← Chapters

သူငယ်ချင်းများကြားမှ ခင်မင်မှု သေရည်တစ်ခွက်

Vol. 3 Ch. 33

သူငယ်ချင်းများကြားမှ ခင်မင်မှု သေရည်တစ်ခွက်

Vol. 3 Ch. 33

ယွန်ကျန်းရီသည် အပိုပြောနေခြင်း မဟုတ်ပေ။ သူယူလာသော အရက်သည် အမှန်ပင် ကောင်း၍ အရသာသည် စွဲကျန်နေလေသည်။ ပို၍ အံ့အားသင့်ဖွယ်‌ ကောင်းသည်က ခန္ဓာအတွင်း လှည့်ပတ်နေသာ ဖျော့တော့တော့ ခံစားချက်လေး ဖြစ်၏။ မိုဝူကျီသည် သူ၏ ဖွင့်ထားပြီးသော ချီသွေးကြောပင် လှုံ့ဆော်ခံ လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက တကယ်ကို သေရည်ကောင်းပဲ ... တစ်ငုံတည်းနဲ့ ခန္ဓာတစ်ကိုယ်လုံး လန်းဆန်းလာသလို ခံစားမိတယ် ... ” မိုဝူကျီသည် ချီးကျူးလိုက်သည်။ သူသည် ထိုသေရည်တွင် တချို့သော ဝိညာဉ်ဆေးပင်များ ပါဝင်နေကြောင်း ပြောနိုင်၏။ မဟုတ်လျှင် သူသည် ထိုမျှ သက်သောင့်သက်သာ ခံစားရမည် မဟုတ်ချေ။

မိုဝူကျီ၏ ချီးကျူးမှုကို ကြားပြီး ယွန်ကျန်းရီသည် ဂုဏ်ယူစွာ ပြောလိုက်သည်။

“ညီလေးမိုက တကယ်ကို သေရည်ကောင်း သိတာပဲ ... ကျွန်တော်က ချန်ယန်ပြည်နယ် ကလေ ... တခါက အမှတ်မထင်ဘဲ မိုးကြိုးမြူတောထဲ ရောက်သွားခဲ့တယ် ... အဲဒီမှာ ကံကောင်း ထောက်မပြီး ဝိညာဉ်အသီးကို ရှာတွေ့မယ်လို့ ထင်မထားမိဘူး ... အဲဒီအသီးကို သုံးပြီး သေရည်ဆယ်အိုး ချက်လိုက်တာ ... ဒါက နောက်ဆုံးအိုးပဲ ... ဒါပေမဲ့ အိုးက ကြီးပါတယ် ... ဟားဟား ... ”

မိုဝူကျီသည် ယွန်ကျန်းရီကား သဒ္ဓါတရား အားကောင်း၍ ပူပင်ကင်းသော သူဖြစ်ရမည်ဟု ပြောနိုင်၏။ ထိုသေရည်သည် ဝိညာဉ်အသီးသုံး၍ ပြုလုပ်ထားသောကြောင့် တန်ဖိုး မြင့်ပေလိမ့်မည်။ လူအများစုပင် ဝယ်ယူရန် မတတ်နိုင်လောက်ချေ။ သို့သော် ယွန်ကျန်းရီသည် မိုဝူကျီ၏ စကားများကို သဘောကျသောကြောင့် ထုတ်ယူလာခြင်း ဖြစ်၏။

“ကျွန်တော် တကယ်ပဲ မျက်နှာပူမိပါတယ် ... ကျွန်တော်တို့ တွေ့ဆုံခွင့်ရပြီး အစ်ကိုယွန်ရဲ့ သေရည်ကောင်းကို သောက်လိုက်ရတယ် ... ” မိုဝူကျီသည် ချင်ယွီနှင့် ချန်ယန်ပြည်နယ် များသည် စစ်ဖြစ်နေကြောင်း အမှတ်ရလိုက်သည်။ သို့သော် မိုဝူကျီအတွက် ကိစ္စမရှိချေ။ ထို့အပြင် သူသည် ချင်ယွီပြည်နယ်နှင့် ဆက်နွှယ်နေသည့် ခံစားချက် မရှိ။

