← Chapters

အပိုင်း(၄၁၃)

Vol. 28 Ch. 413

အပိုင်း(၄၁၃)

Vol. 28 Ch. 413

“ဝုန်း”

ရှစ်ဖုန့်မှာ အဆင့်မြင့်ရွှေအနားကွပ်ကျန်းနန်

သစ်သားတို့ဖြင့်ပြုလုပ်ထားသည့် စစ်နတ်ဘုရားဗိမာန်၏ ဂိတ်အား တရမ်းတိုးဝင်ဖြတ်သန်းသွားသည်။ သူက စစ်နတ်ဘုရားဗိမာန်အတွင်းတစ်

ဟုန်ထိုးဝင်ရောက်လိုက်ပြီး ဧရာမ ရွှေရောင်စစ်နတ်ဘုရားရုပ်ထုကြီး၏ရှေ့တွင် ဆင်းသက်လိုက်သည်။

ရှစ်ဖုန့်ကသူ၏ဘယ်လက်အားဖွင့်လိုက်ပြီး သွေးကျောက်ပြားအမှတ်အသား

ကလင်းလက်လာ၏။ ရှစ်ဖုန့်၏လက်ဖဝါးအတွင်းမှသေးငယ်သောသွေးကျောက်ပြားလေးက ပျံသန်းထွက်လာပြီး ရှစ်ဖုန့်၏ဦးခေါင်းထက်တွင်လှည့်ပတ်နေသည်။

အတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းတစ်ခုက

ရှစ်ဖုန့်၏ကိုယ်ပေါ်တွင်လင်းလက်လာပြီး သွေးကျောက်ပြားအတွင်းသို့တိုက်

ရိုက်ပင်ဝင်ရောက်သွားသည်။

သွေးကျောက်ပြားနေရာလွတ်၏အ

တွင်းထဲတွင်  မိုယန်မှာ နေရာလွတ်အထက်၌တောက်ပ

သောပုလဲများအား  အရေအတွက်တစ်ခုအထိ  ပစ်တင်ထားသည်။ ဤပုလဲများမှာလေထဲတွင် ဆိုင်းငံ့ရပ်တည်နေပြီး ဧရိယာတစ်ခုလုံးအား ထွန်းလင်းတောက်ပနေစေသည်။

အောက်တွင်ဟင်းလင်းပြင်ထဲ၌မီး

သွေးတုံးကဲ့သို့ တူးခြစ်မဲနက်နေသော လုံမုန့်မှာ ဆိတ်ငြိမ်စွာလဲလျောင်းနေသည်။

မိုယန်မှာ သူ၏  အဆင့်ခြောက်အဂ္ဂရိတ်သန့်စင်သူဆိုသည့် သရုပ်အား ကိုယ်စားပြုသည့် ဝတ်ရုံပွကြီးအားဝတ်ဆင်ထားဆဲဖြစ်သည်။ သူက လုံမုန့်၏ဘေးတွင်ရပ်နေပြီး  သူ၏လက်တို့ဖြင့််ဆီးလ်တစ်ခု

ကိုပုံဖော်ထားသည်။ အသက်အရှိန်အဝါတို့အား

ထုတ်လွှတ်နေသော အစိမ်းရောင်ရေငွေ့တိမ်တိုက်တစ်ခုမှ  အစိမ်းရောင်ရေငွေ့စက်များအား လုံမုန့်၏ကိုယ်ပေါ်သို့ဖြန်းပတ်စေသည်။

ဤရေငွေ့တိမ်တိုက်အတွင်း ဂရုတစိုက်နှင့်သေချာကြည့်မည်ဆိုလျှင်  ၎င်းအတွင်းမှ ခပ်ရေးရေးပေါ်နေသော လက်ချောင်းအရွယ်အစားရှိသည့် အစိမ်းရောင်ဆေးလုံးတစ်လုံး

အားမြင်ရနိုင်သည်ဖြစ်သည်။

ထို့နောက်သွေးနီရောင်အလင်း

တစ်ချက်ဖျက်ခနဲလက်သွားပြီးရှစ်ဖုန့်က မိုယန်၏ဘေးတွင်ပေါ်လာသည်။မိုယန်က လုံမုန့်အား  ကုသပေးနေသည်ကိုတွေ့ရသောအခါတွင်  ရှစ်ဖုန့်က သူ့အားအနှောက်အယှက်ဖြစ်

စေမည့်ဘာအသံကိုမျှပြုလုပ်ခြင်းမရှိပဲ ဆိတ်ငြိမ်စွာစောင့်ကြည့်နေပြီး လုံမုန့်၏ထိခိုက်ဒဏ်ရာများအား  လေ့လာနေသည်။ အစိမ်းရောင်ရေခိုးရေငွေ့တို့၏

အောက်တွင်  မီးတောက်များလောင်ကျွမ်းခြင်း

ကြောင့်ရရှိခဲ့သော  လုံမုန့်၏ ကိုယ်ပေါ်ရှိထိခိုက်ဒဏ်ရာများမှာ ဖြည်းဖြည်းချင်းပြန်လည်၍ကောင်း

မွန်လာနေပြီး လုံမုန့်၏အရှိန်အဝါကလည်း  တည်ညိမ်လာကာ  သူမ၏အသက်အန္တရာယ်အတွက်

ဘာအန္တရာယ်မှမရှိတော့သည်ကိုရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။ဤအချိန်တွင်သူမမှာ နက်ရှိုင်းစွာအိပ်မောကျနေသော

အခြေအနေသို့ကျရောက်နေသည်။

မိုယန်၏အစိမ်းရောင်ဆေးလုံးမှ ရေခိုးရေငွေ့တို့ဖြန်းပတ်ကုသပေး

မှုအောက်တွင်  အချိန်ကာလတစ်ခုကြာမြင့်ပြီးနောက်

လုံမုန့် ပြန်လည်၍ကောင်းမွန်လာ

လိမ့်မည်ဖြစ်သည်။ ဤလူအိုကြီးက အဆင့်ခြောက်သန့်စင်သူဖြစ်သည်မှာ အံ့ဩစရာတော့မဟုတ်ပေ။သူ့အတွင် ကျွမ်းကျင်ပိုင်နိုင်မှုအချို့ရှိနေပုံရသည်။

ခဏကြာပြီးနောက်မိုယန်မှာရှစ်ဖုန့်ရောက်ရှိလာသည်ကိုသတိပြုမိလိုက်သည်။ သူ၏လက်ဆီးလ်သင်္ကေတများအား အဆက်မပြတ်ပြောင်းလဲလိုက်ပြီး နောက်ဆုံးတွင်ရပ်တန့်သွားသည်။ သို့သော်လုံမုန့်ပေါ်တွင်ရှိနေသော အစိမ်းရောင်ရေခိုးရေငွေ့တို့ကရပ်တန့်ခြင်းမရှိဘဲ ဆက်လက်၍ လုံမုန့်ပေါ်သို့ ဖြန်းပတ်နေသည်။

လုံမုန့်၏ထိခိုက်မှုများမှာတည်ငြိမ်လာပြီး  ပြန်လည်ကောင်းမွန်လာနေသည်

ကိုရှစ်ဖုန့်သတိပြုမိသော်လည်း   သူမိုယန်အားမေးလိုက်သေးသည်။

“ဒီကောင်မလေးအဆင်ပြေမယ်မလား”

“မင်းဘယ်လိုထင်လဲ”

မိုယန်မှာ သံသယရှိနေသောရှစ်ဖုန့်အား အထင်သေးသော မျက်နှာထားတစ်ခုကိုပြသလိုက်သည်။

ထို့နောက်သူက ဝင့်ကြွားစွာပြောဆိုလိုက်သည်။

“ဒီကောင်မလေးကိုကယ်တင်နိုင်ဖို့အတွက် လွန်ခဲ့တဲ့နှစ်အချို့လောက်တုံးက

ငါဖော်စပ်ထားခဲ့တဲ့  ဒီအစိမ်းရောင်နွေဦးပြန်လည်မွန်းမံခြင်းဆေးလုံးကိုအသုံးပြုခဲ့တယ်..ဒီအစိမ်းရောင်နွေဦးပြန်လည်ပြုပြင်ခြင်းဆေးလုံးအတွက်ငါဘယ်လောက်ထိအားထုတ်မှုတွေလုပ်ခဲ့ရတယ်ဆိုတာကိုမင်းမသိပါဘူး”

