← Chapters

လိုက်ပါမှု

Vol. 3 Ch. 39

လိုက်ပါမှု

Vol. 3 Ch. 39

“အိုဗျာ ... အစ်ကိုယွန်နဲ့ ဒေါ်လေးဆယ့်တစ်တို့လည်း ဒီမှာရှိတာပဲ ... ကျွန်တော် သူ့ကို မသတ်ခဲ့ပါဘူး ... ဒီအတိုင်း ခဏမေ့အောင် လုပ်လိုက်ရုံလေးပါ ... ဒါနဲ့ သူက ကျွန်တော် အဒေါ် မိုရှင်းထောင်တဲ့ ... သူက ဒေါ်လေးမိတ်ဆွေ ကျင်းလင်းပေးတဲ့ ... သူတို့ကို လွတ်မြောက်ဖို့ ကူညီဖို့ အဆင်သင့်ဖြစ်အောင် ပြင်နေတာပါဗျာ ... ” မိုဝူကျီသည် ဘာမှ လျှို့ဝှက်မထားချေ။

ယွန်ကျန်းရီသည် သက်ပြင်း ချလိုက်ပြီး

“အဲဒါဆို တော်သေးတာပေါ့ ... မင်း သူ့ကို မသတ်သရွေ့ အဆင်ပြေတယ် ... လာ ... မင်းကို ကူညီပေးမယ် ... ”

မိုဝူကျီသည် မပြောခင် အနည်းငယ် တွေဝေသွားလေ၏။

“တကယ်တမ်း ကျွန်တော်တို့ မသွားခင် လုပ်ချင်တာ တစ်ခုရှိသေးတယ် ... ကျွန်တော့် ဒေါ်လေးကို ရောင်းတဲ့ ကျွန်ကုန်ကူးသူကို သတ်ပစ်ချင်တယ် ... ”

မိုရှင်းထောင်သည် ရုတ်တရက် ဝင်ပြောလိုက်သည်။

“ဝူကျီ ... ငါ့ကို ရှင်းထောင်လို့ပဲ ခေါ်ပါ ... ငါက နင့်ထက်လည်း ငယ်တာကို အဲဒီလိုခေါ်တော့ အဆင် သိပ်မပြေဘူး ... ”

တကယ်တမ်း မိုဝူကျီသည် မိုရှင်းထောင်ကို ဒေါ်လေးဟု ခေါ်ရခြင်းအပေါ် အဆင်မပြေလှချေ။ ထို့အပြင် သူသည်လည်း မိုရှင်းဟယ် မဟုတ်ဘဲ မိုဝူကျီသာ ဖြစ်လေ၏။

ယွန်ကျန်းရီသည် ရယ်မောလိုက်ပြီး

“ပြောဖို့ တွန့်ဆုတ် မနေပါနဲ့ကွာ ... ငါတို့ မင်းကို ကူညီမှာပါ ... နည်းနည်း ခက်ပေမဲ့လည်း ဒေါ်လေးဆယ့်တစ်နဲ့ ငါက သူ့ကိုသတ်ဖို့ ကူညီမှာပါကွာ ... ဒါပေမဲ့ အဲဒီစီးပွားရေး သမားတွေကို အထင်မသေးနဲ့ကွ ... တချို့က ငါတို့ထက် အင်အားကြီးတဲ့ အစောင့်တွေတောင် ငှားနိုင်ကြတာ ... ”

“ငါလည်း လိုက်မယ် ... ”

တင်းဘူအာ သည်လည်း အလောတကြီး ဝင်ပြောလိုက်လေသည်။

မိုဝူကျီသည် လက်ပြတားကာ တင်းဘူအာအား ရပ်လိုက်သည်။

“ဘူအာ ... မင်းက ဒီမှာ‌ နေဖို့ လိုတယ် ... အနည်းဆုံးတော့ ငါတို့ တစ်ခုခု ဖြစ်ခဲ့ရင် တစ်ယောက်ယောက်က ဒီကိစ္စကို သိနေရမယ်လေ ... ဒေါ်လေးဆယ့်တစ်လည်း ကျေးဇူးပြုပြီး နေခဲ့ပါနော် ... လူအများကြီးက ပိုရှုပ်ထွေးစေတယ် ... ”

“ဝူကျီ‌ ပြောတာမှန်တယ် ... ငါတို့နှစ်ယောက်နဲ့ လုံလောက်ပါတယ် ... ဘူအာနဲ့ ဒေါ်လေး ဆယ့်တစ်က နောက်မှာ နေခဲ့ကြ ... တကယ်လို့ အဲဒီလူမှာ အပေါင်းအပါတွေ ပါလာရင်တောင် ငါ့ကို သတ်ဖို့ မလုံလောက်သေးပါဘူး ... ” ယွန်ကျန်းရီသည် စနောက်ရင်း ပြောလိုက်သည်။

သို့ပေမဲ့လည်း ဒေါ်လေး ဆယ့်တစ်သည် လက်ပြတားရင်း ပြောလိုက်သည်။

“ငါ မနေခဲ့ဘူး ... ငါက ရှင်းထောင်နဲ့ လင်းပေးတို့ကို အဝေးခေါ်သွား ပေးမယ် ... ရှင်းထောင်နဲ့ လင်းပေးက သာမာန် ရိုးရိုး မိန်းကလေးတွေ ချည်းပဲ ... သူတို့ကို ကာကွယ် စောင့်ရှောက်ဖို့ တစ်ယောက် လိုလိမ့်မယ် ... ”

မိုရှင်းထောင်သည် အလျင်စလို ငြင်းဆိုလိုက်၏။

“ကျွန်မက နှစ်နှစ်လောက် ရုန်းကန်လာတာ ဆို‌တော့ ဘယ်လို ရှင်သန်ပြီး ကိုယ့်ဘာသာ ဘယ်လို ဂရုစိုက်ရမယ်ဆိုတာ သိပါတယ် ... ”

ဒေါ်လေး ဆယ့်တစ်သည် ရယ်မောရင်း ပြန်ပြောလိုက်၏။

“ဒီလိုတော့ ဟုတ်မှာပါ ... ဒါပေမဲ့ ဓားပြတွေနဲ့ တွေ့ရင် ဘယ်လို လုပ်မလဲ ... ”

ယွန်ကျန်းရီသည် သဘောတူ ခေါင်းညိတ်လိုက်ပြီး

“ဒေါ်လေးဆယ့်တစ် ပြောတာ မှန်တယ် ... သူမနည်းလမ်းနဲ့ ဆိုရင် ဓားပြတွေကို တိုက်ခိုက်ဖို့ ဆိုတာ သူမအတွက် လွယ်လွန်းတယ် ... ”

“အဲဒီလိုဆို ဒေါ်လေးဆယ့်တစ်က တော်ဝင်မြို့တော် သွားဖို့ အခွင့်အရေး ယူသွားသလို ဖြစ်မသွားဘူးလား ... ဒီလိုဆိုရင်ရော ကျွန်တော်က သူတို့ကို ခေါ်သွားမယ် ဆိုရင်ရော ... ” မိုဝူကျီသည် အားနာစိတ်ဖြင့် ပြောလိုက်သည်။

ထို့အပြင် မိုရှင်းထောင်သည် သူ့ဒေါ်လေးဖြစ်၍ လိုက်ပို့သည့်သူက သူ ဖြစ်သင့်ပေသည်။ အရိုးသားဆုံး ပြောရလျှင် သူသည် ကိုယ်တိုင် လိုက်ပို့ရန်တော့ မရည်ရွယ်ထားချေ။ ထို့ပြင် သူသည်လည်း တော်ဝင်မြို့တော်သို့ သွားရမည့် အခွင့်အရေးကို လက်မလွှတ်ချင်ပေ။ သူသည် မိုရှင်းထောင်အား သူ့ဒေါ်လေးဟု သတ်မှတ်နေခြင်းကို သတိပင် မပြုမိ။ အကယ်၍ ယန်အာသာ ဆိုလျှင် သူသည် ခက်ခဲမှုအားလုံးကို ကျော်လွှားကာ ထွက်သွားလိမ့်မည်။

ဒေါ်လေးဆယ့်တစ်သည် ရယ်မောလိုက်ပြီး

“ဝူကျီ ... ငါက အမြဲတမ်း ကျန်းရီကသာ ငါ့ရှေ့မှာ အနေခက် နေတာမျိုးမရှိဘဲ ... ငါ့သူငယ်ချင်း အစစ်အမှန်လို့ ခံစားခဲ့ရတယ် ... ဒါပေမဲ့လည်း မနေ့ညက ငါတို့ အတူသောက်ပြီးတဲ့ နောက်မှာ မင်းနဲ့ တွေ့ခွင့်ရလို့ ဝမ်းသာတယ် ... ”

ထိုအခိုက်အတန့်တွင် ဒေါ်လေးဆယ့်တစ်သည် ညင်သာစွာ ပြောလိုက်၏။

“ဘဝမှာ မင်းသိတဲ့ ဘယ်နှယောက်ကများ ... မင်း အမှန်တကယ် ရရှိတဲ့ ရင်းနှီးမှု ဘယ်လောက်ကများ ... မင်းလိုမျိုးလူနဲ့ မိတ်ဆွေ မဖြစ်နိုင်တာက ငါ့အကူအညီထက် ပိုနိုင်မလဲ ... ဒါ့အပြင် ငါက အသက်ကြီးနေပြီ ... ပြီးတော့ ဝိညာဉ်ကြောလည်း မရှိဘူး ... ငါ တော်ဝင်မြို့တော်ကို မသွားရလည်း ဘာမှ မဖြစ်ပါဘူး ... ဒီအသက်ကြီးကြီး အမျိုးသမီးက သူနဲ့ ဆော့မပေး နိုင်တော့တာကို အဲဒီ ကျွန်ရောင်းသူက သူ့ကံကောင်းမှုအတွက် ကျေးဇူးတင်ရမယ် ... ”

ဒေါ်လေးဆယ့်တစ်သည် ထိုမျှအများကြီး ပြောသောကြောင့် မိုဝူကျီ ပြောသမျှသည် အပိုသာ ဖြစ်လိမ့်မည်။ တစ်ခါတစ်ရံတွင် မိတ်ဆွေ ဟူ‌သော စကားလုံးသည် တောင်ကြီးကဲ့သို့ လေးလံနိုင်၏။ အကယ်၍ ဒေါ်လေးဆယ့်တစ်သည် အနာဂတ်တွင် သူ့အကူအညီ လိုအပ်ပါက သူသည် သူမအား ကူညီရန် တွေဝေနေမည် မဟုတ်ချေ။

သူသည် စိတ်အားတက်ကြွစွာ ပြောလိုက်သည်။

“ဒေါ်လေးဆယ့်တစ် ... ကျန်းရီ ... ဘူအာ မင်းတို့အားလုံးက ငါ့သူငယ်ချင်းကောင်းတွေပဲ ... ”

မိုဝူကျီသည် သေခြင်း၊ ရှင်ခြင်းများ ဖြတ်ကျော်ခဲ့ရသည့် အတွက် သူသည် တချို့သော သူငယ်ချင်းကောင်းများကို သိ၏။

“ဘမ်း ... ” ကျင်းလင်းပေးသည် ရုတ်ခြည်း ဒူးထောက်ကာ ငိုကြွေးရင်း ပြောလိုက်သည်။

“ဆရာမို ... ဒီလူကို ဖမ်းမိတာနဲ့ ကျွန်မ မိသားစုကို ဖျက်ဆီးသွားတဲ့ လူကို ကျေးဇူးပြုပြီး ဖော်ထုတ်ပေးပါ ... ”

မိုဝူကျီသည် မိုရှင်းထောင်အား ကျင်းလင်းပေးကို ဆွဲထူရန် မျက်နှာရိပ် ပြလိုက်ကာ ပြောလိုက်၏။

“မင်း စိတ်ချနေပါ ... ငါသေချာပေါက် လုပ်ပေးပါ့မယ် ... ”

ပြောပြီးနောက် သူသည် မိုရှင်းထောင်အား ကြည့်ကာ မေးလိုက်သည်။

“အခု ကျူမျိုးနွယ်က အသစ်ဖြစ်လာတဲ့ မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်ရဲ့ ဇာစ်မြစ်ကို သိလား ... ”

“ကျုရှုဖန် အသတ်ခံရပြီး နောက်မှာ ကျူရှုဟိုက ဆက်လက်ပြီး အုပ်ချုပ်နေတယ် ... သူ့ညီမ ကျုချိုင်ယွန်က ချင်ယွီပြည်နယ် စစ်ထူချင်ရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်တော်ပဲ ... ဒါပေမဲ့ ကြားလိုက်တာက စစ်ထူချင်က နောက်ထပ် ကိုယ်လုပ်တော်ကို ပိုဦးစားပေးနေပြီး ကျူချိုင်ယွန်က အလေးပေး မခံရတော့ဘူးတဲ့ ... ”

မိုရှင်းထောင်သည် စကားအနည်းငယ်သာ ပြောလိုက်သော်လည်း မိုဝူကျီသည် ကိစ္စတစ်ခုလုံးအား ခြုံငုံ၍ နားလည် သွားလေသည်။ မိုမျိုးနွယ်စု မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာ မဆက်ခံနိုင်တောတာ အဆန်း မဟုတ်တော့ချေ။ စစ်ထူချင် မြေခွေးလို လူစားမျိုး ... တစ်ရက်တော့ သူနဲ့ အကုန် ဖြေရှင်းရလိမ့်မည် ...