ယွန်ကျန်းရီသည် ရယ်မောလိုက်ပြီး

“ညီလေးမို ... မင်းက သူစိမ်းတွေ လုပ်နေပြန်ပြီ ... ငါ မင်းစကားတွေ မတူညီတဲ့ ခံယူချက်တွေရှိတဲ့ လူတွေကြားက နားလည်နိုင်စွမ်းက အလွန်နည်းတယ်ကွာ ကြားကတည်းက ငါတို့က သူငယ်ချင်းဟောင်းတွေလို ချက်ချင်း ခံစားလိုက်ရတာ ... ငါ မင်းကို သေရည်ကောင်း မဟုတ်ဘဲ ပိုကောင်းတဲ့ အရာတွေကို ပေးသင့်တာ ... ”

“ဘယ်လောက်ပဲ ကောင်းတဲ့ ပစ္စည်းဖြစ်နေပါစေ သူငယ်ချင်းကောင်း တွေ့ရတာကို မမီနိုင်ဘူး ... အစ်ကို ယွန် ... ဒေါ်လေးဆယ့်တစ် ... တင်းဘူအာ တစ်ခွက်သောက်ကြစို့ ... ”

မိုဝူကျီသည် စိတ်လွတ်လပ်သွားလေသည်။ ထိုသည်က သူ့ချစ်သူမှ သစ္စာဖောက် ခံရပြီးနောက်တွင် ထိုမျှပူပင် ကြောင့်ကြကင်းသည်က ပထမဆုံး ဖြစ်၏။

လူလေးယောက်သည် ခွက်များကို မြှောက်လိုက်ပြီး တစ်ခါတည်း အကုန်‌ သောက်လိုက်ကြသည်။

သူသည် ပထမ ချီသွေးကြောကို ဖွင့်နိုင်စဉ်က စိတ်ရှုပ်ထွေးမှုနှင့် စိတ်လှုပ်ရှားမှု များကိုသာ ခံစားရ၏။ ထိုသည်က ပူပင်ကင်းသည့် ပျော်ရွှင်ခြင်း မဟုတ်ပေ။ ဤအခိုက်အတန့်တွင် သူသည် အမှန်အကန် စိတ်အေးလက်အေး ခံစားလိုက်ရသည်။

သေရည် သောက်ပြီး နောက်တွင် မိုဝူကျီသည် သီချင်းမညည်းဘဲ မနေနိုင်ချေ။

“ဘဝမှာ သူငယ်ချင်း အများအပြား ရှိတယ် ...

ဘယ်လိုမျိုး ဆက်ဆံရေးတွေက ကြာရှည်ခံမလဲ ...

ဒီနေ့တော့ ငါတို့လက်တွေ မဖြုတ်ကြစို့ ...

သူငယ်ချင်းတွေက နှလုံးသားမှာ အမြဲရှိတယ် ...

ဒါပေမဲ့ နှုတ်ဆက် စကားဆိုဖို့ လိုအပ်သေးတယ် ...

တွေ့ဆုံဖို့ တောင်းဆိုပေမဲ့

တစ်ယောက်ယောက်တော့ မလာနိုင်တော့ ...

မိုင်ထောင်ချီ အဝေးက ...

သူငယ်ချင်း တစ်ယောက်ရှိတယ် ...

တွေ့ဆုံဖို့ မလိုပါဘူး ...

ငါတို့ နှလုံးသားထဲမှာ

သူငယ်ချင်းတွေ အမြဲတမ်း ရှိနေတယ် ...

