← Chapters

အပိုင်း(၄၁၄)

Vol. 28 Ch. 414

အပိုင်း(၄၁၄)

Vol. 28 Ch. 414

ရှစ်လင်၏ ခန္ဓာကိုယ်အခြေအနေအား အာရုံခံမိသောအခါတွင်  ရှစ်ဖုန့်မထိန်းထားနိုင်ဘဲ ဤကလေးမလေးမွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်၏ ပေကတ်ကတ်နိုင်သောသဘာဝ

အတွက်သက်ပြင်းချမိသည်။ဤသေးငယ်သောကိုယ်မှာ ဘယ်တော့မှပြည့်နိုင်ခြင်းမရှိသော  အခြေမဲ့တွင်းကြီးတစ်တွင်းနှင့်တူနေသည်။

ကံကောင်းစွာဖြင့်ဤနေရာမှာ ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်များပေါကြွယ်ဝသော  မြင့်မြတ်ကုန်းမြေအသေးစား

လေးဖြစ်လာခဲ့ပြီး  ယင်းကြောင့်လလည်းဤအသေး

လေးအနေဖြင့်  လွန်စွာများပြားလှသောမူလစွမ်းအင်များအား လျှင်မြန်စွာဖြင့်စုပ်ယူနေနိုင်ခြင်းဖြစ်သည်။ အကယ်၍ပြင်ပကမ္ဘာတွင်သာဆိုလျှင်  မူလစွမ်းအင်တို့ရှားပါးပြီး  ဆေးများ၏ထောက်ပံ့မှုမရှိခဲ့လျှင်  သူမ၏ဒန်တန်က အရမ်းများပြားလှသော မူလစွမ်းအင်တို့အား စုပ်ယူရန်အတွက်  မရေတွက်နိုင်သောနှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည်ဖြစ်သည်။

ရှစ်လင်အားသူ့နံဘေးတွင်အမြဲတမ်းနေထိုင်ရန်အတွက်ရှစ်ဖုန့်မျှော်လင့်ထားသော်လည်း သေခြင်းတားမြစ်နယ်မြေက အရမ်းကိုအန္တရာယ်များသည်ဖြစ်သည်။ သူမအားသူနှင့်အတူစွန့်စား

ရန်အတွက်ခေါ်မသွားလိုပေ။ ထို့ကြောင်သူမအားဤနန်းတော်၌ထားခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရှစ်ဖုန့်မှာရှစ်လင်အား ခဏမျှကြည့်လိုက်ပြီးနောက်  သူ ငရဲဘုံကိုးခု ဖျက််ဆီးမရသောခန္ဓာကိုအသုံးပြု၍ ထိခိုက်ဒဏ်ရာများကိုကုသလိုက်သည်။ သူ၏ဆွေးရိလောင်ကျွမ်းနေ

သောမျက်နှာနှင့်ရှစ်လင်လေးအား သူ့အပေါ်အထိတ်တလန့်စိုးရိမ်

စေခြင်းမဖြစ်စေလိုပေ။

ရှစ်ဖုန့်ကသူ၏ဒဏ်ရာများ

အားကုသပြီးသည်အထိ ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ်အား လှည့်ပတ်နေခြင်းကိုမရပ်တန့်ခဲ့ပေ။

“လင်အာ..လင်အာ”

ရှစ်ဖုန့်မှာသူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍  ဤအသေးလေးအားကျင့်ကြံမှုပြုလုပ်နေခြင်းအလယ်မှခေါ်လိုက်သည်။ဤညင်သာသောနည်းလမ်းအားအသုံးပြု၍  ရှစ်လင်အားကျင့်ကြံခြင်းအနေ

အထားမှဖြည်းဖြည်းချင်းနိုးထစေလိုက်သည်။

ခဏကြာပြီးနောက်တွင်ရှစ်လင်ကသူမ၏မျက်လုံးတို့အားဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူမမျက်လုံးတို့ဖွင့်ပြီးမကြာခင် သူမရှေ့တွင်ရပ်နေသောရှစ်ဖုန့်

အားသူမမြင်တွေ့လိုက်ရသည်။ သူမ၏ချစ်စဖွယ်ဝဖိုင့်ဖိုင့်လုံးဝန်း

သောမျက်နှာလေးထက်တွင်  ပျော်ရွှင်သောအပြုံးတစ်ခုက ငွားငွားစွင့်စွင့်ပွင့်သော ပန်းတစ်ပွင့်ကဲ့သို့ချက်ချင်းပေါ်လာသည်။ ထို့နောက်သူမကပျော်ရွှင်စွာဖြင့်ခေါ်လိုက်သည်။

