← Chapters

မြို့တံခါးဖွင့်ပြီ။

Vol. 5 Ch. 120

မြို့တံခါးဖွင့်ပြီ။

Vol. 5 Ch. 120

'ကျောင်း'ရွာ?

လုရှန်း မျက်ခုံးပင့်လိုက်တယ်။ သူမ မှတ်မိရင် အမျိုးသမီး'ကျောင်း'က 'ကျောင်း'ရွာကပဲ။

အရင်ကလည်း အမျိုးသမီး'ကျောင်း'က သူမအတွက် 'ကောင်းမွန်တဲ့ အိမ်ထောင်ရေး'ကို စီစဉ်ပေးချင်တယ်လို့ ပြောခဲ့ဖူးသည်။ တစ်ဖက်က သူမကို ခန်းဝင်လက်ဆောင်အနေနဲ့ ငွေတုံး ၂၀ ပေးမယ်လို့ ပြောခဲ့တယ်။

နောက်ပိုင်းမှာ ထိုမိသားစုက သားက အရူးတစ်ယောက်ဆိုတာ သိလိုက်ရတယ်။

အဲ့တစ်ယောက် အိမ်ထောင်မပြုရသေးလို့ ခန်းဝင်ပစ္စည်း ပမာဏတိုးလိုက်တာလား?

မိန်းမတစ်ယောက် ရှေ့လျှောက်လာရင်း ရယ်မောတယ်။ “ဒီကမ္ဘာမှာ ဒီလို ကောင်းတာမျိုး ဘယ်မှာရှိဦးမှာလဲ။ ကျောင်းရှောင်ဟွားက အသက် ၂၂ နှစ် ရှိပြီဆိုပေမဲ့ လက်မထပ်ရသေးဘူး။ သူမကို တစ်စုံတစ်ယောက်ကလိုချင်ရင် 'ကျောင်း'မိသားစုက သူတို့ပါးစပ်ကို တိတ်တိတ်လေးဖုံးပြီး ရယ်မောနေမှာပဲ။ ခန်းဝင်ပမာဏ ငွေတုံး ၃၀ တောင်ဆိုတော့ သူတို့မှာ ပြောလို့မရတဲ့ လျို့ဝှက်ချက်တစ်ခု ရှိကိုရှိရမယ်။”

ဟဲချင်း ပေါ့ပေါ့ပါးပါးရယ်မောတယ်။ “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဘွား'စု'၊ အဘွား'ဒေါင်'။ အနာဂတ် 'ကျောင်း'မိသားစု တစ်ခုခုဖြစ်ခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော့်အတွက်သက်သေခံပေးပါဉီး။”

အ‌ဒေါ်'ဒေါင်' ပြုံးပြီး လက်ခါယမ်းတယ်။ “ 'ကျောင်း'မိသားစု ဘယ်လိုမျိုးလဲဆိုတာ လူတိုင်းသိတယ်။"

ဟဲချင်း ခေါင်းညိတ်တယ်။

ဟဲလိန် လူကြီး ၂ ယောက်ကို ပြန်လိုက်ပို့ပြီး လျှောက်လာတယ်။

“လုရှန်း၊ ငါတို့ သွားကြတော့မလား?”

ဟဲလိန် သယ်လာသည့် စာအုပ်များကို လက်ဖြင့်ပွတ်သပ်ရင်း လုရှန်းကို အပြုံးဖြင့်မေးတယ်။

"မနက်စာစားပြီး သွားရအောင်။"

အမျိုးသမီး'ကျန့်' မီးဖိုချောင်ထဲမှ ခေါင်းထွက်ပြီး သူတို့ကို နှုတ်ဆက်တယ်။ “ငါ ခေါက်ဆွဲလုပ်ထားတယ်။ ပူနေတုန်းပဲ။ အားလိန်လည်း လာမြည်းကြည့်။”

နံနက်ခင်းလေသည် အေးစိမ့်ပြီး နှင်းတွေနဲ့ ဖုံးလွှမ်းနေ၏။ လူတွေစကားပြောတဲ့အခါ သူတို့ပါးစပ်မှ အဖြူရောင်အငွေ့များ ထွက်လာလေသည်။

အမျိုးသမီး'ကျန့်'သည် ပါးပါးလှီးထားတဲ့ အသားနဲ့ ကြက်သွန်မြိတ်တွေပါတဲ့ ခေါက်ဆွဲအိုးကြီးကို ချက်ပြုတ်ခဲ့တယ်။ အရသာရှိ၏။ ဟဲလိန်တောင် နှစ်ပန်းကန်စားသောက်ခဲ့သည်။

လုဂျန်နဲ့ လုရှင်းတို့ ပန်းကန်လုံးတစ်လုံးစီ အပြည့်စားကြ၏။

“အဖွားဆီမှာ အရသာရှိတာ ဘာမှမရှိဘူး။ မင်းရဲ့ဉီးလေးကို သစ်တော်သီးခူးထားဖို့ ပြောခဲ့တယ်။ နောက်ကျ ယူသွားဖို့မမေ့နဲ့ဦး။”

အမျိုးသမီး'ကျန့်'က လုရှန်းကို ကြင်နာစွာ ပြောသည်။

လုရှန်း ခေါင်းညိတ်တယ်။ “ဟုတ်ကဲ့။”

"လုရှန်း၊ ဘာလို့ နောက်ထပ် ၂ ရက်လောက် ထပ်မနေတာလဲ?“ ဟဲချင်း အကြံပေးတယ်။

လုရှန်း ခေါင်းယမ်းတယ်။ "နောက်တခေါက်မှပဲ။ အိမ်မှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ အကြာကြီးနေလို့မရဘူး။"

ဟဲချင်း ဒီစကားကိုကြားတော့ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့တယ်။

လုရှန်း လုဂျန်နဲ့ လုရှင်းရဲ့ လက်တွေကို ဆုပ်ကိုင်ကာ ဟဲလိန်နဲ့အတူ မထွက်ခွာခင် အမျိုးသမီး'ကျန့်'နဲ့ ဟဲချင်းကို နှုတ်ဆက်ခဲ့တယ်။

လျိူယွဲ့ရွာကို ဖြတ်လာချိန် လုရှန်း ဟဲလိန်နဲ့အတူ မြို့ထဲကို ခရီးမဆက်ခင် ကလေးနှစ်ယောက်ကို အိမ်သို့ ပြန်ပို့ခဲ့၏။

“မြို့တံခါး တကယ်ဖွင့်ရဲ့လားလို့ တွေးမိတယ်။”

ဟဲလိန် ကန့်လန့်ကာကို ရုတ်လိုက်ပြီး ရှေ့ကိုကြည့်ရင်း တိုးတိုးလေးပြောတယ်။

ထိုအချိန် နွားလှည်းတစီး မြင်ကွင်းထဲ ပေါ်လာ၏။

"ဦးလေး ဘယ်ကလာတာလဲ?”

နွားလှည်းကိုမြင်ချိန်တွင် လုရှန်း မြင်းလှည်းကို ရပ်တန့်ပြီး မေးလိုက်၏။

နွားလှည်းမောင်းသူက “မြို့က ပြန်လာတာ။”

"မြို့တံခါးဖွင့်ပြီလား?”

“ဖွင့်ပြီ။ ဒီမနက်ပဲ ဖွင့်တယ်။ ငါ ပြန်ပြီး လူတွေသွားတင်လိုက်ဉီးမယ်။”

“ကောင်းပြီ!”

လုရှန်း ခေါင်းညိတ်ပြုံးပြပြီး ခရီးဆက်တယ်။

“ရှောင်ဒေါင် မှန်ပုံရတယ်။ သခင်'ချူ' ပြန်လာပြီ။"

ထို့နောက် အားလိန် နှုတ်ခမ်းဖွဖွဖိကိုက်ကာ သက်ပြင်းချတယ်။ “သခင်'ချု'နဲ့ တစ်ကြိမ်သာ တွေ့ခွင့်ရခဲ့ရင်..."

“ဝမ်းကွဲအစ်ကို သခင်လေး'ချု'ကို နီးနီးကပ်ကပ်မြင်ဖူးချင်လား?” လုရှန်း မျက်ခုံးပင့်ကာ မေးတယ်။

“မတွေ့ချင်ဘဲ ဘယ်နေမှာလဲ?” ဟဲလိန် နှာခေါင်းကုတ်ရင်း “သခင်'ချု'ငယ်ငယ်တုန်းက မြို့တော်ကို မသွားခင် ငါတို့ကျောင်းမှာတက်ခဲ့တာ။ သူက စာလေ့လာဖို့ 'ဖု'မိသားစု ပုဂ္ဂိလကျောင်းထဲဝင်သွားတယ်လို့ပြောကြတယ်။ မြို့တော်ကလာတဲ့ ငါ့အတန်းဖော်တွေဆီက ကြားတာက ဂုဏ်သိက္ခာရှိတဲ့ မိသားစုတွေရဲ့ သားစဉ်မြေးဆက်တွေ အခု 'ဖု'မိသားစုရဲ့ ကိုယ်ပိုင်ကျောင်းမှာ ပညာသင်ကြားချင်ကြတယ်တဲ့။”

ဟဲလိန် ချုစစ်ဟန်အကြောင်း မရပ်မနားတမ်းပြောနေတာကို လုရှန်းမြင်လိုက်တယ်။

ကျော်ကြားသူတစ်ယောက်နောက်ကို လိုက်နေသည့် နောက်လိုက်တစ်ယောက်လိုပင်။

သူမ ရယ်မောတယ်။ "ဝမ်းကွဲအစ်ကို သူနဲ့တွေ့ချင်ရင် သူ့ဆီ ခေါ်သွားပေးလို့ရတယ်။”

All Chapters