တချိန်တည်းတွင် မိုဝူကျီသည် စစ်ထူချင် ဓားစက်အောက်မှ အောင်မြင်စွာ လွတ်မြောက်လာရသည့် ကံကောင်းမှု အကြောင်းကို နားလည် သွားလေသည်။ ကျူချိုင်ယွန်သည် အလေးပေး မခံရတော့၍ ဖြစ်လေ၏။ သူမအား နှစ်သက်မှု ကုန်ဆုံး သွားသောကြောင့် စစ်ထူချင်သည် မြောက်ဘက်ပိုင်း ချင်စီရင်စု ကိစ္စအကြောင်းအရာများကို ဂရုမစိုက်တော့ချေ။ စီရင်စုသခင် အသစ် ကျုရှုဟိုသည် မိုဝူကျီအကြောင်း ကြားသည့်အခါ နောက်ကျနေပြီ ဖြစ်၏။ မိုဝူကျီသည် အကယ်၍ သူသာ ယောင်ကျိုးတွင် အနည်းငယ် ထပ်ကြာရှည်စွာ နေခဲ့ပါက သူသည် ထိုကပ်ဘေးနှင့် တွေ့လိမ့်မည်။

ထိုသို့ဆိုလျှင် သူ့အား အဆိပ်ခတ်ချင်သည်ကား မည်သူနည်း။

“ငါတို့ အခွင့်ကောင်း မလွတ်ခင် မြန်မြန် လုပ်ကြ ... ” မိုဝူကျီသည် ထိုအတွေးများကို ဘေးဖယ်ကာ ပြောလိုက်၏။ သူသည် ထောင်ပချီသည် ထိုသူအား သတ်ရန်လူများ လွှတ်ထားသည်ကို သိရှိ၍ ဖြစ်၏။ ကျန်းရီနှင့် သူသည် ကံကောင်းသော တတိယလူ ဖြစ်လျှင် အကောင်းဆုံး ဖြစ်လေသည်။

အလင်းမှိန်ရီ နေသော်လည်း ပင်လယ်ဘက်တွင် အသက်ဝင် လှုပ်ရှားလျက် ရှိသေး၏။ မိုဝူကျီ၊ ယွန်ကျန်းရီ၊ ဒေါ်လေးဆယ့်တစ်၊ ကျင်းလင်းပေးနှင့် မိုရှင်းထောင်တို့သည် မြင်းတစ်ကောင်စီ ဆွဲကိုင်ထားရင်း လူထုကြားသို့ လျှောက်လှမ်း လာလေသည်။ တစ်ယောက်ကမှ သူတိုအား ဂရုမပြုမိကြပေ။

“ဟုတ်ပြီ ... ဟိုလူက ထွက်သွားတော့မယ် ... အိုး ...  သူ့မှာ အစောင့်တွေ ပါတာပဲ ... ” ယွန်ကျန်းရီသည် အဝေးမှ မြင်းလှည်းကို ကြည့်ကာ ရယ်သွမ်းသွေးရင်း ပြောလိုက်သည်။

မြင်းလှည်းသည် လူထုကို ဖြတ်ကျော်လာသော အခါ ယွန်ကျန်းရီသည် ချက်ချင်း ပြောလိုက်လေ၏။

“လာကြ ... သူတို့ကို အမီလိုက်ကြရအောင် ... ”

မိုဝူကျီသည် ယွန်ကျန်းရီအား ရပ်တန့်လိုက်ပြီး

“ကျန်းရီ ... ခဏစောင့်ဦး ... ထောင်ပချီက သူ့နောက်လိုက်ဖို့ လူတချို့ လွှတ်ထားသေးတယ် ... ငါတို့က စောင့်ပြီး အခွင့်ကောင်းကို ရယူကြတာပေါ့ ... ”

“ဟားဟား ... ” ယွန်ကျန်းရီသည် အားရပါးရ ရယ်မော လိုက်လေသည်။

“အဲဒီလူက တကယ်ကို သေချင်နေတာပဲ ... သူ့မှာ အစောင့်တွေပါတာနဲ့ ဒီနေရာက ထွက်သွားလို့ ရမယ် ထင်နေတယ်ပေါ့ ... ရူးနှမ်းချက် ... နောက်ဘဝ ပြောင်းချင်နေပြီ ထင်တယ် ... ”

မိုဝူကျီသည် အေးစက်စွာ ရယ်မောလိုက်ပြီး

“သူက နောက်ဘဝ သွားချင်တာတော့ မဟုတ်ဘူး ... ပိုက်ဆံ ထပ်လိုချင်တာ ... နှစ်ရက်အတွင်း နွေဦးနတ်ဘုရားဂိတ် ညီလာခံသွားဖို့ သင်္ဘောဆိုက်လိမ့်မယ် ... အဲဒီရက် မတိုင်ခင် သူက အမျိုးသမီး ကျွန်တွေကို ထပ်ရောင်းချင်နေတာ ... တကယ်လို့ သူသာ ဘာမှ မဖြစ်ခဲ့ရင် မနက်ဖြန် ပြန်ရောက်လာလိမ့်မယ် ... ဒါက လောဘသမားတို့ လုပ်တတ်တဲ့ အရာပဲ ... ”

အကယ်၍ ဖက်တီးသည် ရှာထားသည့် ပိုက်ဆံများကို ကျေနပ်ရင်း သင်္ဘောထွက်မှ ပြန်လျှင် သူသည် သူ၏ အဆီတစ်ထပ် အသားတစ်ထပ်ဖြင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်သေး၏။ အကယ်၍ မိုဝူကျီက သူ့အား သတ်ချင်လျှင်ပင် ထိုသို့ ပြုမူပြီး သူ၏ တော်ဝင်မြို့တော်သို့ သွားရမည့် အခွင့်အရေးကို ဖြုန်းတီးပစ်မည် မဟုတ်ပေ။

သေချာသည်က မိုဝူကျီသည် ကျားကျင်းက လူနှစ်ယောက်ကို ခေါ်ဆောင်ကာ ထိုဖက်တီးနောက် လိုက်သွားသည်ကို မြင်တာက သိပ်၍ မကြာသေးပေ။

“ငါတို့ သွားလို့ရပြီ ... ” မိုဝူကျီသည် မည်သူမှ မရှိသည်ကို အတည်ပြုပြီးနောက် ပြောလိုက်သည်။

နှစ်နာရီကြာပြီးသည့် နောက်တွင် ယွန်ကျန်းရီသည် လက်ပြလိုက်ပြီး ငါးယောက်အား တားလိုက်သည်။

“ရှေ့မှာ တစ်ခုခု ဖြစ်နေပြီ ... မြင်းပေါ်က ဆင်းပြီး ဂရုတစိုက် လမ်းလျှောက်လာခဲ့ ... ”

မိုဝူကျီသည် သူ့နားကို အသုံးပြုပြီး နားထောင်ရန် ကြိုးစားနေလေသည်။ အားထုတ် ပြီးသည့်နောက် သူသည် လူအချို့ တိုက်ခိုက်နေသည်ကို ကြားလိုက်ရ၏။ သူသည် ယွန်ကျန်းရီအား လေးစားမှုအသစ် ရှာတွေ့သွားလေသည်။

“ဝူကျီ ... ငါတို့က လေထန်တဲ့ နေရာမှာ ဖြစ်နေတာ ... ပြီးတော့ မင်းက တစ်ခါမှ မကျင့်ကြံဖူးဘူး ... မင်း ဘာမှ ကြားရမှာ မဟုတ်ဘူး ... ကျန်းရီနောက်သာ လိုက်သွားလိုက် ... အဲဒီလိုဆို အဆင်ပြေလိမ့်မယ် ... ” မိုဝူကျီသည် အာရုံစိုက် နားထောင်နေသည်ကို မြင်ကာ ဒေါ်လေးဆယ့်တစ်သည် ရယ်ကာ ပြောလိုက်လေ၏။

မိုဝူကျီသည် ဒေါ်လေးဆယ့်တစ်က မလိမ်ညာမှန်း သိ၏။ တိုက်ခိုက်သည်ကို ကြားနိုင်သည်က သူ့တွင် ချီသွေးကြော တစ်ခုဖွင့်ပြီး၍သာ ဖြစ်၏။

***

All Chapters