← Chapters

လေသည် မီးကို အားဖြည့်လျှင် မိုင်တစ်ထောင်အထိ လောင်ကျွမ်းနိုင်၏

Vol. 6 Ch. 74

လေသည် မီးကို အားဖြည့်လျှင် မိုင်တစ်ထောင်အထိ လောင်ကျွမ်းနိုင်၏

Vol. 6 Ch. 74

ဓားစံအိမ် ဒုတိယထပ်တွင် ဓားပေါင်း ၃၀၀၀ ခန့်ရှိကာ ဓားတစ်လက်စီသည် အနည်းဆုံး အရည်အသွေး အကောင်းဆုံး ဝိညာဉ်တစ်ဝက်လက်နက်များ ဖြစ်ကြသည်။

ထိုသို့သော ဓားတစ်လက်သည် ချီစုစည်းခြင်းအဆင့်တစ်ဦးအား အဆများစွာ သန်မာစေနိုင်သည်။ ကမ္ဘာမြေအဆင့်များအတွက်ပင် ထိုသို့သော ဓားက သူတို့၏စွမ်းရည်ကို အားကောင်းစေ၏။

၎င်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ထိုဓား ၃၀၀၀ မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မျိုးဆက်များစွာတို့ စုဆောင်းလာခဲ့သော အမွေအနှစ်လည်း ဖြစ်သည်။

ထိုဓား ၃၀၀၀ တို့ကြောင့်သာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အားကောင်းသော တိုက်ခိုက်စွမ်းရည်ကို ထိန်းသိမ်းထားနိုင်သည်။

ဓားစံအိမ်တွင် နေလာသည်မှာ အတော်လေးကြာပြီးဖြစ်ရာ ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဓားစံအိမ်နှင့်ပတ်သက်၍ အနည်းနှင့်အများ နားလည်လာပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် ဓားစံအိမ်သည် ဂိုဏ်းတစ်ဂိုဏ်း၏ သိုလှောင်ခန်းတစ်ခုသာ ဖြစ်သည်။ လူအများအပြားက ၎င်း၏တည်ရှိမှုကို လျစ်လျူရှုထားကြလေ့ရှိသည်။

သို့သော်လည်း ဓားစံအိမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အုတ်မြစ်ဖြစ်သည်။ ဂိုဏ်းသည် ကြီးမားစွာ ထိခိုက်လျှင်ပင် ဓားစံအိမ်ရှိပါက ပြန်လာနိုင်ပေသေးသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ဂိုဏ်းတိုင်းတွင် ထိုသို့သော အုတ်မြစ်များ ရှိကြသည်။

ဓားကို ဒုတိယထပ်သို့ ပို့ဆောင်ပြီးနောက်တွင် ဟန်မူယဲ့သည် သူ့ရှေ့မှ ဓားများအား တောက်လောင်သော မျက်လုံးများဖြင့် ကြည့်သည်။

ရေခဲအက်ကွဲဓားကို နေရာလွတ်တစ်ခုတွင်တင်လိုက်ပြီးနောက်တွင် သူက စင်ပေါ်မှ နောက်ထပ်ဓားတစ်လက်အား လှမ်းဆုပ်လိုက်သည်။

သည့်အတွက်ကြောင့်သာ သူသည် ဓားစံအိမ်ဒုတိယထပ်သို့ တက်လာသည် မဟုတ်ပါလား။

ဟူး…

သူ၏ချီပင်လယ်တွင် ဓားချီများ လှုပ်ယမ်းလာခဲ့ကာ သူ့စိတ်၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။

အစိမ်းရောင်ဝတ် တာအိုဆရာတစ်ဦးသည် သူ၏ဓားကို ဝှေ့ယမ်းလျှင် သူ့ရှေ့မှ သစ်ပင်များ လှုပ်ယမ်းကြသည်။

