ဒါ ဉီးလေးရဲ့ Idol ဘဲ။
Vol. 5 Ch. 124
"သခင်မလေးရှန်းကွမ်း ကျေးဇူးပြုပြီး..."
နို့ထိန်း'ကောင်း'သည် ရှန်းကွမ်လင်းအာအား ယဉ်ကျေးစွာပြောခဲ့တယ်။
"ဒေါ်ဒေါ်၊ လင်းအာကို အကြိုက်ဆုံးမဟုတ်ဘူးလား? ကျေးဇူးပြုပြီး..."
ရှန်းကွမ်လင်းအာသည် တုန့်ဆိုင်းစွာ ထွက်သွားသည့် သခင်မ'ချု' အနောက်လိုက်ဖမ်းခဲ့တယ်။ သူမ သခင်မ'ချု'ရဲ့ အင်္ကျီလက်ကိုဆွဲကာ မျက်ရည်များ ဝေ့သီလျက်တောင်းပန်တယ်။
ရှန်းကွမ်လင်းအာသည် ချုစစ်ဟန်ကို ငယ်ငယ်တည်းက နှစ်သက်ခဲ့သူဖြစ်ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့သည်။ သခင်မ'ချု'သည် ရှန်းကွမ်း သူ့သားကို တကယ်သဘောကျတာကို ပြောနိုင်တယ်။
ချုစစ်ဟန် အောင်မြင်မှုများနဲ့ ပြန်လာပြီး သူမကို လက်ထပ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့တယ်။
သို့ပေမဲ့ အဆုံးသတ်မှာ တိုင်းပြည်နတ်ဆရာရဲ့စကားများကို စောင့်ဆိုင်းနေတာနဲ့ တူသွားခဲ့သည်။
ဒါတောင်မှ သခင်မ'ချု'က သူမကို အရမ်းသဘောကျနေတုန်းပဲ။ သူမကို ရံဖန်ရံခါ ဖိတ်ခေါ်ပြီး မရေရာသော စကားများပင် ပြောတတ်တယ်။
အနာဂတ်မှာ အကူအညီဖြစ်စေဖို့ ငွေစာရင်းများ မှန်မှန်ကန်ကန်ဖတ်တက်ဖို့ သင်ယူစေချင်တယ်လို့ ပြောခဲ့တယ်။
ချူစစ်ဟန်ရဲ့ဇနီး ဖြစ်လာမယ်လို့ မပြောယုံတမယ်ပဲ မဟုတ်ပါလား?
"လင်းအာ!"
သခင်မ'ချု' ခြေလှမ်းများ ရပ်တန့်လိုက်ပြီး “သမီး ကြီးပြင်းလာတာကို အဒေါ် စောင့်ကြည့်နေခဲ့တာပါ။ အဒေါ် မင်းကို ဟန်အာနဲ့ လက်ထပ်စေချင်ပေမဲ့ … “
သခင်မ'ချု' စကားရပ်သွားပြီး သက်ပြင်းချကာ ဆက်ပြောတယ်။ "ဟန်အာက မင်းအပေါ် ခံစားချက်မရှိဘူး။"
ရှန်းကွမ်လင်းအာရဲ့ အမူအရာ တစ်ခဏမျှ အေးခဲသွားပြီး နာကျင်သွား၏။
ချူစစ်ဟန်က ငယ်ငယ်ကတည်းက သူမနဲ့ စကားပြောရတာ မကြိုက်ဘူး။ သူ့ကို စနောက်ပြီး အစ်ကိုလို့ ခေါ်ဖို့ သူမအမြဲတမ်း စိတ်ကူးယဉ်နေခဲ့တယ်။
သူမ အရွယ်ရောက်တော့ ချူစစ်ဟန်က သူမကို ရှောင်တယ်။ ဒါမှမဟုတ် လျစ်လျူရှုခဲ့တယ်။ သခင်မ'ချု'နဲ့ အဆင်ပြေနေသမျှ ချုစစ်ဟန်က သူမကို သေချာပေါက် လက်ထပ်လိမ့်မယ်လို့ သူမ ထင်ခဲ့မိတယ်။
သို့သော် အရာအားလုံးက သူမ စိတ်ကူးနဲ့ ကွဲပြားနေပုံပင်။
သူမက သခင်မ'ချု'ရဲ့ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်တယ်။ သူမ ခေါင်းငုံ့ ထွက်သွားဖို့ တိတ်တဆိတ် လှည့်မထွက်သွားခင် တစ်နေရာတည်းတွင် ခဏရပ်နေခဲ့တယ်။
သို့သော် သူမရဲ့ မျက်လုံးတွေမှ ဒေါသအငွေ့အသက်ကို ဘယ်သူမှ မမြင်ပါ။
ချုစစ်ဟန်ကို စောင့်ဆိုင်းဖို့ သူမ လက်ထပ်ကမ်းလှမ်းချက်တွေ ဘယ်နှစ်ကြိမ်တောင် ငြင်းပယ်ခဲ့ရသလဲ?
