← Chapters

ထို့ပါ့ချန် တောင်အောက်ကို ဆင်းခြင်း

Vol. 6 Ch. 79

ထို့ပါ့ချန် တောင်အောက်ကို ဆင်းခြင်း

Vol. 6 Ch. 79

ချင်သုံးပါးဓားဂိုဏ်းမှာ ပျက်စီးသွားပြီ ဖြစ်သည်။

ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အတော်လေး အင်အားကြီးသော ဂိုဏ်းတစ်ဂိုဏ်းမှာ ဤသို့ ပျက်စီးသွားပြီ ဖြစ်သည်။

ပြီးခဲ့သော ရက်များအတွင်း အားလုံးသည် ချင်သုံးပါးဓားဂိုဏ်း တစ်စတစ် ပျက်စီးလာခဲ့သည်ကို မြင်ခဲ့ကြသည်။ နောက်ဆုံးတွင် ချင်သုံးပါးဓားဂိုဏ်းမှာ ပျက်စီးသွားမည်ကို လူတိုင်း သိကြသည်။

သို့သော်လည်း ချင်သုံးပါးဓားဂိုဏ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဧည့်အကြီးအကဲတစ်ဦးလက်ချက်ဖြင့် ပျက်စီးသွားမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ထိုအချက်က လူတိုင်းကို ကြောက်လန့်စေခဲ့သည်။

မားမတ်စွာ ရပ်နေရင်း ထို့ပါ့ချန်သည် ခေါင်းမော့ကာ ရယ်မောလိုက်သည်။

သူက နောက်လှည့်ကာ ဟန်မူယဲ့အား ကြည့်သည်။

“မင်းတို့ ကောင်လေးတွေ ဒီလို ကိစ္စကြီးတွေကို တာဝန်ယူနိုင်ပြီလား”

ဟန်မူယဲ့ ခေါင်းယမ်းသည်။

ဤသို့သော အရေးကိစ္စများတွင် သူသည် ခွန်အားမဲ့သည်။

ချင်သုံးပါးဓားဂိုဏ်းဖြစ်စေ၊ သားရိုင်းမိစ္ဆာမျိုးနွယ်ဖြစ်စေ သူသည် ပါဝင်ရန် အဆင့်မမှီပါ။

ထို့ပါ့ချန်သည် ကောင်းကင်မှ အနက်နှင့်အနီရောင်အလင်းတန်းကို ကြည့်လိုက်ရင်း သူ့ခန္ဓာကိုယ်မှ ဓားဆန္ဒများ ဖြာထွက်လာခဲ့သည်။

“မင်းတို့ တာဝန်မယူနိုင်ပေမဲ့ ငါ တာဝန်ယူနိုင်တယ်”

ဝုန်း…

သူ့ခန္ဓာကိုယ်မှ ပေ ၁၀၀ ရှည်လျားသော ဓားအလင်းသည် ကျားတစ်ကောင်အသွင်ဖြင့် ထွက်ပေါ်လာခဲ့သည်။

“ကမ္ဘာမြေမျိုးဆက် အကြီးအကဲ ထို့ပါ့ချန် တောင်အောက်ကို ဆင်းဖို့ တောင်းဆိုပါတယ်”

ထို့ပါ့ချန်၏ အသံသည် တောင်ကုန်းတစ်ခုလုံး ဟိန်းထွက်သွားသည်။ တိမ်များသည် အဝေးကို လွင့်သွားကာ အလင်းသည် အရပ်မျက်နှာမျိုးစုံသို့ ပျံ့နှံ့သွားသည်။

“ဒါ… ဒါက ဓားမာန်ဟုန်ပဲ…”

ပြိုင်ပွဲကွင်းပြင်၌ တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ပြောသည်။

“အကြီးအကဲ ထို့ပါ့ချန်ဟာ ဓားမာန်ဟုန်ကို ကျင့်ကြံနိုင်သွားပြီလား။ ဆိုလိုတာက သူဟာ မကြာခင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အသန်မာဆုံး ဖြစ်လာတော့မယ်ပေါ့”

တစ်ယောက်က ထိတ်လန့်တကြား ပြောသည်။

“ကြည့်ရတာ သူ နည်းနည်း လိုနေသေးတယ်”

ကျင့်ကြံဆင့်မြင့်မားသော နောက်တစ်ယောက်ကလည်း သက်ပြင်းချကာ ပြောသည်။

ကံကောင်းသည်ကား ထို့ပါ့ချန်သည် ထိုအဆင့်သို့ မရောက်သေးပါ။

“ခွင့်ပြုတယ်…”

