← Chapters

အမျိုးသမီးကျွန်

Vol. 3 Ch. 34

အမျိုးသမီးကျွန်

Vol. 3 Ch. 34

လူအုပ်ကြီး လျော့နည်းလာသည်နှင့် အမျှ တင်းဘူအာက သက်ပြင်းချကာ မိုဝူကျီကို ပြောလိုက်၏။

“ဟူး ... နောက်ဆုံးတော့ မမလေးက နှစ်လွှာမီးမြက် အသည်းအသန် လိုချင်နေတဲ့ အကြောင်းရင်းကို နားလည်သွားပြီ ... သူမလဲ ဒါကို အသုံးချပြီး အင်မော်တယ်ကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာ နေမှာ ... မင်းသာ ကိုယ့်အတွက်ကို သိမ်းထားခဲ့ရင် အနည်းဆုံးတော့ ဂိုဏ်းကြီးတစ်ခုမှာ အစေခံ တပည့်သားအနေနဲ့ အခွင့်အရေး ရချင်ရမှာ ... ”

မိုဝူကျီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး တီးတိုး ပြောလိုက်လေသည်။

“ငါ့အတွက်ငါ သိမ်းထားပါတယ် ... ဒါပေမဲ့ နှစ်လွှာမီးမြက်က ကြည်လင်စက္ခု အသီးနဲ့ ယှဉ်လို့ မရဘူးကွ ... တကယ်လို့ ဒီလို အဆင့်နိမ့် ဝိညာဉ်ဆေးပင်နဲ့သာ အစေခံတပည့်သား လုပ်နိုင်ရင် အစေခံ တပည့်တွေ အများကြီး ဖြစ်နေမှာပေါ့ကွာ ... ”

တင်းဘူအာသည် ခေါင်းညိတ်လိုက်ပြီး

“ဒါလည်း ဟုတ်သား ... ”

“ငါက နံပါတ် ၁၇ကို လိုချင်တယ် ... ရွှေပြား နှစ်ဆယ် ပေးမယ် ... ”

“နံပါတ် ၁၇ ... ရွှေပြား ၂၃ ပြား ... ”

ကျယ်လောင်သော လေလံဆွဲသံသည် မိုဝူကျီနားထဲ ရောက်ရှိလာ၏။ သူသည် သိချင်စိတ်ဖြင့် လှမ်းကြည့်ကာ မေးလိုက်လေသည်။

“လေလံပွဲ ရှိတာလား ... ဘာတွေ ရောင်းချနေကြပါ့လိမ့် ... ”

တင်းဘူအာသည် ပြန်ဖြေလိုက်၏

“အဲဒီလိုတွေ မြင်ဖူးတယ် ... တကယ်တမ်းကျ သူတို့တွေက အမျိုးသမီးကျွန်တွေ ရောင်းချနေကြတာ ... ရောင်းချခံရတဲ့ အမျိုးသမီးတိုင်းက အရင် တစ်ယောက်ထက် ပိုပို လှပလာကြပြီး အားလုံးက အပျိုလေးတွေလို့ ကြားဖူးတယ် ... ဒီအဖွဲ့အစည်းက နွေဦးနတ်ဘုရားဂိတ် ညီလာခံကို လာတက်ရောက်တဲ့ ပါရမီရှင်တွေဆီ ရောင်းချတတ်ကြတယ် ... ”

မိုဝူကျီသည် နားမလည်စွာ ထပ်မေးလိုက်သည်။

“တက်ရောက်သူ တိုင်းက နောက်လိုက်‌ လေးယောက်ပဲ ခေါ်လို့ရတာ မဟုတ်ဘူးလား ... သူတို့က အမျိုးသမီး ကျွန်တွေကို သင်္ဘောပေါ် ဘယ်လို ခေါ်မလဲ ... ”

“ဒီမှာ မင်းမသိသေးတာတွေ အများကြီး ရှိသေးတယ် ... သင်္ဘော မထွက်ခွာခင် ငါတို့မှာ အချိန်ရှိသေးတယ် ... အဲဒါကြောင့် ဒီလူချမ်းသာ ကလေးတွေက ဒီရက်တွေ အတွင်းမှာ ပျော်စရာနှင့် အဖော် ရှာကြတယ်လေ ... မင်း ကြည့်ချင်သေးလား ... ” တင်းဘူအာသည် အားရပါးရ ရယ်မောကာ ပြောလိုက်သည်။

“ထားလိုက်ပါ ... ”

မိုဝူကျီသည် ခေါင်းယမ်းလိုက်သည်။ သူသည် အမျိုးသမီးများ ကုန်ကူးခြင်းကို အလွန်အမင်း သဘောမကျသော်လည်း သူ့တွင် ရပ်တန့်ရန် အင်အား မရှိချေ။ ဟိုကို သွား၍ မိမိဘာသာ စိတ်မကြည်လင်အောင် လုပ်မနေတော့ချေ။

“နံပါတ် ၁၇ ကို ရွှေပြား ၂၅ ပြားနဲ့ ဝယ်သူသွားတဲ့ အတွက် ဝမ်းသာပါတယ် ... အခု နံပါတ် ၂၆ကို ရောင်းပါ့မယ် ... အားလုံး မှတ်ထားကြပါ ... နံပါတ် ၂၆ က နံပါတ် ၁၇ထက် မဆိုးပါဘူး ... နံပါတ် ၁၇ ထက်တောင် ပိုချောပြီး ပိုလှပသေးပါတယ် ... ဒါပေမဲ့ နောက်ထပ် တစ်ချက်က သူမက တော်ဝင်မျိုးနွယ်ကပါ ... သူမက မြောက်ဘက်ပိုင်း ချင်မှ မိုမျိုးနွယ်စုက ဆင်းသက်လာတယ်လို့ ကြားထားတယ် ... ”

မိုဝူကျီသည် သူ့ခြေလှမ်းကို ရပ်လိုက်ပြီး လေလံပွဲကို လှမ်းကြည့်လိုက်ကာ သူလက်နှစ်ဖက်လုံးကို လက်သီးကျစ်ကျစ် ဆုပ်ထားမိ၏။

သူ့ဝိညာဉ်သည် မြောက်ဘက်ပိုင်း မိုမျိုးနွယ်စုမှ မဟုတ်သော်လည်း သူ့သွေးသည် ထိုမှ ဖြစ်၏။ ထို့ပြင် သူ့တွင် မိုဟူသော မျိုးရိုးနာမည် ရှိသည်။

တင်းဘူအာသည် ဘာမှ မပြောနိုင်ခင်ပင် မိုဝူကျီသည် ထိုလေလံပွဲ နေရာသို့ ကတိုက်ကရိုက် ထွက်သွားလေသည်။

တင်းဘူအာသည် မိုဝူကျီ၏ နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း သိ၏။ မိုဝူကျီ၏ ဒေါသထွက်နေသော မျက်နှာကို မြင်၍ သူသည် မိုဝူကျီသည် စိတ်လက်မာန်ပါ လုပ်မည်ကို စိုးရိမ်ကာ နောက်မှ အလောတကြီး ပြေးလိုက်သွားသည်။

“ဝူကျီ ... ဒါက မင်းဝင်ရှုပ်လို့ရတဲ့ နေရာ မဟုတ်ဘူးနော် ... ဒီမှာ ... ငါတို့ကို ပုရွက်ဆိတ်လေး သတ်သလို အလွယ်တကူ ခြေမွှနိုင်တယ် ... ” တင်းဘူအာသည် မိုဝူကျီလက်မောင်းအား ဆွဲကာ သတိပေးလိုက်သည်။

မိုဝူကျီသည် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ငါ ဘာလုပ်ရမယ်ဆိုတာ သိပါတယ် ... ”

“ရွှေပြား ၃၅ ပြား ... ” လူပုလေးနှင့် တူသည့် အမျိုးသားသည် အော်ပြောကာ လေလံဈေး မြင့်ပေးလိုက်၏။

“အိုဗျာ ... တော်ဝင်မျိုးနွယ်ရဲ့ အရသာ ဆိုတော့ အရသာရှိမှာ အသေချာပဲ ... ရွှေပြား ၄၀ ... ” နောက်ထပ် အသံသည်လည်း ထွက်ပေါ်လာလေသည်။

မိုဝူကျီသည် အမျိုးသမီးကျွန်ကို မြင်လိုက်ရသည်။ သူမမျက်လုံးတွင် ဒေါသရိပ်များ ဖုံးလွှမ်းနေပြီး ခြေချင်းဝတ်တွင် သံကြိုးများဖြင့် ချည်နှောင်ခံ ထားရသည်။ ဖက်တီး အရောင်းသမားသည် မှန်၏ ထိုမိန်းကလေးသည် လှပလှပေသည်။ သူမ၏ အစိမ်းရောင် ဝတ်စုံသည် သပ်ရပ်ကာ သန့်ရှင်းနေပြီး သူမကို ရွှေပြားအပိုဖြင့် ရောင်းချ၍ ရနိုင်သည်မှာ သေချာလှသည်။

