အပိုင်း(၄၁၁)
Vol. 28 Ch. 411
“အား..အား..ငါ့ကိုသတ်ပါ..
ငါ့ကိုသတ်လိုက်ပါ..အား…”
ရှစ်ဖုန့်၏ လက်အတွင်းတွင်
ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်က မကြုံစဖူး နာကျင်မှုတစ်ခုဖြင့် ကျယ်လောင်စွာအော်ဟစ်နေသည်။
သူမ၏ စူးစူးဝါးဝါးဝါး အောက်ဟစ်သံမှာ အာဃာတစိတ်ဝိညာဉ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။
သူမ၏စကားလုံးများမှ တစ်ဆင့် မီးတောက်များဖြင့်လောင်ကျွမ်းခြင်း
ကိုခံနေရသည့်သူမဝိညာဉ်၏ခံစား
ချက်အားခံစားမိနိုင်သည်ဖြစ်သည်။ ဤကဲ့သို့သောညှင်းပန်းနှိပ်စက်ခြင်းမျိုးက သေသည်ထက်ပင်ပိုမို၍ ဆိုးရွားလေသည်။
“ပြောစမ်း..”
ရှစ်ဖုန့်က ထပ်မံ၍အေးစက်စွာ
အော်ပြောလိုက်သည်။
“အား..ငါ့ကိုသတ်လိုက်ပါ..အား.ရှစ်ဖုန့် ..လူယုတ်မာကောင်…ကောင်းပြီ.
ငါနင့်ကိုပြောပြမယ်.. အဲ့ခွေးမ
ယွဲ့ဝူရှန့်က တကယ်ကြီး သေခြင်းတားမြစ်နယ်မြေထဲမှာရှိတယ်.. ဒါပေမဲ့.. သူကလောလောဆယ်ရှေးဟောင်း
အစီအရင်တစ်ခုထဲမှာ ပိတ်မိနေတယ်… သူသေသွားပြီလဲဖြစ်ကောင်းဖြစ်နိုင်တယ်..”
မီးတောက်များက သူမ၏ ဝိညာဉ်အား လောင်ကျွမ်းနေသည်။ဤကဲ့သို့သေ
သည်ထက်ဆိုးရွားလှသော ညှင်းပန်းနှိပ်စက်မှုအောက်တွင် နောက်ဆုံး၌ ဖျောင်ရွှယ်ယွဲ့စကားပြောလာသည်။
“သေခြင်းချောက်နက်လား…သေခြင်းတားမြစ်နယ်မြေထဲမှာဘာတည်ရှိမှုတွေရှိနေတာလဲ…
လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာတုံးက အဲ့ထဲကိုဝင်သွားခဲ့တဲ့ကျင့်ကြံသူတွေ
ကဘာလို့ပြန်ထွက်မလာနိုင်ကြတာလဲ…နင်ကဘာလို့အဲ့ထဲမှာမသေတာလဲ…နင်ဘယ်လိုမျိုးပြန်ထွက်လာတာလဲ.. အဲ့မှာ အခြားအသက်ရှင်နေတဲ့လူ
တွေရှိသေးလား”
ရှစ်ဖုန့်က ထပ်မံ၍ မေးလိုက်သည်။
ချီလင်ဘုရင်မှာ ဆန်းကြယ်သောဝိညာဉ်စွမ်းအားအား တစ်ခါမှကျင့်ကြံဖူးခြင်းမရှိပေ။ ရှစ်ဖုန့်၏လက်ဖဝါးအတွင်းရှိ ဝိညာဉ်အားသူမမြင်တွေ့ရကာ ဖျောင်ရွှယ်ယွဲ့၏ စူးစူးဝါးဝါးအော်သံတို့အားသူမကြား\နိုင်သော်လည်း ရှစ်ဖုန့်၏ စကားများမှတစ်ဆင့် သေခြင်းတားမြစ်နယ်မြေ၏လျှို့ဝှက်
ချက်ာအး ရှာတွေ့နိုင်ရန်အတွက် သွေးနီရောင်မီးတောက်ကိုအသုံးပြု၍ ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်အား မီးရှို့နေခြင်းဖြစ်သည်ကိုသူသိသည်ဖြစ်သည်။
သူ့အနေဖြင့်ဖျောင်ရွှယ်ယွဲ့၏အသံအား
ကြားနိုင်ခြင်းမရှိသည်ကိုချီလင်ဘုရင်
သိသော်လည်း အလိုအလျောက်နားစွင့်ကာနား
ထောင်နေပြီး သူမထံမှစကားလုံးအချို့အားကြား
ရရန်မျှော်လင့််နေသည်။ ဤအချင်းအရာအားချီလင်ဘုရင်
သဘောပေါက်မိသောအခါတွင် ခါးသက်စွာပြုံး၍သူ၏ခေါင်းအားခါယမ်းလိုက်သည်။ သူ့အနေဖြင့် ဝိညာဉ်စွမ်းအားအားတစ်ခါမျှ
ကျင့်ကြံဖူးခြင်းမရှိပေ။ထို့ကြောင့် ဝိညာဉ်တစ်ခု၏အသံအား သူမည်ကဲ့သို့ကြားနိုင်ပါမည်နည်း။
သေခြင်းတားမြစ်နယ်မြေနှင့်ပက်သက်၍ ရှစ်ဖုန့်အားနောက်ပိုင်းမှမေးမြန်း
ရန်ကိုသာစောင့်ရမည်ဖြစ်သည်။
“သေခြင်းတားမြစ်နယ်မြေ….