သူငယ်ချင်း ဆက်ဆံရေးက မပြောင်းလဲနိုင်ဘူး ... ”

ပထမတွင် မိုဝူကျီ တစ်ယောက်တည်းသာ သီဆိုခြင်း ဖြစ်၏။ ထို့နောက်တွင် ယွန်ကျန်းရီနှင့် အခြားသူများသည် စာသားကို မှတ်ယူကာ အတူတူ သီဆိုကြလေသည်။

မိုဝူကျီ၏ တဲအပြင်ဘက်တွင် ရပ်နေသည့် ဝမ်မန်ကျူ မျက်မှောင်ကြုတ် လိုက်သည်။ မိုဝူကျီသည် ယွန်ကျန်းရီကဲ့သို့ လူမျိုးနှင့် ရောနှောနေသည်ကို မြင်ရသည်က သူမအား စိတ်မကြည်မလင် ဖြစ်စေ၏။

ထို့အပြင် မိုဝူကျီသည် တစ်ခါက စီရင်စု မင်းသားဖြစ်ခဲ့၏။ သူသည် သူ့အဆင့်အတန်း ပျောက်ဆုံး သွားခဲ့သော်လည်း ထိုမျှအထိ နိမ့်ကျသွားစရာ မရှိပေ။ အကယ်၍ သူသာ ထပ်၍ နိမ့်ကျသွားပါက ပြန်တက်နိုင်တော့မည် မဟုတ်ချေ။ မိုဝူကျီအား ကူညီချင်သည့် သူမစိတ်ကြောင့်သာ မဟုတ်လျှင် သူမသည် လှည့်ထွက်သွားပြီ ဖြစ်၏။ ဖြစ်နိုင်သည်က သူမသည် ထိုအကြောင်းကို သတိမမူခဲ့သော်ငြား သူမ လာရောက်သည့် အကြောင်းပြချက်‌ နောက်တစ်ခု ရှိသေး၏။ ထိုသည်က စစ်ထူပေါင်အား “လှည့်စားတတ်သူ” အကြောင်း စုံစမ်းပေးရန် ဖြစ်၏။

သို့သော် သူမသည် မိုဝူကျီ၏ ‘သူငယ်ချင်း အလင်းရောင်’ ဆိုသည့် သီချင်းကို ကြားသည့်အခါ သူမသည် အံ့သြသွားလေသည်။ သူမသည် မိုဝူကျီနှင့် အချိန်အများစုကို ကုန်ဆုံးခဲ့သည်ဟု ဆို၍ ရသည့်အတွက် သူမသည် မိုဝူကျီအား အရိုးထိအောင် သိလေ၏။ သို့သော် သူမသည် မိုဝူကျီတွင် ဂီတနှင့် ပတ်သက်ပြီး အရည်အချင်း ရှိမှန်း မသိရှိခဲ့ချေ။ ထိုသီချင်းသည်ကား အလွန် ချိုမြိန်ကာ တစ်ချိန်တည်းတွင် လေးနက်သည့် မှန်ကန်မှုများ ပါဝင်လေသည်။

“ညီလေးမို ... ဒီသီချင်းက ကောင်းလှချည်လား ... ငါ ကြိုက်တယ် ... ငါတို့က မိုင်ပေါင်းများစွာ ကွာဝေးကောင်း ကွာဝေးနေပေမဲ့ ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ... ” ဒေါ်လေးဆယ့်တစ် သည်လည်း မျက်နှာနီရဲ လာသည်အထိ စိတ်ကြိုက်မော့နေ၏။ ယောက်ျားသား တစ်ယောက်ကဲ့သို့ ပြုမူကာ သူမသည် မိုဝူကျီဘေးသို့ ဒယီးဒယိုင်း လျှောက်လှမ်းလာပြီး သူ့လက်ကို ဆွဲကာ ရီဝေဝေ မျက်လုံးများဖြင့် ကြည့်လိုက်၏။

ယွန်ကျန်းရီသည် မတ်တတ်ရပ်ကာ ခွက်ကို မြှောက်လိုက်ပြီး

“ဒါက တကယ့်ကို သီချင်းကောင်းပဲ ... ငါလည်း သဘောကျတယ် ... နှမြောစရာ ကောင်းတာတစ်ခုက သီချင်းထဲမှာ သေရည်အကြောင်း မပါတာပဲကွာ ... မဟုတ်ရင် လုံးဝပြီးပြည့်စုံ သွားလိမ့်မယ် ... ဒီမှာ နောက်တစ်ခွက် ထပ်သောက်ကွာ ... ”

မိုဝူကျီသည် တထွေထွေ ရပ်လိုက်ကာ ခွက်ကို အကုန်မော့လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ဒီလိုဆိုရင် နောက်တစ်ပုဒ် ထပ်ဆိုပြမယ်လေ ...

မနေ့က ကုန်ဆုံး သွားခဲ့လေပြီ ...

ပျော်ရွှင်ခြင်းသာ အရေးကြီးဆုံးပဲ ...

ရေများကို ဖြတ်တောက်၍ မရ ...

မက်မွန်တွေ ညှိုးနွမ်းသွားတဲ့နောက် ... နှင်းဆီတွေ ကျန်နေသေးပါရဲ့ ...

ဘဝကလဲ ချိုတစ်လှည့် ခါးတစ်လှည့်ပေါ့ ...

မိုးစက်တွေက ငါတို့ကို မတားဆီးနိုင်ပါ ...

ငါတို့ နောင်တရသည် ဖြစ်‌စေ မရသည် ဖြစ်စေ ... ဖြည်းဖြည်းချင်း ဆုံးဖြတ်ကြမယ်လေ ...

ဒီအချိန်မှာ သူငယ်ချင်းရေ ... သေရည်တစ်ခွက်က အဖိုးတန်ဆုံးတဲ့ ...

တစ်ခွက်လုံး သောက်ကာ သီဆိုလိုက်စို့လား ...

သူငယ်ချင်းကောင်း တို့ရေ ... ဒီညတော့ ပျော်ပါးကြပါစို့ ...

သူငယ်ချင်း ပခုံးကို ဘယ်လို ဖက်ထားရတယ်ဆိုတာ ပြောပါရစေဦး ...

ပြင်းထန်တဲ့ မုန်တိုင်းတွေ ပြီးရင် နေရောင်ခြည် ရောက်ရှိလာလိမ့်မယ် ...

ခေါင်းတွေကို မော့ကာ သန်မာဖို့ သင်ယူကြစို့လား ...

သူငယ်ချင်းလိုမျိုး ဒီသေရည်က ငါ့နှလုံးသားကို နွေးထွေးစေသား ...

တခြားဘာမှ စိတ်ပူစရာမရှိ ...

ဒီနေ့ ငါတို့တွေ့ကြတာ ...

ရင်းနှီး ဖော်ရွေမှုတွေ ပြည့်နေတဲ့ ခွက်တစ်လုံး ...

နှစ်တွေက ရေလိုမျိုး စီးဆင်းသွားလဲ ...

ဘယ်သူက ဂရုမူမည်လဲ ... ”

မိုဝူကျီ၏ အသံသြသြသည် ဝမ်မန်ကျူအား လုံးဝ မှင်တက် စေနေ၏။ သူမသည် ပထမသီချင်းကို ပိုသဘောကျသည်။ စကားလုံး တစ်ခုချင်းစီက သူမနှလုံးသားကို ထိရိုက်မိကာ သူမသွေးများပင် ပွက်ပွက်ဆူ လာစေပြီး သူတို့နှင့် အတူ အထဲဝင်၍ သောက်ချင်စိတ် များကိုပင် ဖြစ်ပေါ်စေသည်။

ထိုခံစားချက်သည်ကား ခင်မင် ရင်းနှီးမှုလေလား ... သူမတွင်လည်း သူငယ်ချင်း အပေါင်းအဖော်များ ရှိ၏။ ချင်ယွီပြည်နယ်၏ မင်းသားကိုး စစ်ထူပေါင်၊ ချင်ယွီပြည်နယ်၏ ဗိုလ်ချုပ် ကျောင်ဖေးဟူ၏သား ကျောင်ဖူ၊ မှူးမတ်ကြီး ယောင်ကန်၏သား ယောင်ဘင်းကျန်းတို့ ရှိ၏။ ထို့အပြင် သူတော်ကောင်းဆောင် ကျောက်ရွီလည်း ရှိသေး၏။

သူတို့သည် မခန့်ညား ပေဘူးလား ... မည်သူက အလားအလာ မကောင်းသည့် သူပါသနည်း ... သူတို့နှင့် အတူရှိနေစဉ်တွင် ထိုသို့ သွေးပွက်ပွက် ဆူသည့် ခံစားချက်မျိုး မရရှိသနည်း ... အကယ်၍ စစ်ထူပေါင်သည် မိုဝူကျီ၏ နေကြာ လမ်းစဉ်ကိုသာ စိတ်မဝင်စားခဲ့လျှင် သူသည် သူမအား မိုဝူကျီနှင့် စကားပြောရန် အကြံပေးခဲ့မည်လား ...

