← Chapters

ချန်လောင် တော်ဝင်မြို့တော်

Vol. 4 Ch. 48

ချန်လောင် တော်ဝင်မြို့တော်

Vol. 4 Ch. 48

အမှတ် ၂၀၀ ရရှိပြီးနောက် မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် မျှဝေအိမ်သို့ ပြန်လာကြသည်။

မိုဝူကျီ ပြန်ရောက်သောအခါ မူလက လူငါးဆယ်သည် အများဆုံး သုံးဆယ်သာ ကျန်ရှိကြောင်း သတိထားမိလိုက်သည်။ ပင်လယ်သားရဲ တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ဤအခန်းထဲရှိ ၄၀ရာခိုင်နှုန်းသော လူများသည် သေဆုံးသွားရ၏။

ဤအခန်းထဲရှိ လေထုသည် လေးလံနေလေသည်။ မိုဝူကျီနှင့် ယွန်ကျန်းရီတို့ ဝင်လာသည့် အခိုက်အတန့် အားလုံးသည် မတ်တတ် ရပ်မိလိုက်ကြသည်။ သူတို့ မျက်နှာများသည် အံ့ဩမှုနှင့် လေးစားမှုတို့ ပြည့်နှက်နေကာ သူတို့သည် မိုဝူကျီ၏ အရိုင်းဆန်ဆန် ရက်စက်မှုများကို ရှင်းရှင်းလင်းလင်း သိရှိလေသည်။

တစ်ကိုယ်တော် လျှပ်စီးမိကျောင်း နှစ်ကောင်အား သတ်နိုင်မှုသည် အင်မော်တယ်များ အပြင် အလွန်တရာ အားကောင်းသည့် သိုင်းပညာရှင်များသာ တတ်နိုင်သောအရာ ဖြစ်လေသည်။

“ဘာဖြစ်နေတာလဲ ... ” မိုဝူကျီသည် အားလုံးကို နားမလည်စွာ ကြည့်လိုက်သည်။

“အစ်ကိုမို ... ခင်ဗျား မိကျောင်းနှစ်ကောင်ကို တကယ် သတ်နိုင်ခဲ့တာလား ... ” အနေအထိုင် သပ်ရပ်ကာ ညင်သာဟန် ရှိသည့် ထန်ပိုရှင်းက ရှေ့ထွက်လာပြီး မေးလိုက်သည်။ သူသည် ကိုယ့်မျက်လုံးပင် မယုံကြည်နိုင်ပေ။ သူ အရင်စမေး လိုက်ခြင်းသည် သူနှင့် မိုဝူကျီ၏ ဆက်ဆံရေးသည် မဆိုးလှခြင်းကြောင့် ဖြစ်၏။

မိုဝူကျီသည် ရယ်မောလိုက်ပြီး

“ကံကောင်းလို့ပါဗျာ ... ဒါနဲ့ ယွန်ကျီရော ... ”

ထန်ပိုရှင်း၏ အမူအရာက ချက်ချင်း အုံ့မှိုင်းလာလေသည်။

“ယွန်ကျီ ပြန်မလာနိုင်တော့ဘူး ... ”

မိုဝူကျီသည် စိတ်ထဲတွင် သက်ပြင်း ချမိလိုက်သည်။ လူများတွင် ကံကောင်းမှု လိုအပ်လေသည်။ တက်ကြွမှုနှင့် ဟာဉာဏ်ယှဉ်လျှင် ထန်ပိုရှင်းသည် ယွန်ကျီကို မယှဉ်နိုင်ပေ။ သို့သော်လည်း ယွန်ကျီသည် သေဆုံးသွားပြီး ထန်ပိုရှင်းသည် ဘေးကင်းကင်း ပြန်ရောက် လာလေသည်။