နင်တို့လိုသေခြင်းတားမြစ်နယ်မြေထဲ
ကိုတစ်ခါမှမဝင်ဖူးတဲ့သူတွေက အဲ့တာကဘယ်လောက်ကြောက်ဖို့
ကောင်းတယ်ဆိုတာကိုနင်တို့တွေ
သိကြမှာမဟုတ်ဖူး.. မသိလိုက်ပဲနဲ့ အန္တရာယ်ကတိတ်တဆိတ်နင့်တို့နားကို ရောက်လာတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်.. ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ နင်တို့နားကလူတွေ ရုတ်တရက်သေသွားကြတာကိုနင်တို့မြင်တွေ့ရပေမဲ့ ဘာလို့သူတို့သေသွားလဲဆိုတာကို
နင်တို့သိကြရမှဦမဟုတ်ဖူး”
“သေခြင်းတားမြစ်နယ်မြေထဲကို
ဝင်ပြီးတဲ့နောက်မှာ မှောက်မိုက်မှုန်ဝါးမှုနဲ့အေးစက်တဲ့
ပတ်ဝန်းကျင်ကလွဲပြီး အခြားဘာသက်ရှိကိုမှ ငါတို့တွေမမြင်တွေ့နိုင်ဘူး… ဒါပေမဲ့ ငါနဲ့အတူသေခြင်းတားမြစ်နယ်မြေထဲ
ကိုဝင်ခဲ့တဲ့သူတွေနဲ့ နင့်ရဲ့ အညတရတပည် ယွဲ့ဝူရှန့်အားလုံးတို့က နားလည်ရခက်စွာနဲ့ပဲသေသွားခဲ့ကြတာ”
“ဖျောင်ရွှယ်ယွဲ့၏ဝိညာဉ် ရှင်းရှင်းလင်းလင်းစကားပြောနိုင်ရန်အတွက် သူမ၏ဝိညာဉ်အားမီးနှင့်ရှို့နေမှု
ကိုရှစ်ဖုန့်ရပ်တန့်ခဲ့သည်။ မီးတောက်များနှင့်သူမဝိညာဉ်အား
သေသည်ထက်ဆိုးသော နာကျင်မှုဝေဒနာကိုခံစားစေပြီး
နောက်သူမစကားမပြောမည်ကို
ရှစ်ဖုန့်ကြောက်ရွံ့ခြင်းမရှိပေ။
“ဘာလို့နင်နဲ့ ဝူရှန့်တို့ကရှင်ကျန်ခဲ့ပြီး ကျန်တဲ့သူတွေကသေသွားရတာလဲ..
နင်တို့ဘာနည်းလမ်းကိုအသုံးပြုခဲ့ကြတာလဲ”
ရှစ်ဖုန့်ကထပ်မံ၍မေးလိုက်သည်။
သို့သော် ဖျောင်ရွှယ်ယွဲ့အဆိုအရ ထျန်းရှဲ့အဓိပဓိနှင့််ဆက်ဆက်နေသော ခြွင်းချက်တစ်ခုရှိနေသည်။ သိပ်မကြာခင်က ထျန်းရှဲ့အဓိပဓိနှင့်သူ၏နောက်လိုက်များက သေခြင်းတားမြစ်နယ်မြေအတွင်း
သို့ဝင်ရောက်ခဲ့ကြပြီး သူတို့အား ဆန်းကြယ်သောသက်ရှိတစ်ကောင်
၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။
အဆုံးသတ်တွင် ထျန်းရှဲ့အဓိပဓိမှာ ချောက်နက်အတွင်းအား ဆရာဖြစ်သူ၏ တွန်းထုတ်မှုကိုခံရပြီး အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
အချိန်များကျော်လွန်ကုန်ဆုံးပြီးနောက် ဆန်းကြယ်သက်ရှိက သေခြင်းတားမြစ်နယ်မြေအတွင်း ရှိမနေတော့ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
သို့မဟုတ် ထိုသက်ရှိသတ္တဝါ၌ တိတ်တဆိတ်သတ်ဖြတ်နိုင်သောစွမ်း
အားရှိနေခြင်းလည်းဖြစ်နေနိုင်သည်။
ယွဲ့ဝူရှန့်က လွန်ခဲ့သောနှစ်ဝက်က သူနှင့်အတူ နတ်ဆိုးသားရဲတောင်တန်းတွင်ခရီး
ထွက်ခဲ့သည်။ ယင်းမှာ ယွဲ့ဝူရှန့်နှင့် ဖျောင်ရွှယ်ယွဲ့တို့က ကျန်နှစ်ဝက်အတွင်း သေခြင်းတားမြစ်နယ်မြေအတွင်း
ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုလိုခြင်း
ဖြစ်သည်။အချိန်ကာလအရ သူတို့နှင့်ထျန်းရှဲ့အဓိပဓိကြားထဲတွင် ဆယ်စုနှင့်အချို့ကွာခြားမှုရှိသည်ဖြစ်သည်။
ဆယ်စုနှစ်အချိုက ကိစ္စအများအပြားအားဖြစ်ပျက်ရန်အ
တွက်လုံလောက်မှုရှိသည်ဖြစ်သည်။
“ငွေကျောက်တုံး…ယွဲ့ဝူရှန့်နဲ့ငါ သေခြင်းတားမြစ်နယ်မြေထဲကိုအ
ရင်ဆုံးမဝင်ခင် ငွေကျောက်တုံးတစ်ခုစီရခဲ့ကြတယ်…
အဲ့တာကြောင့် ငါတို့ဝင်ပြီးတဲ့နောက်မှာ အဲ့လူတွေအားလုံးက ဆန်းကြယ်စွာသေဆုံးသွားကြပေမဲ့… ငါတို့ကတော့အဆင်ပြေခဲ့ကြတယ်…အဲ့တာက ငွေကျောက်တုံးကိုငါတို့နဲ့အတူသယ်ဆောင်လာတာကြောင့်ဖြစ်တယ်လို့ငါတို့ယူဆခဲ့တယ်”
ဖျောင်ရွှယ်ယွဲ့ကပြောလိုက်သည်။
“ငွေကျောက်တုံးလား..အခုအဲ့ငွေကျောက်တုံး
ကဘယ်နေရာမှာလဲ..”
ဖျောင်ရွှယ်ယွဲ့၏စကားအားကြားပြီး
သည့်နောက်ရှစ်ဖုန့်က သူမ၏သိုလှောင်လက်စွပ်အားစစ်ဆေးရန် သူ့၏စိတ်စွမ်းအားကိုအသုံးပြုခဲ့သည်။ သူ့အနေဖြင့်ဘာငွေကျောက်တုံးကိုမှ မမြင်တွေ့မိပေ။ ထို့ကြောင့်သူက အေးစက်စွာမေးလိုက်သည်။
“အဲ့တာယွဲ့ဝူရှန့်ပဲ… အဲ့ခွေးမယွဲ့ဝူရှန့်.. ..နောက်ပိုင်းကျ ငွေကျောက်တုံးတွေကိုငါ့တို့ခန္ဓာကိုယ်နဲ့
အတူတူသယ်ဆောင်လာတဲ့အခါ အဲ့တာက ငါတို့လက်ထဲမှာတဖြည်းဖြည်းသေး
သေးလာတာကိုငါတို့တွေ့ခဲ့ရတယ်… အဲ့နောက် အဲ့ခွေးမယွဲ့ဝူရှန့်က ငါအာရုံစိုက်မှုမရှိခင်မှာ ငါ့ကိုချောင်းတိုက်ပြီးတော့ ငါ့လက်ထဲက ငွေကျောက်တုံးကိုခိုးယူသွားတယ်”
ဖျောင်ရွှယ်ယွဲ့က မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဝူရှန့်ရဲ့စွမ်းအားနဲ့လား.. သူကနင့်ကိုချောင်းတိုက်နိုင်ပြီးတော့ နင့်လက်ထဲကငွေကျောက်တုံးကို
တောင်ဖြတ်လုနိုင်တယ်လား”
ဖျောင်ရွှယ်ယွဲ့၏ စကားတို့အားကြားပြီးသည့်နောက် ရှစ်ဖုန့်အနည်းငယ်အံ့အားသင့်သွားသည်။ လွန်ခဲ့သောနှစ်ဝက်ခန့်က ယွဲ့ဝူရှန့်၏ ကျင့်ကြံမှုအဆင့်မှာဆရာသခင်
နယ်ပယ်တွင်သာရှိသေးသည်ဖြစ်သည်။ သူမ၏ဝိညာဉ်စွမ်းအားသည်သာလျှင် အဆင့်လေးဘုရင်အဆင့်၌ရှိနေခြင်ဖြစ်၏။
နှစ်ဝက်လေးအတွင်းသူမအရမ်းတိုး
တက်မှုနှုန်းမြန်နေသည်လော။
“ဟမ့်”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်နောက် ဖျောင်ရွှယ်ယွဲ့၏ ဝိညာဉ်မှာ အတိတ်ကတစ်စုံတစ်ခုအား အမှန်ရသွားပုံပေါ်သည်။ သူမကဒေါသတကြီးနှာမှုတ်လိုက်သည်။
“နင်အဲ့ခွေးမ ယွဲ့ဝူရှန့်ကို နားလည်မှုအများကြီးလွဲနေပြီ… သူနဲ့အတူသေခြင်းတားမြစ်နယ်မြေထဲကို ဝင်ခဲ့ကြတဲ့သူတိုင်းက သူကျင့်ကြံထားတဲ့ အဆိပ်ပညာရပ်ကြောင့်သူ့ကိုတော်
တော်လေးသတိထားကြတယ်”
“ဟမ့်…သူငါ့ရဲ့ငွေကျောက်တုံးကိုခိုးသွားပေမဲ့… ငါကလည်းလခြမ်းကွေးဓားနဲ့ငါ့ရဲ့စွမ်း
အားအပြည့်တိုက်ခိုက်မှုကိုသုံးပြီး သူ့ကိုရှေးဟောင်းအစီအရင်ထဲကိုအ
တင်းအကျပ်ပို့ခဲ့တယ်…အခုဆို အဲ့ခွေးမဝိညာဉ်ကမရှိလောက်တော့ဘူး”
“ဝူရှန့်က အဆိပ် ပညာရပ်ကိုကျင့်ကြံတယ်တဲ့လား…
သူကနင့်ရဲ့စွမ်းမားကိုတောင်ခုခံနိုင်တယ်လား”
ရှစ်ဖုန့်မှာ ဖျောင်ရွှယ်ယွဲ့ထံမှ နောက်ထပ်တုန်လှုပ်စရာ သတင်းတစ်ခုကိုလက်ခံရရှိလိုက်သည်။
စွမ်းအားအတွက် ပိုသန်မာလာရန်အတွက် လက်စားချေရန်အတွက် အလို့ငှာ သူမကတကယ်ကို အဆိပ်ပညာရပ်အားကျင့်ကြံခဲ့သည်။
ထို့အပြင် အဆိပ်ပညာရပ်၏တိုးတက်နှုန်းက အရမ်းကိုမြန်ဆန်းနေခဲ့သည်။
ထို့အပြင် ဖျောင်ရွှယ်ယွဲ့၏ ငွေကျောက်တုံးမှာ ယွဲ့ဝူရှန့်၏ခိုးယူခြင်းခံခဲ့ရသည်။ ငွေကျောက်တုံးမရှိသူများ ကတိတ်တဆိတ်သေသွားရသည်အား
တွေးမိသောအခါတွင် ဖျောင်ရွှယ်ယွဲ့တစ်ယောက် ချက်ချင်းပဲ သေခြင်းတားမြစ်နယ်မြေအတွင်းမှ ပြန်လည်ဆုတ်ခွာခဲ့သည်။ယင်း
မှာငွေကျောက်တုံး၏ ဆန်းကြယ်သောစွမ်းအားက သူမကိုယ်အတွင်းကျန်နေသေးသော
ကြောင့်လည်းဖြစ်နိုင်သည်။သူမကံကောင်းခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်တွင်သူမ သေခြင်းတားမြစ်နယ်မြေအတွင်းမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။
ထို့နောက်ဖျောင်ရွှယ်ယွဲ့၏ဝိညာဉ်အား ဆုပ်ကိုင်ထားသော ရှစ်ဖုန့်၏ညာလက်တွင် သွေးနီရောင်အလင်းတစ်ခု ဖျက်ခနဲလင်းလက်သွားပြီး သူမ၏ဝိညာဉ်အားသွေးကျောက်ပြား
နေရာလွတ်အတွင်းထည့်ထားလိုက်သည်။ သူ့အနေဖြင့်သေခြင်းတားမြစ်နယ်မြေ၏ သတင်းအချက်အလက်တို့အား
လက်ခံရရှိခဲ့သော်လည်း သူတို့အနေဖြင့် သေခြင်းတားမြစ်နယ်မြေအတွင်း
မဝင်ရောက်ရသေးပေ။ သူတို့တကယ်သေခြင်းတားမြစ်
နယ်မြေအတွင်းသို့ဝင်ရောက်သောအခါတွင် အထဲရှိအစစ်အမှန်အခြေအနေနှင့်ပေါင်းစပ်ပြီး သူ့အနေဖြင့်သူမအား အတင်းအကျပ် အသုံးဝင်သောအချက်အလက်များကို ပြောခိုင်းနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ရှစ်ဖုန့် သေခြင်းတားမြစ်နယ်မြေအတွင်း
ဝင်ရောက်သောအခါတွင် သူမအား ယွဲ့ဝူရှန့်ပိတ်မိနေသော ရှေးဟောင်းအစီရင်ရှိရာသို့လမ်း
ပြခိုင်းရန်လိုအပ်သေးသည်ဖြစ်သည်။
ဤအချက်ကြောင့် ရှစ်ဖုန့်အနေဖြင့် သေခြင်းတားမြစ်နယ်မြေအတွင်း ဘာပဲဖြစ်ဖြစ်ဝင်ရောက်ရမည်ဖြစ်သည်။ ဟုန်ယွဲ့အား ကယ်တင်နိုင်ရန်အတွက် ထျန်းရှဲ့အဓိပဓိပြောခဲ့သော သေခြင်းတားမြစ်နယ်မြေအတွင်း
မှနတ်ဘုရားဆေးပင်အားရှာဖွေရမည်ဖြစ်ပြီး ရှေးဟောင်းအစီအရင်အတွင်း
ပိတ်မိနေသော ယွဲ့ဝူရှန့်အားကယ်တင်ရန်အတွက်လည်း ရှစ်ဖုန့်အနေဖြင့် သေခြင်းတားမြစ်နယ်မြေအတွင်း
ဝင်ရောက်ရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်၏ ဘယ်လက်က ပြင်းထန်စွာတုန်ခါသွားသည်။မူလ
ကသူ၏လက်အတွင်းတုန်ခါနေသောလခြမ်းကွေးဓားမှာ ဖျောင်ရွှယ်ယွဲ့သေဆုံးပြီးနောက်
တုန်ခါမှုတို့ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်ကြောင့်လုပ်ခါသွားပြီးနောက် လျှင်မြန်စွာငြိမ်ကျသွားခဲ့သည်။
ထို့နောက်ချက်ချင်း ရှစ်ဖုန့်က သူ၏ညာလက်ဖြင့် ဆီးလ်တစ်ခုပြု
လုပ်လိုက်ပြီး လခြမ်းကွေးဓားအတွင်းကန့်သတ်
မှုတစ်ခုထည့်သွင်းလိုက်သည်။ လခြမ်းကွေးဓားပေါ်တွင် အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်။ မကြာခင်တွင် လခြမ်းကွေးဓား၌ သေခြင်းတားမြစ်နယ်မြေအတွင်းမှ နှင်းဖြူရောင်အခိုးအငွေ့တို့ဖြစ်ပေါ်လာသည်။ ၎င်းကရှစ်ဖုန့်၏ အရာများဖြစ်လာ၏။
ဆက်ရန်..
ဘာသာပြန်သူ-ARISE