← Chapters

‘ကျောင်း’မိသားစုက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် သဘောတူခဲ့တယ်။

Vol. 5 Ch. 119

‘ကျောင်း’မိသားစုက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် သဘောတူခဲ့တယ်။

Vol. 5 Ch. 119

ဟဲမိသားစုသည် လူစုခွဲသွားသည်အထိ ကျောင်းမိသားစုအကြောင်း ဘာမှမပြောခဲ့ကြပါ။

နောက်နေ့မနက်တွင် ကျောင်းဟူက သူ့အမေအမျိုးသမီး'လောင်'ကို ထပ်ခေါ်လာပြန်သည်။

ဟဲလိန်သည် မြို့တံခါးဖွင့်ပြီလားဆိုတာ သိရဖို့ ဒီမနက် မြို့ကို ပို့ပေးမယ်ဟု မနေ့က လုရှန်းကို ကတိပေးခဲ့သည်။

သူမ ကလေးနှစ်ယောက်ကို ရေချိုးဖို့ ကူညီပေးခဲ့ပြီး ဟဲလိန်ကို မြို့ကို မပို့ခင် ရွာပြန်ပို့ရန် ပြင်ဆင်သည်။

သူမ မြင်းကို ဆွဲထုတ်လိုက်ပြီး နှစ်ယောက်သား လှည်းပေါ်မတက်ခင် တံခါးရှေ့ပိတ်ဆို့မည့်သူ ရှိမည်ဟု ဘယ်သူသိမှာလဲ?

"ဟဲချင်း ဘယ်မှာလဲ မြန်မြန်လာစမ်း!"

ဟဲချင်း နိုးလာတာကြာပြီဖြစ်သည်။ အိမ်နောက်ဖေးတွင် မြက်ပင်များကို ပေါင်းသင်နေ၏။ သူနေရာလွတ်တစ်ခု လုပ်ဖို့ ပြင်ဆင်နေတာဖြစ်သည်။

ကျောင်းဟူရဲ့ အသံကို ကြားချိန်တွင် အေးစက်စက်မျက်နှာထားနဲ့ ထွက်လာ၏။

သူသည် လုရှန်း ပေးသောဆေးကို လိမ်းခဲ့တယ်။ သူ့နှုတ်ခမ်းထောင့်ရှိ ဒဏ်ရာများမှာ ဖူးယောင်နေပြီး သူ့မျက်နှာပေါ်က ဒဏ်ရာလေးတွေက အနာဖေးတွေဖြစ်နေပြီ။

ဆန့်ကျင်ဘက်အနေနဲ့ ကျောင်းဟူရဲ့ မျက်နှာက မနေ့ကနဲ့ မထူးမခြားပါ။

“ကျွန်တော် အိမ်ထောင်မပြုတော့ဘူးလို့ ပြောခဲ့တယ်လေ။ ကျွန်တော် ပြောတာ ခင်ဗျားမကြားဘူးလား?”

အခု ငွေတုံး ၂၀၀ ပေးနိုင်ရင်တောင် ကျောင်းရှောင်ဟွားကို လက်ထပ်မှာမဟုတ်ဘူး။

“မင်းအတွေးလွန်နေပြီ။“ အမျိုးသမီး'လောင်' အေးစက်စက် အော်ပြောတယ်။

“ငါတို့ ရှောင်ဟွား မင်းကိုလက်ထပ်မှာမဟုတ်ဘူးလို့ ပြောဖို့လာခဲ့တာ။ ဒါပေမယ့် ရှောင်ဟွားရဲ့

နာမည်နဲ့ ဂုဏ်သတင်းအတွက် မင်း ငါတို့ကို ငွေ ၁၀ တုံး ပေးရမယ်။"

“နာမည်နဲ့ ဂုဏ်သတင်းအတွက်?“

ဟဲချင်း အေးစက်စက် ပြုံးတယ်။ သူတို့အားလုံးသည် တရွာတည်းသားမို့ သူ့ကိုယ်သူ ချုပ်တည်းခဲ့သည်။

သို့သော်အခု သူ လုံးဝ ဂရုမစိုက်တော့ပေ။

ပြောရရင် ကျောင်းမိသားစုသည် အရှက်မဲ့လွန်းသည်။ သူတို့ကို ဘာလို့ မျက်နှာသာ ပေးရမှာလဲ?

“ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ကျွန်တော် သူ့ကို လက်ထပ်မှာမဟုတ်ဘူး။ ခင်ဗျားမှာ အစွမ်းအစရှိရင် အချိန်ပြိုင်ဖြုန်းကြစို့။”

လုရှန်း တဖက်တွင် တိတ်တဆိတ် နားထောင်ရင်း ခေါင်းညိတ်တယ်။

သူ့ဉီးလေးက တင်းမာနေတာတောင် ကျောင်းမိသားစုက အနိုင်ကျင့်ရဲတယ်လား?

“မင်း…”

အမျိုးသမီး'လောင်' ဒေါသထွက်သွား၏။ ဟဲချင်းကို တုန်ယင်နေသည့်လက်ဖြင့် လက်ညှိုးထိုးပြီး ဘာမှမပြောနိုင်အောင်ဖြစ်နေ၏။

“ကျွန်တော့် မိသားစုက ဆင်းရဲတယ်။ တစ်သက်လုံး အိမ်ထောင်မပြုတော့ဘူး။”

ဟဲချင်းက သူတို့ကို ပိုက်ဆံပေးရတာထက် သေလိုက်မည်ဟု ပြောခြင်းဖြစ်တယ်။

အခုတော့ သူ့ရဲ့အဝေးမှ ဆွေမျိုးတွေက သူတို့ ရှောင်ဟွား လက်ထပ်ထိမ်းမြားဖို့ စီစဉ်ပြီး တင်တောင်းငွေအဖြစ် ငွေတုံး ၃၀ ပေးမယ်ဆိုတယ်။

သူတို့မိသားစုဘက်က ဆန္ဒရှိသရွေ့ ရက်အနည်းငယ်အတွင်း လက်ထပ်နိုင်သည်။ အကြောင်းတစ်ခုခုကြောင့် ထိုမိသားစုဘက်က စိုးရိမ်နေပုံရတယ်။

သို့သော် ကမ္ဘာမည်မျှကြီးသည်ဖြစ်စေ ငွေတုံးလောက် ဘယ်ဟာမှ မကြီးမားပေ။

အကြောင်းအရင်း ၂ ခုကြောင့် ဒီနေ့ရောက်လာတာဖြစ်သည်။ ပထမအချက် ဟဲချင်းဆီက ငွေတုံးတချို့ ရနိုင်လောက်လား? ဒုတိယအချက်က စေ့စပ်ပွဲဖျက်သိမ်းဖို့ဖြစ်တယ်။

ကြည့်ရတာ သူတို့ ငွေမရနိုင်လောက်ဘူး။

“မင်း သူမကို လက်မထပ်ချင်ရင်လည်း... ကောင်းပြီ။” ကျောင်းဟူ မျက်နှာမဲမဲဖြင့်ဆိုတယ်။ “ငါ့ကိုလက်ထပ်စာချုပ်ပေး။“

ဟဲချင်းသည် လက်ထပ်စာချုပ်ယူဖို့ အိမ်ထဲကို မဝင်ခင် သူ့ကို အံ့အားသင့်စွာ တစ်ချက်ကြည့်တယ်။

"ကျွန်တော့် မိတ္တူပြန်ပေး။"

ဟဲချင်း ချက်ချင်း လက်ထပ်စာချုပ်ကို မပေး။ ထို့အစား သူက ကျောင်းဟူကို သူ့ကိုယ်ပိုင်မိတ္တူကို တောင်းတယ်။

ကျောင်းဟူ လက်ထပ်စာချုပ်ကို ပစ်ချလိုက်ပြီး အေးစက်စက်ပြောတယ်။ "ယူသွား။"

ဟဲချင်း ကောက်ယူပြီး လက်ထပ်စာချုပ်ကို ပစ်ပေးတယ်။

နှစ်ဦးနှစ်ဘက်စလုံး တစ်ချိန်တည်းမှာပဲ လက်ထပ်စာချုပ်ကို ဆုတ်ဖြဲလိုက်ကြတယ်။

ကျောင်းဟူက “ဒီနေ့ကစပြီး မင်းလိုချင်တဲ့သူကို လက်ထပ်ခွင့်ရှိတယ်။ ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး။”

ဟဲချင်း ဘာမှမပြောပေ။

သက်ကြီးရွယ်အိုအချို့က ဘေးနားမှာ စုပြီး တီးတိုးပြောဆိုနေကြတယ်။

ကျောင်းဟူနဲ့ အမျိုးသမီး'လောင်'တို့ ဟဲမိသားစုက ထွက်သွားချိန်တွင် သက်ကြီးရွယ်အိုတစ်ဦး တုတ်ကောက်ဖြင့် ရှေ့သို့ လျှောက်လာ၏။

သူက ကျယ်လောင်သည့်လေသံဖြင့် “ကျောင်းမိသားစု တခြားအိမ်ထောင်ဖက် ရှာတွေ့သွားပြီလို့ ငါကြားတယ်။ အဲတစ်ယောက်က ကျောင်းရွာက။ တင်တောင်းကြေးအဖြစ် ငွေတုံး ၃၀ ပေးတယ်။”

ဟဲချင်း အစကတော့ သံသယဖြစ်မိသည်။ ကျောင်းမိသားစု ဘာလို့ စေ့စပ်ထားတာကို ရုတ်တရက် ဖျက်ပစ်လိုက်တာလဲ? နောက်တော့ အိမ်ထောင်ဖက်တစ်ယောက် ရှာတွေ့သွားလို့ဆိုတာ သိလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူ ဒီမိသားစုကို ဖယ်ရှားနိုင်ခဲ့ပြီ။

All Chapters