← Chapters

ပင်လယ်သားရဲများ ဝန်းရံ ခံရခြင်း

Vol. 4 Ch. 44

ပင်လယ်သားရဲများ ဝန်းရံ ခံရခြင်း

Vol. 4 Ch. 44

“အခု ... မင်း သူမကို ပေးသင့်တာ အားလုံး ပေးပြီပြီ  ... အခုကစပြီး မင်းမှာ ဘာမှ မရှိတော့ဘူး  ...  ” ဟန်နင်အခန်းမှ ထွက်လာပြီးနောက် ယွန်ကျန်းရီသည် ရယ်မောပြီး ပြောလိုက်လေသည်။

မိုဝူကျီသည် ရယ်လိုက်ပေမဲ့ ဘာမှ မပြောခဲ့ပေ။ သူသည် ချောင်ဟောင်နှင့် ယန်ဂျွန်ဆောင်တို့က ဒီသို့ ဦးတည်ကာ အလျင်အမြန် ပြေးလာနေသည်ကို တွေ့လိုက်ရ၏။ သို့သော် မိုဝူကျီသည် သူတို့ မျက်လုံးထဲမှ စိုးရိမ် ပူပင်မှုများကို မြင်နိုင်ကာ သူတို့သည် ပြပွဲတစ်ခု လုပ်ဆောင်နေကြောင်း သိလိုက်သည်။

ချောင်ဟောင်သည် မိုဝူကျီအား ကြည့်ကာ သူ့မျက်လုံးတွင် လူသတ်ချင်စိတ်များ ပြည့်နေလေသည်။ တစ်ဖက်တွင် ယန်ဂျွန်ဆောင်သည် အပြုံးများ ဖောသီစွာဖြင့် မိုဝူကျီအား နှုတ်ဆက်လိုက်သည်။

“ဆေးဆရာမို  ...  မတွေ့တာ ကြာပြီနော်  ...  ”

မိုဝူကျီသည် ထိုမြေပွေးလိုလူနှင့် ထိုဟန်ဆောင်ပြုံး ကျားတို့နှင့် ဆက်ဆံရန် စိတ်ကူးမရှိချေ။ သူသည် သူတို့အား တုံ့ပြန်ရမည်ကို ပျင်းရိစွာဖြင့် သူသည် ယွန်ကျန်းရီအား လှည့်ကာ ပြော လိုက်သည်။

“အခု သူမအပေါ် ဘာမှ အကြွေးမရှိတော့ဘူး  ...  သူမကသာ ကျန်ရှိနေတာ  ... ကျွန်တော် အသက်ကြွေးရှိတာက သူမအဖေပေါ်မှာ  ...  ဒါပေမဲ့ သူမကို ချန်လောင်ရောက်အောင် အကောင်းဆုံး ကြိုးစား ပံ့ပိုးပေးမယ်  ...  ”

ယွန်ကျန်းရီသည် အားရပါးရ ရယ်မောလိုက်ပြီး

“ဝူကျီ  ... အဲဒါကြောင့် မင်းကို သဘောကျတာ  ... မင်းရဲ့ ပင်ကိုစရိုက်ကြောင့် ငါတို့တွေ သူငယ်ချင်းကောင်း ဖြစ်လာနိုင်တာ  ...  ”

မျှသုံးရသည့် အိမ်တွင် မျောက်မျက်နှာနှင့် အမျိုးသားသည် ဝင်လာပြီး ချဲ့ကား ပြောလိုက်သည်။

“မင်းတို့တွေ အကုန် မှားနေကြတာ  ... ဒါက ယင်ဟန်ပြည်နယ်က ပီဟွေ့က လုပ်ခဲ့တာ  ...  ဒါပေမဲ့ အမြီးနှန့်ပြေးတဲ့ သူတွေကလည်း တခြား မဟုတ်ဘူး ပီဟွေ့နဲ့ သူ့လူတွေပဲ  ... ငါတို့အိမ်က ထွက်သွားတဲ့ လူတွေ မဟုတ်ဘူးကွ  ... မေ့နေတဲ့ နှစ်ယောက်ကို သယ်သွား တာကိုတောင် မြင်လိုက်ရသေးတယ်  ... သူတို့တွေ တော်တော် အရိုက်ခံလိုက်ရတယ် ထင်တယ်  ...  ”

“ဒီလူတွေက တကယ် အားကြီးကြတယ်လား  ...  ဒါပေမဲ့ ပီဟွေ့က ပြည်နယ်မင်းသားလေ  ...  ” ရွှေရောင်ဆံပင်နှင့် လူက အံ့ဩတကြီး ဝင်ပြောလိုက်သည်။

ပြည်နယ်သည် စီရင်စုထက် အဆင့်မြင့်သောကြောင့် ပြည်နယ်မင်းသား၏ အစောင့်သည်လည်း ပို၍ တော်လိမ့်မည်။ သို့သော် နှစ်ယောက်တည်းဖြင့် သူတို့သည် ရန်သူများကို နှိမ်နင်း နိုင်ခဲ့သည်လား  ...

“ဖြစ်နိုင်တာက သူတို့ဝင်သွားတော့ ပီဟွေ့လူတွေက အင်အားသာနေ  ...  ..”

အသံသည် ထွက်ပေါ်လာလေသည်။ ထိုသည်က မိုဝူကျီနှင့် ယွန်ကျန်းရီတို့ ဝင်ရောက်လာသည့် တံခါးဖွင့်သံ ဖြစ်၏။

သူတို့ နှစ်ယောက်သည် သန့်ရှင်း နေသော်လည်း မျှဝေအိမ်မှ လူအများသည် သူတို့အား တစ်စုံတစ်ခု ခြားနားမှုကို ခံစားမိ၏။ လူအများသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး တီးတိုး၍သာ ပြောတော့သည်။

နောက်ရက်များတွင် မျှဝေအိမ်တွင် အလွန်တရာ တိတ်ဆိတ်နေလေသည်။ ရံဖန်ရံခါ အမျိုးသမီးများ အဝတ်လဲရန် ဝင်လာသည့် အခါမှလွဲ၍ အားလုံးသည် ကိုယ်လုပ်စရာ ရှိတာသာ လုပ်နေကြလေသည်။

မူလက မျှဝေအိမ်သည် အမှန်တကယ် ဆူညံလှသည်။ သို့သော်လည်း ယခုအခါ အလွန်တရာ တိတ်ဆိတ်နေမှုက မိုဝူကျီအား အလွန်တရာ ကျေနပ်စေသည်။ သူသည် မျှဝေအိမ်တွင် လူကောင်းအချို့နှင့် တွေ့ဆုံမိသည်။ ထိုနူးညံ့ညင်သာ လှသည့် ချင်ရှုန်းယုအပြင် သူသည် စကား အလွန်များသည့် ရွှေရောင်ဆံပင်နှင့် လူငယ် ယွန်ကျီနှင့် ထန်ပိုရှင်းနှင့် တွေ့ခဲ့ရသည်။ ထန်ပိုရှင်းသည် မျက်မှန် မတပ်သော်ငြား ကျောင်းသားနှင့် ဆင်လှသည်။

လဝက်သည် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ထိုအချိန်အတွင်း တင်းဘူအာသည် မကြာခဏ လာလည်တတ်၏။ ဟန်နင်၏ အစေခံ ရှောက်လန်သည်လည်း မိုဝူကျီအား ကျေးဇူးတင်ရန် တစ်ခေါက် လာခဲ့လေသည်။

ထို့အပြင် အကူအညီအတွက် ထပ်၍ မခေါ်တော့ချေ။ မိုဝူကျီသည် နေ့ရက်များကို သက်သောင့်သက်သာ ဖြတ်သန်းနေပြီး သူသည် ကျင့်ကြံခြင်း အကြောင်း ဗဟုသုတ အမျိုးမျိုးကို စုံစမ်းနေခြင်း ပြုလုပ်၍ ဖြစ်စေ သို့မဟုတ် သူ့ချီသွေးကြောမှ လျှပ်စီးအကြောင်းကို လေ့လာ၍ ဖြစ်စေ အချိန် ကုန်ဆုံးနေတတ်သည်။

သို့သော်လည်း သူသည် ထိုသို့သော လျှပ်စီးမျိုးကို ထပ်၍ မခံစားရတော့ချေ။ သူသည် ယွန်ကျန်းရီနှင့် ယှဉ်ကာ တိုက်ခိုက်ဖို့ ကြိုးစားသော်လည်း ထိုသို့ လျှပ်စီးမျိုးကို မနှိုးဆွနိုင်ချေ။

သူ့၏ အရင်က လျှပ်စီးသည် သဏ္ဌာန်မဲ့ နတ်ဓားသိုင်းနှင့် ဆင်တူလှပြီး ရံဖန်ရံခါသာ ထုတ်သုံး၍ ရတတ်သည်။

သဏ္ဌာန်မဲ့ နတ်ဓားသိုင်းသည် တိမ်လွှာသူရဲကောင်းမှ ဒွန်ယု၏ အကြမ်းဆုံး သိုင်းကွက်တစ်ခု ဖြစ်၏။

အကြောင်းရင်းက ဒီနေရာရှိ လူများတွင် မည်သူမှ ကျင့်ကြံခြင်း အကြောင်း နားမလည်ကြပေ။ သူ့လျှပ်စီး တိုက်ခိုက်မှုသည်လည်း သူ့သွေးကြော ဖွင့်ဆေးနှင့် ပတ်သက်နေ၍ မိုဝူကျီသည် ထိုကိစ္စကို စိတ်ထဲတွင် ထားထားရလေသည်။

ထိုအရာသည် မည်သို့ပင် ဖြစ်စေ သူ့အား မကျေမနပ် ဖြစ်စေသည်။ မျှဝေအိမ်မှ အားလုံးသည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးလာကြပြီး ပတ်ဝန်းကျင်သည်လည်း ထပ်၍ မတိတ်ဆိတ်နေတော့ပေ။

တချို့လူများသည် စတင်၍ လောင်းကစား လုပ်လာကြပြီး အချိန်အတော်ကြာ ငြင်းခုံ နေတတ်ကြသည်။ ထိုသည်က မိုဝူကျီအား ဘာမှ မလုပ်ဆောင်နိုင်ပေ။၊ သူသည် မျှဝေအိမ်တွင် ဆူညံအသက်ဝင် လှုပ်ရှားနေမည် ဖြစ်ကြောင်း နားလည်သော်လည်း ဒီဆူညံလှသည့် ပတ်ဝန်းကျင်နှင့် နေသားမကျသေးချေ။

ထိုနေ့တွင် မိုဝူကျီသည် နေ့ဝက်ခန့် အလုပ်လုပ်ပြီးနောက် ဘာမှ လုပ်စရာ မကျန်တော့ပေ။ ယွန်ကျီသည် အိမ်ထဲသို့ အော်ဟစ် ဝင်လာပြီး

“အစ်ကိုကြီးယွန်  ... အစ်ကိုကြီးမို  ... သတင်းထူး ကြားလာတယ်  ... ဒုတိယအထပ်မှာ လေလံပွဲရှိတယ်တဲ့  ... တချို့ ကျင့်ကြံစဉ်တွေတောင် ပါတယ်တဲ့  ...  ”

သူ့ခန္ဓာအတွင်းမှ လျှပ်စီးကို အာရုံစိုက်နေသော မိုဝူကျီသည် ပြန်အသိ ကပ်လာလေသည်။ ကျင့်ကြံစဉ်တွေလား  ... ဒါတွေက သူ အိပ်မက် မက်နေတဲ့ အရာတွေမလား  ...

“အစေခံကများ  ...  လေလံပွဲကဟာကို လိုချင်နေသေးတယ်  ...  ” အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် ဝင်လာပြီး မထီမဲ့မြင် ပြောလိုက်သည်။

အမျိုးသားသည် ရုတ်တရက် မျက်စိပသာဒ ဖြစ်စရာ တစ်ခုခု တွေ့သကဲ့သို့ ရုတ်ခြည်းစကားကို ရပ်လိုက်သည်။ ချင်ရှုန်းယု ခုတင်တွင် ချိတ်ဆွဲထားသည့် အစပိုင်းဖြစ်လေ၏။ သူမခုတင်ကို တဲအငယ်လေးဖြင့် ကာရံထားသော်ငြား အထဲက တစ်ယောက်ယောက် အဝတ်လဲ နေသည်ကို မြင်ရလေသည်။

သူသည် တွန့်ဆုတ်မနေဘဲ အပြေးအလွှား သွားကာ ချင်ရှုန်းယုတဲကို ဖြဲချလိုက်သည်။

“ဘာလိုလို့လဲ  ...  ” ချင်ရှုန်းယုသည် ဒေါသတကြီး ပြောလိုက်သည်။ ကံကောင်းစွာပင် သူမသည် အဝတ်လဲ ပြီးလေပြီ။

“အိုး ... လှလိုက်တဲ့ အမျိုးသမီးပါ့လား  ...  ဒီကောက်ကြောင်း  ... ငါသဘောကျတယ်  ... မင်း ဒီမှာနေဖို့ မလိုတော့ဘူး  ... ငါနဲ့လိုက်ခဲ့  ...  ” အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် လူပါးဝစွာ ရယ်မောလိုက်ရင်း ချင်ရှုန်းယုလက်ကို လှမ်းဆွဲ လိုက်သည်။

လေပြည်အဝှေ့ သူမ၏ ဘယ်ဘက်လက်ကို လှုပ်ရှားလိုက်စဉ် မှုန်တဝါး ခရမ်းရောင်က နောက်မှ လိုက်ပါလာလေသည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် အံ့ဩတကြီး အော်ဟစ်လိုက်ပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။

သူသည် မိုဝူကျီဆီ နောက်ဆုတ် လိုက်သည့်အခါ မိုဝူကျီသည် သူ့အား ပြင်းထန်စွာ ကန်လွှတ်လိုက်သည်။

ချင်ရှုန်းယုအပေါ် ခုန်အုပ်ရန် အဆင်သင့် ဖြစ်နေသော အမျိုးသားသည် မိုဝူကျီထံမှ သူ့အား ဆန့်ကျင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုအမျိုးသားသည် မဆိုးပေ။ အရှိန်ကို ထိန်းသော်လည်း သူသည် ခန္ဓာကိုယ်အား လှည့်ကာ ခုတင်နှစ်ခုကြားရှိ နေရာလွတ်တွင် ခြေချလိုက်သည်။

သူသည် မိုဝူကျီအား လက်ညှိုးထိုးကာ

“မင်းက ဘယ်သူလဲ  ...  ”

မိုဝူကျီလက်သည် ရိပ်ခနဲ လှုပ်ရှားကာ ခြေထောက်တွင် ချည်ထားသည့် ဓားကို လျင်မြန်စွာ ထုတ်ယူလိုက်၏။ ယွန်ကျန်းရီလည်း ထရပ်ကာ  မိုဝူကျီဘေးသို့ ရောက်ရှိလာလေသည်။

ချင်ရှုန်းယုလည်း ရောက်ရှိလာပြီး သူမလက်ထဲတွင် ခရမ်းရောင် လှံအပျော့ကို ကိုင်ဆောင် ထားလေသည်။

ထိုသည်က အမှန်တကယ် မျှဝေအိမ်သည်လား  ... အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် သူနေရာ မှားရောက်လာကြောင်း ခံစားလိုက်ရ၏။ ထိုလူများ အားလုံးသည် အစေခံများ ဖြစ်ကြပြီး  ဘာကြောင့် သူတို့က အထက်စီး ဆန်နေရသည်နည်း  ... သူသည် တခြား မျှဝေအိမ်များသို့ ရောက်ခဲ့သော်လည်း တစ်ယောက်ကမှ သူ့အား ထိုသို့ မဆက်ဆံရဲချေ။

သူ့သည် နောက်လိုက်များ ခေါ်မည့်ဆဲဆဲတွင် သင်္ဘောသည် ပြင်းထန်စွာ လှုပ်ခါလာလေသည်။ အားလုံးသည် လက်ရှိ အခြေအနေကို မေ့ထားကာ ပြတင်းပေါက်မှ အလန့်တကြား ကြည့်လိုက်ကြသည်။

ထိုဧရာမ ကြီးမားသော သင်္ဘောကြီးသည် လဝက်ခန့် ကောင်းကောင်း ရွက်လွှင့်လာပြီ ဖြစ်ကာ တစ်ခါမှ ထိုသို့ မလှုပ်ခါဖူးချေ။

လူများသည် အားလုံးထင်ချက်ကိုယ်စီ ပေးနေစဉ်တွင် အားမာန်အပြည်ဖြင့် အသံသည် အားလုံး၏ နားထဲ ရောက်ရှိလာသည်။

“ငါတို့ရဲ့ သင်္ဘောကို တိုက်ခိုက် ခံနေရပြီ  ... နွေဦးပင်လယ် အဖွဲ့ဝင်အားလုံး  လက်နက်ကိုယ်စီ ယူဆောင်ပြီး အဓိက ကုန်းပတ်ကို ချက်ချင်း ထွက်ခဲ့ကြပါ  ...  နှောင့်နှေးမနေကြနဲ့  ... နောက်ဆုံးမှ ရောက်တဲ့လူကို ပင်လယ်ထဲ ကန်ချပစ်မယ်  ...  ”

ထိုအရာကို ကြားပြီး အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် မိုဝူကျီအား အာရုံမရှိတော့ချေ၊ မျှဝေအိမ်မှ ချက်ချင်း အလောတကြီး ပြေးထွက်သွားလေသည်။

သင်္ဘောသည် ပို၍ပင် လှုပ်ခါလာပြီး အားပြင်းလာလေသည်။ ယွန်ကျန်းရီသည် စိုးရိမ်စွာ ပြောလိုက်သည်။

“ဝူကျီ  ...  ငါတို့တော့ ပင်လယ်သားရဲတွေ တိုက်ခိုက်တာ ခံနေရပြီ ထင်တယ်  ... သွားကြစို့  ...  ”

ထိုအခိုက်အတန့်တွင် မျှဝေအိမ်ရှိ လူများသည် လက်နက်ကိုယ်စီ ကိုင်ဆွဲရင်း ကုန်းပတ်ဆီ အပြေးအလွှား ထွက်လာကြသည်။

မိုဝူကျီနှင့် ယွန်ကျန်းရီတို့ ကုန်းပတ် ရောက်သည့်အခါ သူတို့သည် ပါးစပ်ဟောင်းလောင်း ဖြစ်သွားလေ၏။ မိုဝူကျီသည် ထိုမျှ ကြီးမားလှသည့် ပင်လယ်သားရဲများကို မမြင်ဖူးချေ။ ကျယ်ဝန်းလှသည့် နွေဦး ပင်လယ်ပြင်တွင် ထိုသတ္တဝါများက ဘက်ပေါင်းစုံမှ ဝန်းရံထားလေသည်။ ထိုသတ္တဝါများတွင် ခြေလက်ခြောက်ချောင်း ပါရှိပြီး ကျောဘက်တွင် တိုပြီး ချွန်ထက်နေသော ဆူးချွန်များ ပါရှိလေသည်။ နေရောင်သည် သူတို့ထူထပ်သည့် အရေခွံတွင် ကျရောက်နေပြီး ပင်လယ်မှ ပုံရိပ် ထင်ဟပ်နေကာ သူတို့အား ကြောက်မက်ဖွယ် ပိုဖြစ်စေသည်။

မိုဝူကျီ အံ့ဩသည်က ကမ္ဘာမြေမှ လျှပ်စစ် ငါးရှဉ့်လိုမျိုး ထိုသတ္တဝါများတွင် လျှပ်စီးများ စတင်၍ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူအချို့သည် လျှပ်စီးအား မရှောင်နိုင်ကြပဲ ခန္ဓာကိုယ်တစ်ခုလုံး အကြောဆွဲကာ မြေပြင်ပေါ် ကျလာကြသည်။ အကယ်၍ သူတို့သည် ဒုတိယလျှပ်စီးနှင့် ထိတွေ့မိပါက သူတို့သည် သေလိမ့်မည်။

သို့သော်လည်း ထိုခြေခြောက်ချောင်း သတ္တဝါများသည် သူတို့၏ တစ်ခုတည်းသော ရန်သူ မဟုတ်ပေ။ ဖားကဲ့သို့ သတ္တဝါများလည်း နွေဦးပင်လယ်အား တိုက်ခိုက်နေကြသည်။ ထိုသတ္တဝါများတွင် အလွန်တရာ ရှည်လျားသော လျှာပါရှိပြီး လူတစ်ယောက်၏ ဓားကို လှမ်းဆွဲကာ ပါးစပ်ထဲသွင်း၍ မျိုချနိုင်သည်။

“ငါတို့တွေ ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းနဲ့ တွေ့တာပဲ  ...  သူတို့ရဲ့ ခြေခြောက်ချောင်းကို သင်္ဘောပေါ် အတက်မခံကြနဲ့  ... မှတ်ထားကြ သူတို့ရဲ့ အားနည်းချက်က သူ့တို့ လည်ပင်းအောက်မှာ တည်ရှိတယ်  ... တခြား နေရာတွေက သံမဏိလိုပဲ မာကျောနေတဲ့ အတွက် လည်ချောင်းကိုပဲ အဓိကထား တိုက်ခိုက်ကြ  ...  ” လူလတ်အရွယ် အမျိုးသားသည် အော်လိုက်ကာ တတိယအထပ်မှ ခုန်ချလိုက်သည်။ သူစကား ပြောနေစဉ်အတွင်း သူ့ဓားဖြင့် ခြေခြောက်ချောင်း လျှပ်စီးမိကျောင်း နှစ်ကောင်ကို လေးပိုင်း ပိုင်းပစ်နိုင်လိုက်သည်။

မိုဝူကျီသည် အဖြစ်အပျက်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။၊ သူသည် မိကျောင်း၏ လည်ပင်းအောက်မှ တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူ့စွမ်းဆောင်ရည်ကို ကြည့်ပါက သူသည် သေချာပေါက် အင်မော်တယ် တစ်ယောက် ဖြစ်ရမည်။

အချို့၏ အော်ဟစ်သံများကိုပင် ကြားနေရလေသည်။ မိုဝူကျီသည် မီးကျွမ်းအနံ့ ရလိုက်သည်။ ခေါင်းကို လှည့်ကြည့် လိုက်သောအခါ  ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းသည် သူ့ဆီ ဦးတည်လာကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် လျှပ်စီးကြောင်းလည်း သူ့ဆီ အပြေးအလွှား ရောက်ရှိလာလေသည်။

***

All Chapters