တစ်စုံတစ်ဦးနှင့် တွေ့ဆုံခြင်း။
Vol. 5 Ch. 121
ဟဲလိန် ရယ်မောတယ်။ "လုရှန်း၊ ကြွားလုံးထုတ်တာကို ရပ်လိုက်။"
သူမပြောတာက အမှန်အတိုင်းပဲလေ။
ကျန်တာတွေအကုန်လုံးကို ဘေးဖယ်ထားဦး။ သူ့အကယ်ဒမီက ဆရာတွေတောင် ချူစစ်ဟန်ကို အရင်က မတွေ့ဖူးဘူး။
‘ကြားတဲ့အရာက မှားနိုင်ပေမဲ့ မြင်နေတဲ့အရာကတော့ မှန်တယ်။’ ဆိုသည့် စကားအတိုင်းပင်။
လုရှန်း မရှင်းပြဘူး။
ချူစစ်ဟန် ဟောင်ရန်မြို့ကို ပြန်ရောက်ချိန်တွင် ရှီရီနဲ့ ယွမ်တင်တို့ အပြင် သခင်လေး'ဂျန်'လည်း ပါဝင်လာတယ်။
ဒီတခေါက် သခင်လေး'ဂျန်'သည် အိမ်တွင် ရုတ်တရက် သေဆုံးသွားခဲ့ပြီး တချိန်တည်း 'ဂျန်'မိသားစုရဲ့သခင်ကြီးလည်း မီးထဲသေဆုံးသွားခဲ့သည်။ အခု 'ဂျန်'မိသားစု ဝမ်းနည်းပူဆွေးနေရချိန်လည်းဖြစ်သည်။
ဒီသတင်းကိုကြားချိန်တွင် လင်းဂျန်အိမ်တော်က လူအချို့ သက်ပြင်းချမိတယ်။ တချို့က ရယ်မာကြတယ်။
သို့သော် သူတို့ကို သနားစရာလို့ ဘယ်သူကမှ မတွေးကြပါ။
အကောင်းနဲ့အဆိုးက နောက်ဆုံးမှာ အကျိုးပေးလိမ့်မည်။ ဂျန်မိသားစုရဲ့ မိသားစုဝင် ၂ ဉီး သေဆုံးခဲ့ပေမဲ့ ဂျန်မိသားစု၏ လက်ထဲမှာတော့ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြသည်လေ။
ဟောင်ရန်မြို့ကို ပြန်ရောက်တဲ့နေ့တွင် ချူစစ်ဟန်သည် ခရိုင်တရားသူကြီးကို ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့တယ်။
မြို့တံခါးကို တစ်လခွဲကျော်ပိတ်ထားခဲ့သည်။ မြို့ထဲ ပိတ်မိနေတဲ့ ပြည်သူတစ်ချို့ အပြင်ကို မထွက်နိုင်ခဲ့ကြ။ အစားအသောက်ဝယ်ချင်သူအချို့ ဝင်ခွင့်မရတဲ့အတွက် အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။
အသက် ၅၀ နီးပါးရှိတဲ့ ခရိုင်တရားသူကြီးသည် မျက်စိရှေ့မှာကြီးပြင်းလာတဲ့ အငယ်တန်းလေးရဲ့ ဆူပူကြိမ်းမောင်းခြင်းကို ခံရတဲ့အတွက် အနည်းငယ် အရှက်ရခဲ့သည်။
သို့သော် သူ့ရာထူးထက်ကြီးတယ်ဆိုတဲ့အချက်ကို သူသည်းမခံနိုင်ဘူး။ စိတ်ထဲမှ နာကျည်းမှုကို သည်းခံရုံသာတတ်နိုင်ခဲ့တယ်။ ဒီအကြောင်းကို သိချိန်တွင် ရှန်းကွမ်လင်းအာက ချူစစ်ဟန်ကို တောင်းပန်ဖို့ ချုအိမ်တော်ကို ရောက်လာခဲ့သည်။
သို့သော် ချူစစ်ဟန် သူမကို မျက်လုံးနဲ့တောင် မကြည့်တဲ့အတွက် ဝမ်းနည်းသွားသည်။
အခြေအနေကို နားလည်သဘောပေါက်ဖို့ ချုယွမ် ထွက်သွားပြီးနောက် ပြန်လာကာ ချုစစ်ဟန်ကို တင်ပြတယ်။
“သခင်၊ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဂျန်မိသားစုက သခင်ကြီးနဲ့ တည်းခိုးခန်းပိုင်ရှင် ဒုတိယအထပ်မှာ တစ်ခုခုဆွေးနွေးနေချိန် အောက်ထပ်က မီးဖိုချောင် ရုတ်တရက် မီးထလောင်တာတဲ့။ အရက်မူးသမားနဲ့ ဂျန်မိသားစုသခင်ကြီးက လွဲလို့ လူတိုင်းနီးပါး လွတ်မြောက်ခဲ့တယ်။”
ချူစစ်ဟန် သူ့လက်ထဲက စာရွက်စာတမ်းကို ချလိုက်ပြီး တီးတိုးမေးတယ်။ “ထူးဆန်းတာ တစ်ခုခုရှိလား?”