သူမ အခုလို လက်လျော့ဖို့ မဖြစ်နိုင်ဘူး။
သူမ သခင်မ'ချု'ရဲ့ နောက်ကျောကို စိုက်ကြည့်ရင်း သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်တယ်။
"သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဘယ်လို အနိုင်ယူရမလဲ?”
သခင်မ'ချု'သည် အမျိုးသမီး'ဂျန်'ကို ရူံးနိမ့်ခဲ့ဖူးသည်။ တကယ်တော့ အမျိုးသမီးဂျန်သာ နောက်ပြန်မဆုတ်ခဲ့ရင် ချုဟောင်ကျန့်ရဲ့ နှလုံးသားကို ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူး။
စာကြည့်ခန်းထဲ၌။
“သခင်လေး၊ ကျွန်တော် ခေါ်လာပါပြီ။”
မြန်လွန်းနေတယ်?
ချူယွမ်၏ စကားကိုကြားချိန် ချူစစ်ဟန် အံ့သြစွာ မျက်ခုံးပင့်သွားတယ်။
သူက ဝါးစာလိပ်ကိုချပြီး သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ပြင်ကာ ပေါ့ပေါ့ပါးပါးဖြင့် “ဝင်ခဲ့။”
ချုယွမ် တံခါးဖွင့်ကာ ဝင်လာတယ်။
သူ့အနောက်တွင် လုရှန်းနဲ့ စိတ်ရူပ်ထွေးနေသည့် ဟဲလိန်တို့ အနောက်မှ လိုက်လာကြတယ်။
“မင်း ရောက်နေတယ်။”
ချုစစ်ဟန် လုရှန်းကို ကြည့်ပြီး သူ့လေသံ ပိုနူးညံ့သွား၏။
လုရှန်းက ရှေ့နှစ်လှမ်းတိုးကာ ထိုင်ခုံပေါ်မှာ ထိုင်လိုက်တယ်။ သူမ လက်ပိုက်ပြီး အပြုံးဖြင့် ချုစစ်ဟန်ကိုမော့ကြည့်တယ်။ “သခင်လေး၊ မတွေ့တာကြာပြီ။ ကျွန်မကို သတိရလား?"
ချူစစ်ဟန် အကြည့်မလွှဲခင် တခဏ စိုက်ကြည့်နေခဲ့တယ်။ “ဒီနေ့ မင်းကို ခေါ်တာ မျက်နှာသာတစ်ခုတောင်းခံချင်လို့ပါ။”
သူ၏ နီရဲနေသည့် နားရွက်များကိုကြည့်ရင်း လုရှန်း ရယ်မောတယ်။
“တည်းခိုခန်း မီးလောင်တာကို စစ်ဆေးချင်တာလား?”
“ဟုတ်တယ်။”
ချုစစ်ဟန် ပေါ့ပေါ့ပါးပါးပြန်ဖြေတယ်။ လုရှန်းအနား၌ ရုပ်ရည်သန့်ပြန့်သည့် အမျိုးသားတစ်ယောက် ရှိနေတာကို သိလိုက်ရတယ်။
“ဒါက…”
ဟဲလိန် မတတ်နိုင်ပဲ ကျောရိုးအေးစိမ့်သွားတယ်။
"လုရှန်း၊ ဒါက?"
သူ့အရှေ့ နတ်ဘုရားနဲ့တူတဲ့ ချောမောတဲ့လူက သူ့ကို ကြင်နာစွာ ကြည့်နေပုံမပေါ်ဘူး။
"အင်း... ကျွန်မ ရှင့်ကို မိတ်ဆက်ပေးဖို့ မေ့နေတာ။" လုရှန်း ဟဲလိန်ကို ပြုံးပြီး "ဦးလေး၊ ဒါက ဦးလေးရဲ့ Idol ပဲ။"
"Idol?" ဟဲလိန် မျက်မှောင်ကြုံ့ပြီး "အဲ့ဒါ ဘာလဲ?"