ဤသည်ကား ဓားသိုင်းမှ ဆင်းသက်လာသော နည်းစနစ်ဖြစ်သည်။ ၎င်းသည် ဓားတာအိုမျိုးဆက်မှ ဖြစ်ကာ မှော်ဓားသိုင်းအဖြစ် သတ်မှတ်နိုင်သည်။

သူသည် နံပါတ်၃ အံ့ဖွယ်ဓားသိုင်း၊ တိမ်မြူသစ်စိမ်းပညာရပ်အား နားလည်ခဲ့သည်။

သူက ဓားလက်ကိုင်ကို လွှတ်လိုက်သည်။

အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် လေထဲတွင် ပျံဝဲကာ သူမ၏လက်ထဲမှ ဓားသည် လခြမ်းသဏ္ဌာန် ပြောင်းလဲသွား၏။

သူသည် လစန္ဒာဂိုဏ်း၏ လမင်းသုံးပါးဓားသိုင်း ကို နားလည်ခဲ့သည်။

လစန္ဒာဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏တွင် ဂိုဏ်းကြီးကိုးဂိုဏ်း၌ ဒုတိယအဆင့်တွင် ရှိသည်။ သူတို့ဂိုဏ်းမှ ဓားတစ်လက်က သည်နေရာတွင် အဘယ်ကြောင့် ရှိသည်ကို ဟန်မူယဲ့ မသိပေ။

…

ဓားငါးလက်ကို ဆန်းစစ်ပြီးနောက်တွင် ဟန်မူယဲ့သည် ဓားသိုင်း ၈ မျိုးကို နားလည်တတ်မြောက်သွားပြီး ဓားဆန္ဒနှစ်ခုကို ရရှိခဲ့ကာ ဓားချီသုံးစအား စုစည်းနိုင်ခဲ့၏။

သည်တစ်ကြိမ်တွင်ကား ဟန်မူယဲ့ လောဘမကြီးပါ။ သူသည် စိတ်လှုပ်ရှားစွာဖြင့် အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။

သူ့တွင် အချိန်များစွာ ကျန်နေသေးသည်။

အောက်ထပ်တွင် လုကောသည် ဓားစံအိမ်တံခါးဝမှနေ၍ အတွင်းကို ပြူကြည့်နေသည်။

“စီနီယာအစ်ကိုဟန်… ဒါကို…”

လုကော၏လက်ထဲတွင် ဝိညာဉ်ကျောက်တုံး ၂ တုံး…

အလယ်အလတ်အဆင့်…

၎င်းတို့မှာ ကောင်းဖေးထံမှ ဖြစ်သည်။

“ခင်ဗျားနဲ့ လေ့ကျင့်ရေးမှူးလင်းတို့ မျှယူလိုက်ကြပါ”

ဟန်မူယဲ့က စားပွဲရှည်ရှေ့တွင်ထိုင်ကာ ဓားကို စာရင်းမှတ်ရင်း ပြောသည်။

တံခါးဝတွင် လုကော၏မျက်နှာက ဝင်းလက်သွားကာ လင်းရှန်အား စိုးရိမ်စွာ ကြည့်သည်။

“ညီလေးဟန်ပြောတဲ့အတိုင်း မျှယူလိုက်ကြတာပေါ့။ သူ့မှာ ဝိညာဉ်ကျောက်တုံး မရှားဘူး”

လင်းရှန်က ပြောပြောဆိုဆို ဝိညာဉ်ကျောက်တုံး ၁တုံးကို လှမ်းယူကာ သူ၏အိတ်ကပ်ထဲကို ထည့်လိုက်သည်။

ခုံတွင် ထိုင်နေသော ဟန်မူယဲ့သည် မော့မကြည့်ဘဲ လှမ်းပြောလိုက်သည်။

“အစ်ကိုလု… ဒီရက်ပိုင်း ခင်ဗျားက အစားအသောက်အတွက် ပိုက်ဆံတွေ ကုန်နေခဲ့တာပဲမလား”

လုကောက ကျေးဇူးတင်စွာ ခေါင်းညိတ်သည်။ သူက သာမန်အရည်အသွေး ဝိညာဉ်ကျောက်တုံးအား သူ၏အိတ်ကပ်ထဲကို ထည့်ကာ ရေရွက်သည်။

“ဒါက ကျုပ်တာဝန်ပဲလေ”

နောက်တွင် ဓားစံအိမ်သို့ လူတစ်ယောက် ရောက်လာသည်။

“မိတ်ဆွေလေးဟန် ဒီမှာ ရှိပါသလား”

ဓားစံအိမ်ရှေ့တွင် အစိမ်းရောင်ဝတ်တာအိုဆရာတစ်ဦး မတ်တပ်ရပ်ကာ မေးသည်။

“ဓားစံအိမ်ဟာ အရေးကြီးတဲ့နေရာပဲ။ အပြင်လူ ဝင်ခွင့်မရှိဘူး”

လုကောက အော်ဟစ်လိုက်စဉ်မှာပင် ဟန်မူယဲ့က ခြောင်းဟန့်လိုက်သည်။

“ဆိုတော့ စီနီယာချီရောက်လာပြီပဲ”

ဟန်မူယဲ့က စုတ်တံကို ချလိုက်ကာ ဓားစံအိမ်အပြင်ဘက်သို့ ထွက်လာသည်။

ဓားစံအိမ်အပြင်ဘက်တွင် ရပ်နေသူမှာ လင်ကြွယ်ဂိုဏ်းမှ ချီမင်ယွမ် ဖြစ်သည်။

သူသည် ယမန်နေ့က ဟန်မူယဲ့အား သူ့ဂိုဏ်း၏ဓားသိုင်း တတိယအဆင့်ကို သင်ကြားပေးရန် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကမ်းလှမ်းခဲ့သည်။

ဤသည်ကား ကြီးမားသော စီးပွားရေးကိစ္စ ဖြစ်သည်။

“မိတ်ဆွေလေးဟန်…”

ချီမင်ယွမ်က လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။

“စီနီယာချီ… ဓားစံအိမ်က အရေးကြီးတဲ့နေရာပဲ။ ခင်ဗျားကို အထဲသို့ ဖိတ်ခေါ်လို့ မရဘူး”

ဟန်မူယဲ့က ကျောက်လှေကားအတိုင်း ဆင်းလာကာ ချီမင်ယွမ်အား ကြည့်သည်။

“စီနီယာ… ခင်ဗျားက တိမ်ခွင်းဓားသိုင်းရဲ့ တတိယအဆင့်ကို ဘယ်လို ထုတ်ဖော်ရမလဲ သိချင်တာမလား”

ချီမင်ယွမ်က ခေါင်းညိတ်ကာ လက်ကို မြောက်လိုက်သည်။ သူ၏လက်ထဲတွင် သေတ္တာငယ်လေးတစ်ခု ပေါ်လာသည်။

သူက သေတ္တာငယ်လေးကို ဖွင့်လိုက်လျှင် အတွင်း၌ သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသော ကျောက်တုံးငယ် ၁၀တုံးကို တွေ့ရသည်။

အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁တုံးသည် အရည်အသွေးနိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ နှင့် ညီမျှသည်။

အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံးသည် စူးရှတောက်ပစွာ ရှိနေကြ၏။

ဓားစံအိမ်အဝင်ဝတွင် လုကောသည် သူ၏အိတ်ကပ်ထဲမှ သာမန်အရည်အသွေး ဝိညာဉ်ကျောက်တုံး ၁တုံးကို လက်ဖြင့် အသာဖိကပ်ကြည့်သည်။

စီနီယာအစ်ကိုဟန်က သာမန်အရည်အသွေး ဝိညာဉ်ကျောက်တုံး ၁တုံးအား စိတ်မဝင်စားသည်မှာ မထူးဆန်းတော့ပေ။

သူက နားစွင့်ကာ ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများအား ယူခိုင်းမည်ကို စောင့်နေသည်။

သူ့ဘဝတွင် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးအား တစ်ခါမှ မထိကိုင်တွယ်ဖူးပေ။

ထိုနေရာတွင် ရပ်နေသော ဟန်မူယဲ့အား သေတ္တာငယ်လေးကို မကြည့်ပါ။ သူက အဝေးကို ကြည့်သည်။ ထိုနေရာတွင် တိမ်စိုင်များ လူးလွင့်နေကြ၏။

“စီနီယာချီ… ဒီဓားသိုင်းရဲ့ တတိယအဆင့်ဟာ ဝိညာဉ်ကျောက်တုံးတွေနဲ့ တိုင်းတာလို့ မရတော့ဘူးဆိုတာ ခင်ဗျား သိသင့်တယ်”

သူက ချီမင်ယွမ်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောသည်။

“ဂိုဏ်းရဲ့ မူပိုင်ဓားသိုင်းဟာ တစ်ဂိုဏ်းလုံးရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို နောက်တစ်ဆင့် တိုးမြှင့်စေနိုင်တယ်”

ဓားစံအိမ်တံခါးဝတွင် လုကော၏ပါးစပ် ဟသွားသည်။

‘ဘာကို ဆိုလိုတာလဲ’

ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ က မလုံလောက်ပေဘူးလား။

ချီမင်ယွမ်သည် ဤသို့ ဖြစ်လာမည်ကို ခန့်မှန်းထားပြီး ဖြစ်ဟန်ရသည်။ သူ၏အမူအရာက  သိပ်ပြောင်းလဲခြင်းမရှိဘဲ လက်ကို မြှောက်လိုက်လျှင် ဓားရှည်တစ်လက် ပေါ်လာသည်။

“ဒီဓားကို ‘လေအလျင်’ လို့ ခေါ်တယ်။ ဒီဓားကို ကျုပ်သုံးလာတာ နှစ် ၆၀ ရှိပြီ။ ဒါက အရည်အသွေး အကောင်းဆုံး ဝိညာဉ်တစ်ဝက်လက်နက်ပဲ။ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ တန်ဖိုးရှိတယ်”

သူသည် ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ ကို တိုက်ရိုက်ပေါင်းထည့်ခဲ့သည်။

တစ်ယောက်က ပိုမိုများပြားသော တန်ဖိုးအား တောင်းဆိုကာ နောက်တစ်ယောက်ကလည်း ပိုမိုများပြားစွာ ထပ်ပေါင်းထည့်ပေးသည်။

လုကောသည် သူ၏ဝိညာဉ်ကျောက်တုံးအား ပွတ်သပ်ရင်း နှလုံးများ တစ်ဒုတ်ဒုတ် ခုန်နေသည်။

ထို့နောက် သူ၏အတွေးများ ရှုပ်ထွေးလာသည်။

စီနီယာအစ်ကိုဟန်သည် အပြင်လူတစ်ယောက်နှင့် သည်မျှ ကြီးမားသော အကျိုးစီးပွားကို ဆွေးနွေးနေသည်။ သူသည် မမြင်သင့် မကြားသင့်သည်များအား တွေ့မြင်ခဲ့ရသည်များလား။

သူ့အား နှုတ်ပိတ်လိုက်ကြမည်လား။

သူက လင်းရှန်အား လှမ်းကြည့်သည်။ လင်းရှန်၏အမူအရာကား သာမန်သာ ဖြစ်သည်။ ထိုအခါမှ သူ စိတ်သက်သာရာရသွားသည်။

“စီနီယာချီ… ကျုပ်က ခင်ဗျားဓားကိလည်း မလိုဘူး။ ဝိညာဉ်ကျောက်တုံးကိုလည်း မလိုချင်ဘူး”

ဟန်မူယဲ့၏စကားက ချီမင်ယွမ်နှင့် လုကောတို့၏အမူအရာကို ပြောင်းလဲသွားစေသည်။

ချီမင်ယွမ် မျက်မှောင်ကြုတ်သည်။ လုကော စိတ်ပျက်သွား၏။

“မိတ်ဆွေလေး… ကျုပ် ဒီကို လာတာ အကြီးအကဲထို့ပါ့ ခွင့်ပြုလို့ပဲ”

ချီမင်ယွမ်က ဟန်မူယဲ့အား ကြည့်ကာ တီးတိုးပြောသည်။

“ကျုပ်တို့ လင်ကြွယ်ဂိုဏ်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ခိုင်မာတဲ့မိတ်ဖက်ဖြစ်တယ်”

တခြားသဘောအရဆိုလျှင် သူတို့သာ မဟာမိတ်မဟုတ်ပါက ထို့ပါ့ချန်သည် ဟန်မူယဲ့အား လာရှာခွင့်ပြုမည် မဟုတ်ပေ။

ဟန်မူယဲ့ ပြုံးလျှက် ခေါင်းညိတ်သည်။

“ကျုပ် ခင်ဗျားတို့ ဓားဂိုဏ်းရဲ့ မူပိုင်ဓားသိုင်း တိမ်နှင်ဓားသိုင်းကို လိုချင်တယ်”

ချီမင်ယွမ်၏အမူအရာ ပြောင်းလဲသွားသည်။ သို့သော် ဟန်မူယဲ့က ဆက်ပြောသည်။

“ကျုပ်က တစ်ခေါက်ပဲ ကြည့်မှာ ဖြစ်ပြီးတော့ အတတ်နိုင်ဆုံး မှတ်မိအောင် ကြိုးစားပါ့မယ်”

“စီနီယာ… စိတ်မပူပါနဲ့… ကျုပ် အပြင်လူတွေဆီ မပျံ့နှံ့စေရပါဘူး”

“ကျုပ်ရဲ့ တွေးဆချက် မှန် မမှန် သိချင်တာပဲ ရှိတာပါ”

သူသည် ဓားသိုင်းတစ်ခုအား နောက်ထပ် ဓားသိုင်းတစ်ခုနှင့် လဲလှယ်လိုသည်။

ထို့အပြင် သူသည် သရုပ်ပြမှုအား တစ်ခေါက်သာ ကြည့်မည်။

ချီမင်ယွမ် ငြင်းပယ်နိုင်စွမ်း မရှိချေ။

သူက ဟန်မူယဲ့အား ကြည့်လိုက်ပြီးနောက် ခဏမျှ တွေးတောလိုက်သည်။ ထို့နောက် အသာအယာ ပြောသည်။

“ကောင်းပြီ”

ဟန်မူယဲ့ ခေါင်းညိတ်ကာ နောက်လှည့်ပြောသည်။

“လေ့ကျင့်ရေးမှူးလင်း… အစ်ကိုလု… စားသောက်ဆောင်မှာ စားစရာလေးတွေ သွားယူပေးလို့ ရမလား”

သူတို့နှစ်ဦး အလျင်အမြန် လက်နှစ်ဖက်ဆုပ်ပြကာ ထွက်သွားကြသည်။

ချီမင်ယွမ်သည် လင်ကြွယ်ဂိုဏ်း၏မူပိုင်ဓားသိုင်းကို သရုပ်ပြမည်ဖြစ်ရာ အပြင်လူများ မကြည့်သင့်ပေ။ သူတို့ နားလည်ကြသည်။

သူတို့နှစ်ဦး ထွက်သွားလျှင် ချီမင်ယွမ်က လက်မြောက်ကာ သူ၏ဓားကို ထုတ်လိုက်သည်။

“မိတ်ဆွေလေး… သေသေချာချာ ကြည့်ပါ။ ကျုပ်တို့ လင်ကြွယ်ဓားဂိုဏ်းမှာ မူပိုင်းသိုင်း ၂ မျိုးရှိတယ်။ တိမ်ခွင်းဓားသိုင်းနဲ့ တိမ်နှင်ဓားသိုင်းပဲ”

