← Chapters

အကြီးအကဲ ‘ချု’။

Vol. 5 Ch. 123

အကြီးအကဲ ‘ချု’။

Vol. 5 Ch. 123

"ဒီတော့ ငါတို့ ဘာလုပ်သင့်လဲ? ဟန်အာက ဒီကျေးလက်သူကို သဘောကျနေတယ်။”

လေးနက်ကျယ်လောင်သည့် အသံကြောင့် ရှန်းကွမ်လင်းအာနဲ့ သခင်မ'ချု'က မသိစိတ်မှ အနောက်သို့ ခြေဆုတ်မိသွား၏။

ထောင့်တစ်နေရာမှ အဘွားအိုတစ်ယောက်က အစေခံနှစ်ယောက်ရဲ့ အကူအညီဖြင့် သူတို့ဆီ လျှောက်လာ၏။

"အမေ!"

သခင်မ'ချု'က ရှန်းကွမ်လင်းအာရဲ့လက်က အမြန်လွတ်‌မြောက်သွားပြီး ထိုအဘွားအိုကို အရိုအသေပေးတယ်။

ချူစစ်ယွမ် အဆိပ်သင့်ပြီး သေဆုံးသွားပြီးကတည်းက အကြီးအကဲ'ချု'သည် ဗိမာန်တွင် ဗုဒ္ဓကို ကိုးကွယ်ခဲ့တယ်။ သူမ ထွက်လာသည်မှာ ရှားပါးသည်။ အကြီးအကဲ'ချု'သည် မိသားစုရဲ့ အခွင့်အာဏာကို သခင်မ'ချု'ကိုပဲ လွှဲပြောင်းပေးခဲ့တယ်။

သူသာ တစ်ကိုယ်ကောင်းမဆန်ပဲ သူ့သားကို အမျိုးသမီး'ဂျန်'နဲ့ လက်ထပ်ခွင့်မပြုခဲ့ရင် သူ့မြေး အဆိပ်ခတ်ခံရမှာမဟုတ်ဘူးလို့ ခံစားမိတယ်။

အရင်တုန်းက ချုမိသားစုသည် ချမ်းသာပေမဲ့ အရာရှိမိသားစုမှ ဆင်းသက်လာသူ သခင်မချု (ဖုတင်း)နဲ့  ယှဉ်လို့မရပေ။

သူမ (သခင်မချု) ရှေ့တွင် ချုမိသားစုတစ်ခုလုံး နိမ့်ကျတယ်လို့ ခံစားရတယ်။

ထိုအချိန်က အမျိုးသမီး'ဂျန်'သည် ချုဟောင်ကျန့်ကို အလွန်ချစ်မြတ်နိုးတယ်။ ဖုတင်းရဲ့ အင်အားနဲ့ ယှဉ်ရင် ချုဟောင်ကျန့်က နူးညံ့သိမ်မွေ့ပြီး ချစ်ခင်ရတဲ့အမျိုးသမီး'ဂျန်'အပေါ် မသိလိုက်ခင်မှာပဲ ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

အမျိုးသမီး'ဂျန်' ဝင်လာတာက ဖုတင်းရဲ့ စိတ်ကို ထိခိုက်စေခဲ့တာလို့ အကြီးအကဲ'ချု'က ခံစားမိတယ်။

အမျိုးသမီး'ဂျန်'နဲ့ အိမ်ထောင်ကျချိန်တွင် ချုဟောင်ကျန့်သည် ဖုတင်းဆီ လည်ပတ်တာကို ရပ်တန့်ခဲ့တယ်။

အချိန်ကြာလာတာနဲ့အမျှ ဖုတင်းရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့မှုများ တိုးလာကာ ပိုပြီးချုပ်တည်းခဲ့သည်။

ထို့နောက် ချုဟောင်ကျန့်နဲ့ သူမ ထပ်အိပ်စက်ပြီး ချူစစ်ယွမ်ကို မွေးဖွားခဲ့တယ်။

သို့သော် ချူစစ်ယွမ် အမျိုးသမီး'ဂျန်'ရဲ့လက်ချက်ကြောင့် သေဆုံးသွားတာ သနားစရာကောင်းတယ်။

“ရှန်းကွမ်ရဲ့မိသားစုက ဒီအတိုင်းကြီးပြင်းလာတယ် ထင်ပါ့။ လူတစ်ယောက်ကို တောသူလို့ ခေါ်တယ်။ အဲ့မိန်းကလေးကိုကြည့်ရတာ မင်းထက်တောင် ပိုစည်းကမ်းရှိတယ်။”

အကြီးအကဲ'ချု' ရှန်းကွမ်လင်းအာကို အေးစက်စက် စိုက်ကြည့်၏။

သခင်မ'ချု' ရှန်းကွမ်လင်းအာကို နှစ်သက်ပေမဲ့ အကြီးအကဲ'ချု'ကတော့ မကြိုက်ပေ။

ဒီမိန်းကလေးသည် အပေါ်ယံကြည့်ရင် နူးညံ့သိမ်မွေ့ကာ နာခံမဲ့ပုံ ရှိပေမဲ့ တကယ်တမ်းဆက်ဆံရင် လွယ်ကူမဲ့လူတော့ မဟုတ်။

အကြီးအကဲ'ချု'သည် အခေါင်းထဲ ခြေတဖက်လှမ်းနေသည့် အရွယ်အိုကြီးဖြစ်တယ်။ ဒီမိန်းကလေးစိတ်ကို မမြင်ပဲဘယ်နေမှာလဲ?

ရှန်းကွမ်လင်းအာ အကြောက်ဆုံးသူသည် အကြီးအကဲ'ချု'ပင်။ အကြီးအကဲ'ချု'ရဲ့ မျက်လုံးတွေက လူတစ်ဦးရဲ့ အရေပြားကို ထိုးဖောက်ဝင်ရောက်နိုင်ကာ နှလုံးသားအထိ မြင်တွေ့နိုင်တယ်လို့ ခံစားရတယ်။

"ဟန်အာက ဒီတစ်သက် ဇနီးတစ်ယောက်ပဲ လက်ထပ်မယ်လို့ ပြောခဲ့ဖူးတယ်။"

အကြီးအကဲ'ချု'သည် ရှန်းကွမ်လင်းအာကို ပြစ်တင်ရှုတ်ချပြီး သခင်မ'ချု'ကို မှုပ်ကုပ်ကုပ်မျက်နှာဘေးဖြင့် ကြည့်တယ်။ “ဟန်အာက အကဲဖြတ်ကောင်းမွန်တယ်။ သူရွေးချယ်တဲ့လူက သဘာဝအတိုင်း ထူးချွန်တယ်။ ဒါ့အပြင် မိန်းကလေး'လု'က ဟန်အာအတွက် တိုင်းပြည်နတ်ဆရာက အထူးရွေးချယ်ပေးထားတဲ့ ဇနီးတစ်ယောက်။ သူမက ဟန်အာရဲ့ ကံကြမ္မာမောင်နှံ။ လူဆိုးတစ်ယောက်ရဲ့ စကားကြောင့်  သူ့ရဲ့ကောင်းတဲ့အိမ်ထောင်ရေးကို မဖျက်ဆီးနဲ့။”

အကြီးအကဲ'ချု'ရဲ့ သွယ်ဝိုက်တဲ့ ကြိမ်းမောင်းမှုက ရှန်းကွမ်လင်းအာကို အရှက်ရစေတယ်။

ရှန်းကွမ်လင်းအာသည် သခင်မ'ချု' သူမအတွက် ကိုယ်စားပြောပေးဖို့မျှော်လင့်နေပြီး သွားတင်းတင်းကြိတ်ထားတယ်။

သခင်မ'ချု' အကြီးအကဲ'ချု' ပြောတာကိုနားထောင်ပြီး “အမေပြောတာ မှန်ပါတယ်။ ဟန်အာ ငယ်ငယ်တည်းက သူ့မှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိတယ်။ သူ့အမေဖြစ်တဲ့ ကျွန်မကတော့ သူ့ကို ခက်ခဲစေတဲ့အရာ တွေ လုပ်မှာမဟုတ်ဘူး။”

ချုစစ်ဟန်သည် အမျိုးသမီး'ဂျန်'အကြောင်းပြောတည်းက သခင်မ'ချု' ဒီအကြောင်းစဉ်းစားနေခဲ့တယ်။ သူ့သားက ရှန်းကွမ်လင်းအာကို လက်မထပ်ချင်လည်း ထားလိုက်ပါတော့လေ။

“သမီး နားလည်တာ ကောင်းတယ်။”

အကြီးအကဲ'ချု'က ကျေနပ်စွာ ခေါင်းညိတ်တယ်။ ဖျော့တော့နေသည့် ရှန်းကွမ်လင်းအာကို တချက်မကြည့်ပဲ အကူအညီပေးနေသည့် အစေခံနှစ်ယောက်ကို “ငါတို့ရဲ့အနာဂတ် သခင်မကို သွားကြည့်စို့။”

"အမေ ဂရုစိုက်ပါ!"

အကြီးအကဲ'ချု' ထွက်သွားပြီးနောက်၊ ရှန်းကွမ်လင်းအာ သခင်မ'ချု'ကို ဖျော့တော့သောမျက်နှာဖြင့်ဆိုတယ်။ "ဒေါ်ဒေါ်၊ ကျွန်မ အစ်ကိုစစ်ဟန်ကို အရမ်းကြိုက်တယ်။ ကျွန်မရဲ့ အဆင့်အတန်းကို စွန့်လွှတ်နိုင်တယ်!"

သခင်မ'ချု' သက်ပြင်းချပြီး ခေါင်းခါယမ်းတယ်။ သခင်မ'ချု'သည် နို့ထိန်း'ကောင်း'ကို "ဒီနေ့နည်းနည်းပင်ပန်းနေလို့ သခင်မလေးရှန်းကွမ်ကို ငါ့ကိုယ်စား လိုက်ပို့ပေးပါ။”

“ဟုတ်ကဲ့!”

နို့ထိန်း'ကောင်း'က အသံတိုးတိုးနဲ့ သဘောတူတယ်။

All Chapters