“ကိုကြီး”

“မင်းနိုးလာပြီ”

ရှစ်ဖုန့်ကလည်းရှစ်လင်၏လုံးဝန်းသောမျက်နှာလေးအားကြည့်လိုက်ပြီးပြောလိုက်သည်။

“အင်း”

ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် ရှစ်လင်က ပြင်းပြင်းထန်ထန်ခေါင်းညိမ့်လိုက်သည်။ သူမ၏အသွင်အပြင်လေးက ရှစ်ဖုန့်အား ရှို့လင်ရွာတွင်နေထိုင်ခဲ့သော

သူ၏ဘဝကိုပြန်လည်၍အမှတ်ရစေသည်။

ထိုအချိန်က ရှစ်လင်မနက်စောစောမနိုးသည်ကိုရှစ်ဖုန့်မြင်ရသောအခါတွင်သူမအား ညင်သာစွာ နှိုးရသည်ဖြစ်သည်။ ထို့နောက်သူမနိုးလာပြီးမကြာခင်

တွင်ချိုသာစွာပြုံး၍ “ကိုကြီး”ဟုခေါ်သည်ဖြစ်သည်။

ရုတ်ခြည်း သူတို့နှစ်ဦးသားမှ ထိုအချိန်သို့ပြန်ရောက်သွားသလိုဖြစ်သွားသည်။

ရှစ်ဖုန့်ချက်ချင်းပဲ အသိပြန်ဝင်လာသည်။ ယခင်ဘဝမှသူ၏မှတ်ဉာဏ်များအားပြန်လည်၍ရရှိလာသောကြောင့်  သူ့အနေဖြင့်  နေ့စဉ်ဘဝအတွက်အစားအစာနှင့်အဝတ်အစားများအတွက်သာ ဂရုစိုက်အလေးထားရသော ရိုးရှင်းသည့်ဘဝသို့ပြန်သွား၍မရနိုင်တော့သည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။

တစ်နေ့ကြလျှင် ရှစ်ဖုန့်အနေဖြင့်သူ၏ယခင်ဘဝအ

ထွတ်အထိပ်သို့ပြန်လည်၍ရောက်ရှိပြီး  သူ့အားလုပ်ကြံသတ်ဖြတ်ရန်အတွက် သတ်ဖြတ်ခြင်းအစီရင်အား စီမံခဲ့ကြသောထိုအမှိုက်ဧကရာဇ်နယ်ပယ်များကို သတ်ရလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်  သူ့အနေဖြင့် ဆိတ်ငြိိမ်သောနေရာတစ်ခုအားရှာဖွေပြီး  သူ၏ညီမလေး၊မိခင်တို့နှင့်အတူ ငြိမ်းချမ်းသောဘဝတစ်ခုအား ပြန်လည်၍ဖြတ်သန်းနိုင်လိမ့်မည်ဖြစ်သည်။

“ကိုကြီး အရမ်းကိုအန္တရာယ်များတဲ့ နေရာတစ်ခုကိုသွားစရာရှိတယ်..

ဒီတစ်ကြိမ်မှာ ညီမလေးအနေနဲ့ အမေနဲ အတူနေပြီးတော့ သူမကို ကောင်းကောင်းဂရုစိုက်ပေးရမယ်”

ရှစ်ဖုန့်က ရှစ်လင်အားပြောလိုက်သည်။

“ကိုကြီးဘယ်ကိုသွားမို့လဲ..ညီမလေးလဲ ကိုကြီးနဲ့အတူတူလိုက်ချင်တယ်”

ရှစ်လင်ကပြောလိုက်သည်။

“ကလေးတွေအဲ့နေရာကိုသွားလို့မရဘူး

ရှစ်ဖုန့်ကပြတ်သားစွာပြောလိုက်သည်။ သေခြင်းတားမြစ်နယ်မြေမှာသူကိုယ်တိုင်ပင် အသက်ရှင်လျက်ပြန်ထွက်လာနိုင်

မည်ဟုသူ့ကိုယ်သူယုံကြည်ချက်မရှိ

သောအန္တရာယ်များသည့်နေရာဖြစ်သည်။ သူ၏တစ်ဦးတည်းသောညီမလေးအား သူနှင့်မည်ကဲ့သို့လိုက်ခွင့်ပြုနိုင်ပါမည်နည်း။

