ခင်ပွန်းနှင့် ဇနီး ဖြစ်လုနီးပါး။
Vol. 5 Ch. 125
'ဦးလေး' ဟူသော အသုံးအနှုန်းက ဟဲလိန်အပေါ် ချူစစ်ဟန်ရဲ့ ရန်ငြိုးကို ချက်ချင်း ချေမှုန်းပစ်လိုက်၏။
လုရှန်းက “Idol ဆိုတာ ကိုယ်ကိုးကွယ်တဲ့လူကို ရည်ညွှန်းတယ်။ သခင်'ချူ'ကို ဉီးလေး အမြဲတွေ့ချင်ခဲ့တာလေ။ ဉီးလေး ရှေ့က လူပဲ။”
“ချု…ချု... သခင်'ချု'?!"
ဟဲလိန်၏ မျက်လုံးများ မယုံနိုင်စွာ ပြူးကျယ်သွားတော့သည်။
“ဟုတ်ကဲ့။”
ချုစစ်ဟန် သဘောကောင်းစွာ ခေါင်းညိတ်တယ်။
ဒီမိန်းကလေးရဲ့ ဦးလေးကလည်း သူ၏ အနာဂတ်ဦးလေးဖြစ်တယ်။
ထုံးစံအတိုင်း၊ သူတို့က အသက်ကြီးဝါကြီးသူကို ပို၍ ယဉ်ကျေးသမှု ပြသရမည်။
ဟဲလိန် အသက်ပြင်းပြင်းရှူပြီး ခဏကြာတော့ ငြိမ်သက်သွား၏။
ဟဲလိန် ချုစစ်ဟန်ရှေ့ရပ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းကာ ”သခင်'ချု' ကျွန်တော်က ဟဲလိန်၊ လုရှန်းရဲ့ ဦးလေးပါ။ သခင်'ချု'ရဲ့ ကောင်းကြောင်းတွေကို ကျွန်တော် ကြားတယ်။ ကျွန်တော် သခင်'ချု'ကို အရမ်းလေးစားတယ်။"
ချုစစ်ဟန် ဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို မသိဘဲ လုရှန်းကိုသာ ကြည့်နေ၏။
လုရှန်း ရယ်မောရင်း မတ်တပ်ထရပ်တယ်။ “ဦးလေး၊ သခင်လေးကို ခြောက်မိနေပြီ။”
"ဟင်?" ဟဲလိန် ဒီစကားကို ကြားတော့ ခပ်မြန်မြန် တောင်းပန်တယ်။ "တောင်းပန်ပါတယ်၊ သခင်ချူ ကျွန်တော် ခြောက်ဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော် အရမ်းအံ့ဩနေလို့ပါ!”
ချုစစ်ဟန် ချောင်းတချက်ဟန့်ပြီး ခေါင်းယမ်း၏။ “အဆင်ပြေပါတယ်။”
ဟဲလိန် ရှက်ရွံ့စွာ ပြုံးပြီး ခေါင်းကိုကုတ်ကာ ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်နေ၏။
“ကျွန်တော်တို့ အပြင်ထွက်ပြီး 'တန်ရှန်'စားသောက်ဆိုင်ကို သွားကြမလား?"
ချုစစ်ဟန် သူတို့နှစ်ယောက်ကို ကြည့်ပြီး အကြံပေးသည်။
"မလိုပါဘူး! ကျွန်တော် အကယ်ဒမီကို ပြန်သွားရဉီးမယ်။ မင်းတို့ နှစ်ယောက်ပဲ သွားကြပါ။”
ဟဲလိန်သည် ချုစစ်ဟန်ရှေ့ သူ့ကိုယ်သူ အရှက်ရသွားမှာကို ကြောက်နေမိတယ်။
“ဦးလေး နေ့လည်စာ မစားရသေးဘူးလေ။ အတူတူစားရအောင်။ သခင်လေး ကျွေးလိမ့်မယ်။”
လုရှန်း ချုစစ်ဟန်ကို ကြည့်လိုက်တယ်။ ချုစစ်ဟန် သဘာဝကျကျပြန်ဖြေ၏။ “အင်း...”
အကြီးအကဲ'ချု'သည် သူ၏အနာဂတ်'မြေးမ’ဆီ အလည်အပတ်သွားလိုခဲ့သည်။ သို့ပေမဲ့ အခန်းထဲက မြင်ကွင်းကို ကြည့်ရင်း ရင်ထဲဝေ့ကနဲ ဖြစ်သွား၏။
ချုဟောင်ကျန့် အမျိုးသမီးဂျန်ကို လက်ထပ်ပြီးတည်းက ချုစစ်ဟန်သည် အကြီးအကဲ'ချု'နဲ့ အနေပိုဝေးခဲ့သည်။ ဒီနှစ်တွေတလျှောက်လုံး ဖုတင်းရှေ့မှာတောင် မြေးဖြစ်သူရဲ့မျက်နှာပေါ် ဒီလို နူးညံ့သိမ်မွေ့တဲ့ အမူအရာကို မမြင်ဖူးခဲ့ပါ။
"အကြီးအကဲ မဝင်သေးဘူးလား?” အစေခံ ညင်သာစွာ သတိပေး၏။
အကြီးအကဲ'ချု' ပြုံးကာ ခေါင်းယမ်းတယ်။ “မဝင်တော့ဘူး။ ပြန်ရအောင်။”
အကြီးအကဲ'ချု' ထွက်သွားပြီး သိပ်မကြာခင် စာကြည့်ဆောင်ထဲ လူ ၄ ယောက်ထွက်လာသည်။
ဟဲလိန် လုရှန်းကို ချုစစ်ဟန်ရဲ့နောက်မှ တမင်တကာ ဆွဲခေါ်ပြီး နူးညံ့စွာမေးတယ်။ “လုရှန်း၊ နင် သခင်လေး'ချု'နဲ့ သိမယ်လို့ ငါ မမျှော်လင့်ထားဘူး!"
“ဟုတ်တယ်!”
လုရှန်း မေးမော့ထားပြီး ဂုဏ်ယူစွာ ခေါင်းညိတ်တယ်။ "ပြောတုန်းက မယုံဘူးမလား? အခုကော ယုံပြီလား?”
"ဒါဆို သခင်'ချူ'နဲ့ ဘယ်လိုသိတာလဲ?" ဟဲလိန် အရမ်းသိချင်နေ၏။
လုရှန်း နှုတ်ခမ်းတင်းတင်းစေ့ကာ “ဉီးလေးကို ကျွန်မ ပြောရင် ယုံကြည်မှာမဟုတ်ဘူး။ သခင်'ချု'နဲ့ ကျွန်မက ခင်ပွန်းနဲ့ ဇနီး နီးပါးဖြစ်နေကြပြီ။”
"ခင်ပွန်း၊ ဇနီး?"
ဟဲလိန်တစ်ခုခုကို တွေးတောမိပြီး မျက်လုံးများ ချက်ချင်းပြူးကျယ်သွားတယ်။ "အဒေါ်ပြောတဲ့ ချုမိသားစုဆိုတာ သခင်'ချု'ရဲ့ ချုမိသားစုလား?”
ထိုအချိန်က သူ့အမေနဲ့ အဒေါ်တို့ကို အမျိုးသမီး'လျန်'က ချုမိသားစု လုရှန်းကို လက်ထပ်လိုကြောင်း ပြောပြနေခဲ့တာ ကြားမိတယ်။
သို့သော် လုရှန်း ရုတ်တရက် ပျောက်ဆုံးသွားတာမို့ ဒီစေ့စပ်ပွဲ လွဲချော်သွားခဲ့သည်။
သူလည်း အကယ်ဒမီကို ပြန်ဖို့ အလျင်လိုနေတာမို့ ဂရုတစိုက် နားမထောင်မိခဲ့ပါ။ အခု လုရှန်းက ဒီလိုပြောတော့ သူ အမှတ်ရသွား၏။
လုရှန်း ခေါင်းညိတ်တယ်။ "ဟုတ်တယ်၊ အရင်က ကျွန်မကို လက်ထပ်ချင်ခဲ့သူက သခင်'ချု'လေ။”
ချုစစ်ဟန် သူတို့ ပြောတာနားထောင်ပြီး နှုတ်ခမ်းကွေးတက်သွား၏။
ချုယွမ်က လုရှန်းနဲ့ ဟဲလိန်ကို ကြည့်လိုက်ပြီး ချုစစ်ဟန်ကို ကြည့်လိုက်တယ်။ သူ မတတ်နိုင်ပဲ တိတ်တိတ်လေး သက်ပြင်းချမိတယ်။
အရင်တုန်းကတော့ သူရဲကောင်းတစ်ယောက်ဟာ အလှတရားရဲ့ ဆွဲဆောင်မှုကနေ မလွတ်မြောက်နိုင်ဘူးဆိုတဲ့ စကားကို သူ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။
သူ့သခင်က အတားအဆီးအားလုံးကို ကျော်လွှားပြီး အနိုင်ယူနိုင်စွမ်းရှိသူလို့ ခံစားမိသည်လေ။ ချစ်ခြင်းမေတ္တာအားလုံးက သခင်ရဲ့မျက်လုံးထဲ တိမ်တိုက်များဖြစ်တယ်။
သို့သော် ရှေးလူကြီးတွေက သူ့ကို မလိမ်ခဲ့ပုံပင်။ ဒါအမှန်ပဲ!