သူက သရုပ်ပြမည်ဆိုမှတော့ ဓားသိုင်း ၂မျိုးလုံးကို စတင်၍ လှုပ်ရှားကစားပြသည်။

တိမ်ခွင်းဓားသိုင်းသည် မုန်တိုင်းအလား ဓားအလင်းသည် ပစ်မှတ်ကို ဦးတည်တိုက်ခိုက်သည်။ တိမ်နှင်ဓားသိုင်းကား ကျယ်ပြောကာ အင်အားကြီးမားပြီး တိမ်များစုစည်းခြင်း ပြန့်ကားခြင်းသဘောကို ဆောင်သည်။

ချီမင်ယွမ်၏လက်ထဲတွင် ဓားသိုင်းနှစ်ခုသည် တိမ်လွှာများ ရွေ့လျားသည့်အလား ကောင်းကင်ပြိုလုနီးပါး ဖြစ်လာသကဲ့သို့ လှုပ်ရှားကြသည်။

ဓားအလင်းသည် ရပ်တန့်သွားကာ လေနှင့်တိမ်များလည်း ငြိမ်သက်ရပ်တန့်သွား၏။

ဓားတစ်လက်ဖြင့် တာအိုဆရာကြီးမှာ အင်မော်တယ်တစ်ပါးနှင့် တူလှသည်။

ဤသည်ကား ဓားသမားဖြစ်သည်။

ချီမင်ယွမ်က ဟန်မူယဲ့အား ကြည့်လိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်ကာ သက်ပြင်းချသည်။

“ထင်ထားတဲ့အတိုင်းပါပဲ”

“စီနီယာချီ… လင်ကြွယ်ဓားဂိုဏ်းရဲ့ အရင်းအမြစ်က အားနည်းနေသေးတယ်”

“လေက မီးနဲ့အတူ မရောနှောနိုင်ဘူး။ ရေလှိုင်းလည်း မရှိဘူး။ ဒါက အရမ်းအားနည်းတယ်”

“ချီတောက်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ မီးဓာတ်မျိုးဆက်မှာ သင်ယူပါစေ။ ဆယ်နှစ်အတွင်းမှာ လေဟာ မီးကို ထောက်ပံ့ပြီးတော့ ဓားဆန္ဒဟာလည်း ပြီးပြည့်စုံသွားလိမ့်မယ်”

ဆယ်နှစ်အတွင်းတွင် လေသည် မီးကို အထောက်အပံ့ပြုကာ ဓားဆန္ဒသည်လည်း ပြီးပြည့်စုံသွားပေလိမ့်မည်။

ချီမင်ယွမ်၏ဓားကိုင်ထားသောလက်မှာ တုန်ခါသွားသည်။ သူက အတန်ကြာ တွေးတောပြီးမှ ပြောသည်။

“ငါ မင်းကို ဘယ်လို ယုံရမလဲ”

သူ၏စကားကိုကြားလျှင် ဟန်မူယဲ့ ပြုံးလျှက် လက်ကို မြှောက်လိုက်သည်။

ဓားစံအိမ်မှ ဓားအလင်းနှစ်ခုသည် ချက်ချင်း ကျဆင်းလာသည်။

သူ၏ဘယ်လက်မှ ဓားသည် ‘ကံကြမ္မာဓား’ ဖြစ်သည်။

သူ၏ညာဘက်မှ ဓားတိုသည်ကား ‘ခရမ်းမီးတောက်ဓား’ ဖြစ်သည်။

ဓားနှစ်လက်ကို မြှောက်ကာ ဟန်မူယဲ့၏ စူးရှသော မျက်လုံးများက လေထဲကို ကြည့်သည်။

ခရမ်းမီးတောက်ဓားမှ မီးတောက် မီးလျှံများ တောက်လောင်လာသည်။

ကံကြမ္မာဓားထံမှ လေပြင်းများ တိုက်ခတ်လာ၏။

“စီနီယာချီ… သေသေချာချာ ကြည့်ပါ”

“လေက မီးကို ထောက်ပံ့တဲ့အခါ မိုင်တစ်ထောင်ကို လောင်ကျွမ်းနိုင်တယ်”

All Chapters