“ကောင်းတယ် ... ကောင်းတယ် ... ညီလေးမို ... ဒီသီချင်းကို သဘောတွေ့တယ် ... လာ နောက်တစ်ခွက် သောက်ပြီး ကျယ်ကျယ် ဆိုကြရအောင် ... သူငယ်ချင်းကောင်း တို့ရေ ငါတို့ ဒီည ပျော်ပါးကြမယ်လေ ... ” ယွန်ကျန်းရီသည် မိုဝူကျီနှင့် အတူ ပေါင်းလိုက်ကာ သီဆိုလိုက်ကြသည်။

တင်းဘူအာနှင့် ဒေါ်လေးဆယ့်တစ် သည်လည်း အတူတူ သီဆိုလိုက်ကြသည်။

ဝမ်မန်ကျူသည် တဲအပြင်ဘက်တွင် အချိန်အတော်ကြာ ရပ်နေခဲ့ပြီး နောက်ဆုံးတွင် တဲအထဲသို့ ဝင်မည့် အတွေးကို လက်လျှော့လိုက်၏။ အကယ်၍ ဒီနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စကြောင့် မဟုတ်လျှင် သူမသည် မိုဝူကျီ၏ အရည်အချင်းကို သိရမည် မဟုတ်။ ထိုသီချင်း နှစ်ပုဒ်ကို ဆိုပြီး သူသည် သူမ၏ သွေးများ ပွက်ပွက်ဆူအောင် ပြုလုပ်နိုင်ပြီး သီဆိုသည့်အထဲ ပါဝင်လာချင်အောင် ဆွဲဆောင်နိုင်၏။

သူမသည် သီချင်းသံ မကြားရတော့သည့် နေရာအထိ ထွက်သွားလိုက်သည်။ ဝမ်မန်ကျူသည် ဖြည်းညင်းစွာ ခေါင်းငုံ့လိုက်၏။ မိုဝူကျီသည် မည်မျှပင် သီချင်းဆို ကောင်းစေကာမူ သူတို့သည် ခြားနားသော ကမ္ဘာနှစ်ခုမှ မတူညီသည့် လူနှစ်ယောက် ဖြစ်ကြောင်း သူမသိ၏။

အကယ်၍ မိုဝူကျီတွင် ဝိညာဉ်ကြော ပါရှိပါက သူမသည် သူ့အား ကူညီရန် နည်းလမ်း စဉ်းစားလိမ့်မည်။ ကံဆိုးစွာ မိုဝူကျီတွင် သေမျိုး ဝိညာဉ်ကြောသာ ပါရှိ၏။ သူမ ဂိုဏ်းကို ဝင်ပြီးနောက်တွင် စတင်ကျင့်ကြံလျှင် သူတို့ကြားမှ အကွာအဝေးသည်လည်း ပို၍ပင် ကျယ်ပြန့် သွားလိမ့်မည်။

“အတိတ်ကို လက်လွှတ်လိုက်တာ အကောင်းဆုံးပဲ ... ငါ ကျင့်ကြံခြင်းမှာသာ အောင်မြင်ရင် ငါတို့ ထပ်တွေ့တဲ့အချိန်ကျ သူ့ကို ကံကောင်းမှု ပေးလို့ရတာပဲ ... သူဖြစ်ချင်နေတဲ့ မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်ဖြစ်လာအောင်လည်း ကူညီပေးလို့ ရပြီ ... ” ဝမ်မန်ကျူသည် တည်းခိုခန်းဆီ သွားရင်း တီးတိုး ရေရွတ်လိုက်သည်။ သူမသည် မိုဝူကျီအား အမှန်အကန် နှုတ်ဆက်စကား‌ ပြောရမည့် အကြောင်းပြချက်ကို တွေ့လေပြီ ...

***

All Chapters