← Chapters

မိုဝူကျီ၏ ပြောင်းလဲမှု

Vol. 3 Ch. 31

မိုဝူကျီ၏ ပြောင်းလဲမှု

Vol. 3 Ch. 31

“မင်းက သေချင်နေတာပဲ ... ”

ချောင်ဟောင်သည် သူ့ခါးမှ ဓားကို ဆွဲထုတ်ကာ ပြောလိုက်သည်။

“မင်းသားလေး ... အလျင်မလိုပါနဲ့ မဟုတ်ရင် ကျွန်တော်တို့ အားလုံး ဒုက္ခများကုန် လိမ့်မယ် ... ” ယန်ဂျွန်ဆောင်သည် ချောင်ဟောင်အား အလျင်အမြန် တားဆီးလိုက်၏။

ချင်ယွီပြည်နယ်မှ မိတ်ဖက်အဖွဲ့ လေးခုတွင် ယန်ဂျွန်ဆောင်သည် ပေါင်းသင်း ဆက်ဆံရေး အကောင်းဆုံးလူ ဖြစ်၏။ သူသည် အမြဲတမ်း ပြုံးနေတတ်ကာ မိုဝူကျီကဲ့သို့ အစောင့်ပေါ်တွင် ဟန်ပန် မရှိချေ။

ဖန်ချန်မှူးမတ်ကြီး၏ ဆက်ခံသူ ဂျီချန်းဟယ် သည်လည်း ရှေ့ထွက်လာကာ ချောင်ဟောင်အား အကြံပေးလိုက်သည်။

ဤနေရာသည် ရှင်းဟန်အင်ပါယာ တစ်ခုလုံးမှ လူတော်များသည် ချန်လောင်သို့ ခရီးထွက် လာကြသည့် နေရာဖြစ်၏။ ဤနေရာတွင် ပြဿနာ ရှာခြင်းသည် အပြစ်ပေး ခံရလိမ့်မည်။ ပေါ့လျော့သော ပြစ်ဒဏ်သည် ပါဝင် တက်ရောက်ခွင့်ကို ရုပ်သိမ်း၍ အိမ်ပြန် လွှတ်ရုံမျှသာ ဖြစ်လိမ့်မည်။ သို့သော်လည်း အခြား တစ်ဖက်တွင် ပြစ်ဒဏ်သည် သေမိန့်ချခြင်း ကဲ့သို့ ပြင်းထန်သည် မျိုးနှင့်လည်း ကြုံတွေ့နိုင်သည်။ စီရင်စု၏ မင်းသားပင် ဖြစ်စေကာမူ အသတ်ခံရကိန်း ရှိ၏။ ချင်ယွီပြည်နယ်မှ လူတော်သည် ဤကြီးမား လှသည့် ရှင်းဟန် အင်ပါယာတွင် ဘာမှ မဟုတ်ချေ။

ချောင်ဟောင်သည် ထေ့ငေါ့ကာ မိုဝူကျီအား ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ကာ ဟိုတယ်ထဲသို့ ဝင်သွားခဲ့သည်။ ကြည့်ရသည်မှာ ချောင်ဟောင်သည် မိုဝူကျီအား ထပ်၍ မလိုလားကြောင်း မလုပ်ဆောင် လောက်တော့ပေ။

“မိုဝူကျီ ... ရှင်က မမလေးကို ကူညီဖူးတယ် ဆိုတာနဲ့ ရှင် လုပ်ချင်တာ လုပ်လို့ရနေတာ မဟုတ်ဘူး ... ဒီလို ထပ်လုပ်ရင် ကျွန်မတို့က ရှင့်ကို ချက်ချင်း ချင်ယွီပြည်နယ်ကို ပြန်ပို့ပစ်မှာ ... ” ရှောက်လန်သည် မိုဝူကျီအား မလိုလားစွာ ကြည့်ကာ ပြောလိုက်လေသည်။

ဟန်နင်မျက်နှာ သည်လည်း မကြည်မလင် ဖြစ်နေ၏။ သူမသည် ဘာမှဝင်၍ မပြောသော်လည်း ရှောက်လန် စကားများကို ထောက်ခံနေသည်က ရှင်းလင်းလှသည်။

မိုဝူကျီသည် ပြုံးလိုက်ကာ ဂရုမစိုက်ချေ။ သူသည် ဟန်နင်အား နှစ်လွှာမီးမြက် ပေးသည့်အချိန်က သူမသည် သူ့အား အလွန်အမင်း ကျေးဇူးတင်ခဲ့သည်။ သို့သော်လည်း အချိန် ကြာလာသည်နှင့် သူမ၏ ကျေးဇူးတင်မှု သည်လည်း လျော့နည်း သွားချေပြီ။ ထိုသည်က မိသားစုကြီးများမှ လူများနှင့် အပေါင်းအသင်း မလုပ်လိုခြင်း အကြောင်းရင်း ဖြစ်၏။ သူတို့သည် ကျန်သူ အားလုံးကို အပေါ်စီးမှ ဆက်ဆံသည်ကို ကျင့်သား ရနေလေချေ၏။ ရလဒ်အနေဖြင့် သူတိုသည် အထက်စီးဆန်စွာ ပြုမူကြပြီး အခြားသူများအား တူညီစွာ မဆက်ဆံချေ။

သူတို့သည် မင်းက သူတို့အား အကျိုးပြုလျှင် ပြုံး၍ နှုတ်ဆက်မည် ဖြစ်ပြီး ထိုအကျိုးများ ကုန်ဆုံးသွားသည်နှင့် ထိုအပြုံးသည်လည်း ပျောက်ကွယ် သွားလိမ့်မည်။ သူတို့သည် မင်းဘာလုပ်ပေးခဲ့မှန်းပင် သတိရမည် မဟုတ်။

တော်ဝင်မြို့တော်သို့ သွားမည့် ခရီးသည် ဟန်နင်က မိုဝူကျီအား သူ၏ အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်ကြောင့် ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာအမှား ကျူးလွန်ပါက သူမသည် ဆုလာဘ်ကို ရုပ်သိမ်းကာ အပြစ်ပင် ပေးနိုင်သည်။ ထိုသို့သော ဆက်ဆံရေးမျိုးသည် သူငယ်ချင်း မိတ်ဆွေကြားရှိ ဆက်ဆံရေးမျိုး မဟုတ် အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးသာ ဖြစ်လေ၏။

မိုဝူကျီသည် ကမ္ဘာပေါ်မှ လာသည့်သူ ဖြစ်သောကြောင့် ထိုသို့သော ဆက်ဆံရေးမျိုးကို လက်ခံလိမ့်မည် မဟုတ်။ မကြာခင်တွင် သူသည် ဟန်နင်နှင့် လမ်းခွဲကာ သီးသန့်သွားမည် ဖြစ်သည်။ ထိုသို့ မဖြစ်ခင်အထိ သူသည် သူမအတွက် အာရုံအလုံးစုံ နှစ်မြှုပ်ထားရမည်။ ဟန်ချန်အန်း၏ ကယ်တင်မှုသည် မရည်ရွယ်ပဲ ဖြစ်ပျက်ခဲ့သော်ငြား မိုဝူကျီသည် သေချာပေါက် ပြန်ပေးဆပ်လိမ့်မည်။

“ဘာလို့ အားလုံး မဖြေရှင်းတာလဲ ... ငါတို့မှာ ဒီမှာနေဖို့ နောက်သုံးရက် အချိန်ရသေးတယ် ... ”

ဟန်နင်သည် ပြောရင်း ချောင်ဟောင်နှင့် အပေါင်းအပါများ နောက်လိုက်သွားကာ တည်းခိုခန်းထဲ ဝင်သွားလေသည်။

“ခဏ ... ”

ဟန်နင်နှင့် ရှောက်လန် ဝင်ပြီးသည့်နောက်တွင် မိုဝူကျီနှင့် အခြား လူများသည် ရပ်တန့်ခြင်း ခံလိုက်ရသည်။

“ဟေး ... ဒါက ဘာသဘောလဲ ... ”

ဖန်မုန်ဟွာသည် အရပ်ခံ လိုက်ရသည့်အခါ မျက်နှာပျက် သွားလေ၏။

မိုဝူကျီသည် သူတို့အား တားဆီးသည့် လူကို မှတ်မိသည်။ သူသည်ကား ဟယ်ဖန်ဖြစ်ကာ ချောင်ဟောင်၏ နောက်လိုက် တစ်ယောက် ဖြစ်၏။

ဟန်နင်သည် တိတ်ဆိတ်မနေဘဲ ချောင်ဟောင်အား မေးခွန်း ထုတ်လိုက်သည်။

“ချောင်ဟောင် ... ဒါက ဘာသဘောလဲ ... ”

ချောင်ဟောင် မပြောခင် တည်းခိုခန်းမှ အစေခံသည် ထွက်လာကာ တောင်းတောင်းပန်ပန် ပြောလိုက်သည်။

“လေးစားရတဲ့ ရောက်ရှိလာသူ အားလုံးကို တောင်းပန်ပါတယ် ... ကျွန်တော်တို့ ယူးဟိုင်တည်းခိုခန်းက အခန်း အလုံအလောက် မကျန်တော့လို့ပါ ခင်ဗျ ... အဖွဲ့ထဲက ငါးယောက်သာ အခန်းတစ်ခန်း ရနိုင်ပြီး ကျန်တဲ့သုံးယောက်က အပြင်မှာ ဒါမှမဟုတ် ကျွန်တော်တို့ စတိုခန်းမှာ နေပေးရမှာ ဖြစ်ပါတယ် ... ”

ဟန်နင်၏ အကြည့်သည့် ယန်ဂျွန်ဆောင်ဆီ ကျရောက်သွားပြီး

“ယန်ဂျွန်ဆောင် ... ရှင်က အခန်းငှားဖို့ တာဝန်ယူထား ခဲ့တာလေ ... အခြား သူတွေက အခန်းရကြပြီး ဘာကြောင့် ကျွန်မ နောက်လိုက်တွေပဲ အခန်းမရ ဖြစ်နေရတာလဲ ... ”

ချောင်ဟောင်သည် ကျယ်လောင်စွာ ပြောလိုက်ပြီး

“အာ ... တခြားနည်းလမ်း မရှိတော့ဘူးလေ ... ငါတို့က အခန်းကို ဦးရာလူစနစ်နဲ့ စီစဉ်ထားတာ ... ငါ့ရဲ့ နောက်လိုက်တွေကို အပြင်မှာအိပ်ဖို့ မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော် ... သူတို့က အရင် ရောက်လာကြတာလေ ... ”

ယန်ဂျွန်ဆောင်၏ မျက်နှာသည် နေရခက်လာပြီး သူသည် ချောင်ဟောင်အား ရှက်ရွံ့စွာ မေးလိုက်သည်။

“မင်းသား ... ကျွန်တော်တို့ အားလုံက တစ်ဖွဲ့တည်းလေ ... ဘာကြောင့် သူတို့ကို အရှင့်ရဲ့ နောက်လိုက်တွေနဲ့ အတူတူ မနေခိုင်းရတာလဲ ... ”

ချောင်ဟောင်သည် ခဏ စဉ်းစားလိုက်ပြီး အင်တင်တင်ဖြင့် ပြောလိုက်သည်။

“ငါ့လူတွေကို နေရာ ကျုံ့ခိုင်းလိုက်ရင် ဘယ်လိုလဲ ... ဒါပေမဲ့ လူနှစ်ယောက် သာလောက်ပဲ ရမှာ ... အဲဒီ ... ဟိုတစ်ယောက် ... အရမ်း သန်မာပြီး သတ္တိရှိတဲ့ တစ်ယောက် ... မင်းက အပြင်မှာ နေလိုက်ပေါ့ ... ”