“ရွှေပြား ၁၀၀ ... ” မိုဝူကျီသည် အေးစက်စွာ ပြောလိုက်၏။

သူနှလုံးသားသည် ဒေါသစိတ်ဖြင့် လောင်ကျွမ်းနေလေသည်။ သူသည် ဓားကို ဆွဲကာ ထိုဖက်တီးအား သတ်ပစ်ချင်၏။

သို့သော် သူ့ဆင်ခြင်တုံ တရားသည် သောင်းကျန်းခြင်းသည်ကား နတ်ဆိုးဖြစ်နေကြောင်း သတိပေးနေ၏။ သူသည် ပြဿနာကို ဖြေရှင်းရန် ရွှေပြားများ သုံးနိုင်သည်။ ထိုသို့မဟုတ်လျှင် သူသည် ထိုဖက်တီးထက် ဆိုးရွားစွာ သေဆုံးရလိမ့်မည်။ သူကယ်တင်ချင်သော မိန်းကလေးသည်လည်း ပို၍ပင် အခြေအနေ ဆိုးသွားနိုင်သည်။

ပွက်လောရိုက် နေသော လူထုကြီးသည် ချက်ချင်း ငြိမ်ကျသွားလေသည်။ လေလံပွဲ အစမှ စတင်၍ အမြင့်ဆုံးဈေးသည် ရာဂဏန်းအထိ မရောက်ခဲ့ဖူးချေ။ အရင်က ရွှေပြား ၃၅ ပြား၊ ပြား ၄၀ပင် အလွန်များနေပြီ ဖြစ်၏။ ဒီကောင်လေးသည် အမျိုးသမီးကျွန် အတွက် ရွှေပြား၁၀၀ သုံးရန် လက်ဖွာလွန်းလှ၏။ သူသည် ဒီဈေးနှုန်းဖြင့် တစ်ချိန်တည်းတွင် အစေခံအများကြီးကို ဝယ်ယူနိုင်၏။

မိုဝူကျီ၏ ရွှေပြား ၁၀၀ ပေးနှုန်းကြောင့် လူထုသည် တိတ်ဆိတ် သွားလေသည်။ သို့သော် ရုတ်တရက် တစ်ယောက်က ရွှေပြား ၁၀၁ ပြားအထိ ဈေးပေးလိုက်သည်။

“ဒီမိန်းကလေးက မဆိုးဘူးပဲ ... ဟုတ်ပြီ ရွှေပြား ၁၀၁ ပြား ပေးမယ် ... ”

ထိုဈေးနှုန်းသည် လူထုအား မီးနှင့် တို့လိုက်သကဲ့သို့ ဖြစ်၏။ လူထုကြီးသည် ချက်ချင်း သက်ဝင် လှုပ်ရှားလာပြီး အပြိုင်အဆိုင် ဈေးများ ခေါ်တော့သည်။

မိုဝူကျီသည် ထိုရွှေပြား ၁၀၁ပြား ပေးသည့် အမျိုးသားအား ကြည့်လိုက်၏။ သူသည် လက်ထဲတွင် စက္ကူယပ်တောင် ကိုင်ထားကာ ဆံပင်သည်လည်း သူ့ပုံရိပ် ပြန်မြင်နိုင်သည့် အထိ ဆီများလူးထား၏။ မိုဝူကျီသည် ထိုလူက အဘယ်ကြောင့် သူအား လိုက်ယှဉ်ပြိုင် နေခြင်းကို မသိပေ။

“ရွှေပြား ၁၀၀၀ ... ” မိုဝူကျီသည် ဈေးဆစ်ချင်သည့် စိတ်အခြေအနေ မဟုတ်ချေ။ သူသည် ခေါ်ဈေးအား တိုက်ရိုက် ဆယ်ဆ တိုးခေါ်လိုက်သည်။

ဖက်တီးသည် ရွှေပြား တစ်ထောင်ကို ကြားသည့်အခါ အလွန်အမင်း စိတ်လှုပ်ရှားလာကာ သူ့အဆီများဖြင့် တုန်ခါနေ၏။ ကျွန်ဆယ်ယောက်ပင် ထိုဈေးဖြင့် ရောင်းရမည် မဟုတ်။ ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲ နေနိုင်မည်နည်း ... သို့သော် သူသည် ယပ်တောင် ကိုင်ထားသော လူအား ကြည့်လိုက်၏။ သူသည် သူတို့နှစ်ယောက်အား ယှဉ်ပြိုင်စေခြင်းမှ ရွှေပြား အများများ ဝင်ချင်၏။

လူထုကြီးသည် ပို၍ ပို၍ပင် စိတ်လှုပ်ရှား လာကြသည်။ အမျိုးသမီးကျွန် တစ်ယောက်ကို ရွှေပြားတစ်ထောင်ဖြင့် ရောင်းထွက်သည်က အလွန် အံ့အားသင့်စရာ ကောင်းလှသည်။

“ဒီကောင်စုတ်က ငါ့မိန်းကလေးကို လုဖို့ သတ္တိရှိတာပဲ ... ရွှေပြား ၁၀၀၁ ပြား ... မင်း ထပ်ဈေးမြင့်ရဲသေးလားဆိုတာ ကြည့်ရအောင်” ယပ်တောင်နှင့် အမျိုးသားသည် မိုဝူကျီအား စူးစူးစိုက်စိုက် ကြည့်နေလေသည်။

မိုဝူကျီသည် ထိုလူ၏ စကားများကို မကြားသကဲ့သို့ တိုက်ရိုက် ဈေးပေးလိုက်သည်။

“ရွှေပြား ၁၀၀၁ ပြားနဲ့ ‌ကြေး တစ်ပြား ... ”

“မင်း ... ” ထိုလူသည် သူ့ယပ်တောင်အား မိုဝူကျီအား ချိန်ထားရင်း ဒေါသထွက်စွာ ပြောလိုက်သည်။ မိုဝူကျီ၏ လက်ရှိ ခေါ်ဈေးသည် သူ့အား ပါးရိုက်သလို ဖြစ်နေ၏။

မိုဝူကျီသည် သူ့ခြိမ်းခြောက်မှု အောက်တွင် ပါးစပ် မပိတ်ရုံသည်မက သူသည် ကြေးပြား တစ်ပြား တိုးပေး လိုက်သေး၏။

ထိုသည်က ရိုးရိုးတန်းတန်း ပါးရိုက်ခြင်း မဟုတ်ပေ။ သံလက်အိတ်ဖြင့် အချက်များစွာ ရိုက်နှက် သကဲ့သို့ ဖြစ်လေ၏။

မိုဝူကျီ ကြေးတစ်ပြား ထပ်တိုးပေးသည်ကို ကြားသောအခါ ဖက်တီး၏ အဆီမျက်နှာသည်လည်း တွန့်ချိုး သွားလေသည်။ သူသည် ယပ်တောင်နှင့် အမျိုးသားအား ကြည့်လိုက်၏။ သူသည် ထိုအမျိုးသားက ဒေါသထွက်ပြီး ဈေးတိုးခေါ်ရန် မျှော်လင့်နေလေသည်။

ကံဆိုးစွာပင် သူ့ဒေါသသည် မိုဝူကျီအား ယပ်တောင်နှင့် ချိန်ရွယ်ခြင်းနှင့်သာ အဆုံးသတ်သွားကာ ဈေးထပ် မခေါ်တော့ချေ။ ဖက်တီးသည် ၃ထိ ရေတွက်လိုက်သည့် အခါတွင်လည်း ယပ်တောင်နှင့် အမျိုးသားသည် ဘာမှမဆိုဘဲ မိုဝူကျီအား ကြမ်းကြုတ်စွာ ကြည့်နေဆဲ ဖြစ်၏။

“ဒီက မိတ်ဆွေ အတွက် ဝမ်းသာပါတယ် ... ဒီမြောက်ဘက်ပိုင်း ချင်အမျိုးသမီးကျွန်ကို ရွှေပြား ၁၀၀၁ ပြားနဲ့ ကြေးတစ်ပြားနဲ့ ဝယ်ယူလိုက်ပါပြီ ... ”

“ငါ ဈေးထပ် မခေါ်တော့ဘူးလို့ ဘယ်သူက ပြောလဲ ... ဒီက မင်းအဖေ ရွှေပြား ၂၀၀၀ ပေးမယ် ... ” ယပ်တောင်နှင့် အမျိုးသားသည် ဖက်တီးအား ကြည့်ကာ အော်ပြောလိုက်လေသည်။

***

All Chapters