ရှစ်ဖုန့်၏စကားတို့အားကြားပြီး

သည့်နောက်တွင် ရှစ်လင်လေးမှာ  လန့်ဖျပ်သွားပြီးပြောလိုက်သည်။

“အား..ကိုကြီး  ကိုကြီးဘယ်လိုနေရာမျိုးကိုသွားမလို့လဲ..ရွာက ဖက်တီးပြောတာညီမလေးကြားဖူးတာ အဲ့လိုနေရာတွေကို မကောင်းတဲ့လူတွေပဲသွားတာတဲ့…

ကိုကြီးလည်းမကောင်းတဲ့

လူတစ်ယောက်ဖြစ်လာနေပြီလား”

ဖက်တီးမှာရှို့လင်ရွာမှ ကလေးတစ်ယောက်ဖြစ်သည်။ သူသည်ဆယ်နှစ်သာရှိသေးသည်ဖြစ်သည်။သူ့အား လူများက ဖက်တီးဟုခေါ်ကြခြင်းမှာ သူကဝသောကြောင့်ဖြစ်သည်။

“ကလေးမလေး ဘာတွေတွေးနေတာလဲ..”

ဤငတိမလေး၏စကားအားကြားပြီးနောက်ရှစ်ဖုန့်မှာ စိတ်ဆိုးမှုရောရယ်ချင်စိတ်ကိုရောခံစားရသည်။ ယင်းမှာအဘယ့်ကြောင့်ဆိုသော စန်းယွဲ့မြို့တွင်သူတို့သွားလာစဉ်အခါကသူတို့အနေဖြင့်  ဆောင်ကြာမြိုင်အား အကြိမ်များစွာဖြတ်သန်းသွားခဲ့ရသည်ဖြစ်သည်။ ထိုအချိန်က  ရှစ်လင်မှာအရမ်းကိုစပ်စုတတ်ပြီး  မကြာခဏသူ့အား ထိုနေရာကဘယ်လိုနေရာလဲဆိုသည်နှင့်  ထိုအမကြီးများကဘာလုပ်နေ

လဲဆိုသည်အားမေးမြန်းလေ့ရှိသည်ဖြစ်သည်။

ရှစ်လင်အနေဖြင့်နောက်ပိုင်းတွင်ဖက်တီးထံမှ ထိုနေရာအားမကောင်းသောလူများ သွားသောနေရာဟုသိရှိခဲ့ပုံရသည်။

“ကိုကြီးက အရမ်းကိုဝေးတဲ့နေရာတစ်ခုကိုသွားရမှာ..အကယ်၍ညီမလေးသာကိုကြီးနဲ့အတူတူသွားရင် အမေ့ဘေးမှာတစ်ယောက်မှရှိ

တော့မှာမဟုတ်ဖူး.. နောက်ကျ ကိုကြီးဒီနေရာမှာမရှိရင်မှတ်ထားနော…

.ညီမလေးအမေ့စကားကိုနားထောင်ရမယ်”

ရှစ်ဖုန့်ကထပ်ပေါင်းပြောလိုက်သည်။

ရှစ်ဖုန့်၏စကားတို့အားကြားရပြီးနောက်  ရှစ်လင်ကခဏလောက်တွေးလိုက်ပြီး နာခံစွာခေါင်းညိမ့်လိုက်သည်။ သူမကပြောလိုက်သည်။

“ကိုကြီး စိတ်မပူပါနဲ့ လင်အာကအရမ်းကိုလိမ္မာပြီး

အမေ့စကားကိုနားထောင်ပါတယ်…

ဒါပေမဲ့ကိုကြီး မကြာခင်ကိုကြီးပြန်လာရမယ်နော်  မဟုတ်ရင်လင်အာကိုကြီးကို

လွမ်းနေရလိမ့်မယ်”

ရှစ်ဖုန့်က ရှစ်လင်နားသို့ဖြည်းညှင်းစွာကပ်လိုက်ပြီး သူမ၏ဦးခေါင်းသေးသေးလေးအား လက်ဖြင့်ပွတ်သပ်လိုက်သည်။သူကစိတ်ထဲတွင်သက်ပြင်းချမိသည်။ ဤကမ္ဘာတွင်  သူအစိုးရိမ်ဆုံးစိတ်အပူဆုံးသောသူမှာ သူ၏မိခင်ဖြစ်သူနှင့် သူ၏ဤညီမလေးကိုပင်ဖြစ်သည်။

ယခင် ယိုမင်ဘုံဗိမာန်၏အရှင်သခင်ဖြစ်သူ  ကမ္ဘာပေါ်ရှိလူများအားအထက်စီးမှကြည့်ခဲ့ကာ  သန်းပေါင်းများစွာသောတစ္ဆေစစ်သည်တို့အားထိန်းချုပ်ခဲ့သူ တစ်ယောက်တွင် ယခုကဲ့သို့သောဘက်ခြမ်းရှိနေလိမ့်မည်ဟု သူတစ်ခါမှာ မမျှော်လင့်ထားခဲ့ပေ။ ရှစ်ဖုန့်ကရှစ်လင်အားခေါင်း

ညိမ့်ပြပြီးသူမအားပြောလိုက်သည်။

“ကိုကြီး လာပါ့မယ်…ဒီတစ်ခေါက်အားလုံးကိုကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ ကိုကြီးဖြစ်နိုင်သမျှ အမြန်ဆုံးလာပါ့မယ်”

ရှစ်ဖုန့်၏စကားတို့အားကြား

ပြီးသည့်နောက်တွင် ရှစ်လင်မှာပြုံးပြီးခေါင်းညိမ့်လိုက်သည်။ မကြာခင်တွင်ရှစ်ဖုန့်မှာစံပယ်

လေးကိုလည်းကျင့်ကြံမှုအခြေအနေမှ နှိုးလိုက်သည်။ထို့နောက်မကြာခင် ရှစ်ဖုန့်၊ရှစ်လင်၊စံပယ်လေးနှင့် ဟုန်ယွဲ့တို့၏ကိုယ်ပေါ်တွင်  အနီရောင်အလင်းတစ်ခုတစ်ချိန်

တည်း၌လင်းလက်လာသည်။ သူတို့လေးဦးသား  သွေးကျောက်ပြားနေရာလွတ်အတွင်းမှ ထွက်လာပြီး  စစ်နတ်ဘုရားခန်းမအတွင်း

သို့အတူတကွရောက်ရှိလာသည်။

ဟုန်ယွဲ့၏ကိုယ်တွင်လည်းလဲ

လျောင်းလျက်အနေအထားဖြင့်

လေထဲ၌လွင့်မျောစေရန် အစီအရင်တစ်ခုကို ရှစ်ဖုန့်ဖန်တီးလိုက်သည်။သွေးကျောက်ပြားနေရာလွတ်အတွင်းသို့ဝင်ရောက်ခဲ့သောအခါတွင်  ဟုန်ယွဲ့၏ မြင်သာသောအရေပြားပေါ်ရှိ နက်မှောင်သောပင့်ကူအိမ်ကဲ့သို့

အမှတ်အသားများမှာ  အရေအတွက်အားဖြင့်တိုးလာပြီး သိပ်သည်းလာသည်။ အမှတ်အသားတို့၏အရောင်မှာ

လည်းပို၍နက်မှောင်လာသည်။

“ဟူး”

ဟုန်ယွဲ့အားထပ်မံကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်သက်ပြင်းရှည်ကြီးချလိုက်သည်။

ထို့နောက် ဟုန်ယွဲ့ဘေးတွင်

စောင့်ကြပ်နေသော စံပယ်လေးထံသို့ရှစ်ဖုန့်လှည့်လိုက်သည်။ သူမကဟုန်ယွဲ့အားစိုးရိမ်မှု၊ဝမ်းနည်း

မှုတို့နှင့်ကြည့်နေသည်။သူကသူမ

အားနှစ်သိမ့်လိုက်သည်။

“စံပယ်လေး..သေခြင်းတားမြစ်နယ်မြေထဲမှာ ဒဏ္ဍာရီလာ နတ်ဘုရာဆေးပင်ရှိတယ်ဆိုတဲ့

ကောလဟာလရှိတယ်.. အကိုအဲ့ထဲကိုဝင်ဖို့ပြင်ဆင်နေတယ်.. အကိုနတ်ဘုရားဆေးပင်ကိုရှာတွေ့တာနဲ့ ဟုန်ယွဲ့သေချာပေါက်အဆင်ပြေပါလိမ့်မယ်”

“ရှင်..ရှင် သေခြင်းတားမြစ်နယ်မြေထဲကိုသွားမှာလား”

သေခြင်းတားမြစ်နယ်မြေမှာ ထျန်းမြောင်အင်ပါယာတွင်ရှိကြသော ကျင့်ကြံသူသိုင်းသမားတိုင်သိကြ

သည့်နေရာဖြစ်သည်။ ၎င်းမှာသေခြင်းကိုကိုယ်စားပြုသော နေရာတစ်ခုဖြစ်သည်။

ရှစ်ဖုန့်အားကြည့်လိုက်ပြီး စံပယ်လေးမှာခေါင်းကိုငုံ့လိုက်ကာ တစ်နေ့ထက်တစ်နေ့ဆိုးရွားလာ

သောဒဏ်ရာများနှင့်ဟုန်ယွဲ့ကိုလည်းကြည့်လိုက်သည်။ ဝိရောဓိဖြစ်နေသော အမူအယာတစ်ခုသူမမျက်နှာ

ထက်တွင်ပေါ်လာသည်။သူမအနေဖြင့်သူမ၏စီနီယာအမတွက်သူ့အား သေခြင်းတားမြစ်နယ်မြေအတွင်း

ဝင်ရောက်ကာ နတ်ဘုရားဆေးပင်အားရှာဖွေစေချင်သလို  သူ့အားသေခြင်းတားမြစ်နယ်

မြေအတွင်းကိုလည်းမဝင်ရောက်စေလိုပေ။

လွန်ခဲ့သောနှစ်ရာပေါင်းများစွာအကြာ သေခြင်းတားမြစ်နယ်မြေပေါ်

လာပြီးကတည်းက  ၎င်းထဲသို့ဝင်ရောက်သွားခဲ့သော

မည်သည့်ကျင့်ကြံသူမျှ ပြန်ထွက်လာနိုင်ခြင်းမရှိခဲ့ပေ။

ရှစ်ဖုန့်က ဤအရာအားသူကိုယ်တိုင်ပင်

သိမည်မဟုတ်သော်လည်း  စံပယ်လေးနှင့်ဟုန်ယွဲ့တို့က အတူတကွကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။ဟုန်ယွဲ့ကပွင့်လင်းစွာဝန့်မခံထားသော်လည်း သူမအနေဖြင့်ဤလူငယ်အား

ကြိုက်နှစ်သက်နေသည်ကိုစံပယ်လေး

သိသည်ဖြစ်သည်။ဤလူငယ်လေး

အပေါ်ကျရောက်လာသော တိုက်ခိုက်မှုအတွက်သူမ၏အသက်

ကိုပင်စွန့်လွှတ်ရန်ဆန္ဒရှိခဲ့သည်။

သူမ၏စီနီယာအမသာဆိုလျှင်သူမအတွက်သူ၏အသက်အားစွန့်စားရန်အလိုရှိ

လိမ့်မည်မဟုတ်ပေ။ သို့သော်အကယ်၍ သူမစွန့်စားခဲ့လျှင် သူမ၏စီနီယာအမဖြစ်သူမှာ….သူမအနေဖြင့် ဤကဲ့သို့နူးညံ့သိမ်မွေ့ကြင်နာတတ်သော စီနီယာအမအားထပ်မံ၍ လုံးဝမြင်တွေ့ခွင့်ရတော့မည်မဟုတ်ပေ။

စံပယ်လေးမှာဟုန်ယွဲ့အား

ကြည့်လိုက်ပြီးခေါင်းငုံ့ထားမိသည်။ သူမအနဖြင့်သူ့အားလွှတ်

သင့်မလွှတ်သင့်ကိုမသိချေ။

ထို့နောက် စံပယ်လေးက  ဟုန်ယွဲ့အား ထပ်မံကြည့်လိုက်သည်ကိုရှစ်ဖုန့်တွေ့ရသောအခါတွင် သူ့အနေဖြင့် ဘာမှပြောခြင်းမရှိတော့ဘဲ  မိုယန်အား ဟုန်ယွဲ့နှင့်လုံမုန့်တိုအား ဂရုစိုက်ပေးရန်တောင်းဆိုလိုက်ပြီး ရှစ်လင်အား ပွေ့ဖက်ကာ သူ၏ကိုယ်ကိုရွှေ့လျားလိုက်သည်။ ထို့နောက် စစ်နတ်ဘုရားဗိမာန်မှ အဝေးသို့ပျံသန်းသွားသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters