← Chapters

နန်း‌တော်ထဲက လူ

Vol. 113 Ch. 1571

နန်း‌တော်ထဲက လူ

Vol. 113 Ch. 1571

နောက်တစ်ခုဖြစ်နိုင်ခြေရှိသည်ကား ... စိတ်ဆန္ဒသည် ကျောက်စိမ်းပြားတစ်ပြားမှ မဟုတ်ဘဲ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်၏စိတ်ဆန္ဒမှ လာခြင်းပင်။

စိတ်ဆန္ဒသည် အင်မော်တယ်နတ်ဘုရားကမ္ဘာအပေါ် ဆင်းသက်လာနေစဉ် ခပ်လှမ်းလှမ်း၌ ရပ်နေဆဲဖြစ်သည့် လေးနှင့်လူငယ်၏ခန္ဓာကိုယ်အပေါ်၌ စုဝေးစပြုလာသည်။ လူငယ်က တစ်ကိုယ်လုံး တုန်ရီစွာဖြင့် အားခနဲ အသံနက်ကြီးဖြင့် အော်ရင်း ပြောင်းလဲသွားသည်။ သူ့ဆံပင်များသည် ဖြူဆွတ်သွားပြီး သူ့မျက်လုံးများ သွေးအေးလာသည်။ ထိုစိတ်ဆန္ဒဖြင့် သူကား လုံးဝတခြားလူတစ်ယောက် ဖြစ်သွားသည့်အလားပင်။

သူသည် အနှစ်သာရ ၉ ခုအဆင့်ထက် ကျော်လွန်သော အရှိန်အဝါကို ထုတ်လွှတ်လျက် လေလယ်၌ ပျံဝဲနေ၏။ သူက နီရဲနေသောမျက်လုံးများဖြင့် မန်ဟို့အား လှမ်းကြည့်သည်။ မန်ဟိုကလည်း သူ့ကို ပြန်ကြည့်သည်။

သူတို့အကြည့်ချင်းဆုံသွားလျှင် လူငယ်က မန်ဟို့ကို လက်ညှိုးထိုးကာ အက်ကွဲကွဲအသံကြီးဖြင့် ပြောသည်။ “လေကို လှုံ့ဆော်”

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း အနက်ရောင်လေပွေက မန်ဟို့ကို ရစ်သိုင်းလှည့်ပတ်ကာ နဂါးနက်ကိုးကောင်အသွင် လျင်မြန်စွာ ပြောင်းသွား၏။ နဂါးများ ဟိန်းသောအခါ ၎င်းတို့မှုတ်ထုတ်လိုက်သည့် အနက်ရောင်လေများသည် မိုးနှင့်မြေကို ဖျက်စီးတိုက်စားပစ်လေသည်။

“မိုးဆင့်ခေါ်” လူငယ်က ဆက်ပြောသည်။ စိတ်ဆန္ဒမှ မှော်အစွမ်းကို ထုတ်လွှတ်နေခြင်းက သူ၏ခန္ဓာကိုယ်ကို ဒဏ်ရာအပြင်းအထန် ရနေစေသည့်အလား လူငယ်မှာ တဆတ်ဆတ် တုန်နေတော့သည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အနက်‌ရောင်မိုးစက်များသည် ဖျက်စီးတိုက်စားခြင်းလေထဲ၌ ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က မန်ဟို့အပေါ် သည်းထန်စွာ ရွာကျလာသည်။

“မှော်သစ်စေ့စစ်သားတွေ” လူငယ်က ဟိန်းဟောက်သည်။ မိုးပေါက်များက တဖောက်ဖောက်မြည်ကာ သေးငယ်သော အရုပ်အဆိုးဆိုး အကောင်လေးများအသွင် ပြောင်းသွားသည်။ ကြည့်ရသရွေ့ ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ဤမှော်အတတ်အတွက် သေဆုံးသွားခဲ့သော လူများဖြစ်သယောင်ပင်။

“တောင်တွေပြိုလော့”

“မြေတွေ ပျက်စီးလော့”

ဤမျှနှင့်မပြီးသေး။ စိတ်ဆန္ဒ၏ အင်အားက သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ ပိန်ချုံးခြောက်ကပ်လာစေသဖြင့် လူငယ်မှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သို့သော် သူကား ပို၍ပင်များပြားသော နတ်ဘုရားစွမ်းရည်များအား ထုတ်လွှတ်ရန်ပင် တွန့်ဆုတ်မနေပေ။

သူသည် ‌တောင်ပြိုပျက်ခြင်းနှင့် မြေပျက်စီးခြင်းမှော်အတတ်ကို သုံးလိုက်သဖြင့် အရာအားလုံး တုန်ရီကြေမွကုန်၏။

“နောက်ဆုံးအနေနဲ့ .... အမှောင်လ၊ ရှင်းလင်း‌သောကောင်းကင်များ” လူငယ်သည် ခေါင်းနောက်လှန်၍ စူးစူးဝါးဝါး အော်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ ဆွေးမြေ့ခြင်းအငွေ့များ တထောင်းထောင်းထလာသည့်တိုင်အောင် ကြောက်ခမန်းလိလိ ခြောက်ကပ်ပိန်ချုံးသွားလေသည်။ သူ့ကိုယ်ထဲရှိ စိတ်ဆန္ဒက မှော်အစွမ်းနှင့် ပေါင်းစည်းရင်း အင်အားအပြည့်ပေါ်ထွက်လာကာ မန်ဟို့နဖူးအပေါ်၌ လမိုက်တစ်စင်း၏ပုံရိပ်အား ပေါ်လာစေသည်။

“သုတ်သင်လိုက်စမ်း” လူငယ်က ဟိန်းဟောက်သည်။

အုန်းးးးးးးးးးး

မန်ဟိုသည် အနက်ရောင်လေနှင့်မိုးအား သူ့ကို ဝင်တိုက်ခွင့်ပြုလျက် ရပ်နေ၏။ အရုပ်ဆိုးဆိုးအကောင်သေးသေးလေးများလည်း သူ့အပေါ် ခုန်အုပ်ကြသည်။ သူ့ခြေထောက်အောက်ရှိ မြေပြင်များ ပျက်စီးကျွံကျသွားပြီး ပတ်ပတ်လည်ရှိ တောင်တန်းများလည်း ပြိုကျကုန်သည်။ သူ့နဖူးထက်ရှိ အမှောင်လကား သူ့ကို အပိုင်းပိုင်းစုတ်ဖြဲတော့မည့်အလားပင်။

အတန်ကြာသော် မန်ဟိုသည် နတ်ဘုရားစွမ်းရည်နှင့် မှော်အတတ်အားလုံးကို ထိတွေ့ခံစားကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဖြည်းဖြည်းချင်း ‌ခေါင်းမော့လိုက်၏။ သူ့အကြည့်က အဝေး၌ တုန်ရီနေသောလူငယ်အပေါ် ကျရောက်သွားပြီး သူ၏မျက်လုံးများက တောက်ပလာတော့သည်။

“ပထမဆုံး နေကိုးစင်းရဲ့အလင်းရောင်က အမှောင်ထုကို ဖြိုခွင်းတယ်။ ပြီးတော့ အဲဒီအဘိုးအိုက ရေတွင်းထဲက ရောင်ပြန်တွေကို ပြုစားတယ်။ အခု ဒီခြောက်မျက်နှာနတ်ဘုရားစွမ်းရည် ... ဒါတွေအားလုံးက ငါ့ကို အင်မော်တယ်နတ်ဘုရားကုန်းမြေရဲ့ အနန္တတန်ခိုးရှင်အပေါ် လေးစားမိစေတယ်” ထို့နောက် မန်ဟိုက အင်္ကျီလက်စခါလိုက်သည်။ လူငယ်မှာ ခန္ဓာကိုယ်ပျက်စီးသွားသဖြင့် ခါးခါးသီးသီး ရယ်လေသည်။ သို့သော် မန်ဟို့အတွက် သူသည် ချီနှင့်သွေးအစုတစ်စုထက် မပိုပေ။ ထိုလူငယ် သေသွားလျှင်သေသွားလိမ့်မည်။ သို့သော် ချီနှင့်သွေးများ ပြန့်ကြဲသွားခြင်းသာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဤနေရာ၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့်ပတ်သက်၍ မန်ဟို အဖြေရလိုက်လေပြီ။ ယခု သူ လိုအပ်သည်က အခြားသူများနှင့် မတူညီသော လူရှစ်ယောက်ကို စစ်ဆေးစုံစမ်းဖို့ပင်။

မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကမ္ဘာကို ဖွဲ့စည်းထားသည့် အဆောက်အဦးအမျိုးမျိုးကို မျက်လုံးဝှေ့ကြည့်ပြီးနောက် ခြေတစ်လှမ်းလှမ်းလိုက်၏။

ဤနေရာ၏ အဆောက်အဦးများ ဖွဲ့စည်းတည်ဆောက်ပုံမှာ တောင်ပင်လယ်လောကနှင့် မတူညီပေ။ တစ်နည်းနည်းဖြင့် ပိုမိုတင့်တယ်ခံ့ညားနေ၏။

မကြာမီ မန်ဟိုက ဝမ်မျိုးနွယ်စု၏အပေါ်တွင် ပေါ်လာသည်။ သူသည် မန္တန်ဝင်္ကပါကို ငုံ့ကြည့်ပြီးနောက် ၎င်းအပြည့်အဝ အသက်ဝင်‌တော့မည်ဖြစ်ကြောင်း ပြောနိုင်သွား၏။ ဝမ်မျိုးနွယ်ဝင်အားလုံး ဤနေရာမှ ထွက်ခွာသွားနိုင်ဖို့ သိပ်ကြာတော့မည်မဟုတ်ပေ။

ဝမ်မျိုးနွယ်ဝင်များကို ကြည့်နေစဉ် မန်ဟို၏အကြည့်သည် ဘေးအစွန်းအနားရှိ တစ်စုံတစ်ယောက်အပေါ် ကျရောက်သွား၏။

၎င်းက တင်ပျဉ်ခွေထိုင်နေသော ပိန်ချုံးချုံးအဘိုးအိုတစ်ဦး ဖြစ်လေသည်။ မန်ဟို သူ့ကို ကြည့်လိုက်လျှင်ချင်း အဘိုးအိုမှာ တုန်ရီသွားပြီး မိုးကောင်းကင်အား မော့ကြည့်သည်။

အဘိုးအိုသည် အတော်လေးရှေးကျကြောင်း မန်ဟို ပြောနိုင်လေသည်။

အဘိုးအို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး တခဏကြာသော် သူက ခေါင်းငုံ့သွားသည်။ သူ ထိတ်ပျာနေကြောင်း မန်ဟို သတိထားမိ၏။

နောက်ဆုံးတော့ မန်ဟို့အကြည့်က ဝမ်တန်ဖေးဆီ ရောက်သွားသည်။ ထို့နောက် သူသည် ထွက်ခွာဖို့ လှည့်သွား၏။ ဤအခါမှ ပိန်ချုံးချုံးအဘိုးအိုမှာ အသက်ရှူချောင်သွားလေသည်။ မန်ဟိုက ဤမျှကြောက်စရာကောင်းပြီး မယုံကြည်နိုင်ဖွယ်အဆင့်တစ်ဆင့်သို့ တက်လှမ်းသွားလိမ့်မည်ဟု ယခုအချိန်အထိ သူ မယုံနိုင်သေးပေ။

ဝမ်မျိုးနွယ်စုမှ ထွက်လာပြီးနောက် မန်ဟိုက တာအိုကောင်းကင်ကို သွားရှာသည်။ ပင်လယ်အိပ်မက်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သူမ၏အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း အဆုံးသတ်ရလဒ်က ကျရှုံးခြင်းသာ ဖြစ်ခဲ့သည်။

တာအိုကောင်းကင်မှာ ပင်လယ်ထဲ ကျသွားသော ကျောက်ခဲလေးတစ်ခဲပမာ ရေပွက်ရုံမျှသာ လုပ်နိုင်ခဲ့သည်။ ပင်လယ်အိပ်မက်မှာလည်း အင်မော်တယ်နတ်ဘုရားကမ္ဘာက အစစ်အမှန်ကမ္ဘာဟု ထင်ခဲ့လေသည်။ မှန်သည်၊ အင်မော်တယ်နတ်ဘုရားကမ္ဘာကား အစစ်မဟုတ်၊ ဤသို့ဆန့်ကျင်ဘက်ဖြစ်နေမှုကြောင့် တာအိုကောင်းကင်မှာ သူ၏အံ့ဖွယ်ပင်ကိုယ်ပါရမီဖြင့်ပင် ဤနေရာရှိ လူများနှင့် ကွဲထွက်နေခဲ့သည်။

ထိုသို့ကွဲထွက်နေခဲ့သော်လည်း မည်သူမှ သူ့ကို ဘာမှမပြောခဲ့ဖူးပေ။

တာအိုကောင်းကင်သည် တောင်ပင်လယ်လောကအတွက် ကိုယ်ကျိုးမငှဲ့ဘဲ အနစ်နာခံပေးခဲ့၏။ ထိုအကြောင်းကြောင့် မန်ဟို သူ့ကို လေးစားလေသည်။ မန်ဟို့အတွက် တာအိုကောင်းကင်၏အရှေ့၌ ပေါ်လာရန် တခဏသာ ကြာလိုက်ပြီး မန်ဟိုသည် တာအိုကောင်းကင်၏နဖူးကို လှမ်းထိလိုက်၏။

တာအိုကောင်းကင်က မျက်တောင်ပုတ်ခတ်လိုက်ပြီး မန်ဟို သူ့အရှေ့တွင် ရပ်နေသည်ကို မြင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ မန်ဟို့နတ်ဘုရားအာရုံက သူ့ကိုယ်ထဲ ဝင်ရောက်လာသဖြင့် သူ့မှာ တုန်ရီလာပြီး အံတင်းတင်းကြိတ်လိုက်လေသည်။ အနက်ရောင်မြူများ နှင်ထုတ်ခံလိုက်ရ၍ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ပိန်ချုံးခြောက်ကပ်လာ၏။ ထို့နောက် သူက ကုန်းရုန်းထကာ အင်မတန်အားနည်းနေသေးသော်လည်း သူ၏မျက်လုံးများမှာတော့ လင်းလက်တောက်ပနေသည်။

“မင်း လာတယ်နော်... လာမယ်ဆိုတာလည်း ငါ သိပါတယ်

“ငါ ဒီနေရာမှာ စောင့်နေခဲ့တာ နှစ်ပေါင်းနှစ်ထောင်တိုင်ပြီ။ အဲဒီအချိန်အတွင်း လျှို့ဝှက်ချက်တစ်ခုကို သိခဲ့ရတယ်။ အင်မော်တယ်နတ်ဘုရားကမ္ဘာက တော်တော်ထူးဆန်းတဲ့နေရာတစ်နေရာပဲ။ ဒီနေရာက လူတိုင်းဟာ .... ထူးခြားတဲ့သဘာဝနိယာမတွေအောက်မှာ နေ,နေကြရတဲ့ပုံပေါ်တယ်

“သူတို့က ကျင့်ကြံသူတွေမဟုတ်ဘဲ အပြင်သူတွေလို့ ငါ သံသယရှိမိတယ်” သူ၏သံသယများကို ပြောဖို့ အားထုတ်လိုက်ခြင်းက တာအိုကောင်းကင်အား သွေးတစ်ပွက်အန်လိုက်ရစေသည်။ ထို့နောက် သူ့မှာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

မန်ဟိုက တာအိုကောင်းကင်ကို ကြည့်သည်။ လွန်ခဲ့သောရာစုနှစ်များအတွင်း တာအိုကောင်းကင်ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို‌ စိတ်ကူးကြည့်ဖို့ပင် ခဲယဉ်းပေသည်။ မန်ဟိုက လက်ယှက်၍ သူ့အား အရိုအသေပေးပြီးနောက် အင်္ကျီလက်စခါကာ သူ့ကို တောင်ပင်လယ်လောကဆီ ပို့လိုက်သည်။

“မင်းပြောတာ ဟုတ်တယ်။ ဒီနေရာက သိပ်ထူးဆန်းတဲ့ နေရာပဲ” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ပြီးတော့ မှန်တယ်၊ ဒီနေရာက လူတွေက ကျင့်ကြံသူတွေမဟုတ်ဘဲ အပြင်သူတွေ” ထို့နောက် သူကား လှည့်၍ ပျောက်ကွယ်သွားတော့သည်။ ပြန်ပေါ်လာသည့်အခါ သူသည် စောစောက သတိထားမိခဲ့သော ထူးခြားသည့်နေရာရှစ်နေရာအနက်မှ တစ်နေရာတွင် ဖြစ်၏။

ထိုနေရာများတွင် ချီနှင့်သွေးများဖြင့်သာ ဖွဲ့စည်းထားသည့်တိုင် အနက်ရောင်မြူများနှင့် ဝိညာဉ်အမျှင်များ ကင်းမဲ့နေသော လူရှစ်ယောက်ကို သူ မြင်ခဲ့ရလေသည်။ ၎င်းက အလွန်ထူးဆန်းသောအခြေအနေ ဖြစ်ပြီး ဖြစ်ပျက်နေသည့်အရာနှင့်ပတ်သက်၍ မန်ဟို့တွင်လည်း ခန့်မှန်းချက်များ ရှိသည်။ သူ ပထမဆုံးသွားသည့်နေရာက သေမျိုးကမ္ဘာတစ်ကမ္ဘာ၏ မြို့တော်ထဲရှိ နန်းတော်တစ်ခုကိုပင်။

ထိုနေရာ၌ အရာအားလုံး တိတ်ဆိတ်နေသည်။ ဗလတောင့်တောင့်လူတစ်ယောက်သည် နန်းတော်သို့ ဦးတည်နေသော လှေကားထစ်များအပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေ၏။

သူက သားသားနားနားအဝတ်အစားများကို ဝတ်ဆင်ထားပြီး မင်းသားတစ်ပါးနှင့် တူသည်။ သူသည် လောလောဆယ်တွင် အရက်သောက်နေပြီး မန်ဟို ချဉ်းကပ်လာသည်ကို မြင်လျှင် အရက်အိုးအား သူ့ဘေးတွင် ချလိုက်၏။

ဗလတောင့်တောင့်လူသည် မန်ဟို့ကို စိုက်ကြည့်ကာ ပြုံးလေသည်။ “အာကာပြင်ကျယ်စိတ်ဆန္ဒဆီက အဲဒီသောက်ဝိညာဉ်အမျှင်တွေ ငါ့ကိုယ်ထဲမှာ ရှိမနေတာ တော်တော်ထူးဆန်းတယ်လို့ မင်း တွေးနေတာမလား”

All Chapters