အားလုံးသည် ချောင်ဟောင်က မိုဝူကျီအား ပစ်မှတ်ထားကာ ပြောနေခြင်းကို သိကြ၏။

ဟန်နင်သည် အလေးပေး ခံရသည့် လူတော်တစ်ယောက် ဖြစ်ပြီး သွေးကြောဖွင့် အဆင့် ကျင့်ကြံသူဟုပင် ယူဆ၍ ရသည်။ သူမသည် မိုဝူကျီက ချောင်ဟောင်အား ရန်စသည့် ကိစ္စကို မကြိုက်ပေမဲ့လည်း သူမသည် တိတ်တဆိတ် မနေနိုင်ချေ။

“ချောင်ဟောင် ... ရှင် ဒါကို လုပ်ချင်တာ သေချာရဲ့လား ... ”

အားလုံးသည် ဟန်နင်၏ ပေါက်ကွဲလုနီးပါး အခြေအနေကို သတိပြုမိကြ၏။ ချောင်ဟောင်သာလျှင် မခံစားမိသည်ဖြစ်ကာ ဆက်လက်၍ ပြောလိုက်သည်။

“ညီမလေးနင် ... ငါတို့ မိသားစုတွေက အရမ်းကို နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ရှိကြတယ် ... မဟုတ်ရင် ငါ မင်းကို အင်မော်တယ် သခင်လုနဲ့တွေ့ဖို့ ခေါ်လာမှာ မဟုတ်ဘူး ... မင်းကို ဂရုစိုက်လို့ လူတစ်ယောက်ကြောင့် ငါတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ် မဖြစ်စေချင်ဘူး ... ”

ချောင်ဟောင်စကားများ ကြားပြီးနောက်တွင် ဟန်နင်သည် လေလျော့သွားသည့် ပူစည်ဖောင်းကဲ့သို့ ငြိမ်သွားလေသည်။ သူမ၏ ပြင်းထန်သော ဒေါသများသည်လည်း တိတ်ဆိတ်စွာ ပျောက်ကွယ် သွားလေပြီ။

စက္ကန့်အနည်းငယ် အတွင်း သူမသည် မိုဝူကျီအား ကြည့်ကာ ပြောလိုက်သည်။

“ဝူကျီ ... ရှင့်အတွက် ခက်ခဲမယ် ဆိုပေမဲ့ ... တဲပြုလုပ်ပြီး အပြင်မှာ နေလိုက်ပါ ... ”

သူမသည် ဆက်မပြောတော့ပဲ ထွက်သွား၏။

မိုဝူကျီသည် ပြုံးလိုက်ကာ သူကား ဂရုမစိုက်ချေ။ တော်ဝင်မြို့တော်သို့ သွားရာတွင် သူသည် ဟန်နင်အား ကူညီရန် အကောင်းဆုံး ကြိုးစားပေးမည် ဖြစ်၏။ တော်ဝင်မြို့တော် ရောက်သည်နှင့် သူသည် သူမနှင့် ဆက်လက် ပတ်သက်စရာ မရှိတော့ချေ။

“ဝူကျီ ... ခဏစောင့်ပါဦး ... ငါမင်းကို အဖော်လိုက်ပေးမယ် ... ” တင်းဘူအာသည် အလောတကြီး ပြောလိုက်သည်။ သူသည် ဟန်နင်အား ကြည့်ကာ

“မမလေး ... ကျွန်တော် ဝူကျီနဲ့အတူ နေခဲ့မယ် ... ”

“လုပ်ချင်သလို လုပ် ... ” ဟန်နင်သည် ထိုစကားကို အေးစက်စွာ ပြောလိုက်ပြီး အထဲ ဝင်သွားလေသည်။

ဖန်မုန်ဟွာသည် တွေဝေနေသော်ငြား မမလေးနှင့်အတူ အထဲသို့ ဝင်သွားခဲ့သည်။

တည်းခိုခန်းမှ ထွက်လာပြီးနောက် မိုဝူကျီသည် တင်းဘူအာ ပခုံးအား ပုတ်ကာ

“ဘူအာ ... ခင်ဗျားမှာ သက်သောင့်သက်သာ အိပ်လို့ရတဲ့ နေရာရှိသားနဲ့ ဘာလို့ ငါ့နောက် လိုက်လာပြီး တဲထဲအိပ်မှာလဲ ... ”

ဘူအာသည် ရယ်မောလိုက်ပြီး

“ဝူကျီ ... ငါ ဒီခရီးကို ပါဝင်ခွင့်ရတာ ဘာကြောင့်လဲ ဆိုတာ သိလား ... အကုန် မင်းကြောင့်ပဲလေကွာ ... ငါတို့ တော်ဝင်မြို့တော် ရောက်ပြီး မမလေးသာ ဂိုဏ်းရွေးချယ် ပြီးတာနဲ့ ငါ့အတွက် လုပ်စရာ မကျန်တော့ဘူးကွ ... အရင်က မိုးကြိုးမြူတောထဲမှာ မင်း နှစ်လွှာမီးမြက် ရှာတွေ့ခဲ့တာ ကံကောင်းမှုကြောင့်သာ ရှာနိုင်ခဲ့တာ မဟုတ်ဘူးလို့ ငါယုံတယ် ... ငါ မမလေးနောက် မလိုက်နိုင်မှတော့ မင်းနောက်ပဲ လိုက်တော့မယ်လေ ... ငါ့ကို ချင်ယွီဆီ ပြန်သွားဖို့ လာမပြောနဲ့ ... တစ်ယောက်ယောက် ကလည်း ပြန်မသွားဘူးဆိုတာ ငါသိတယ် ... ”

“ဘူအာ ... မင်း အခု ငါ့နောက်လိုက်ဖို့ ရွေးချယ်ခဲ့တဲ့ အတွက် မင်းအနာဂတ် အလားလာ ကောင်းမယ်ဆိုတာ ငါပြောရဲတယ် ... ” မိုဝူကျီသည် စနောက်လိုက်သည်။

“မိုရှင်းဟယ် ... ” ကြည်လင်၊ ပြတ်သားသော အသံသည် သူနှင့် တင်းဘူအာ စကားဝိုင်းအား နှောင့်ယှက်လိုက်သည်။

“အို ... သခင်မလေးဝမ်ပဲ ... ဒီမှာ တွေ့ရတာ ဘယ်လောက်တောင် ကံကောင်းမှုမျိုးလဲ ... ဒါပေမဲ့ မမလေးဝမ် ကျွန်တော့်ကို အရင်နာမည် မခေါ်ပေးလို့ ရမလား ... ကျွန်တော်က မိုဝူကျီလို့ ပြောင်းပြီးပြီလေ ... ”

ယောင်ကျိုးမြို့မှ ထွက်လာပြီးနောက်တွင် မိုဝူကျီသည် သူ့အား ရစ်နှောင် ထားသည်များ ပယ်ပျောက် သွားပြီဟု ခံစားလိုက်ရသည်။ သူသည် သူ့စကားများ သို့မဟုတ် အပြုအမူများ အတွက် စိုးရိမ်စရာ မလိုတော့ချေ။ သူသည် ဝမ်မန်ကျူသည်လည်း တော်ဝင်မြို့တော်သို့ သွားရောက် လိမ့်မည်ဟု မမျှော်လင့်ထား။ ဟန်နင်ကဲ့သို့ သူမသည်လည်း နွေဦးနတ်ဘုရားဂိတ် ညီလာခံတွင် တက်ရောက်သူ ဖြစ်လိမ့်မည်။

“အာ ... ဝူကျီ ... နောက်ကျနေပြီ ... အရင်ဆုံး နေရာကောင်းတွေ ပါမသွားခင် တဲသွားထောင် လိုက်ဦးမယ် ... ကောင်းကောင်း ပြောကြ ... ” တင်းဘူအာသည် မိုဝူကျီနှင့် ဝမ်မန်ကျူတို့ စကားပြော နေသည်ကို မြင်၍ အလိုက်သိစွာ ထွက်လာလေသည်။ သူသည် မိုဝူကျီ၏ အခြေအနေများနှင့် မိုဝူကျီနှင့် ဝမ်မန်ကျူကြားရှိ နေရခက်သော ကိစ္စများကိုလည်း သိရှိလေသည်။

“တောင်းပန်ပါတယ် ... ဒီအတိုင်း ထွက်မိသွားတယ် ... ” ဝမ်မန်ကျူသည် တောင်းပန်လိုက်သည်။

သူမသည် စိတ်ထဲတွင် အမြဲတမ်း သံသယများ ရှိနေခဲ့၏။ သူမသည် မိုဝူကျီကို အခြားသူများ အားလုံးထက် ပို၍ နားလည်လေသည်။ သို့သော် လတ်တလောအတွင်း သူမသည် မိုဝူကျီနှင့် တွေ့သည့်အခါ သူမသည် သူ့အား သေချာမသိတော့ သကဲ့သို့ ခံစားရ၏။ သူမသည် မိုဝူကျီ၏ ကြီးမားသော အပြောင်းအလဲများကို မြင်နိုင်လေသည်။ ချင်ယွီပြည်နယ်ရှိ အလုပ်သမား အဖွဲ့အစည်းတွင် မိုဝူကျီသည် သူမထံ ဂျုံမုန့်များဖြင့် ကာထားသည့် ဓားသဖွယ် ခံစားရသည်။ ယခုအခါ မိုဝူကျီသည် ဓားအိမ်ထဲ ဝှက်ထားသည့် ဓားနှင့် သဏ္ဌာန်တူလေသည်။

“ဝူကျီ ... ငါတို့ စကားပြောလို့ ရမလား ... ” ဝမ်မန်ကျူသည် ပြောလိုက်သည်။ အမှန်တမ်း ဆိုရလျှင် သူမသည် မိုဝူကျီနှင့် အချိန်အကြာကြီး စကားစမြည် ပြောချင်၏။

မိုဝူကျီသည် ကိုးဘဝ ပျောက်ကင်းဆေး ဖော်စပ်ပြီးသည်မှ စ၍ သူသည် မြို့စားကြီးဟန်၏ စံအိမ်တော်တွင်သာ ပုန်းအောင်းနေပြီး တစ်ခါမှ ထွက်မလာချေ။ သူမသည် သူ့အားတွေ့ရန် နည်းလမ်းများ ရှာခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူမသည် မိုဝူကျီက မိမိဘာသာ ကာကွယ်ရန် ကိုးဘဝ ပျောက်ကင်းဆေး ဖော်မြူလာအား အလကား ပေးပစ်လိုက်သည်ဟု သူမ ဖခင်ဆီမှ ကြားခဲ့ရသည်။

သူမသည် နားလည်ဖို့ရန် ခက်ခဲနေလေသည်။ မိုရှင်းဟယ် နာမည်ပြောင်း လိုက်သည့်နောက်တွင် ကြီးမားသည့် အပြောင်းအလဲ ဖြစ်သွားခဲ့သည် များလား ...

မိုဝူကျီသည် အေးဆေးစွာ ရယ်မောလိုက်သည်။

“အကယ်၍ မင်းဘေးက စီနီယာက ကိစ္စမရှိရင် မင်းပြောချင်သလောက် ပြောလို့ရတာပေါ့ ... ”

***

All Chapters