“တစ်ခုတော့ ရှိတယ်။” ချူယွမ် မျက်မှောင်ကြုံ့ပြီး ပြောတယ်။ “အဲဒီတုန်းက လေမတိုက်ဘူးလို့ စစ်ဆေးရေးမှုးဝမ်က ပြောပေမယ့် မီးက အရမ်းပြင်းတယ်။ ဒါ့အပြင်၊ အနီးနားက တည်းခိုခန်းတွေဆီ မီးကူးတာ မတွေ့ရဘူး။ မီးကို ထိန်းချုပ်ထားပုံရတယ်။ အထူးသဖြင့် အဲ့ဒီတည်းခိုခန်းတစ်ခုတည်း မီးလောင်နေသလိုမျိုးပဲ။”
ချူစစ်ဟန် ခေါင်းညိတ်တယ်။ "လျိူယွဲ့ရွာကိုသွားပြီး မိန်းကလေး'လု'ကို သွားခေါ်။"
မိန်းကလေးက ဒီလိုထူးဆန်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ သိနိုင်တယ်။
မိန်းကလေး'လု'ကို ခေါ်ခိုင်းတယ်?
ချူယွမ် ထပ်စပ်စုချင်ပေမဲ့လည်း ဆက်မမေးတော့။ သူ သဘောတူပြီး ထွက်သွားတယ်။
သူ မြို့တံခါးကို ရောက်ချိန်တွင်တော့ လုရှန်းနှင့် တည့်တည့်ပင် တိုးမိ၏။
“မိန်းကလေး'လု'!"
ချူယွမ် မြင်းဇာတ်ကြိုးကို ထိန်ပြီး ပြုံးကာ ဦးညွှတ်တယ်။
လုရှန်းရဲ့ မျက်လုံးများ တောက်ပသွား၏။ "ချူယွမ် ဘယ်သွားမလို့လဲ?”
ချူယွမ်ရဲ့ ရောက်ရှိမှုက ချူစစ်ဟန် အမှန်တကယ် ပြန်လာပြီလို့ ဆိုလိုခြင်းဖြစ်တယ်။
ချူယွမ်က "သခင်လေးက မင်းကို လာခေါ်ခိုင်းလို့။"
"ကျွန်မကို ခေါ်ခိုင်းတာ?" လုရှန်း မျက်ခုံးပင့်ပြီး "ဘာလို့လဲ?"
“ကျွန်တော် သေချာတော့ မသိဘူး။” ချူယွမ် ခေါင်းယမ်းတယ်။ “အကြောင်းပြချက်ကိုတော့ သခင်လေးက မပြောပြဘူး။ ကျွန်တော်က အမိန့်ပေးတဲ့အတိုင်းပဲ လိုက်လုပ်တာ။"
ဘယ်အချိန်က စတင်ခဲ့တယ်ဆိုတာကို မသိရသေးပေမဲ့လည်း လုရှန်းအပေါ် ချူယွမ်ရဲ့ အထင်အမြင် ပြောင်းလဲသွားပြီ။
အစက ‘ငါ’ ဆိုသည့် စကားအသုံးအနှုန်းမှ ‘လက်အောက်ငယ်သား’ အထိ ဖြစ်သွားလေပြီ။
လုရှန်း တွေးမနေဘဲ ခေါင်းညိတ်တယ်။ "ကောင်းပြီ၊ မြန်မြန်သွားရအောင်။"
"အဲ..."
ဟဲလိန်သည် ကြားကြားချင်း ကန့်လန်ကာ ရုတ်ပြီး ကြည့်တယ်။ “လုရှန်း မင်း ငါ့ကို အကယ်ဒမီကို အရင်ပို့မှာ မဟုတ်ဘူးလား?”
"ဒါက?"
ချူယွမ် ဟဲလိန်ကို သံသယနဲ့ ကြည့်နေတယ်။
"ကျွန်မရဲ့ ဦးလေး။"
လုရှန်း ဟဲလိန်ကို ကြည့်ပြီး အသံတိုးတိုးနဲ့ ပြောတယ်။ “ဉီးလေးကို တစ်ယောက်ယောက်နဲ့ တွေ့ပေးဖို့ ခေါ်သွားမယ်။”
ဟဲလိန်က ချူယွမ်ကို မသိပေမဲ့ အဝတ်အစားကို ကြည့်သလောက် သာမန်လူမဟုတ်တာ ပြောနိုင်တယ်။
ဟဲလိန် လုရှန်းကို မမေးခင် ချုယွမ်ကို ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြတယ်။
“ဘယ်သူလဲ?”
လုရှန်းက ထူးထူးခြားခြားပြုံးပြီး “ရောက်ရင် သိလိမ့်မယ်။”