“မင်းသာငါ့ကိုဝိညဉ်မန္တရား

တွေပေးခဲ့လို့မဟုတ်ခဲ့ရင် မင်းငါ့ကိုသေတဲ့အထိရိုက်မယ်ဆိုရင်တောင်  ငါဒါကိုထုတ်သုံးမှာမဟုတ်ဖူး”

မိုယန်၏စကားတို့အားကြားပြီး

သည့်နောက်ရှစ်ဖုန့်မှာလုံးဝစိတ်သက်သာရာရသွားခဲ့သည်။ ဤလူအိုကြီးဤကဲ့သို့ပြောလျှင် လုံမုန့်၏ဒဏ်ရာများအဆင်ပြေလိမ့်မည်သာဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းမှာ အနက်ရောင် ရုပ်သေးရုပ်အားထုတ်ယူလိုက်သည်။ ဤရုပ်သေးရုပ်က အမှောင်နတ်သူငယ်မင်းသားအက်စ်ခေအား တိုက်ခိုက်မှုတစ်ခုကိုတားဆီးနိုင်ရန်ကူညီခဲ့သည်။

ရှစ်ဖုန့်ရုပ်သေးရုပ်အားသူ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်သောအခါတွင်  မိုယန်၏မျက်လုံးတို့ရုတ်တရက်

အရာင်လတ်သွားသည်။ သူကရှစ်ဖုန့်၏လက်အားစိုက်ကြည့်ပြီး အံ့အားသင့်စွာမေးလိုက်သည်။

“ဒီပစ္စည်း ..မင်းဒီပစ္စည်းကိုဘယ်လိုရခဲ့တာလဲ.

.ဘယ်နေရာကနေရခဲ့တာလဲ”

“ဘာလဲ ခင်ဗျားဒီပစ္စည်းကို သိလို့လား”

မိုယန်၏စကားတို့နှင့်သူ၏အမူအယာအားတွေ့လိုက်ရသောအခါတွင်ရှစ်ဖုန့်ကမေးလိုက်သည်။

မိုယန်ကပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုံးက  မှတ်စုစာအုပ်တစ်ခုထဲမှာ ဒီလိုမျိုးဆင်တူတဲ့အမှတ်အသား

တစ်ခုကိုတွေ့ခဲ့ဖူးတယ်… ငါသာမမှားဘူးဆိုရင် ဒါက ရှေးခေတ်အချိန်ကာလက အမှောင်အဂ္ဂရိတ်သန့်စင်သူတွေသန့်စင်ခဲ့တဲ့ အမှောင်လက်နက်တစ်ခုပဲ..ဒီနေ့ခေတ်မှာ ဒီအရာရှိနေအုံးမယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး.. မင်းဘယ်နေရာကနေရခဲ့တာလဲ.. မင်းငါ့ကိုတစ်ချက်ကြည့်ခွင့်ပေးနိုင်မလား”

ရှစ်ဖုန့်က အမှောင်ရုပ်သေးရုပ်အား မိုယန်ကိုလွှဲပေးလိုက်ပြီးပြောလိုက်သည်။

“ဒီသခင်လေး  အမှောင်နတ်သူငယ်မင်းသားကို

သတ်ချင်ခဲ့ပေမဲ့သူကဒီရုပ်သေးရုပ်ကိုအသုံးပြုပြီးတော့ ဒီသခင်လေးလက်ကနေလွတ်

မြောက်သွားတယ်.. ဒီ ရုပ်သေးရုပ်ထဲကဆန်းကြယ်စွမ်းအားတွေကလဲပျောက်ကွယ်သွားခဲ့ပေမဲ့ ခင်ဗျား တစ်ခုခုကိုရှာတွေ့နိုင်မလားဆို

တာကိုတစ်ချက်ကြည့်စမ်းပါ”

“မှော်ဆန်တယ်..ဒါကတကယ့်

ကိုမှော်ဆန်တာပဲ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီး

သည့်နောက် မိုယန်က သူ့လက်ထဲရှိရုပ်သေးရုပ်အား

ကြည့်ရင်းခံစားချက်များဖြင့်ပြောလိုက်သည်။

“ရှေးခေတ်ကာလက အမှောင်အဂ္ဂရိတ်သန့်စင်သူတွေက တကယ်ပဲဒီလိုမျိုးမှော်ဆန်တဲ့အရာကို သန့်စင်နိုင်တယ်. ငါ့ကိုကြည့်ခွင့်ပေးပါ ..

ဒါပေမဲ့ ဒီအရာပေါ်ကစွမ်းအားကအသုံးပြုပြီးနေပြီ.

.တစ်ခုခုကိုရှာတွေ့ဖို့ဆိုတာက

အရမ်းခက်လိမ့်မယ်”

“အရင်ကြည့်လိုက်ပါ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“နောက်တစ်ခုရှိသေးတယ်.ဒီသခင်လေးက သေခြင်းတားမြစ်နယ်မြေထဲကိုဝင်ဖို့ပြင်ဆင်နေတာ… ဒီအချိန်အတောအတွင်းခင်ဗျားက ယွင်လိုင်အင်ပါယာရဲ့နန်းတော်မှာပဲ လုံမုန့်နဲ့ ဟုန်ယွဲ့တို့ကိုကုသပေးဖို့အတွက်နေခဲ့ရမယ်”

မိုယန်ပေါ်တွင်သူ၏အမှတ်အသား

တစ်ခုရှိသည်ဖြစ်သည်။ အကယ်၍သူ့အားလွတ်ပေးလိုက်ပြီး တော်ဝင်နန်းတော်အတွင်းနေခိုင်းခဲ့လျှင်တောင်  သူ့အနေဖြင့်လွတ်မြောက်အောင်လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့နောက်ရှစ်ဖုန့်ကသိုလှောင်လက်စွပ်တစ်ကွင်းအား မိုယန်ကိုလွှဲပေးလိုက်ပြီး ပြောလိုက်သည်။

“ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်

ဆေးလုံးကိုဖော်ဖို့အတွက်လိုအပ်

တဲ့ဆေးအမယ်တွေဒီထဲမှာရှိတယ်.. ကျန်တဲ့ဆေးအမယ်တွေကိုစုဆောင်းပေးဖို့ လုံချန်နဲ့ချင်ယွမ်ကို ဒီသခင်လေး တောင်းဆိုလိုက်မယ်.. ကျန်တဲ့ဆေးအမယ်တွေအားလုံးစုစည်းပြီးတာနဲ့ ခင်ဗျားကိုလာပေးဖို့ ဒီသခင်လေး သူတို့ကိုပြောလိုက်မယ်.. အကယ်၍ ဆေးအမယ်သုံးဆယ့်ခုနှစ်မျိုး

လုံးကိုစုစည်းမိတာနဲ့ ခင်ဗျား ဟုန်ယွဲ့အတွက်ဆေးလုံးကိုဖော်စပ်နိုင်တယ်”

“မင်းကသေခြင်းတားမြစ်နယ်မြေထဲကိုဝင်ချင်တာလား”

မိုယန်မှာ ရှစ်ဖုန့်သေခြင်းတားမြစ်နယ်

မြေထဲသို့ဝင်မည့်အကြောင်းအားကြားရသောအခါတွင်အနည်းငယ်အံ့အား

သင့်သွားခဲ့သော်လည်း  စိတ်ထဲတွင်တော့ထည့်မထားချေ။ ထို့အပြင်သူနှင့်ရှစ်ဖုန့်မှာ မိတ်ဆွေများလည်းမဟုတ်ပေ။ ရှစ်ဖုန့်သေသည်ရှင်သည်က

သူနှင့်သက်ဆိုင်သော အရာမဟုတ်ချေ။ အခြားတစ်ဖက်တွင် ဤငတိ

သေသွားသည်နှင့်  သူ့အား၎င်းထိန်းချုပ်ထားမှုမ

ှလွတ်မြောက်ပြီး  နောက်ပိုင်းတွင်လွတ်လပ်မှုကိုရရှိလိမ့်မည်ဖြစ်သည်။

ထို့နောက်မိုယန်၊လုံမုန့်နှင့်ရှစ်ဖုန့်တို့မှာ သွေးကျောက်ပြားနေရာလွတ်

အတွင်းမှသွေးနီရောင်အလင်းတစ်ချက်လက်ကာပျောက်ကွယ်သွားသည်။ စစ်နတ်ဘုရားဗိမာန်အတွင်း  သွေးနီရောင်အလင်းသုံးခုလင်းလက်လာပြီး  ရှစ်ဖုန့်နှင့်အခြားသောနှစ်ယောက်

တို့ပေါ်လာသည်။

ပြင်ပကမ္ဘာသို့သူတို့ပြန်ရောက်သောအခါတွင်  ပြင်ပကမ္ဘာ၏မြေဆွဲအားကြောင့် လုံမုန့်မှာအောက်သိုပြုတ်ကျလာ၏။ သို့သော်ရှစ်ဖုန့်က လက်ဆီးလ်သင်္ကေတများအား လျှင်မြန်စွာ ဆက်တိုက်ပြုလုပ်လိုက်ပြီး  လွင့်မျောစေသောအစီအရင်တစ်ခု

ကိုဖန်တီးလိုက်သည်။ လုံမုန့်၏ကိုယ်က  လေထဲတွင် လျှင်မြန်စွာ လွင့်မျောသွားသည်။အစိမ်းရောင်တိမ်တိုက်တို့ကသူမအပေါ်တွင်ဆက်လက်လွှမ်းခြုံနေပြီး  ဆက်လက်၍သူမပေါ်သို့ရေခိုး

ရေငွေ့များဖြန်းပတ်နေသည်။

ထို့နောက်ရှစ်ဖုန့်၏ကိုယ်က

ထပ်မံ၍ဖျက်ခနဲဖြစ်သွားပြီး  သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ထပ်မံဝင်ရောက်သွားသည်။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်မှာ

ရှင်လင်၊ဟုန်ယွဲ့နှင့် စံပယ်လေးတို့ရှိရာနေရာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

စံပယ်လေးမှာဟုန်ယွဲ့၏နံဘေး

နားတွင်ရှိနေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင်  စံပယ်လေးမှာလည်းကျင့်ကြံမှုပြုလုပ်နေသောအခြေအနေတစ်ခုသို့စိုက်ရောက်နေသည်။ သူမက ဟုန်ယွဲ့၏နံဘေးနားတွင် တင်ပျဉ်ခွေထိုင်ပြီး  သူမဝန်းကျင်ရှိပေါကြွယ်လှသော စွမ်းအင်တို့အားစုပ်ယူနေ၏။

ရှင်လင်မှာမူ ယခင်အတိုင်းတူညီစွာရှိနေဆဲဖြစ်သည်။ သူမ၏ကိုယ်လေးက ရေစုပ်ဝဲ

တစ်ခုကဲ့သို့ဖြစ်ပြီး  ကောင်းကင်နှင့်မြေကြီးကြား

ထဲရှိပေါကြွယ်လှသောအကန့်သတ်မဲ့ မူလစွမ်းအင်တို့အားသူမကိုယ်

အတွင်းသို့စုပ်ယူနေသည်။ ရှင်လင်၏ကိုယ်အတွင်းရှိနေသော မူလစွမ်းအင်တို့မှာ သာမန်ကျင့်ကြံသူတစ်ယောက်တွင် ကြယ်ကိုးပွင့် ဆရာသခင်သို့ဝင်ရောက်နိုင်သော

ပမာဏဖြစ်သည်ကို ရှစ်ဖုန့်ရှာဖွေတွေ့ရှိလိုက်သည်။

သို့သော်ဤကောင်မလေးမှာမွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်အားပိုင်ဆိုင်

ထားသည်ဖြစ်သည်။ သို့သော် သူမ၏ကိုယ်အတွင်းသို့ များပြားလှသောစွမ်းအင်များအား

စုပ်ယူနေပြီး  ကြယ်တစ်ပွင့်စစ်သည်တော်နယ်

ပယ်ကိုပင်ချိုးဖြတ်နိုင်ခြင်းမရှိသေးပဲ သူမနေဖြင့်ကျင့်ကြံသူတစ်

ယောက်ဖြစ်မလာသေးပေ။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters