← Chapters

သတ္တိရှိခြင်း

Vol. 4 Ch. 45

သတ္တိရှိခြင်း

Vol. 4 Ch. 45

မိုဝူကျီ မကြောက်ဆုံးအရာသည် လျှပ်စီးဖြစ်ကာ သူ့ဆီ တိုက်ရိုက် ဝင်လာသည့် လျှပ်စီးကိုပင် မရှောင်ချေ။ သူသည် ဓားကို အသုံးပြု၍ မိကျောင်းခေါင်းကို ထိုးစိုက်လိုက်လေ၏။

“ဒေါင် ... ”

မိုဝူကျီသည် သူ့ဓားက သံမဏိနှင့်များ ထိရိုက် မိလေသလားဟု တွေးထင်မိသည်။ မိကျောင်းခေါင်းနှင့် သူ့ဓားတွေ့ဆုံရာတွင် မီးပွားများ လွင့်စဉ် လာလေသည်၊။ ကံကောင်းစွာပင် ဟူဖေးဆီမှ ရထားသည့် ဓားသည် မဆိုးလှပေ။ ထိုမျှသော ဖိအားအောက်တွင် မကွေးညွတ် သွားချေ။

“ဘမ်း ... ”

လျှပ်စီးသည် မိုဝူကျီ ရင်ဘတ်ထဲသို့ အပြင်းအထန် ထိရိုက်လာလေသည်။

မိုဝူကျီသည် သူ့ခန္ဓာကိုယ်တွင် လောင်မြိုက်လာသည့် နာကျင်မှုအပူကို ခံစားမိ၏။ လျှပ်စီးကန်တွင် သေလုနီးပါး တွေ့ကြုံပြီး နောက်တွင် မိုဝူကျီသည် ပါချည်ပါချဲ့ လူသစ်လေး မဟုတ်တော့ချေ။ သူသည် ချက်ချင်း လျှပ်စီးကို ထိန်းချုပ်ကာ ပိတ်ဆို့နေသော ဒုတိယ ချီသွေးကြောထဲသို့ စီးဆင်းစေလိုက်သည်။

ကံကောင်းမှုကြောင့် ဖြစ်နိုင်သော်ငြား လျှပ်စီးသည် ပိတ်ဆို့မှုကို စတင်၍ တိုက်စားလာလေသည်။

လောင်မြိုက်ထားသော နာကျင်မှုသည် မိုဝူကျီ၏ ဒုတိယ ချီသွေးကြောသို့ ရောက်ရှိ သွားလေသည်။ ဘာအသံမှ မကြားရသော်လည်း မိုဝူကျီသည် ပိတ်ဆို့မှု တစ်စိတ်တစ်ပိုင်းသည် လောင်မြိုက်သွားပြီ ဖြစ်ကြောင်း ခံစားမိ၏။

ထိုအရာကို သူ့ချီသွေးကြောထဲ လှည့်ပတ်နေစဉ် မိုဝူကျီသည် ချက်ချင်း နောက်ဆုတ်လိုက်ပြီး အမြင့်ကို တက်လိုက်သည်။ ဤနေရာသည်ကား လျှပ်စီးရေကန်နှင့် မတူပေ။ ဤနေရာတွင် ပင်လယ် သားရဲများက သောင်းကျန်းနေပြီး သူသာ ကြမ်းပြင်ပေါ် လဲလျောင်းနေပါက ပင်လယ်သားရဲက သတ်၍ ဖြစ်‌စေ သို့မဟုတ် အနင်းခံရ၍ ဖြစ်စေ သေဆုံးသွားနိုင်သည်။

သူ့အတွက် စိတ်ကျေနပ်သည့် အရာတစ်ခုသည် ထိုလျှပ်စီးများသည် လျှပ်စီးကန်ထက် ပို၍ အားပျော့ခြင်း ဖြစ်၏။ ထိုမိကျောင်းများနှင့် တိုက်ခိုက်ရသည်က အန္တရာယ် ကြီးသော်လည်း အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်၏။ အကယ်၍ သူသာ ဂရုတစိုက် လုပ်ဆောင်လျှင် သူ့၏ ဒုတိယ ချီသွေးကြောကို ကောင်းကောင်း ဖွင့်နိုင်လိမ့်မည်။

တစ်ဖက်တွင် လျှပ်စီးမိကျောင်းကား အနည်းငယ် အံ့ဩသွားလေသည်။ သေစေနိုင် လောက်သည့် လျှပ်စီးသည် မိုဝူကျီအား သတ်ရန် မစွမ်းနိုင်ချေ။ ခဏကြာပြီး နောက်တွင် ထိုအရာသည် မိုဝူကျီဆီ လက်စားချေရန် နောက်တစ်ကြိမ် အပြေးအလွှား ရောက်ရှိလာသည်။ ဒေါသထွက်စရာ ကောင်းပြီး ခါးသီးသော်လည်း မိုဝူကျီအား တိုက်ခိုက်မှုများက အရာမထင်ပေ။

နောက်ထပ် လျှပ်စီးတစ်ခုသည် မိုဝူကျီထံ ရောက်ရှိလာပြန်သည်။ ဒီတစ်ကြိမ်တွင် မိုဝူကျီသည် ပို၍ပင် ဉာဏ်ကောင်း လာလေသည်။ သူသည် အင်မော်တယ်များနှင့် မတူ၍ သူသည် လျှပ်စီးမိကျောင်းကို လေးပိုင်း မပိုင်းခြားနိုင်ပေ။ သူသည် နှစ်ပိုင်းပင် မပိုင်းနိုင်လောက်ချေ။ မိကျောင်း၏ အရေပြား ထူထူတွင် ခြစ်ရာထင်အောင် ပြုလုပ်ဖို့ပင် ခက်ခဲလှ၏။

မိုဝူကျီသည် လျှပ်စီးများကို ဆက်တိုက် လျစ်လျူရှု ထားလေသည်။ အကြောင်းမှာ သူသည် ရှောင်ရှား နိုင်လောက်အောင် မလျင်မြန်ပေ။ လျှပ်စီးသည် မိကျောင်းနှင့်အတူ ရောက်ရှိ လာသောအခါ မိုဝူကျီသည် လက်ထဲမှ ဓားကို သုံးကာ မိကျောင်းလည်မျိုကို ထိုးစိုက်လိုက်သည်။

ထိုအင်မော်တယ်‌ ပြောသည်က မှန်ကန်ပေ၏။ မိုဝူကျီဓားသည် မိကျောင်းလည်မျိုကို ထိုးဖောက် ဝင်ရောက် သွားလေသည်။ ဓားအား ထိုးစိုက်ရန် အနည်းငယ် ခုခံမှုရှိသော်လည်း သံမဏိကဲ့သို့ မာကျောနေသော အရေပြားပေါ်သို့ ထိုးစိုက်ခြင်းနှင့် မတူပေ။ မိုဝူကျီ လက်ပေါ်သို့ သွေးရဲရဲများ စီးဆင်းလာကာ ခန္ဓာ တစ်ဝက်လောက်သည် သွေးများဖြင့် စိုရွဲသွားလေသည်။

လျှပ်စီးမိကျောင်းသည် အော်ဟစ်မြည်တမ်း လိုက်ကာ မိုဝူကျီထံ မရေတွက်နိုင်သော လျှပ်စီးများ ပို့လွှတ်လိုက်သည်။ မိုဝူကျီ ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာပြီး သူ့ဆံပင်များပင် မီးကျွမ်း သွားလေသည်။

နောက်ထပ် နာကျင်မှု ခံစားချက်တစ်ခု

မိုဝူကျီသည် သူ့ခန္ဓာအား အပိုင်းပိုင်း ဖြတ်လိုက်သလို ခံစားမိကာ ခန္ဓာကိုယ်သည် အဆုံးမသတ် တုန်ယင်နေလေသည်။ တစ်ဖက်တွင် လျှပ်စီးမိကျောင်းသည် လည်မျိုမှ သွေးများပန်းထွက် နေသည်ကိုပင် ဂရုမမူဘဲ မိုဝူကျီဆီ ဒေါသတကြီး ခုန်အုပ်နေလေသည်။ မိုဝူကျီသည် ထိုလျှပ်စီး မိကျောင်းအား ဒေါသ အကြီးအကျယ် ထွက်စေဟန် ရသည်။

သူခံစားရသည့် နာကျင်မှုသည် ဘာမှ မဟုတ်ပေ။ မိုဝူကျီသည် သူ့ဒုတိယမြောက် ချီသွေးကြောသည် ပို၍ ကျယ်လာကြောင်း ခံစားမိ၏။

မိုဝူကျီသည် အားတင်းကာ ပြန်ထလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် သွေးကြောဖွင့်ဆေး ပုလင်းကို ဖွင့်ကာ သောက်ချလိုက်သည်။

ဘေးနားမှ လူအများသည် နောက်ပြန် ဆုတ်ကုန်ကြ၏။ မိုဝူကျီသည် လျှပ်စီးမိကျောင်းကို မသတ်နိုင်ပဲ ဒေါသထွက်အောင် လုပ်မိလေသည်၊။ မည်သူကမှ ရန်လိုတကြီး ဖြစ်နေသော မိကျောင်းကို ထိန်းရန် မလုပ်ရဲကြချေ။

မိုဝူကျီသည် နောက်ပြန် မဆုတ်ရုံသာမက သူသည် နာကျင်မှုများကို အန်တုကာ လျှပ်စီးမိကျောင်းဆီ ခုန်ဝင် သွားလေသည်။

မိုဝူကျီ၏ အပြုအမူကို မြင်သူတိုင်းသည် ထိုလူ ရူးသွပ်သွားပြီဟု တပြိုင်တည်း တွေးမိလိုက်ကြသည်။ ထိုသို့သော ဒဏ်ရာ ပြင်းများဖြင့် သူသည် နောက်မဆုတ်ဘဲ လျှပ်စီးမိကျောင်းနှင့် ရင်ဆိုင်ရန် ရွေးချယ်လိုက်သည်။ သူ ရူးများ ရူးနေတာလား ... အကယ်၍ သူသေခြင်းနေသည် ဆိုလျှင်ပင် ထိုသို့သော နာကျင်သော နည်းလမ်းကို မရွေးသင့်ပေ။

“ဘမ်း ... ဘမ်း ... ”

လျှပ်စီးအလုံး နှစ်လုံးသည် မိုဝူကျီ ရင်ဘတ်သို့ လာရောက် ထိမှန်လေသည်။ တစ်ချိန်တည်းတွင် မိုဝူကျီ၏ ဓားသည် မိကျောင်း လည်မျိုသို့ ရောက်ရှိသွားလေသည်။

ဒုတိယ ချီသွေးကြောသည် လျှပ်စီးဖြင့် ဆက်လက်၍ ဖွင့်နေလေသည်။ မိကျောင်း၏ ပွင့်နေသော ဒဏ်ရာသည်လည်း ပို၍ ကြီးလာလေသည်။

လျှပ်စီးမိကျောင်းက မယုံနိုင်ဖွယ် အသက်ပြင်းလှသည်။ နှစ်ကြိမ်ထိုးစိုက် ခံရသော်လည်း သူသည် မိုဝူကျီနောက်သို့ ရူးသွပ်စွာ လိုက်နေဆဲ ဖြစ်သည်။

သေခြင်းတရားနှင့် အနီးကပ် ကြုံတွေ့ဖူး၍ မိုဝူကျီသည် တည်ငြိမ်နေလေသည်။ သူသည် နောက်ထပ် သွေးကြောဖွင့်ဆေးကို ထပ်သောက်လိုက်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။

သုံးကြိမ် ပြီးသည့်နောက် မိုဝူကျီ၏ တစ်ကိုယ်လုံးသည် သွေးများဖြင့် စိုရွှဲနေလေသည်။ သူသည် သွေးများက သူ့ဟာလား သို့မဟုတ် မိကျောင်းသွေးလား ဆိုတာပင် မသိပေ။ လျှပ်စီးအလုံးများဖြင့် ထိရိုက်ခံရသည့် အချိန်တိုင်း သူသည် အလျှော့မပေးဘဲ သွေးကြောဖွင့်ဆေးကို သောက်ကာ ဓားကိုသာ မြဲမြဲဆုပ်ကိုင်ထားကာ မိကျောင်းအား ထိုးစိုက်လေသည်။

ထိုသည်က ဆက်တိုက် ဖြစ်ပေါ်လာပြီး မိုဝူကျီသည် မိကျောင်းကို ထိုးစိုက်လိုက်ကာ မိကျောင်းသည် လျှပ်စီး သို့မဟုတ် လျှပ်စီးအလုံးဖြင့် မိုဝူကျီထံ ပစ်လွှင့်လိုက်သည်။ ထိုအခါ မိုဝူကျီသည် သွေးကြောဖွင့်ဆေးကို သောက်ပြီး မိကျောင်းအား နောက်တစ်ကြိမ် ထိုးစိုက်လိုက်လေသည်။

ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း အံ့ဩတကြီး ကြည့်နေကြသည်။ ထိုလျှပ်စီး မိကျောင်းသည်လည်း အသက် ပြင်းသော်ငြား ထိုအစေခံက ပို၍ အသက်ပြင်းလေသည်။ ထိုနှစ်ယောက်သည် မည်သူ အသက်ပြင်းနှုန်းနှင့် ဇွဲကိုများ ပြိုင်ဆိုင် နေကြသည်လား ... . နာကျင်မှုကို တောင့်မခံ နိုင်သူသည် အရှုံးဖြစ်၏။ ထိုအစေခံက သေချာပေါက် ရူးနေတာ မဟုတ်ပေ။ မည်သည့် အရူးက ထိုမျှ တောင့်ခံနိုင်မည်နည်း ...

လျှပ်စီးမိကျောင်း အရေအတွက် များခြင်းကြောင့်သာ မဟုတ်လျှင် ထိုလူများသည် မိုဝူကျီနှင့် မိကျောင်း၏ တိုက်ပွဲကို ရပ်ကြည့်ကြလိမ့်မည်။

ကံကောင်းသည်က မိကျောင်းသည်လည်း အသွေးအသာနှင့် ပြုလုပ်ထားခြင်း ဖြစ်၏။ မိုဝူကျီဆီမှ ဆယ်ကြိမ်လောက် ထိုးစိုက်ခံပြီး နောက်တွင် သုံးမီတာ ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ကုန်းပတ်ပေါ်သို့ ဘုန်းခနဲ လဲကျလာလေသည်။

မိကျောင်း လဲကျသွားသည့် အခိုက်အတန့်တွင် မိုဝူကျီသည် သူ့ခန္ဓာတစ်ခုလုံး ပေါ့ပါးသွားမှုကို ခံစားလိုက်ရသည်။

သူ့ဒုတိယမြောက် ချီသွေးကြောသည် နောက်ဆုံးတွင် ပွင့်သွားလေပြီ။ မိုဝူကျီ လက်များသည် စတင်၍ တုန်ယင်လာကာ ထိုသည်က အားသုံးခြင်း များသွားလို့လား သို့မဟုတ် ဒုတိယ ချီသွေးကြော ဖွင့်နိုင်သည့် စိတ်လှုပ်ရှားမှုကြောင့်လား မပြောတတ်ပေ။

သူလည်း မိကျောင်း၏ အသတ်ခံရလု နီးပါး ဖြစ်ခဲ့သောကြောင့် ငရဲနှင့်တူသော နာကျင်မှုကို တောင်ပုံယာပုံ ခံစားနေရသော်လည်း ဘဝအသစ်ကို လက်ခံရရှိလိုက်သည်။ ထိုရလဒ်သည် ကြိုးစားမှုကြောင့် ရလာခြင်း ဖြစ်သည့်အတွက် မိုဝူကျီသည် ပို၍ပင် တန်ဖိုးထားလေသည်။

ချီသွေးကြော နှစ်ခု ဖွင့်ပြီးသည်နှင့် မိုဝူကျီခန္ဓာသည် ပေါ့ပါးနေသော်လည်း ပင်ပန်းနွမ်းလျ နေလေသည်။ သူသည် ခဏလောက် အနားယူရန် လိုအပ်နေသည်။

မိုဝူကျီ ဓားငယ်လေးကို သုံးကာ မိကျောင်းအား ရဲရင့်စွာ တိုက်ခိုက်ခဲ့သည့် ပုံရိပ်သည် အားလုံး၏ စိတ်ထဲတွင် ထင်ဟပ် နေလေသည်။ မိုဝူကျီ၏ သူရဲကောင်းဆန်ဆန် လှုံ့ဆော်မှုကြောင့် လူအများအပြားသည် မိကျောင်းများအား သတ္တိရှိစွာ တိုက်ခိုက်လာကြသည်။ လူများ မရေတွက် နိုင်လောက်အောင် အသတ်ခံရသော်ငြား မိကျောင်းများလည်း အသတ်ခံရလေသည်။

ထိုမိကျောင်းကို သတ်ပြီးသည့် နောက်တွင် မိုဝူကျီအတွက် ထိုနားသည်က ပုံမှန်ပင် ဖြစ်၏။ မလုပ်ဆောင်လျှင်သာ ထူးဆန်းနေမှာ ဖြစ်လေသည်။

သို့သော် အားလုံးကို မယုံကြည်ဖွယ် ဖြစ်စေသည်က ဆယ့်ငါးမိနစ်လောက် အနားယူပြီး နောက်တွင် မိုဝူကျီသည် ဆေးကို သောက်ကာ နောက်ထပ် မိကျောင်းဆီ ပြေးဝင် သွားခြင်းပင် ဖြစ်၏။

လူအချို့သည် မိုဝူကျီအား အံ့ဩတကြီး ကြည့်ကြသည်။ ထိုလူက ရူးနေတာများလား ... ဒါမှမဟုတ် သတ္တိ ရှိလွန်းတာလား ...

သူ့၏ အရင် စွမ်းဆောင်ချက်နှင့် ဆိုလျှင် တိုက်ပွဲမှ သူအနားယူလျှင်ပင် တစ်ယောက်မှ အပြစ်တင်မည် မဟုတ်ချေ။ ထို့အပြင် သူ့၏ သူရဲကောင်းဆန်ဆန် စွမ်းဆောင်ချက်သည် အင်မော်တယ်ဆီမှ အသိမှတ်ပြုမှုပင် ရရှိနိုင်လေသည်။

မိုဝူကျီသည် ရူးသွပ်နေခြင်း မဟုတ်ပေ။ သူသည် ထိုအရာအား ရှားပါးလှသော အခွင့်အရေးကောင်း တစ်ခုကဲ့သို့ မှတ်ယူကာ လုပ်ဆောင်ခြင်း ဖြစ်၏။ သူ့တွင် သွေးကြောဖွင့်ဆေး ရှိနေသည့်အပြင် သူ့ချီသွေးကြောများကို ဖွင့်ရန်ကူညီပေးနိုင်သော လျှပ်စီးအရင်းမြစ် များစွာလည်း ရှိသည်မဟုတ်ပါလား ... ထိုသို့သော အခွင့်အရေးမျိုးကို လက်လွှတ်လိုက်သော သူသည် အရူးသာ ဖြစ်လိမ့်မည်။

သူ့ဓားအချွန်သည် မိကျောင်း၏ လည်မျိုသို့ ထိုးဖောက်သွားလေသည်။ ဒေါသထွက်ပြီး မခံချိမခံသာ ဖြစ်နေသာ မိကျောင်းသည် မိုဝူကျီအား ခုန်အုပ်ကာ လျှပ်စီးများ ပစ်လွှင့်တော့သည်။

ထိုမြင်ကွင်းသည် ထပ်ခါထပ်ခါ ဖြစ်ပေါ်နေလေသည်။ မိုဝူကျီသည် လျှပ်စီး သို့မဟုတ် လျှပ်စီးအလုံးများဖြင့် ဆက်တိုက် ထိရိုက်ခံနေရပြီး ဆေးသောက်ကာ ဆက်လက် တိုက်ခိုက်နေသည်။

ထပ်ခါ ထပ်ခါ အဖြစ်အပျက်သည် ဆက်လက်၍ ဖြစ်ပွားနေသည်။ မိုဝူကျီသည် ဘယ်တော့မှ စိတ်ဓာတ်မကျပေ။

“ဒီလူက တကယ်ကို သတ္တိရှိတာပဲ ... ” အကွာအဝေး အနည်းငယ်လှမ်းသော နေရာမှ မိန်းမပျိုသည် မိုဝူကျီ အပြုအမူများကို မြင်၍ အံ့ဩစွာ ချီးကျူးလိုက်သည်။

ဘေးမှ လူငယ်သည် ရယ်မောလိုက်ပြီး

“သူက ပင်လယ်သားရဲနဲ့ အသက်ကို မဆင်မခြင် အလောင်းအစား လုပ်နေတာပဲ ... ဒါပေမဲ့လည်း သူ့ကို အပြစ်ပြောလို့တော့ မရဘူး ... သူက တစ်ခါမှ မကျင့်ကြံဖူးတဲ့ အပြင် သိုင်းတောင် မလေ့လာဖူးလောက်ဘူး ... သူ့ရဲ့ အကြမ်းအတမ်း နည်းလမ်းအပေါ်ပဲ အားထား နေရတာလေ ... ”

***

All Chapters