← Chapters

ဈေးကြီးလှသော ဆေးဖော်စပ်ရေး ကိရိယာ

Vol. 4 Ch. 56

ဈေးကြီးလှသော ဆေးဖော်စပ်ရေး ကိရိယာ

Vol. 4 Ch. 56

မိုဝူကျီနှင့် ရှန်းလျဲ့တို့ တစ်စားပွဲလုံး ပန်းကန်အပြည့် အငမ်းမရ စားသောက်နေသည်ကို မြင်ကာ စားပွဲထိုး နှစ်ယောက်သည် ကြောင်ကြည့်နေမိ၏။ မိုဝူကျီနှင့် ရှန်းလျဲ့ ထွက်သွားသောအခါ စားပွဲထိုးများ၏ အကြည့်သည် လေးစားမှုအဖြစ် ပြောင်းသွားလေသည်။

ထိုစားပွဲထိုးများသည် အရင်က အစားကြီးသော အမျိုးသားကို တွေ့ဖူးသော်လည်း ထိုမျှ စားသောက်နိုင်သည့် အမျိုးသမီးကို မတွေ့ဖူးချေ။ သူမသည် အစားကြီးရုံမျှမက သူမသည် စားပွဲထိုးများ တစ်ခါမှ မမြင်တွေ့ဖူးသော အလှတရားတို့ ပိုင်ဆိုင်သော မိန်းမလှလေး ဖြစ်နေသေး၏။ ထိုသို့သော အလွန် လှပသော မိန်းမပျိုလေးသည် တစ်စားပွဲလုံး အပြည့် စားသောက် သွားသည်မှာ သူတို့မျှော်လင့် ထားသည်နှင့် ၁၈၀ဒီဂရီလောက် ဇောက်ထိုး ဖြစ်နေလေ၏။

“စီနီယာ အစ်မရှန်း ... အခုဗိုက်လည်း တင်းပြီဆိုတော့ အရင်ပြန်နှင့် လိုက်ပါလား ... ကျွန်တော် လုပ်စရာအချို့ ကျန်နေသေးလို့ ... ” မိုဝူကျီသည် ဆေးဖော်စပ်ရန် ပါဝင်ပစ္စည်းများနှင့် ကိရိယာ တန်ဆာပလာများ သွားမဝယ်ခင် ရှန်းလျဲ့အား အရင် ဖယ်ထုတ်ချင်၏။

ရှန်းလျဲ့ကား မိုဝူကျီကား သတိထား နေသေးသော်လည်း အစားအတူတူ စားပြီး ကျင့်ကြံခြင်း အကြောင်း ဆွေးနွေးပြီး နောက်တွင် သူမသည် သူနှင့် ပို၍ ရင်းနှီးလာကြောင်း ခံစားမိလိုက်၏။ ရှန်းလျဲ့သည် လေထဲသို့ သိချင်စိတ်များကို ပစ်လွှင့်လိုက်ကာ

“ပြန်ရင်လည်း ဘာမှ လုပ်စရာမရှိဘူးလေ ... အဲဒါကြောင့် ဈေးဝယ်ထွက်မလို့ ... ရှင်က ဘာသွားဝယ်မှာလဲ ... ကျွန်မ ရှင့်ကို အကြံတချို့ ပေးနိုင်တာပေါ့ ... ”

သူသည် စိတ်အနှောင့်ယှက် ဖြစ်မှုကို မဖယ်ရှားနိုင်မှန်း သိသာလေ၏။ မိုဝူကျီသည် သူ့အကြံစည်ကို ထုတ်ပြောရုံက လွဲပြီး ရွေးချယ်စရာ မကျန်တော့ပေ။

“ကျွန်တော်က ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ဟာတွေ သွားဝယ်မလို့ ... အဲဒါအတွက် မင်းကို ခေါ်ဖို့ လိုလို့လား ... ”

“ဆေးမီးပြင်းဖို သွားဝယ်မှာလား ... ကျင့်ကြံခြင်းတောင် မစရသေးတဲ့ သူက ဘယ်လိုလုပ် မီးပြင်းဖို ဝယ်မှာလဲ ... ” ရှန်းလျဲ့သည် အံ့ဩတကြီး မေးလိုက်သည်။

မိုဝူကျီသည် ရှင်းပြလိုက်သည်။

“မီးပြင်းဖို သွားဝယ်မှာ မဟုတ်ပါဘူး ... တချို့ လိုအပ်တဲ့ ကိရိယာတွေ လောက်ပါပဲ ... ဆေးဆရာဖြစ်ဖို့ ကံစမ်းကြည့်ချင်ရုံပါ ... အစ်မကြီးလည်း ကျွန်တော်က ကျင့်ကြံခြင်းမှာ ပါရမီမပါမှန်း သိမှာပါ ... တကယ်လို့သာ ဆေးဆရာ ဖြစ်လာခဲ့ရင် ကျင့်ကြံခြင်းမှာ ကျရှုံးရင်တောင် ဘဝဆက်လို့ ရသေးတယ်လေ ... ”

ရှန်းလျဲ့သည် စာနာစွာ ခေါင်းညိတ် ပြလိုက်ပြီး

“ရှင်မမှားပါဘူး ဒါပေမဲ့ ဆေးဆရာ တစ်ယောက် အတွက် အနာဂတ်မရှိဘူး ... တကယ်လို့ သင်ယူဖို့ ထိုက်တန်တဲ့အရာ ရှိတယ်ဆိုရင် အဲဒါက ဆေးလုံး ဖော်စပ်သူပဲ ဖြစ်လိမ့်မယ် ... ”

“စီနီယာက ကျွန်တော့်ကို ဆေးလုံး ဖော်စပ်နည်း နည်းလမ်းတွေ သင်ပေးမှာလား ... တကယ်လို့ သင်ပေးမယ် ဆိုရင်တော့ သင်ယူဖို့ ကိစ္စမရှိပါဘူး ... ” မိုဝူကျီသည် ထေ့ငေါ့ကာ ပြောလိုက်သည်။

ရှန်းလျဲ့သည် ပြန်ဖြေလိုက်သည်။

“ဆေးလုံး ဖော်စပ်သူ ဖြစ်လာဖို့ များစွာသော ရင်းနှီး မြှုပ်နှံမှုတွေ လိုအပ်တယ် ... အဲဒါကြောင့် ရှင်မကျင့်ကြံနိုင်ရင် ဆေးဆရာဖြစ်ဖို့ သင်ယူတာ ပိုကောင်းလိမ့်မယ် ... ” သူမ ဖခင်ကိုယ်တိုင်ပင် ဆေးလုံးဖော်စပ်သူ ဖြစ်၍ ဆေးလုံး ဖော်စပ်ခြင်းမှာ မည်မျှ ခက်ခဲကြောင်း သူမ မသိဘဲ နေမည်နည်း ...

သူမ အကြံပြုချက်သည် လက်တွေ့ မကျမှန်း သတိပြုမိသောအခါ ရှန်းလျဲ့သည် ထပ်ပြောလိုက်သည်။

“ချန်လောင်မြို့ တစ်ခုလုံးမှာ ရှင်းဟယ် ဆေးစံအိမ်က အကောင်းဆုံး ဆေးမီးပြင်းဖိုတွေ ရှိတယ် ... အဲဒီက ဆေးလုံးတွေက ထိပ်တန်းရောက်ရုံတင် မကဘူး ဆေးမီးပြင်းဖိုတွေ ကလည်း အဆင့်မြင့်ဆုံး အရည်သွေး ရှိကြတယ် ... ဒါပေမဲ့ ရှင့်အတွက်ဆိုရင် လောင်ဟိုင်ကုန်သည် အိမ်တော်ကို သွားဖို့ အကြံပေးချင်တယ် ... သူတို့ မီးပြင်းဖိုတွေက ရှင်းဟယ်လောက် မကောင်းပေမဲ့ သူတို့ရဲ့ ဆေးဖော်စပ်တဲ့ ကိရိယာ တန်ဆာပလာတွေက ရှင်းဟယ် အင်ပါယာမှာ အကောင်းဆုံးလို့ ဆိုလို့ရတယ် ... ”

“အဲဒါဆို လောင်ဟိုင်ကုန်သည် အိမ်တော်ကို သွားကြတာပေါ့ ... ” မိုဝူကျီသည် တွေဝေခြင်း မရှိ ပြောလိုက်သည်။

သူသည် ဆေးလုံး ဖော်စပ်ရန် မဟုတ်ပေ။ နောက်တစ်ခုက သူသည် လောင်ဟိုင် ကုန်သည် အိမ်တော်အကြောင်း သူသေချာသိနေပြီ ဖြစ်၏။

“ဆရာ ဒီနေ့ ဘာများ လာရှာတာလဲ ... သေချာပေါက် ဈေးနည်းနည်းနဲ့ အရည်သွေး ကောင်းကောင်း ရရှိတာကို ပြပေးပါ့မယ် ... ” မိုဝူကျီသည် သူ့အား ကျင့်စဉ် ရောင်းချလိုက်သည့် ဆိုင်အကူအား တွေ့လိုက်၏။

“ခင်ဗျားမှာ အင်မော်တယ် အဆင့် ဆေးဖော်စပ်တဲ့ ကိရိယာတွေများ ရှိလား ... ” မိုဝူကျီသည် ဆိုင်အကူအား ပခုံးပုတ်ကာ ပြောလိုက်သည်။

ဆိုင်အကူသည် အနည်းငယ် ရှက်ရွံ့သွားလေ၏။ သူသည် မိုဝူကျီအား ကျင့်စဉ် ဝယ်ယူရန် အနည်းငယ် လိမ်ညာခဲ့ကာ မိုဝူကျီသည် ထိုကိစ္စကို ပြန်လည် ပြော၍ အရူး ထပ်မလုပ်ရန် သတိပေးနေ၏။

“ဟီးဟီး ... ” မိုဝူကျီ၏ အင်မော်တယ် အဆင့်ဟု ပြောတာကို ကြားသောအခါ အထဲမှ တဟီးဟီး ရယ်မောသံ ထွက်လာလေ၏။ ထိုသည်ကို စနစ်တကျ ထုပ်ပိုးထားသည်က အင်မော်တယ် မော်တယ် ဖြစ်နေသော်လည်း စာအုပ်ကား နေရာတိုင်းတွင် တွေ့ရှိနိုင်၏။ ထို့ကြောင့် ထိုအရာကို အဆင့်မြင့် ထိပ်တန်း ကျင့်စဉ်ဟု ပြောခြင်းမှာ ဟာသ လုပ်နေခြင်းသာ ဖြစ်ရမည်။

မိုဝူကျီ လှည့်ကြည့် လိုက်သောအခါ အမျိုးသမီး နှစ်ယောက်ကို တွေ့၏။ တစ်ယောက်ကား သင်္ဘောပေါ်မှ သူမှတ်မိသည့် ချူဝမ်အာ ဖြစ်ပြီး ဤနေရာတွင် ပြန်လည်တွေ့ရန် မမျှော်လင့်ခဲ့ချေ။

“စီနီယာချု ... သင်္ဘောပေါ်က ကိစ္စအားလုံးအတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျ ... ” မိုဝူကျီသည် ကျေးဇူးတရားများ မှတ်သားထားကာ နှုတ်ဆက် လိုက်လေသည်။

အနည်းငယ် ရှက်သွေး ဖြာသွားပြီး ချူဝမ်အာက ပြန်ဖြေလိုက်သည်။

“အခုကိစ္စ အတွက် တောင်းပန်ပါတယ် ... ငါ့သူငယ်ချင်းက မင်းကို လှောင်တာ မဟုတ်ပါဘူး ... ” ရယ်မောလိုက်သူကား ချူဝမ်အာ၏ မိတ်ဆွေ ဖြစ်နေ၏။

ချူဝမ်အာ စကားပြောပြီးနောက် သူမသည် ရှန်းလျဲ့အား ကြည့်မိလိုက်သည်။ သူမအနေဖြင့် ရှန်းလျဲ့ကဲ့သို့ ကျင့်ကြံသူ တစ်ယောက်က သေမျိုး ဝိညာဉ်ကြောသာ ရှိသော မိုဝူကျီဘေးတွင် အဘယ်ကြောင့် လိုက်ပါနေကြောင်း နားမလည်နိုင်ပေ။

မိုဝူကျီသည် လက်ပြ တားလိုက်ပြီး

“ရပါတယ် ... စီနီယာတို့အတွက် ဒါက သာမန်ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကျွန်တော့်လို မကျင့်ကြံဖူးတဲ့သူ အနေနဲ့ လူသားအဆင့်က အမြင့်ဆုံး ရယူနိုင်တဲ့ ကျင့်စဉ် တစ်ခုပဲလေ ... ကျွန်တော်က အပြင်လောက အကြောင်း မသိသေးလို့ပဲ ယူဆပေးပါဗျာ ... ”

ထိုအခိုက်အတန့်တွင် အေးစက်လှသည့် ချူဝမ်အာပင် မထိန်းနိုင်ပဲ ရယ်ချမိလိုက်သည်။

“ဆရာ ... ခင်ဗျားရှာနေတဲ့ ကိရိယာအားလုံး တစ်စုံလိုက် ရှိပါတယ် ... အဲဒါကို ထာဝရ စိမ်းလန်းခြင်းလို့ ခေါ်တယ် ... အင်မော်တယ် မော်တယ်နဲ့ မတူတာက ထာဝရ စိမ်းလန်းခြင်းက ဖာရာဝေး ကုန်းမြေကနေ တင်သွင်းတာ ဖြစ်ပြီး ဆေးဖော်စပ်ရာမှာ စက်တွေ မသုံးကြလို့ အသုံးမဝင်ဘူး ဖြစ်နေတာ ... အရည်သွေးက ကျန်တာတွေထက် အဆများစွာ ပိုကောင်းတယ် ... ထုတ်လုပ်တဲ့ ဆေးအရည်အသွေးလည်း သန့်စင်မှု ပိုများတယ် ... ” ဆိုင်အကူသည် ရှင်းပြချက်နှင့်အတူ မိုဝူကျီကို ကြည့်လိုက်မိ၏။

“ဘယ်လောက် ကုန်ကျမလဲ ... ” မိုဝူကျီသည် တိုက်ရိုက်သာ မေးလိုက်၏။ သူသည် ချန်ယွီပြည်နယ်တွင် အဆင့်နိမ့်များကို ရွှေပြား တစ်ထောင်၊ နှစ်ထောင်ဝန်းကျင်ဖြင့် ဝယ်လိုက်ရ၏။ အကယ်၍ ဤနေရာရှိ စက်ပစ္စည်းများပင် အရည်အသွေး ပိုမို ကောင်းမွန်ပြီး ဈေးနှုန်းကား ဆယ်ဆလောက်ပင် တက်လျှင်ပင် ဝယ်ယူနိုင်သေး၏။

“ရွှေပြား ၃၇၀၀၀၀ ကျပါတယ် ... ”

ဆိုင်အကူ၏ စကားလုံးများသည် မိုဝူကျီ၏ နားထဲသို့ တသွင်သွင် စီးဝင်လာသည်။ သူ့တွင် ရွှေပြား သုံးသောင်းခန့်သာ ရှိကာ ၃၇၀၀၀၀ နှင့် မနီးစပ်လှချေ။

“ဟုတ်ပြီလေ ... ငါ့မှာ နှစ်လွှာမီးမြက် ပါလာသေးတယ် ... အဲဒါကို ပေးချေမှုအဖြစ် လက်ခံလား ... ” မိုဝူကျီသည် မျှော်လင့်တကြီး မေးလိုက်သည်။

သူ့ခန့်မှန်းချက် အရ နှစ်လွှာ မီးမြက်ကား ကြည်လင်စက္ခု အသီးလောက် ဈေးမတန်သော်လည်း သူ့ကံကို စမ်းကြည့်ရုံသာ ကျန်တော့၏။

“အာ ... မင်းမှာ နှစ်လွှာမီးမြက် ရှိတာလား ... ငါ့ကို ရောင်းနိုင်မလား ... ရွှေပြားလေးသိန်း ပေးမယ် ... ” ချူဝမ်အာသည် ရုတ်တရက် ထပြောလိုက်သည်။

“စီနီယာက နှစ်လွှာမီးမြက် လိုချင်တာလား ... ” မိုဝူကျီသည် သံသယရှိစွာ မေးလိုက်သည်။ ချူဝမ်အာက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်တယ် ... ငါက နှစ်လွှာမီးမြက် လိုအပ်နေတယ် ... ဒီမှာ ရွှေလက်မှတ် လေးသိန်း ... ”

မိုဝူကျီ၏ တုံ့ပြန့်မှုကိုပင် မစောင့်ဘဲ ချူဝမ်အာသည် ရွှေပြား တစ်သိန်းတန် လက်မှတ် လေးရွက်အား ထုတ်ပေးလိုက်သည်။ လေးခုလုံးကား လောင်ဟိုင်ကုန်သည် အိမ်တော်မှ ဖြစ်သည့်အတွက် ဤနေရာတွင် ရွှေပြားနှင့် လဲလှယ်လျှင်ပင် ပြဿနာမရှိချေ။

မိုဝူကျီသည် သစ်သား သေတ္တာလေးကို ထုတ်ယူကာ ချူဝမ်အာဆီ ပေးလိုက်ကာ တစ်ပြိုင်တည်းတွင် ကျေးဇူးစကား ဆိုလိုက်၏။

“ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ ... နောက်တစ်ကြိမ် မတွေ့ခင်အထိပေါ့ ... ငါအရင် သွားနှင့်လိုက်ပြီ ... ” ချူဝမ်အာသည် သစ်သား သေတ္တာလေးကို ယူကာ ဘေးမှ အမျိုးသမီးကို ဆွဲလိုက်ရင်း ကုန်သည် အိမ်တော်မှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ရွှေလက်မှတ် လေးရွက်ကား ဆိုင်အကူ လက်ထဲသို့ ပေးလိုက်ပြီး

“ခင်ဗျားပြောတဲ့ အရည်သွေး‌ အမြင့်ဆုံး စက်ကို ရနိုင်မလား ... ”

ဆိုင်အကူသည် ထိုမျှ ကြီးမားသော အရောင်းအဝယ်ကို မြန်မြန်ဆန်ဆန် ရရှိလိမ့်မည်ဟု တွေးမထားခဲ့ချေ။ သူသည် ရွှေလက်မှတ်များကို ယူလိုက်ပြီး ရိုရိုသေသေ ပြန်ဖြေလိုက်၏။

“ခဏလောက် စောင့်ပေးပါ ... အခုချက်ချင်း ဆေးဖော်စပ်တဲ့ ကိရိယာ တစ်စုံလိုက် လာပို့ပေးပါ့မယ် ... ”

ဆိုင်အကူ ထွက်သွားသည်နှင့် ရှန်းလျဲ့က မေးလိုက်သည်။

“နည်းနည်း ထူးဆန်းတယ်လို့ ထင်တယ် ... နှစ်လွှာမီးမြက်က ရှားပါးပေမဲ့ အဲဒီလောက်တော့ မတန်ဘူး ... ရှင်နဲ့ ရင်းနှီးတဲ့ စီနီယာချူက ရေကျင့်စဉ်ကို အဓိကကျင့်ကြံတာ ထင်တယ် ... ဘာကြောင့်များ နှစ်လွှာမီးမြက်ကို ဈေးအမြင့်ကြီး ပေးပြီး ဝယ်သွားပါလိမ့် ... ”

မိုဝူကျီသည် အေးစက်စွာ ပြောလိုက်သည်။

“စီနီယာ အလုပ် မဟုတ်ပါဘူး ... ”

လက်တွေ့တွင် ချူဝမ်အာကား သူမတွင် အရေးတကြီး နှစ်လွှာမီးမြက် လိုအပ်နေသည်ဟု ပြောခဲ့၏။ မိုဝူကျီသည်လည်း သူမ လိမ်ညာနေသည်ကို သိ၏။ သူမသည် အလိမ်အညာ ပြောသည့်နေရာတွင် သူမပုံစံအရ မဖြစ်ပေ။ သို့သော်လည်း သူမသည် ထိုမျှ ပေးကာ သူ့အတွက် ငြင်းဆန်လျှင် ရိုင်းရာကျလိမ့်မည်။ သူမ အပြုအမူများနောက်မှ အကြောင်းကား မည်သို့ပင် ဖြစ်နေပါစေ မိုဝူကျီသည် အပြုအမူကောင်းကို လက်ခံထားကာ ကြင်နာမှုဖြင့် မှတ်ထားလိုက်လေ၏။

“ဝမ်အာ ... နင့်မှာ ဒီကောင်လေးအတွက် ခံစားချက် ရှိနေတာလား ... နင်က နှစ်လွှာမီးမြက် လိုနေတာကို သိပေမဲ့ ရွှေပြားလေးသိန်းက မများလွန်းဘူးလား ... ” ချူဝမ်အာကို သူမဘေးမှ မိတ်ဆွေအမျိုးသမီးမှ လောင်ဟိုင်ကုန်သည် အိမ်တော်မှ ထွက်လာလာချင်း ပြောလိုက်သည်။

ချူဝမ်အာသည် အေးဆေးစွာ ပြန်ပြောလိုက်သည်။

“သူ့မှာ သေမျိုး ဝိညာဉ်ကြောပဲ ရှိတာ ... ”

မိုဝူကျီတွင် သေမျိုး ဝိညာဉ်ကြော ရှိသည်ကို ကြားသောအခါ ချူဝမ်အာ၏ မိတ်ဆွေသည် သူမက ထိုကောင်လေး အပေါ်တွင် သေချာပေါက် စိတ်ကူး ယဉ်မနေကြောင်း သိသွားလေသည်။ သို့သော် သူမသည် သံသယဖြင့် ကြည့်လိုက်သေး၏။ ချူဝမ်အာသည် ဆက်၍ ပြောလေသည်။

“သူက သေမျိုး ဖြစ်နေတော့ သူ့ဆုံးဖြတ်ချက်နဲ့ ဒဏ်ခံနိုင်မှုက ငါ့တစ်ဘဝလုံးမှာ တစ်ကြိမ် တစ်ခါမှ မမြင်တွေ့ဖူးတဲ့ အရာတွေပဲ ... လျှပ်စီးလှိုင်းလုံးတွေ ထိရိုက်ပြီးရင် ကျင့်ကြံသူ တချို့တောင် နောက်ပြန် ဆုတ်ကုန်ကြတာ ... ဒါပေမဲ့ သူမပါခဲ့ဘူး ... လျှပ်စီး မိကျောင်းကနေ လျှပ်စီးတွေ ထိရိုက်ပြီးတဲ့ နောက်မှာတောင် ရှေ့ကိုပဲ ဆက်တိုးလာတယ် ... သူ့ရဲ့ သေမျိုးခန္ဓာနဲ့ လျှပ်စီးမိကျောင်း နှစ်ကောင်တောင် သတ်နိုင်ခဲ့တယ် ... ”

“အဲ‌ဒီတော့ ဘာဖြစ်လဲ ... သူက ခေါင်းမာတဲ့သူ နေမှာပေါ့ ... ”

ချူဝမ်အာသည် ခေါင်းကို ခါလိုက်ပြီး

“တကယ်လို့ သူက ခေါင်းမာရုံ သက်သက်ဆိုရင် သူကို လျှပ်စီးမိကျောင်း သတ်တာ ခံရမှာပေါ့ ... ထိုကိစ္စက သူ့ကို သူ့ကန့်သတ်ချက်သူ သိတာကို ပြနေတာပဲ ... သူက တိုက်ပွဲအတွင်း သေနိုင်တာကို သိပေမဲ့ လျှပ်စီးမိကျောင်း နှစ်ကောင်လုံးကို သူ့လက်နဲ့ သတ်ပစ်ခဲ့တယ် ... ကံဆိုးတာက သူက သေမျိုးဖြစ်နေတာပဲ ... ”

***

All Chapters