← Chapters

အပိုင်း(၄၁၂)

Vol. 28 Ch. 412

အပိုင်း(၄၁၂)

Vol. 28 Ch. 412

အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့သော ချီလင်ဘုရင်မှာ ရှစ်ဖုန့်က လခြမ်း

ကွေးဓားအား သူ၏သိုလှောင်လက်စွပ်အတွင်း

ထည့်လိုက်သည်ကိုတွေ့လိုက်ရပြီး

မေးလိုက်သည်။

“ဘယ်လိုလဲ သခင်လေးဖုန့်..”

“ခင်ဗျားလဲ သေခြင်းတားမြစ်နယ်မြေထဲကိုသွား

မလို့လား.”

ရှစ်ဖုန့်က ချီလင်ဘုရင်အား ကြည့်လိုက်ပြီးမေးလိုက်သည်။

“ဟုတ်ပါတယ်..အဲ့တာက ကျုပ်ရဲ့ရည်ရွယ်ချက်ပဲ.. အကယ်၍ အဆင်ပြေမယ်ဆိုရင်  သခင်လေးဖုန့်  ဖျောင်ရွှယ်ယွဲ့ဆီကနေ သခင်လေး

ကြားခဲ့ရတဲ့ သေခြင်းတားမြစ်နယ်မြေနဲ့ပက်

သက်တဲ့လျှို့ဝှက်ချက်တွေကို ကျုပ်ကိုပြောပြပေးပါ..”

ချီလင်ဘုရင်ကပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီးနောက် ချီလင်ဘုရင်အား ဖျောင်ရွှယ်ယွဲ့ပြောခဲ့သော ငွေကျောက်တုံးအကြောင်းနှင့်  အကြောင်းပြချက်မရှိဆန်းကြယ်စွာ

သေဆုံးသွားခဲ့ကြသောကျင့်ကြံသူများ

အကြောင်းကိုပြောပြလိုက်သည်။

ဤအရာအားကြားပြီးသည့်နောက်ချီလင်ဘုရင်ကမျက်မှောင်ကြုတ်လိုက်ပြီး အသံတိုးတိုးဖြင်ပြောလိုက်သည်။

“သေခြင်းတားမြစ်နယ်မြေထဲကိုဝင်ခဲ့ကြတဲ့သူတွေက ဆန်းကြယ်စွာနဲ့သေသွားကြတာလား.. ပြီးတော့ အဲ့လိုငွေကျောက်တုံးအမျိုးအစားက အဲ့မှာသေခြင်းတရားကိုတားဆီးနိုင်တယ်ပေါ့..အဲ့တာကဘာများလဲ.. အဲငွေကျောက်တုံကဘယ်လိုအရာများပါလိမ့်”

ထို့နောက် ချီလင်ဘုရင်မှာ အတွေးနက်သွားသည်။

ထို့နောက်ချီလင်ဘုရင်အားရှစ်ဖုန့်က

ပြောလိုက်သည်။

“ဒါပေမဲ့ ထျန်းရှဲ့ဂိုဏ်းက ထျန်းရှဲအဓိပဓိကို ဒီသခင်လေးသတ်လိုက်တုံးက  သူကလည်းသေခြင်းတားမြစ်နယ်မြေထဲဝင်ခဲ့တယ်ဆိုတာကိုသိခဲ့ရတယ်…သူတို့တွေအဲ့မှာ ဆန်းကြယ်သက်ရှိကို ကြုံခဲ့ရပေမဲ့ အဲ့တာဘာလဲဆိုတာကိုထျန်းရှဲ့အဓိပဓိ မတွေ့ခဲ့ရဘူး…ကံကောင်းစွာနဲ့ သူက သေခြင်းတားမြစ်နယ်မြေထဲကနေ အရိုက်ခံရပြီးတော့ထွက်လာခဲ့တယ်”

“ဘာ …သခင်လေးဖုန့် ထျန်းရှဲ့ မိစ္ဆာကောင်ကိုသတ်ခဲ့တာလား..

ရှစ်ဖုန့်ကထျန်းရှဲ့အဓိပဓိအား သတ်ခဲ့သည်ကိုကြားလိုက်ရသောအ

ခါတွင်ချီလင်ဘုရင်တုန်လှုပ်အံ့အား

သင့်သွားခဲ့သည်။ပင်ကိုယ်အားဖြင့် ထျန်းရှဲ့ဂိုဏ်းမှ ထျန်းရှဲ့အဓိပဓိအားသူသိသည်ဖြစ်သည်။ သို့သော်ချီလင်ဘုရင်မှာတုန်လှုပ်မိ

သည်ဖြစ်သည်။ ယင်းမှာ ဤမွန်းစတား က ထျန်းရှဲ့အဓိပဓိအားသတ်နိုင်ခဲ့ခြင်း

ကြောင့်တော့မဟုတ်ပေ။

ထို့နောက်ချီလင်ဘုရင် ထပ်မံ၍ အတွေးနက်သွားပြန်သည်။ဖျောင်ရွှယ်ယွဲ့အပြင်  ထျန်းရှဲ့အဓိပဓိကလည်း သေခြင်းတားမြစ်နယ်မြေအတွင်းသို့ဝင်ရောက်ခဲ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

“လွန်ခဲ့တဲ့နှစ်များစွာတုံးက ထျန်းရှဲ့ မိစ္ဆာကောင်တွေ့ခဲ့တဲ့မွန်းစတားက  သေသွားပြီဖြစ်ရမယ် ဒါမှမဟုတ်. အဲ့တာသေခြင်းတားမြစ်နယ်မြေထဲ

ကနေထွက်သွားတာ..မဟုတ်ရင် နက်နက်ရှိုင်းရှိုင်းအိပ်မောကျနေတာမျိုး ဖြစ်မယ်..မဟုတ်လည်း အဲ့တာက ပိုစွမ်းအားကြီးလားပြီးတော့  သက်ရှိအားလုံးကိုတိတ်တဆိတ်

သတ်ပစ်နိုင်တဲ့ ဆန်းကြယ်စွမ်းအားမျိုးရှိတာပဲဖြစ်မယ်”

ချီလင်ဘုရင်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။  သူကသူ့ကိုယ်သူပြောနေပုံရပြီး တစ်ချိန်တည်းတွင်ရှစ်ဖုန့်အား

လည်းပြောနေပုံရသည်။

သို့သော်ချီလင်ဘုရင်၏ခန့်မှန်းချက်က ရှစ်ဖုန့်နှင့်ဆင်တူသည်ဖြစ်သည်။

သို့သော် ဤခန့်မှန်းချက်များက

အသုံးမဝင်ပေ။ အကယ်၍သူတို့သာ   သေခြင်းတားမြစ်နယ်မြေအတင်း

တကယ်ဝင်ရောက်ခဲ့လျှင်  ထိုဆန်းကြယ်သတ္တဝါသာ ပေါ်လာသည်နှင့်  သူတို့အန္တရာယ်ကျရောက်လိမ့်မည်ဖြစ်သည်။

ဤကယ်၍ထိုသတ္တဝါမပေါ်လာလျှင်ပင် သူတို့အန္တရာယ်ရှိနေအုံမည်ဖြစ်သည်။

သို့သော် ယင်းမှာသေခြင်း

တားမြစ်နယ်မြေဖြစ်သည်။ အကယ်တစ်ယောက်သာရှင်သန်နိုင်ခဲ့လျှင် အခွင်အလမ်းများကလည်း ရရှိနေသည်ဖြစ်သည်။ ဖျောင်ရွှယ်ယွဲ့နှင့်ထျန်းရှဲ့အဓိပဓိတို့နှစ်ဦးလုံး ဆန်းကြယ်ပြီးစွမ်းအားကြီးမားသော  ရွှမ်းလက်နက်တို့အား သေခြင်းတားမြစ်နယ်မြေအ

တွင်းမှရရှိခဲ့ကြသည်။

ထျန်းရှဲ့အဓိပဓိမှာ ဆန်းကြယ်အမှောင်နတ်ဘုရားလွန်းဖြင့် ရှစ်ဖုန့်အားသတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။ အကယ်၍ဖျောင်ရွှယ်ယွဲ့သာ သေခြင်းတားမြစ််နယ်မြေအတွင်းမှ စောစီးစွာထွက်လာခဲ့လျှင်

လခြမ်းကွေးဓားဖြင့် ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏  စွမ်းအားအပြည့်တိုက်ချက်တစ်ခုအား  ရှစ်ဖုန့်တောင့်ခံရပ်တည်နိုင်စွမ်း

ပင်ရှိလိမ့်မည်မဟုတ်ပေ။

သို့မဟုတ်  အကယ်၍  အမှောင်နတ်ဘုရားလွန်းနှင့်  လခြမ်းကွေးဓားတို့သာပေါင်းစပ်နိုင်ခဲ့လျှင်   ရှစ်ဖုန့်၏ရွှမ်းလက်နက်မှာ

ဖိနှိပ်ခြင်းကိုခံရပြီး  ၎င်းအားအသုံးပြုနိုင်စွမ်းရှိလိမ့်

မည်မဟုတ်ပေ။ ထို့နောက်  လခြမ်းကွေးဓား၏တိုက်ခိုက်မှုအား သူ့အနေဖြင့်  ခုခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။

သို့သော် လက်တွေ့ဆိုသည်က လက်တွေ့ပင်ဖြစ်သည်။  အကယ်၍များဆိုသည်နှင့်ဖြစ်နိုင်

ချေများဆိုသည်က ရှိမနေပေ။ ရှစ်ဖုန့်၏အသက်အားလိုချင်ခဲ့ကြ

သည့်ထိုလူများအားလုံးမှာ တစ်ယောက်ပြီးတစ်ယောက်  သေသွားခဲ့ကြရသည်။ သို့သော် ရှစ်ဖုန့်ကတော့ကောင်းမွန်စွာရှင်ကျန်နေပြီး   အသက်ရှင်လျက်ဖြင့် ပို၍ပို၍ပင်သန်မာလာခဲ့သည်။

ထို့နောက်ရှစ်ဖုန့်မှာလေထဲ၌အ

တွေးနက်နေသော ချီလင်ဘုရင်အား

ထပ်မံ၍ အာရုံမစိုက်တော့ဘဲ  တော်ဝင်နန်းတော်ထံသို့ပျံသန်း

ဆင်းသက်လိုက်သည်။

“အရှင်စစ်နတ်ဘုရားကို  ပြန်လည်ကြိုဆိုပါတယ်”

“အရှင်စစ်နတ်ဘုရားကို  ပြန်လည်ကြိုဆိုပါတယ်”

“အရှင်စစ်နတ်ဘုရားကို  ပြန်လည်ကြိုဆိုပါတယ်”

ရှစ်ဖုန့်၏ပုံရိပ်ဆင်းသက်လာ

သည်အားတွေ့လိုက်ရသောအခါတွင်  နန်းမျှော်စင်ထက်ရှိ များစွာသောမှူးမတ်ဝန်ကြီးများ

နှင့်စစ်ဘက်အရာရှိများအားလုံးတို့မှာ  ဒူးထောက်လိုက်ကြပြီး   ရှစ်ဖုန့်အားလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ လုံချန်ပင်လျှင်အနည်းငယ်ကိုယ်

ကိုင်းညွှတ်ပြီး ရှစ်ဖုန့်အားလေးစားစွာ ဂါရဝပြုလိုက်သည်။

“စစ်နတ်ဘုရား”

“ရှစ်ဖုန့်က သူ၏လက်အားဝေ့ယမ်းလိုက်ပြီး သူ့အား  ဦးညွှတ်ဂါရဝပြုနေသူများအား  ထွက်သွားခိုင်းလိုက်သည်။ သူတို့အားလုံးထွက်ခွာသွားပြီးနောက်တွင်  ရှစ်ဖုန့်က လုံချန်အား မေးလိုက်သည်။

“ဘယ်လိုနေလဲ..ဒီသခင်လေး ရှာဖို့တောင်းဆိုတားထဲ့ ဆေးပင်တွေကိုမင်းရှာတွေ့ပီလား”

ရှစ်ဖုန့်၏ စကားတို့အား ကြားပြီးသည့်နောက်တွင် လုံချန်ကသူ၏ခေါင်းအား လိပ်ပြာမလုံစွာဖြင့်ခါဘမ်းလိုက်သည်။

သူကသက်ပြင်းချပြီးပြောလိုက်သည်။

“ဟင့်အင်း.. ဒီဆေးပင်တွေက အရမ်းရှားပါးတဲ့ အဆင့်ခြောက်ဆေးပင်တွေလို့ကျုပ် ကြားခဲ့တယ်… သူတို့ကိုရှာတွေ့ဖို့က မလွယ်လောက်ဖူး”

“ကောင်းပြီ..”

လုံချန်၏ စကားတို့အားကြားပြီးသည့်နောက် ရှစ်ဖုန့်မှာ မျှော်လင့်ချက်အနည်း

ငယ်ကိုတော့ ခံစားမိနေသေးသည်။ ရှားပါးဆေးပင်သုံးဆယ့်ခုနှစ်ပင်ရှိပြီး

သူက ဆယ့်တစ်ပင်အထိကိုရှာတွေ့

ထားခဲ့ပြီဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က လုံချန်အားပြောလိုက်သည်။

“ဆေးအမယ်တွေကိုဆက်ပြီးတော့ရှာဖွေပေးပါ..ဒီသခင်လေး ဒီကနေမကြာခင်ထွက်သွားပြီး သေခြင်းတားမြစ်နယ်မြေကိုသွားရလိမ့်မယ်”

“ဘာ..သခင်လေးဖုန့်….သခင်လေးက သေခြင်းတားမြစ်နယ်မြေထဲကိုသွားမလို့..”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်နောက်  လုံချန်တစ်ယောက် တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။

သေခြင်းတားမြစ်နယ်မြေအကြောင်း

အားသူယခင်က ကြားခဲ့ဖူးသည်ဖြစ်သည်။ ၎င်းမှာ ဝင်ရောက်သွားသည့်

ကျင့်ကြံသူမှန်သမျှ သေချာပေါက်သေဆုံးရသော

နေရာတစ်ခုဖြစ်သည်။

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်တယ်…အမှန်ပဲ…ဒီသခင်လေး

ဒီတစ်ကြိမ် အဲ့နေရာကနေ ထွက်မလာနိုင်တာလည်းဖြစ်နိုင်လောက်တယ်…ဒီသခင်လေးရဲ့ အမေနဲ့ ရှစ်လင်ကို မင်း ကောင်းကောင်းစောင့်ရှောက်ပေးနိုင်မယ်လို့ ဒီသခင်လေးမျှော်လင့်တယ်”

“ကျုပ်သေချာပေါက် မွေးစားမိခင်နဲ့ ညီမလေးရှင်လင်တို့ကို ကျုပ်ရဲ့ မိခင်ရင်းညီမအရင်းလိုမျိုး  ဆက်ဆံပါ့မယ်…ဒါပေမဲ့သခင်လေးဖုန့်… ကျုပ်သေခြင်းတားမြစ်နယ်မြေထဲက အကြောင်းတွေကိုအရင်ကတစ်ခါမှမ

ကြားဖူးဘူး..သေခြင်းတားမြစ်နယ်

မြေထဲကိုဝင်သွားပြီးတဲ့နောက် ဘယ်ကျင့်ကြံသူတစ်ယောက်တစ်လေမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာကိုလည်း

ကျုပ်လုံးဝမကြားဖူးဘူး..”

လုံချန်က ရှစ်ဖုန့်အား  စိုးရိမ်တကြီးဖြင့် ကြည့်လိုက်ပြီးပြောလိုက်သည်။

ရှစ်ဖုန့်က သူ၏လက်အား ဝေ့ယမ်း၍ လုံချန်ကိုပြောလိုက်သည်။

“ကောင်းပြီ   ဒီသခင်လေးမှာသေခြင်းတား

မြစ်နယ်မြေထဲကိုသွားရတဲ့ အကြောင်းပြချက်ရှိတယ်..မင်းဒီသခင်လေးကို ထပ်ပြီး ဖျောင်းဖျနေစရာမလိုဘူး”

နတ်ဘုရားဆေးပင်နှင့်ယွဲ့ဝူရှန့်အတွက်

ရှစ်ဖုန့် သွားမှဖြစ်မည်ဖြစ်သည်။

“ဟူး….”

ရှစ်ဖုန့်၏စကားလုံးတို့အားကြားပြီး

သည့်နောက်   လုံချန်ကသူ၏ခေါင်းအားခါယမ်းလိုက်သည်။  ရှစ်ဖုန့်ကသူ့စိတ်အားတစ်ခါ ဆုံးဖြတ်လိုက်ပြီးလျှင်   သူ့အားဖျောင်းဖျ၍မရနိုင်သည်ကို လုံချန်သိသည်ဖြစ်သည်။

ထို့နောက်လုံချန်၏မျက်နှာထက်၌ စိုးရိမ်ပူပန်စိတ်တို့ရှိနေဆဲဖြစ်သည်။ သူက သူမေးရန်စောင့်ဆိုင်းနေရသော မေးခွန်းအားမေးလိုက်သည်။

“သခင်လေးဖုန့် ကျုပ်ညီမလေး အခြေအနေအခုဘယ်လိုရှိလဲ”

လုံမုန့်အကြောင်းလုံချန်မေးသည်အား

ကြားရသောအခါတွင် ရှစ်ဖုန့်ကသူ့အားနှစ်သိမ့်လိုက်သည်။

“မစိုးရိမ်ပါနဲ လုံမုန့် အဆင်ပြေပါလိမ့်မယ်…ဒီသခင်လေး

ရဲ့ဘေးမှာ အဆင့်ခြောက် သန့်စင်ဆရာသခင်တစ်ယောက်ရှိတယ်… လုံမုန့်ပြန်ကောင်းလာအောင် သူသေချာပေါက်လုပ်ပေးနိုင်လိမ့်မယ်… အဲ့တာထက်  အဲ့မီးလောင်ဒဏ်ရာတွေကိုလည်း ပြန်ကုသပေးနိုင်လိမ့်မယ်”

ရှစ်ဖုန့်ဟင်းလင်းပြင်ထဲ၌ရှိနေစဉ်  သူသည်မိုယန်နှင့် ဝိညဉ်စွမ်းအားကိုအသုံးပြု၍ဆက်

သွယ်မှုပြုလုပ်ခဲ့သည်ဖြစ်သည်။ မိုယန်မှာအဆင့်ခုနှစ်သန့်စင်ဆရာသခင်တစ်ယောက် ဖြစ်လာတော့မည့်သူလိုလူအတွက်  လုံမုန့်၏ဒဏ်ရာများက အသေးအဖွဲ့သာဖြစ်သည်ဟုကျိန်ဆိုခဲ့သည်။ ယင်းထက်အဆတစ်ရာမက

ထိခိုက်မိခဲ့လျှင်ပင်  သူမအား သူ့အနေဖြင့်ပြန်လည်ကုသပေးနိုင်ပြီး ယခင်အတိုင်း  ပြန်လည်ပြုလုပ်ပေးနိုင်သည်ဖြစ်သည်။

မိုယန်၏စကားတို့က ချဲ့ကားသည့်ပုံပေါက်သော်လည်း   သူထိုသို့ပြောသည်ဆိုလျှင်လုံမုန့်

သေချာပေါက်အဆင်ပြေမည်ဖြစ်

သည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။

“ဒါဆိုကျုပ်စိတ်သက်သာရာရပါပြီ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီး

သည့်နောက်   လုံချန်စိတ်သက်သာ

ရာရစွာဖြင့် တိတ်တဆိတ် သက်မတစ်ချက်ချလိုက်သည်။  လုံမုန့်အဆင်ပြေလျှင်ကောင်းသည်ဖြစ်သည်။ ဤကောင်မလေးက တကယ်ကြီး အရမ်း ကမူးရှူးတိုးနိုင်လွန်းသည်။သူမငယ်ငယ်

လေးကတည်းက အလိုလိုက်ထားသဖြင့်ဆိုးခြင်းဖြစ်သည်။

“ကောင်းပြီ ဒီသခင်လေး စစ်နတ်ဘုရားဗိမာန်ကို အရင်သွားလိမ့်အုံးမယ်… ဒီသခင်လေး

လုံမုန့် ၊ရှစ်လင်နဲ့ ဒီသခင်လေးရဲ့မိတ်ဆွေအချို့ကို အဲ့မှာထားခဲ့မယ်..”

ရှစ်ဖုန့်က ပြောလိုက်သည်။ သေခြင်းတားမြစ်နယ်မြေက အရမ်းကိုအန္တရာယ်များသည်ဖြစ်သည်။ သူပင်အသက်ရှင်လျက်ပြန်ထွက်

လာနိုင်မည်လားဆိုသည်အားရှစ်ဖုန့်မသိပေ။ ထို့ကြောင့် သူ၏ညီမဖြစ်သူ ၊ဟုန်ယွဲ့  ၊စံပယ်လေး၊မိုယန်နှင့် လုံမုန့်တို့အား  သွေးကျောက်ပြားအတွင်းမှအ

တူခေါ်ဆောင်သွားရန်ရှစ်ဖုန့်တွင်

အစီအစဉ်မရှိပေ။

“ကောင်းပါပြီ..”

လုံချန်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏ပုံရိပ်လှုပ်ရှားသွားသည်။  သူပုံရိပ်က  စစ်နတ်ဘုရားဗိမာန်သို့

တိုက်ရိုက်ဦး

တည်သွားသည်။  သူ၏လမ်းကြောင်းအားပိတ်ဆို့ထားသော နံရံများနှင့်အဆောက်အဦးများ

အားလုံးကွဲကြေကုန်သည်။နန်းမျှော်စင်

တစ်ခုလုံး  အနည်းငယ်တုန်ခါသွားသည်။

အဝေးသို့လျှင်မြန်စွာထွက်ခွာသွားသောရှစ်ဖုန့်အားကြည့်ရင်းလုံချန်တစ်ယောက်ဝမ်းနည်းသောမျက်နှာဖြင့် သူ၏ဗိမန်ကိုပွတ်သပ်လိုက်ပြီး

သက်ပြင်းချလိုက်သည်။

“ဟူး…နောက်မှ ပြန်လည်ပြင်ဆင်ဖို့အတွက် လက်မှုပညာသည်တစ်ယောက်

ကိုရှာရအုံးမှာပဲ”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters