ့သည်။ သို့ပေမဲ့ လုရန်ဘေးတွင် ဝတ်ကောင်းစားလှ ဝတ်စားထားသော သခင်လေးအနည်းငယ်ရှိနေတာမြင်ပြီး မသွားရဲခဲ့ပေ။
လုရှန်း ခေါင်းညိတ်တယ်။ "ဟုတ်တယ်။ သူ ကျောင်းတက်နေတာ လအနည်းငယ်လောက်ရှိနေပြီ။"
"ကောင်းတယ်!"
ဟဲချင်း ခေါင်းညိတ်တယ်။
ဟဲလိန်က “ဆိုတော့ကား... မင်း မသိဘူးလား?”
သူသည် ဟဲချင်းနဲ့ အမျိုးသမီး'ရူ' သိသည်ထင်ကာ ဟဲမိသားစုရှေ့ ဒီအကြောင်းမပြောခဲ့ပေ။
မြို့အရှေ့ဘက်တွင် ကျောင်းတက်တုန်းက လုရန်နဲ့ မကြာမကြာတွေ့ဆုံခဲ့ကြတယ်။
အရင်တုန်းက သူ လုရန်ကို သူတို့အကယ်ဒမီမှာ လာတက်ဖို့ အကြံပေးခဲ့သေးသည်။
သို့သော် လုရန်က ငြင်းပယ်ခဲ့သည်။
“မင်းလည်း သူကျောင်းပြန်တက်နေတာ သိတယ်လား?” ဟဲဟူက ဟဲလိန်ကို မေးတယ်။
"ကျွန်တော် သိတယ်။" ဟဲလိန် ခေါင်းညိတ်တယ်။ "ကျွန်တော်တို့ အကြိမ်အနည်းငယ်လောက် ဆုံဖူးတယ်။”
အမျိုးသမီး'ရူ' ဒီစကားကြားချိန်တွင် မျက်ရည်များသုတ်ပြီးပြုံးတယ်။ “ကျောင်းပြန်တက်နေတာ ကောင်းတယ်။”