ချုအိမ်တော်။
Vol. 5 Ch. 122
ချုအိမ်တော်ထဲ မြင်းလှည်းဝင်သည်နှင့် လှပသည့် ရူခင်းတွေက စတင်မိတ်ဆက်လေသည်။
ပွဲကြည့်စင်များစွာရှိသည်။
အစိမ်းရောင်ကြွေပြားတွေနဲ့ ကြက်သွေးရောင်အမိုးတွေက ယုအိမ်တော်ရဲ့ ကျက်သရေနဲ့ ကွဲပြားပြီး ချုအိမ်တော်ကို ပို၍ ကျက်သရေရှိစေ၏။
လင်းဂျန်အိမ်တော်ကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ တရားစီရင်ရေးတရားရုံးကို မြင်တွေ့ပီးနောက် ချုအိမ်တော်သည်လည်း အထက်တန်းဆန်ပြီး လှပတယ်။
ဒီနေရာက ချုစစ်ဟန်နဲ့ မလိုက်ဖက်သလို ခံစားမိတယ်။
သူမရဲ့စိတ်ထဲ ချူစစ်ဟန်က ဒီလိုပုံကြီးချဲ့ထားတဲ့ ပတ်ဝန်းကျင်မှာ မဟုတ်ဘဲ တိတ်ဆိတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဝင်းထဲတွင် နေထိုင်သင့်သည်။
ချုမိသားစုရဲ့ ဘိုးဘေးအများစုမှာ စီးပွားရေးလုပ်ကိုင်ကြပြီး ချမ်းသာကြွယ်ဝကြတယ်။ မြို့တော်မှာတောင် မိသားစုအနည်းငယ်လောက်ပဲ သူတို့နဲ့ယှဉ်လို့ရတယ်။
မဟုတ်ရင် ဝန်ကြီးချုပ်ရဲ့ညီမဖြစ်သည့် သခင်မချုဟာ မြို့ငယ်လေးက လူနဲ့ လက်ထပ်မှာမဟုတ်ဘူး။
"ငါတို့ဘယ်ရောက်နေလဲ?"
ဟဲလိန်သည် မြင်းလှည်းထဲတွင် ချုအိမ်တော်ထဲဝင်ရောက်တာကို စောင့်နေခဲ့သည်။ ထို့ကြောင့် တံခါးဝတွင် 'ချုအိမ်တော်' ဆိုတဲ့ စကားလုံးကို မတွေ့ခဲ့ရ။
သို့သော် သူ့ရှေ့မှာ ရှုပ်ထွေးနေတဲ့ မြင်ကွင်းကြောင့် သူအံ့ဩသွားသည်။
"ချု…"
သူ့စကားမဆုံးခင်မှာ လူတစ်စု ဖြတ်လျှောက်သွား၏။
"သခင်မကို နှုတ်ဆက်ပါတယ်!"
ချူယွမ် ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
သခင်မ'ချု' ခေါင်းညိတ်ပြီး သူ့အကြည့်က လုရှန်းနဲ့ ဟဲလိန်တို့ဆီရောက်သွားတယ်။
လုရှန်း ဒီနေ့ ကောင်းကင်ကျောက်စိမ်းဝတ်စုံကို ဝတ်ဆင်ထားတာမို့ သူမရဲ့ ဖြူဝင်းတဲ့အသားအရေကို ပိုပြီးတော့ နူးညံချော့မွေ့စေတယ်။
သူမရဲ့ဆံပင်ကို အရောင်တူဆံပင်ချည်ကြိုးနဲ့ ချည်နှောင်ထားပြီး သူမရဲ့နောက်ကျောတွင် ဖွဖွလေးချထားသည်။
ရှုပ်ယှက်ခတ်နေသော ဆံပင်အချို့ကို သူမရဲ့နဖူးပေါ်သပ်တင်ထား၏။ သူမရဲ့ နှုတ်ခမ်းတွေက အထက်သို့ ကွေးနေလျက် တောက်ပသော မျက်လုံးများက ပြုံးနေပုံရပြီး သူမရဲ့ အလွန်တင့်တယ်တဲ့ ရုပ်ပုံလွှာကို မြင်ရစေသည်။
လုရှန်း ရပ်တန့်ပြီး သခင်မ'ချု'ကို တည်တည်ငြိမ်ငြိမ်ဉီးညွတ်တယ်။
သူမရဲ့ စိတ်တည်ငြိမ်မှုနဲ့ ယှဉ်ရင် ဟဲလိန်က ပိုပြီးတော့ တင်းမာနေပုံပင်။
ဟဲလိန် ဦးညွတ်ပြီး အသက်ပြင်းပြင်းရှူဖို့တောင် မဝံ့ရဲတော့။
ချူယွမ် လုရှန်းကို ကြည့်တယ်။ သူ့မျက်ဝန်းထဲ အထင်ကြီးမှုတွေ တောက်လောင်နေ၏။
သခင်လေး သူမကို နှစ်သက်တာက အံ့ဩစရာတော့မဟုတ်ဘူး။ သူမနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပဲ။
"မိန်းကလေး၊ ကျွန်မတို့ ထပ်ဆုံကြပြန်ပြီ။”
ရှန်းကွမ်လင်းအာ လုရှန်းကို ရန်လိုစိတ်နဲ့ ကြည့်နေပေမဲ့လည်း သူမရဲ့ မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးတစ်ခုရှိနေ၏။
လုရှန်း သူမနဲ့ နီးစပ်ဖို့ မရည်ရွယ်ဘဲ ခေါင်းညိတ်တယ်။
"အိုး?"
သခင်မ'ချု' ရှန်းကွမ်လင်းအာကို အံ့သြတကြီးကြည့်ကာ “လင်းအာ၊ ဒီမိန်းကလေးကို သိလား?”
“သခင်လေး'လင်း'က သူ့ရဲ့အနာဂတ်ဆရာလို့ ပြောတာကြားမိတယ်။”
သခင်လေး'လင်း'?
လုရှန်း သံသယဖြစ်မိတယ်။ ဘယ်က သခင်လေး'လင်း'လဲ?
သူမရဲ့စိတ်ထဲ လူငယ်တစ်ယောက်ရဲ့မျက်နှာ ဝင်ရောက်လာကာ သူမ မျက်မှောင်ကြုံ့သွား၏။
တစ်ခုခုဖြစ်မှာစိုးနေသည့် ချုယွမ်က “မိန်းကလေး၊ သခင်လေး ကျွန်တော်တို့ကို စောင့်နေတယ်။”
ထို့နောက် လုရှန်းနဲ့ ဟဲလိန်တို့ကို သူ့အနောက်လိုက်ဖို့ အချက်ပြတယ်။
လုရှန်း သခင်မ'ချု'ကို ဖြတ်မသွားခင် ယဉ်ယဉ်ကျေးကျေး ဉီးညွတ်တယ်။
သခင်မ'ချု' နောက်ပြန်လှည့်ကြည့်ပြီး လုရှန်းနောက်ကျောကို စိုက်ကြည့်နေ၏။
“သူမ များလား?”
သခင်မ'ချု'ရဲ့ ရေရွတ်သံကို လက်မောင်းကို ဆုပ်ကိုင်ထားသည့် ရှန်းကွမ်လင်းအာ ကြားလိုက်တယ်။
“ဒေါ်ဒေါ် သူ့ကို သိလို့လား?”
သခင်မ'ချု' ခေါင်းခါယမ်းတယ်။ “ငါ သူ့ကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။”
“သခင်မ၊ မိန်းကလေး'လု'နဲ့ တူတယ်။”
သခင်မ'ချု'ရဲ့နောက်လိုက် နို့ထိန်း'ကောင်း'က တိုးတိုးလေး ဆိုတယ်။ သခင်မ'ချု'ရဲ့ အမိန့်အရ သူအရင်က အိမ်တော်ထိန်း'ချု'နဲ့အတူ လုမိသားစုဆီ လိုက်သွားဖူးသည်။
သူမ လုရှန်းကို အရင်ကမြင်ဖူးတယ်။ ထိုအချိန်က သူမကို အင်္ကျီဟောင်းဝတ်ဆင်ထားပြီး ခေါင်းငုံ့ထားကာ အလွန်ရှက်တက်ပြီး ဒီနေ့လိုမျိုးနဲ့ မတူသည့် ကိုယ်ရည်ကိုယ်သွေးမျိုးရှိတယ်။
သို့သော် ဒီလိုပြောင်မြောင်သည့်မျက်နှာက နို့ထိန်း'ကောင်း'အပေါ် လေးလေးနက်နက် တိုးဝင်နေခဲ့တယ်။
“မိန်းကလေး'လု'?”
ရှန်းကွမ်လင်းအာရဲ့ ခန္ဓာကိုယ်တောင့်တင်းသွားတယ်။ "နို့ထိန်း'ကောင်း'၊ အရင်က အစ်ကိုစစ်ဟန် လက်ထပ်ချင်တယ်လို့ပြောတဲ့ တောသူမလေးလား?”
ဘယ်လို ဖြစ်နိုင်မှာလဲ?
တောသူမလေးမှာ ဘယ်လိုလုပ် ဒီလိုရုပ်ရည်မျိုးရှိနေတာလဲ? ငွေတုံး ၁၀ တုံး ကုန်ကျသည့် ပိုးထည်အဝတ်အစားကို သူမ ဘယ်လိုလုပ်တတ်နိုင်မှာလဲ?