မူလအစတွင် မျှဝေအိမ်ရှိ လူအများသည် မိုဝူကျီအကြောင်း ကြားသည့်အခါ မယုံနိုင်မှုများနှင့် ဆွေးနွေး ခဲ့ကြသေး၏။ သို့သော်လည်း မိုဝူကျီ ကိုယ်တိုင် ပြောပြပြီးနောက်တွင် အခန်းသည် နောက်တစ်ကြိမ် တိတ်ဆိတ် သွားပြန်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးမို ... ”တဲအထဲသို့ ရောက်ရှိနေပြီးသား ဖြစ်သော ချင်ရှုန်းယုသည် ရုတ်တရက် ထွက်လာကာ မိုဝူကျီအား ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမအသံတွင် လေးစားမှုများ၊ ကျေးဇူးတင်မှုများဖြင့် ပြည့်နေလေသည်။

မိုဝူကျီသည် သူမက ထိုအနီရောင်ဝတ်ရုံနှင့် အမျိုးသားအား သူကြံစည်ခဲ့သည့် အရာကို မြင်ခဲ့လိမ့်မည်။ သူသည် သူမအား ခေါင်းညိတ် ပြလိုက်ပြီးနောက် လူထုဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ငါ နားဖို့ လိုအပ်တယ် ... ငါတို့အားလုံးလည်း လိုအပ်နေမယ်လို့ ထင်တယ် ... ကျေးဇူးပြုပြီး မဆူညံအောင် နေပေးကြပါ ... ”

မျှဝေအိမ်တွင် မိုဝူကျီ စကားများသည် တော်ဝင်အမိန့်နှင့် တူလေ၏။ သူစကားများ ကြားပြီးနောက်တွင် အားလုံးသည် အနားယူရန် ကိုယ့်နေရာကို ပြန်သွားကြသည်။ အခန်းတစ်ခုလုံး အရင်ကထက် ပို၍ တိတ်ဆိတ်သွားကာ စကားပြောသောသူများ ရှိနေသော်လည်း သူတို့သည် တီးတိုး၍သာ ပြောဆိုကြလေသည်။

အားလုံးသည် ထိုသည်က မျှဝေအိမ်တွင် လူနှစ်ဆယ် လျော့သွားခြင်းကြောင့် မဟုတ်ဘဲ မိုဝူကျီ၏ တိတ်တိတ်နေရန် အလိုရှိမှုကြောင့်သာ ဖြစ်လေသည်။

ချူဝမ်အာ၏ သတိပေးချက် ကြောင့်လား သို့မဟုတ် မိုဝူကျီအပေါ် သူ့အချိန် ဖြုန်းတီးရန် မထိုက်တန်၍လား ထိုရှောက်ဖန်ကား မိုဝူကျီအပေါ်တွင် ပြဿနာ ထပ်မရှာတော့ချေ။

ကျင့်စဉ် ဈေးနှုန်းကို သိပြီးသည့်နောက် မိုဝူကျီသည် လေလံပွဲတွင် ပါဝင်ရန် စိတ်မဝင်စားတော့ချေ။ သူ့ဆီ ရှိနေသာ ရွှေပြား သောင်းဂဏန်းသည် များပြားလှသည်ဟု ထင်ရသော်လည်း ကျင့်စဉ်နှင့် အခြားသော အရာများကို ဝယ်ယူရန် ဝေးကွာလွန်းသေး၏။

ခရီး တစ်လျှောက်တွင် သင်္ဘောအား ပင်လယ်သားရဲများ အကြိမ်များစွာ တိုက်ခိုက်ခဲ့၏။ သို့သော်လည်း လျှပ်စီးမိကျောင်း ကဲ့သို့ အကောင်များစွာ တိုက်ခိုက်ခြင်း မဟုတ်ပေ။ မိုဝူကျီသည် မကျင့်ကြံပေမဲ့ သူ၏ လျှပ်စီးဓာတ်သည် တစ်ခါတစ်ရံ တချို့သော သေရေးရှင်ရေး တိုက်ခိုက်မှုများတွင် ထွက်ပေါ်လာကာ ကူညီပေးတတ်၏။ ယွန်ကျင်းရီနှင့် အတူတူ သူတို့သည် အားသာသည့် အနေအထားမှ မဟုတ်သော်ငြား သူတို့သည် ခြေကုပ်စရာ ရှိနေသေး၏။

သူတို့ နှစ်ယောက်သည် ပင်လယ်သားရဲ အများအပြားကို သတ်နိုင်ခဲ့သော်လည်း ထိုသားရဲများသည် လျှပ်စီးမိကျောင်းနှင့် ယှဉ်၍ မရချေ။ မိုဝူကျီသည် သူ၏ လိမ္မော်ကတ်တွင် အမှတ် ၅၀သာ တိုးလာအောင် ပြုလုပ်နိုင်လေသည်။

နှစ်လကြာပြီး နောက်တွင် မိုဝူကျီ၏ မျှဝေအိမ်ရှိ လူ၂၀သည် အသက်ရှင်ကျန် ရစ်ပြီး နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ ကျင်းပရာ တော်ဝင်မြို့တော် ချန်လောင်သို့ ရောက်ရှိလာလေသည်။

နွေဦးပင်လယ်သည် ကမ်းကပ်လာသောကြောင့် သင်္ဘောအတွင်းမှ လူအားလုံးသည် ကုန်းပတ်သို့ ရောက်ရှိလာကြသည်။ အင်မော်တင်များပင် ထိုသို့ လူစုပြုံ ထွက်လာခြင်းကို မထိန်းချုပ်နိုင်ပေ။

နှစ်လဆက်တိုက် သည်းခံပြီး သေခြင်းတရားနှင့် ခဏတိုင်း ရင်ဆိုင်ပြီးနောက်တွင် ကုန်းမြေ မြင်ကွင်းသည် အားလုံးကို အမှန်တကယ် စိတ်လှုပ်ရှားစေ၏။

ကံကောင်းစွာပင် အင်မော်တယ်များသည် လူထုကို ထိန်းချုပ်ရန် မလုပ်ဆောင်ခဲ့ပေ။ ထိုရူးသွပ်နေသည့် လူအစုအပြုံကြောင့် တချို့သော လူများသည် လဲကျပြီး တက်နင်းခံရကာ သေသည်အထိ ဖြစ်နိုင်သည့် မတော်တဆမှုများ ရှိလေသည်။ သို့သော်လည်း မည်သူကမှ ဂရုစိုက်ခြင်း မရှိပေ။ ရပ်တန့်ခြင်းလည်း မရှိပေ။

အချိန်ကြာလာ သည်နှင့်အမျှ သင်္ဘောပေါ်မှ လူတစ်ဝက်သည် ထွက်ခွာပြီးပြီ ဖြစ်၏။ မိုဝူကျီနှင့် ယွန်ကျန်းရီကား လူထုကြား မတိုးခဲ့ပေ။ ထို့အစား သူတို့သည် နောက်မှ အေးအေးဆေးဆေး လမ်းလျှောက် လာလေသည်။ သူတို့သည် ချန်လောင်သို့ ရောက်ရှိနေပြီ ဖြစ်၍ ဘာကြောင့် အလျင်လိုရမည်နည်း ...

“ဝူကျီ ... ငါတို့နောက် လိုက်ဖို့ မလိုတော့ဘူး ... ချန်လောင်ကို ရောက်ပြီးတာနဲ့ မင်းလုပ်ချင်တာ လုပ်လို့ရပြီ ... ပြီးတော့ ငါက ဂျီရှင်းနဲ့အတူတူ နေပြီး တစ်လအကြာက နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံကို တက်ရောက်ပေးရမှာ ... ” ယွန်ကျန်းရီသည် မိုဝူကျီတွင် ဝိညာဉ်ကြော မပါရှိကြောင်း သိ၍ သူ့အား နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံအတွက် စောင့်ကာ မပါစေလိုချင်ပေ။

အမှန်သည်ကား မိုဝူကျီလည်း ယွန်ကျန်းရီနှင့် ဂျီရှင်းနှင့်အတူ နေရန် ဆန္ဒမရှိပေ။ သူ၏ ဝိညာဉ်ကြော မစမ်းသပ်ခင် နေထိုင်ရန် နေရာရှာဖို့ လိုအပ်လေသည်။ ယခု သူသည် ချီသွေးကြော သုံးကြောဖွင့်ပြီးပြီ ဖြစ်သော်ငြား သူ့တွင် ဝိညာဉ်ကြော ရှိကြောင်း မသေချာသေးပေ။ ထို့အပြင် သူ့တွင် ဝိညာဉ်ကြော မရှိလျှင်ပင် သူသည် အကောင်းဆုံး ကြိုးစားကာ ကျင့်စဉ် ရယူချင်ကာ သူ့ခန္ဓာအတွင်းမှ လျှပ်စီးကို နှိုးဆွရန် ကြိုးပမ်းကြည့်ချင်သေး၏။

တစ်ချိန်တည်းတွင် မိုဝူကျီသည် နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံတွင် ပါဝင်လိုသေး၏။ ထို့အပြင် ဂိုဏ်းတော်တော် များများသည် အစေခံတပည့် တချို့ကို ရှာဖွေနေကြသည်။ သူသည် ဂိုဏ်းတစ်ခု၏ တပည့်အစစ် မဖြစ်နိုင်သော်လည်း အစေခံသည်လည်း မဆိုးလှချေ။

“အဲဒါဆို ကိုယ့်လမ်းကို သွားကြတာပေါ့ ... ဒါနဲ့ လိုအပ်ရင် ဘယ်ကို လာရှာရမလဲ ... ” မိုဝူကျီသည် ယွန်ကျန်းရီနှင့် ဂျီရှင်းသည်ကား သူနှင့် မတူပေ။ သူတို့တွင် သေချာပေါက် နေစရာ အတည်တကျ ရှိလိမ့်မည်။

“ညီလေးဝူကျီ ... ကျန်းရီနဲ့ငါက ဖာရာဝေး တည်းခိုခန်းမှာ နေမှာ ... တကယ်လို့ ကျန်းရီကို လိုရင် အဲဒီကို လာရှာလို့ရတယ် ... ” ဂျီရှင်းသည် မိုဝူကျီအား အရင်ဦးကာ ဖြေလိုက်သည်။

သင်္ဘောပေါ်တွင် နှစ်လကြာ အတူရှိပြီးနောက်တွင် မိုဝူကျီသည် မည်မျှ သန်မာကျောင်း သိလာ၏။ အိမ်တော် နောက်လိုက်များနှင့် သက်တော်စောင့်များ ကြားတွင် မိုဝူကျီကဲ့သို့ လျှပ်စီးမိကျောင်းကို တစ်ကိုယ်တော် သတ်နိုင်သောသူသည် အနည်းငယ်သာ ရှိလေ၏။ အကယ်၍ မိုဝူကျီတွင် ဝိညာဉ်ကြောရှိပါက သူသည် သူ့အဆင့်ကို ပဓာနမထားဘဲ မိုဝူကျီနှင့် မိတ်ဖွဲ့လောက်သည်။

ကံဆိုးလှစွာ မိုဝူကျီတွင် ဝိညာဉ်ကြော မပါရှိပေ။ သူ မည်မျှပင် သန်မာစေကာမူ သူသည် သေမျိုးဖြစ်နေဆဲ ဖြစ်၏။ ဂျီရှင်းသည် ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်၍ တစ်နှစ်၊ နှစ်နှစ်လောက် ကျင့်ကြံပါက မိုဝူကျီထက် ပို၍ သန်မာလာလိမ့်မည်။ သူ့မျက်လုံးထဲတွင် မိုဝူကျီနှင့် အတူ ပြုံးရယ်ကာ စကားပြောနေခြင်းကိုက လေးစားမှု အကြီးကြီး ဖြစ်နေလေပြီ။

မိုဝူကျီကား ဂျီရှင်းအတွေးများကို မသိပေ။ သိလျှင်ပင် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ယွန်ကျန်းရီအား နှုတ်ဆက်ပြီးနောက် သူလည်း မကြာခင် လူထုကြား ပျောက်ကွယ် သွားလေသည်။

သူသည် ယွန်ကျန်းရီနှင့် တင်းဘူအာ အကြောင်း စိုးရိမ်ရန် မလိုအပ်ပေ။ ယွန်ကျန်းရီသည် သူ့အစီအစဉ်သူ ရှိနှင့်ပြီးသား ဖြစ်ကာ တင်းဘူအာလည်း နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံသို့ ဟန်နင်နောက် လိုက်ရမည် ဖြစ်၏။ ထို့ကြောင့် တင်းဘူအာတွင် အစေခံတပည့် ဖြစ်ရန် အခွင့်အလမ်း ရှိ၏။

မိုဝူကျီ တစ်ယောက်တည်းသာ ဘယ်သွားရမှန်း မသိရှိချေ။ သို့သော်လည်း သူသည် စိတ်ကျေနပ်နေသည့် အခြေအနေတွင် ရှိ၏။

ယောင်ကျိုးတွင် သူသည် ဘယ်ကိုမှ မသွားရဲပဲ အကြောက်တရားဖြင့် နေထိုင်ခဲ့ရသည်။ ယခုအခါ နောက်ဆုံးတွင် သူသည်လည်း လွတ်လပ်ပြီ ဖြစ်၏။ သူရှူထုတ်လိုက်သည့် လေများပင် လတ်ဆတ်နေလေသည်။

မိုဝူကျီသည် သူလာခဲ့သည့် ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။ တစ်ရက်တွင် သူသည် သေချာပေါက် ပြန်သွားရမည်။

ချန်လောင် ... ရှင်းဟန်အင်ပါယာ၏ တော်ဝင်မြို့တော်

မိုဝူကျီသည် မြို့ထဲသို့ ဝင်လိုက်သည့်အခါ ခြားနားသည့် အငွေ့အသက်နှင့် စည်ကားမှုအား မြင်တွေ့လိုက်ရသည်။ ဟိုးအဝေးအထိ အပြာရောင် ကျောက်တုံးများဖြင့် လမ်းခင်း ထားသောကြောင့် လမ်းမှာ ရှည်လျားလှသည့် နဂါးတစ်ကောင်နှင့် တူလှသည်။

လမ်းတစ်လမ်း စီတိုင်းတွင် အဆုံးမရှိသော လူအများဖြင့် ပြည့်နှက်နေလေ၏။ ယောင်ကျိုးအား လူစည်ကား လှသည်ဟု ယူဆ၍ ရသော်လည်း ချန်လောင်နှင့် ယှဉ်လျှင် မြို့အသေးလေးနှင့် တူလေသည်။

ခံ့ညားထည်ဝါ လှသော မြို့မျှော်စင်နှင့် ကြီးမားကာ ကျယ်ဝန်းလှသော မြို့ဝင်ပေါက်ကြီးသည် မိုဝူကျီအား စိတ်တက်ကြွစေသည်။ ချန်လောင် ... ဤနေရာကား မိုဝူကျီ ကြီးထွားလာမည့် နေရာ ဖြစ်၏။

မိုဝူကျီသည် ခြေလှမ်း မြန်မြန် လှမ်းလိုက်ကာ ချန်လောင်မှ အပြာရောင် ကျောက်တုံးများပေါ်ရှိ လူအများနောက် လိုက်ပါသွားလေသည်။

***

All Chapters