လေထဲတွင် တိုးတိတ်သော တုန့်ပြန်မှုတစ်ခုကို ကြားရသည်။

ထိုအသံသည် ကောင်းကင်ဘုံကိုးဆင့်မှ လာသည့်အလား ကြားရသူတိုင်း၏စိတ်နှလုံးကို တုန်ခါစေသည်။

“ကျေးဇူးပါ ဂိုဏ်းခေါင်းဆောင်…”

ထို့ပါ့ချန်၏အသံတွင် ဖုံးကွယ်မထားသော ဝင့်ကြွားမှုများ ရှိနေသည်။

“ကျောက်တုံးသုံးတုံးအိမ်တော်က တပည့်တွေ… ငါနဲ့အတူ သားရိုင်းမိစ္ဆာတွေကို နှိမ်နှင်းဖို့ တောင်အောင်ကို လိုက်ခဲ့ကြ”

“ဂိုဏ်းစုံညီစုဝေးပွဲဟာ မိစ္ဆာရှင်းလင်းရေးတာဝန်အဖြစ်သို့ ပြောင်းလဲလိုက်တယ်။ ဒါဟာ သုံးနှစ်ကြာလိမ့်မယ်။ အမြင့်ဆုံး စွမ်းဆောင်ရည်မှတ် စုဆောင်းနိုင်တဲ့သူကို နတ်လက်နက် ဆုချမယ်”

ဟမ့်…

ထို့နောက် ထို့ပါ့ချန်အနီးတွင် စာပန်းချီလိပ်များ ဖြစ်ပေါ်လာသည်။

ပန်းချီစာလိပ်များ ပြန့်ကားသွားလျှင် ဆယ်ပေကျော် ကျားဖြူတစ်ကောင် ပုံရိပ် ပေါ်လာသည်။

ကျားဖြူပုံရိပ်ပေါ်လာလျှင် အဆုံးမရှိသော ဖိအားများ ဖြစ်ပေါ်လာ၏။

ကြမ်းကြုတ်သော အရှိန်အဝါသည် အဆင့်နိမ့်ကျင့်ကြံသူများအား သွေးဆုတ်စေသည်။

သားရဲတစ်ရာတို့၏ဘုရင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်း၏။

၃၆ခုသော ပန်းချီကားမှ ကျားဖြူပုံရိပ် ၃၆ ခု ထွက်ပေါ်လာသည်။

ကောင်းကင်သည် ကျားဖြူအရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

တခြားဂိုဏ်းများမှ ကမ္ဘာမြေအဆင့်များသည်ပင် ခေါင်းမဖော်နိုင်ပါ။

ဤသည်က ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏ စွမ်းအားဖြစ်သည်။

ဟန်မူယဲ့သည် ကျားဖြူပုံရိပ် ၃၆ခုမှ ဓားမာန်ဟုန် ဖွဲ့စည်းဖြစ်ပေါ်လာသည်ကို ကြည့်ကာ မျက်လုံးများ ပြူးသွားသည်။

“ကောင်လေး… ကျားဖြူစာလိပ်က စွမ်းဆောင်ရည်အားနည်းသေးတယ်လို့ မင်းပြောတယ်”

လေထဲတွင် ထို့ပါ့ချန်က ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ပါးစပ်ဟသော်လည်း ဘာမှ မပြောပါ။

ဤသို့သော စွမ်းအားဖြင့် သူသည် မည်သို့ အားနည်းသည်ဟု ပြောနိုင်မည်နည်း။

ထို့ပါ့ချန်၏မျက်လုံးများက အေးစက်သော အလင်းများဖြင့် တောက်လောင်လျှက် ကောင်းကင်ထက်ကို ပျံသန်းသွားသည်။

ကျားဖြူပုံရိပ် ၃၆ခုသည် သူ့နောက်ကို လိုက်ပါသွားကြ၏။ အဖြူရောင်အလင်းသည် ကောင်းကင်တခွင် ဖုံးအုပ်သွားသည်။

“ထို့ပါ့ချန်ဟာ ဒီနေ့ တောင်အောက်ကို ဆင်းပြီးတော့ ဟူထိုက်ရှန်းကို သတ်မယ်”

သူ၏စကားကို တုန့်ပြန်သည့်အလား လေနှင့်မိုးတို့သည် ကောင်းကင်တွင် တစ်လိပ်လိပ် တက်လာသည်။

ကျားဖြူသည် ပေတစ်ထောင်ရှည်လျားသော ဓားအလင်းအဖြစ် အသွင်ပြောင်းသွားကာ ပျံသန်းသွားသည်။

ဟန်မူယဲ့နောက်တွင် ရပ်နေသော ကျောက်ဖူသည် တိုက်ခိုက်ရေးအားမာန်များ အပြည့်ဖြင့် ရှေ့ကို တက်သွားပြီး ပြောသည်။

“ကျောက်တုံးသုံးတုံးစံအိမ်က တပည့်တို့… နောက် ၁၅မိနစ်ကြာရင် ငါတို့ဟာ တောင်အောက်ကို ဆင်းပြီးတော့ မိစ္ဆာတွေကို ရှင်းလင်းမယ်”

ထို့နောက် သူက တခြားဂိုဏ်းအသီးသီးမှ လူများကို ကြည့်ကာ အော်ဟစ်လိုက်သည်။

“၂ နာရီအတွင်း ဂိုဏ်းအသီးသီးက လူကြီးမင်းတို့အားလုံး တောင်အောက်ကို ဆင်းပေးကြပါ”

ထို့နောက် သူက လက်နှစ်ဖက်ဆုပ်ကာ အဝေးကို ပျံသန်းသွားသည်။

တစ်ယောက်ပြီးတစ်ယောက် ကျောက်တုံးသုံးတုံးစံအိမ်မှ တပည့်များ ထွက်ခွာသွားကြသည်။

ကမ္ဘာမြေမျိုးဆက်မှ တပည့်များသည် ဆုံးဖြတ်ချက် ပြတ်သားကြသည်။

ထို့ပါ့ချန်၏စကားတစ်ခွန်းမျှဖြင့်ပင် ဂိုဏ်းပေါင်း ၈၀ မှ လူများမှာလည်း တောင်ပေါ်တွင် မနေရဲကြတော့ပေ။

ဆွေးနွေးမှုမရှိ၊ မေးခွန်းထုတ်ခြင်းမရှိစေရ။

၎င်းသည်ကား အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း၏အရှိန်အဝါဖြစ်သည်။

ဟန်မူယဲ့သည် ပွဲကြည့်စင်ပေါ်တွင် ရပ်ကာ သူ့ရှေ့မှ ပရမ်းပတာ အခြေအနေကို ကြည့်နေသည်။

ယခုတွင် သတင်းအချက်အလက် နှစ်ခု ရှိနေသည်။ တစ်ခုကား ကောင်းသတင်းဖြစ်ကာ နောက်သတင်းတစ်ခုမှာ သိပ်မကောင်းပါ။

ဓားတစ်ချက်တည်းဖြင့် ဂိုဏ်းတစ်ဂိုဏ်းမှာ ပျက်စီးရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မီးဓာတ်မျိုးဆက် အကြီးအကဲစုယွမ်သည် ဓားတစ်ချက်တည်းဖြင့် ကမ္ဘာမြေအဆင့် ၇ဦးကို သတ်ဖြတ်ကာ ဂိုဏ်းကို ဖျက်ဆီးခဲ့သည်။

ဓားတစ်ချက်တည်းဖြင့် ချင်သုံးပါးဓားဂိုဏ်း ပျက်စီးခဲ့ရ၏။

ဤသို့သော တိုက်ခိုက်စွမ်းရည်ကား ထိပ်သီးကမ္ဘာမြေအဆင့်ပညာရှင်နှင့် နှိုင်းယှဉ်နိုင်သည်။

အံ့ဖွယ်နံပါတ် ၅ သိုင်းပညာဖြစ်သော ‘မီးလောင်ပြင်ဓားသိုင်း’သည် မီးဓာတ်မျိုးဆက်၏အမွေခံသိုင်းဖြစ်သည်။ ထိုဓားသိုင်းကို တတ်မြောက်သွားပြီးနောက် စုယွမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မီးဓာတ်မျိုးဆက်ကို ပြန်လည်ထူထောင်နိုင်ပေလိမ့်မည်။

ထိုသတင်းကား သတင်းကောင်းဖြစ်သော်လည်း တခြားသတင်းမှာ စိုးရိမ်စရာ ကောင်းသည်။

မီးတောက်မိစ္ဆာတောင်ကြားမှ သားရိုင်းမိစ္ဆာများ ဆူပူထကြွခြင်းအပြင် အမြုတေဖွဲ့စည်းခြင်းပညာရှင် ဟူထိုက်ရှန်းသည်လည်း သူတို့အား ဦးဆောင်နေသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့် ၃၀ကျောက် ထိုကိစ္စတွင် သေဆုံးခဲ့ရသည်။ ၎င်းကိစ္စသည် နှစ် ၃၀အတွင်း ဂိုဏ်း၏အထိအနာဆုံးသော ဆုံးရှုံးမှု ဖြစ်သည်။

ထိုကိစ္စကို သေသေချာချာ မကိုင်တွယ်ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများ စိုးရိမ်စိတ်များ ဖြစ်လာနိုင်သည်။

“ဆရာဦးလေး… ဒါက ခင်ဗျားစောင့်နေတဲ့ အခွင့်အလမ်းလား”

ကောင်းကင်တွင် ပြယ်လွင့်စ တိမ်များကို ကြည့်ကာ ဟန်မူယဲ့ ရေရွက်သည်။

ထို့ပါ့ချန်သည် ထိုအခွင့်အလမ်းကို စောင့်ဆိုင်းရာတွင် အမှန်တကယ် ဆုံးဖြတ်ချက် ပြတ်သားပါသလော သူသိလိုသည်။

ယခုတွင် ပြန့်ကျဲနေသော ဂိုဏ်းအသီးသီးမှ လူများကို ကြည့်ကာ ဟန်မူယဲ့သည် ထို့ပါ့ချန်၏သဘောကို နားလည်လာသည်။

သန်မာသူများသည် အားနည်းသူများ၏ကံကြမ္မာကို ထမ်းပိုးရသည်။

ခွန်အားရှိသောသူများသည်သာ ထိုသို့ အဆင့်မှီသည်။

သူသည် ဂိုဏ်း၏အရေးကိစ္စများကို စိုးရိမ်စရာ မလိုပါ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မည်သူက သစ္စာဖောက်ခဲ့သည်ဆိုခြင်းကလည်း အရေးမပါပေ။

ထို့ပါ့ချန်ကဲ့သို့ ပညာရှင်အတွက် ကမ္ဘာ့ရန်သူ ဟူထိုက်ရှန်းသည်သာ အရေးကြီးသည်။

သူတို့ဖွဲ့စည်းလိုသည်ကား သူတို့၏ကိုယ်ပိုင်တာအိုဖြစ်သည်။

ဂိုဏ်းစုံညီစုဝေးပွဲတွင် ပါဝင်သော ဂိုဏ်းများဖြစ်စေ၊ တခြားဂိုဏ်းများဖြစ်စေ သူတို့သာ မလိမ္မာပါက သေချာပေါက် ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးခံရပေမည်။

ထို့အပြင် ကီလိုမီတာ ၃,၀၀၀ အကွာမှ ဆူပူအုံကြွမှုအတွက်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ထို့ပါ့ချန်တစ်ဦးတည်းကို စေလွှတ်ခဲ့သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထို့ပါ့ချန်ထက် မည်သူတို့ ပိုမိုသန်မာသနည်း။

ကောင်းကင်ဘုံတစ်ဝက်အဆင့် အကြီးအကဲသုံးဦး မလှုပ်ရှားပါ။ ဓားစံအိမ်အကြီးအကဲသည်လည်း ထွက်ပေါ်မလာပါ။

ဤသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ယုံကြည်မှု ဖြစ်သည်။

“အင်း… ငါက ပုရွက်ဆိတ်တစ်ကောင်အဆင့်ပါပဲ”

သက်ပြင်းချကာ ပရမ်းပတာ အခြေအနေကို တစ်ချက်ကြည့်ပြီး နောက်လှည့်ထွက်ခွာလာခဲ့သည်။

သူသည် ဓားစံအိမ်သို့ ပြန်ရောက်သောအခါ ဓားစံအိမ်အကြီးအကဲသည် ဟွမ်လောင်လျှိုတို့အား ဦးဆောင်၍ ဓားများကို လက်ခံနေပြီ ဖြစ်သည်။

“အစ်ကို… မရီးနဲ့ တခြားလူတွေဟာ တောင်အောက်ကို ဆင်းပြီးတော့ မိစ္ဆာတွေကို သွားသတ်နေကြပြီ။ မြန်မြန်သွားလိုက်…”

ဟန်မူယဲ့က တီးတိုးပြောလျှင် ဓားစံအိမ်အကြီးအကဲနောက်တွင် ရပ်နေသော ဟွမ်လောင်လျှို ဆတ်ခနဲ တုန်သွားညသ်။

လင်းရှန်က ဟန်မူယဲ့အား တစ်ချက်ကြည့်ပြီးနောက် ဓားစံအိမ်အကြီးအကဲကို ပြောသည်။

“အကြီးအကဲ… ကျွန်တော်ဟာ ကျောက်တုံးသုံးတုံးစံအိမ်ကပါ။ တောင်အောက်ကို ဆင်းပြီးတော့ မိစ္ဆာတွေကို သွားသတ်ပါမယ်”

“သွားကြ…”

ဓားစံအိမ်အကြီးအကဲက လက်ဝှေ့ယမ်းကာ ပြောသည်။

ဟွမ်လောင်လျှိုနှင့် လင်းရှန်တို့က ဓားစံအိမ်အကြီးအကဲကို ဦးညွှတ်ကာ အဝေးကို ထွက်သွားကြသည်။

“တိုက်ခိုက်ရေးခန်းဆောင် ကျန်းဖူက ချင်သုံးပါးဓားဂိုဏ်းရဲ့ မူပိုင်ဓားကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးက ပြောသည်။

ဓားစံအိမ်အကြီးအကဲက ကြေးနီရောင်ရှေးဟောင်းဓားတစ်လက်ကို လက်ခံယူသည်။

ဓားထံမှ အစိမ်းရောင်အငွေ့အသက်များ ထွက်ပေါ်နေ၏။

ဓားစံအိမ်အကြီးအကဲ၏လက်ထဲမှ ရွှေအိုရောင်အလင်းများသည် ဓားကို ချိန်းကြိုးများသဖွယ် ရစ်ပတ်သွားသည်။

“အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်… ပျက်သုန်းရောင်ခြည်ဓား”

ဓားစံအိမ်အကြီးအကဲက တီးတိုးပြောသည်။

“နောက်ဆုံးတော့ ဒီဓားဟာ ဓားစံအိမ်ကို ပြန်ရောက်လာရတာပါပဲ”

ထို့နောက် သူကနောက်လှည့်လျှင် ဟန်မူယဲ့က ဓားကို ယူရန် ရှေ့ကို တက်လိုက်သည်။

“ဒါက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ပဲ။ အရင်ပိုင်ရှင်ရဲ့ အငြိုးအတေးတွေဟာ ဓားမှာ ကျန်နေသေးတယ်။ ဒါကို မင်း,မဟုတ်ဘူး ဟွမ်လောင်လျှိုထိရင်တောင် သေလိမ့်မယ်”

ဓားစံအိမ်အကြီးအကဲက ခေါင်းယမ်းကာ ပြောသည်။

“ငါ ဒီဓားကို တတိယထပ်သို့ ယူသွားမယ်။ ကျန်တဲ့ဓားတွေကို မင်း လက်ခံလိုက်တော့”

သူက ထိုဓားကို ထိလိုက်သည်နှင့် သေနိုင်သည်လား။

ဟန်မူယဲ့က ကြေးနီရောင်ဓားကို ကြည့်ကာ ခေါင်းညိတ်သည်။

ယခင်က အကြီးအကဲတောက်ရင်၏ ခရမ်းမီးတောက်ဓားသည် သူ့အား သေမလို ဖြစ်စေခဲ့သည်။

ဓားစံအိမ်အကြီးအကဲသည် တတိယထပ်သို့ တက်သွားကာ ဟန်မူယဲ့သည် တခြားဓားများကို လက်ခံသိမ်းဆည်းသည်။

“ချင်သုံးပါးဓားဂိုဏ်းရဲ့အကြီးအကဲဓားကို အကြီးအကဲစုယွမ် ရခဲ့တာပါ”

အနီရောင်ဝတ်တပည့်က ရှေ့ကို တက်လာကာ ဓားကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။

အကြီးအကဲတစ်ဦး၏ဓား…

ဟန်မူယဲ့က လက်ဆန့်တန်းကာ ဓားလက်ကိုင်ကို ဖမ်းဆုပ်လိုက်သည်။

သူ့အာရုံထဲတွင် ပုံရိပ်များ ဖြစ်ပေါ်လာသည်။

နံပါတ် ၅ အံ့ဖွယ်ဓားသိုင်း၊ မီးလောင်ပြင်ဓားသိုင်း။

“ဟဟ… စုယွမ်… မင်းက ဒီနေ့ တားမြစ်ဓားသိုင်းဖြစ်တဲ့ မီးလောင်ပြင်ဓားသိုင်းကို သုံးမလို့လား။ ငါတို့ ချင်သုံးပါးဓားဂိုဏ်း ပျက်စီးသွားရင်တောင် မင်း လွတ်မြောက်မှာ မဟုတ်ဘူး”

“မင်းတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အကြီးအကဲတောက်ရင်ဟာ ဘယ်လိုလူမျိုးလဲ… သူဟာလည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားရတာပဲမလား”

All Chapters