← Chapters

ထာဝရ မိတ်ဆွေ

Vol. 5 Ch. 57

ထာဝရ မိတ်ဆွေ

Vol. 5 Ch. 57

ဆိုင်အကူသည် အလျင်အမြန် ဆေးဖော်စပ်ရေး ကိရိယာကို ယူလာခဲ့၏။ မိုဝူကျီသည် ထိုကိရိယာကို အရင်က အကြိမ်များစွာ မြင်ဖူးသည်။ အကြောင်းမှာ သူသည် ကမ္ဘာမြေပေါ်တွင် ရှိစဉ်က အကောင်းဆုံး ပထမတန်းစား ကိရိယာများကို အသုံးပြုသူများထဲ တစ်ယောက် အပါအဝင် ဖြစ်ပေ၏။

ထာဝရ စိမ်းလန်းခြင်းကို ယူဆောင်လာသည့် အခိုက်အတန့်တွင် မိုဝူကျီသည် ထိုအရာသည် ကောင်းကြောင်း ပြောနိုင်၏။ ချန်ယွီပြည်နယ်မှ အမှိုက်သာသာ ကိရိယာများထက် အပုံကြီး ကောင်း၏။ ထိုအရာ၏ ပုံပန်းသည် ကမ္ဘာမြေနှင့် ထပ်တူကျ မတူညီသော်ငြား မိုဝူကျီသည် ထိုအရာက ဆေးဖော်စပ်ရန် ပိုသင့်တော်ကြောင်း ခံစားမိသည်။

“ထာဝရစိမ်းလန်းခြင်း ရောက်လာပြီ ... ကြည့်ရတာ တော်တော် အဆင့်မြင့်တဲ့ပုံပါပဲ ...” ရှန်းလျဲ့က စိတ်ပျက်စွာ ပြောလိုက်သည်။

အကယ်၍ မိုဝူကျီတွင် ပိုက်ဆံ အမြောက်အမြားရှိပါက အဆင်ပြေလိမ့်မယ်။ သို့သော်လည်း သူမသည် မိုဝူကျီတွင် ပိုက်ဆံအများအပြား မရှိကြောင်း သိ၏။ မချမ်းသာသူ တစ်ယောက်အတွက် တစ်လလျှင် ရွှေပြားသောင်းချီ ကုန်ကျသော အခန်းတွင် နေထိုင်ရုံသာမက အသုံးမဝင်သော ဆေးကိရိယာပေါ်တွင် ရွှေပြား ၃၇၀၀၀၀ သုံးစွဲသေး၏။ ထိုသည်က ယုတ္တိမရှိလှပေ။

သူမသည် မိုဝူကျီသည် ဆေးဝါး သို့မဟုတ် ဆေးလုံး ဖော်စပ်ခြင်းတွင် အောင်မြင်လိမ့်မည်ဟု မယုံကြည်ပေ။ လူအားလုံးသည် ဆေးဖော်စပ်သူ မဖြစ်နိုင်ပေ။ ထိုအရာကား ပါရမီအပြင် အသိဉာဏ် ဗဟုသုတများစွာ လိုအပ်သေး၏။

မိုဝူကျီက သူ့ကိရိယာကို အကြမ်းဖျင်း စစ်ဆေးလိုက်ပြီး ပုံမှန်ပြော လိုက်သည်။

“ငါ့မှာ အင်မော်တယ် မော်တယ်ကျင့်စဉ် ရှိပြီးသားဆိုတော့ ဒီကိရိယာကို အခြေခံ ဆေးဖော်စပ်ခြင်း အသုံးအဆောင်လို့ ခေါ်ရမယ် ... ဒါမှ လူတွေ မနာလိုမဖြစ်ကြမှာ ...”

ရှန်းလျဲ့ကား အော်ရယ်မိလု နီးပါး ဖြစ်သွားလေသည်။ ထိုကိရိယာနှင့် အခြေခံကျင့်စဉ်ကို မည်သူက အားကျမနာလို ဖြစ်မည်နည်း ...

“အစ်မရှန်းလျဲ့ ... ဒီပစ္စည်းကို ဟိုတယ် သယ်သွားပေးလို့ ရမလား ... ကျွန်တော် ဆေးပါဝင်ပစ္စည်းတွေ ဝယ်ဖို့ ကျန်နေသေးလို့ ...”

မိုဝူကျီသည် ရှန်းလျဲ့မျက်နှာမှ စိတ်မကျေနပ်ဖွယ် အမူအရာကို မြင်၍ ဆက်မပြောတော့ပေ။ သူသည် ရွှေပြားတစ်သောင်း လက်မှတ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။

“တကယ်လို့ ကျွန်တော် ပြန်ရောက်တာ နောက်ကျရင် အစ်မရှန်းလျဲ့က ဒါနဲ့ ကောင်းကောင်း စားနှင့်လိုက်ပါ ... ကျွန်တော့်ကို မစောင့်နဲ့တော့. ...”

ရှန်းလျဲ့က အစားအစာ အတွက် ပိုက်ဆံတစ်ပြားမှ မရှိချေ။ မိုဝူကျီက ထုတ်ပေးသောအခါ သူမသည် ချက်ချင်း ယူကာ သိမ်းထား လိုက်လေသည်။ သူမသည် မိုဝူကျီနောက် လိုက်လာသည့် အကြောင်းကား သူ့ဆီမှ ပိုက်ဆံ ချေးငှားရန် အခွင့်အရေး ရှာရန် ဖြစ်၏။ သူမသည် သူ့နောက်မှ အစာအတွက် တစ်ချိန်လုံး နောက်မှ လိုက်နေ၍ မဖြစ်ချေ။ ဟုတ်သည် မဟုတ်ပါလော ...

ရွှေပြား တစ်သောင်းသည် အချိန်တစ်ခုထိ လုံလောက်ပေလိမ့်မည်။

ရှန်းလျဲ့ကို ပို့ပြီးသည်နှင့် မိုဝူကျီသည် ဆေးပင်များအတွက် လိုက်လံရှာဖွေ ဝယ်ယူတော့သည်။

ချန်လောင်ကား ရှင်းဟန် အင်ပါယာ၏ တော်ဝင်မြို့တော် ဖြစ်၏။ ပိုက်ဆံရှိသရွေ့ ချန်လောင်တွင် ဝယ်ယူ၍ မရနိုင်သော အရာမရှိပေ။

တစ်နေ့တာ အဆုံးသတ်တွင် မိုဝူကျီသည် ထျန်းလော် ဟိုတယ်သို့ ဧရာမအိတ် အကြီးကြီးနှင့် ပြန်ရောက်လာသည်။ သူသည် ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး ပုလင်းငါးဆယ် နီးပါး ဖော်စပ်လို့ရသည့် ဆေးပင်များကို ဝယ်ယူလာခဲ့၏။

သူလိုအပ်သော ဆေးပင်များ၏ ဈေးနှုန်းကား သိပ်မမြင့်ပေ။ ထို့ကြောင့် သူတတ်နိုင်သလောက် များများဝယ်ယူခဲ့သည်။ ဥပမာအားဖြင့် လင်ဇီးမှိုအတွက် သူသည် နှစ်၂၀၀ အထက် သက်တမ်းရှိသည် များကို ရွေး၍ ဝယ်ယူခဲ့လေသည်။

လင်ဇီးအတွက် နှစ်တစ်ထောင်အောက် အပင်များသည် ဝိညာဉ်ဆေးပင်ဟု ယူဆ၍ မရသေးချေ။ ထို့အပြင် နှစ်တစ်ထောင် လင်ဇီးမှိုပင် အဆင့်နိမ့် ဝိညာဉ်ဆေးပင် အဖြစ်သာ သတ်မှတ်ခံရကာ ဈေးသိပ်မများပေ။

ထို့အပြင် သူသည် မှိုခြောက်များကို အပုံလိုက် ဝယ်ယူခဲ့သည်။ ဆေးဖော်စပ်စဉ် ဖြစ်တတ်သည့် အဆိုးရွားဆုံး အရာကား ဆေးဖော်စပ်ခြင်းတွင် အတားအဆီးနှင့် အနှောင့်အယှက်များသာ ဖြစ်၏။ ထို့ကြောင့် သူသည် ထိုအခန်းမှ ထွက်မသွားခင် တိတ်ဆိတ်သော အခိုက်အတန့် ရနိုင်လိမ့်မည်။

သူ အခန်းသို့ ပြန်ရောက်သောအခါ သူသည် ရှန်းလျဲ့ကို မမြင်ချေ။ ရှန်းလျဲ့က သူ့ကိရိယာကို ဧည့်ခန်းတွင် ထားခဲ့၏။

မိုဝူကျီသည် ရှန်းလျဲ့အကြောင်း များစွာ မသိသော်ငြား သူမသည် ဆွေကြီးမျိုးကြီးမှ ဖြစ်လိမ့်မည်။ ပုံမှန်အားဖြင့် မိုဝူကျီသည် သူမ ဘာလုပ်နေလဲ သို့မဟုတ် ဘာလုပ်ရန် ရည်ရွယ်နေသည်ကို ရှာဖွေရန် မကြိုးစားပေ။

သူ့အခန်းသို့ ပြန်ရောက်သောအခါ မိုဝူကျီသည် စတင်၍ ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးကို ဖော်စပ်လိုက်သည်။

မိုဝူကျီသည် အရင်က ဆေးဆယ်ပုလင်းကို ဖော်စပ်ဖူး၏။ ထို့ကြောင့် သူ့အတွက် လက်ဖဝါး လက်ဖမိုး လှန်သကဲ့သို့ ရိုးရှင်း လွယ်ကူလှ၏။

နေ့ရက်ဆက်တိုက် အကြာထိ မိုဝူကျီသည် အခန်းမှ ထွက်မလာခဲ့ပေ။ ရှန်းလျဲ့ကား မိုဝူကျီအခန်းမှ ဆေးနံ့များကို ရရှိ၍ သူဆေးဖော်စပ် နေကြောင်း သိလေသည်။ ကျင့်ကြံသူ တစ်ယောက် အနေနှင့် သူမသည် ကျင့်ကြံခြင်း၌ဖြစ်စေ သို့မဟုတ် ဆေးဖော်စပ်ခြင်း၌ ဖြစ်စေ နှောင့်ယှက်ခြင်း မလုပ်ရန် တားမြစ်ချက်ကို သိလေ၏။ ထို့အပြင် သူမသည် မိုဝူကျီနှင့် မရင်းနှီးသေးပေ။ ထို့ကြောင့် သူမသည် မိုဝူကျီအခန်းထဲတွင် ဘာတွေ ဖြစ်ပျက်နေကြောင်း သိပ်ဂရုမစိုက်ပေ။

သုံးရက် တစ်ခါ မိုဝူကျီသည် အလုပ်ပြန်မလုပ်ခင် ခဏတာ အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း အနားယူလေသည်။ ထို့သို့ဖြင့် မိုဝူကျီသည် ပျမ်းမျှအားဖြင့် ရက်နှစ်ဆယ် အတွင်း ဆေးပုလင်း ငါးဆယ်ကို ပြီးစီးခဲ့လေသည်။

ထိုရက် ၂၀အတွင်း သူသည် ကိုယ်အလေးချိန်များပင် ကျဆင်းသွား၏။ ဆေးပုလင်း ငါးဆယ်စာ ဆေးပင်များနှင့် သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးပုလင်း ၄၆ ပုလင်းကို ဖော်စပ်နိုင်ခဲ့သည်။

အကယ်၍ သူသည် အလောတကြီး မလုပ်ဆောင်ရပါက သူသည် ဆေးပင်များကို ဖြုန်းတီးပစ်လိမ့်မည် မဟုတ်ပေ။

သူထွက်လာသော အခါ သူသည် ရှန်းလျဲ့ကို မမြင်ပေ။ နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံသည် ရောက်လာခါနီးလေပြီ။ မိုဝူကျီသည် သူ့ချီ သွေးကြောများကို ဖွင့်ရန် လျှပ်စီး အရင်းမြစ်ကို ရှာရန်သာ လိုအပ်တော့သည်။ ဤနေရာတွင် လျှပ်စီးကို ရှာခြင်းက လုံးဝ မဖြစ်နိုင်ခြင်း မဟုတ်ပေ။ ချန်လောင်သည် ပင်လယ်နှင့် နီးသောကြောင့် သူသည် ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းကို ရှာတွေ့နိုင် လောက်သည်။

သို့သော်လည်း မိုဝူကျီသည် လျှပ်စီးမိကျောင်းကို တစ်ကိုယ်တော် အရှာမထွက်ရဲချေ။ သူသည် ကျင့်ကြံနိုင်ရန် များစွာ ပေးဆပ်ခဲ့ရ၏။ ထို့ကြောင့် သူ့ကိုယ်သူ သေကြောင်းကြံမည် မဟုတ်။

ဖြစ်နိုင်သည်က ချန်လောင်သို့ လှည့်ပတ်ကြည့်ပါက သူသည် လျှပ်စီးမိကျောင်းကို အမဲလိုက်မည့် အဖွဲ့နှင့် ကြုံတွေ့နိုင်၏။

“ဝူကျီ ... ” မိုဝူကျီသည် ချန်လောင် အစည်းအရုံး တံခါးသို့ ဝင်ခါနီးတွင် ရင်းနှီးသော အသံက ထွက်ပေါ်ကာ သူ့အား လှမ်းခေါ်လိုက်သည်။

“ကျန်းရီ ... ဘယ်လိုလုပ် ဘူအာနဲ့ အတူတူ ရှိနေတာလဲ ...” မိုဝူကျီသည် ဆက်၍ မပြောခင် အံ့ဩတကြီး နှုတ်ဆက်လိုက်သည်။။ သို့သော် သူသည် တစ်ဝက်တစ်ပျက် ရပ်လိုက်ပြီး မေးလိုက်သည်။

“ဘူအာ ... မင်းကို ဘယ်သူ ရိုက်လိုက်တာလဲ. ...”

ဘူအာ၏ မျက်နှာ တစ်ဝက်သည် ရောင်ကိုင်းနေကာ သူ့မျက်နှာတွင် အနီရောင် လက်ဝါးရာသည် ထင်သာမြင်သာ ရှိနေသေး၏။

“ဒီမှာပြောလို့ မကောင်းဘူးကွာ ... အရင် အထဲဝင်ရအောင် ...” ယွန်ကျန်းရီသည် တင်းဘူအာနှင့် မိုဝူကျီအား ပြောရင်း အစည်းအရုံးအတွင်းသို့ ဆွဲခေါ်လိုက်သည်။

“ဘာဖြစ်လာတာလဲ. ...” မိုဝူကျီသည် ထိုင်တောင် မထိုင်နိုင်ပဲ တင်းဘူအာကို ကြည့်ကာ မေးလိုက်သည်။

တင်းဘူအာသည် ယွန်ကျန်းရီကဲ့သို့ သဘောထားကြီးကာ စိတ်လွတ် ကိုယ်လွတ်သမား မဟုတ်သော်ငြား မိတ်ဆွေကောင်း ဖြစ်၏။ ထို့အပြင် မိုးကြိုးမြူ တောထဲတွင် သူ့လှမ်းခေါ်မှုကြောင့်သာ မဟုတ်လျှင် မိုဝူကျီသည် ယနေ့ကဲ့သို့ ဖြစ်မလာနိုင်ပေ။

တင်းဘူအာသည် လက်သီးကို ဒေါသတကြီး ယမ်းကာ ပြောလိုက်သည်။

“အဲဒါက  ချောင်ဟောင်ကြောင့်ပဲ ... ငါ့မှာသာ အနာဂတ် အင်အားရှိလာခဲ့ရင် အဲဒီခွေးကောင်ကို ငါ့ခြေဖဝါးအောက် နင်းခြေပစ်မယ်. ...”

တင်းဘူအာသည် ဆက်၍ မပြောတော့ပေ သူသည် မဖြစ်နိုင်သည်များ ပြောနေကြောင်း သိ၏။ ချောင်ဟောင်သည် ဝိညာဉ်ကြောရှိသော ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူ့ကဲ့သို့ သေမျိုးဝိညာဉ်ကြော ရှိသူနှင့် မတူချေ။ ဝိညာဉ်ကြော မပါရှိသော သူသည် မည်ကဲ့သို့ ချောင်ဟောင်အား ဆန့်ကျင် နိုင်မည်နည်း။ နင်းခြေတာ အသာထား. ... ချောင်ဟောင်အား နင်းခြေရန် ပြောနေခြင်းကပင် မဝံ့မရဲ ဖြစ်နေ၏။

မိုဝူကျီသည် အေးအေးဆေးဆေး ပြောလိုက်သည်။

“ဖြည်းဖြည်းချင်း ပြောပြ ...”

ယွန်ကျန်းရီသည် တင်းဘူအာကို ကူညီ၍ ပြောပြပေး လိုက်သည်။

“ဘူအာက ချန်လောင်ကို ရောက်လာကတည်းက ဟန်နင်နောက် လိုက်နေခဲ့ရတာ ... ချောင်ဟောင်က ဟန်နင်နဲ့တွေ့ဖို့ အင်မော်တယ် တစ်ယောက်ကို ခေါ်လာခဲ့တယ် အဓိကက နှစ်လွှာမီးမြက်ကြောင့်ပဲ ... နှစ်လွှာမီးမြက်က အင်မော်တယ် အတွက် တော်တော် အရေးပါတဲ့ပုံပဲ. ... ဟန်နင်ဆီက နှစ်လွှာမီးမြက် လက်ခံပြီးတဲ့နောက်မှာ သူက သစ်သားပြား ထုတ်ယူပြီး ဟန်နင်ကို သူ့ဂိုဏ်းရဲ့ အပြင်စည်းတပည့် အဖြစ် လက်ခံလိုက်တယ် ...”

ထိုအခိုက်အတန့်တွင် မိုဝူကျီသည် နောက်ဆုံးတွင်  ဟန်နင်သည် နှစ်လွှာမီးမြက် အသည်းအသန် ရှာနေရသည့် အကြောင်းကို နားလည်သွားလေသည်။ ထိုအမျိုးသမီးသည် အစတကည်းမှ အကြံစည် ချထားပုံရကာ အကယ်၍ သူမကို နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံတွင် ရွေးချယ်ခြင်း မခံရလျှင်ပင် အပြင်စည်းတပည့် ဖြစ်လာခြင်းက ဆိုးရွားလှချည် မဟုတ်ပေ။

“အင်မော်တယ်ရဲ့ မျိုးရိုးနာမည်က ‘လု’ တဲ့ ... နှစ်လွှာမီးမြက် နှစ်ပင် သိမ်းပြီးတဲ့နောက်  ကြည့်ရတာ မလောက်သေးဘူး ထင်တယ် ... သူက ဟန်နင်ကို ဘယ်နေရာက ရှာတွေ့ခဲ့တာလဲ မေးတယ် ...”

တင်းဘူအာက ဝင်ပြောလာသောကြောင့် ယွန်ကျန်းရီက  ဤနေရာတွင် ရပ်လိုက်လေသည်။

“ဒီနေရာမှာ ငါက ဝင်ပြောမိခဲ့တာ ... အပင်က မင်းရှာတွေ့တာ ဆိုပြီးတော့ ... အင်မော်တယ်က မင်းဘယ်နေရာက ရှာတွေ့တာလဲ မေးတော့ကျ ဟန်နင်က မိုးကြုမြူ တောထဲက ရေကန်နားမှာ ရှာတွေ့ခဲ့တာလို့ ဖြေလိုက်တာ ... အင်မော်တယ်က ဆက်ပြောတော့ပဲ ချက်ချင်း ထွက်သွားလိုက်တာပဲ ... ဒါပေမဲ့ ချောင်ဟောင်က ငါ့ကိုလာရိုက်မယ်လို့ ထင်မထားမိဘူး ... သူက ငါ့ကို မြေပြင်ပေါ် တွန်းချပြီးတော့ ဆက်တိုက်ကန်တာပဲ. ...”

“ဟန်နင်က ဘာမှမပြောဘူးလား ...” မိုဝူကျီက အလေးအနက် မေးလိုက်သည်။

တင်းဘူအာက ခေါင်းကို ခါလိုက်ပြီး

“ဟင့်အင်း ... ချောင်ဟောင် ငါ့ကို ရိုက်ပြီးသွားတော့ ဟန်နင်က ငါ့ဆီလာပြီး သူမက ငါ့ကို မလိုတော့ဘူးဆိုပြီး ပြောသွားတာ ... ငါလည်း အရူးမဟုတ်ပါဘူး ... ငါစွန့်ပစ် ခံလိုက်ရမှန်း နားလည်ပါတယ် ... ငါ့မှာ နေဖို့နေရာ မရှိတာနဲ့ အစ်ကို ကျန်းရီကို သွားရှာလာတာ ... ”

မိုဝူကျီသည် တင်းဘူအာ ပခုံးကို ပုတ်လိုက်ကာ နှစ်သိမ့် ပေးလိုက်သည်။

“စိတ်ပူမနေနဲ့တော့ တစ်ရက်ကျ လက်တုံ့ပြန်ဖို့ ကူညီပေးမယ် ...”

တင်းဘူအာ စကားလုံးများက ဟန်နင်၏ နှစ်လွှာမီးမြက် ရှာပုံတော်တွင် သူမ အားထုတ်မှုများကို မှေးမှိန်စေလေသည်။ ပုံမှန်အားဖြင့် သူမသည် စိတ်မကျေမနပ် ဖြစ်လိမ့်မည်။ သူ့မ၏ တစ်ကိုယ်ကောင်း ဆန်ပုံနှင့် သူမသည် တင်းဘူအာကို နှင်လွှတ်မည် ဖြစ်လေသည်။

ယွန်ကျန်းရီက မတ်တတ်ရပ် လိုက်ပြီး

“ဝူကျီ ... ချန်လောင်က ငါ့ကိစ္စတွေတော့ ပြီးသွားပြီ ... ငါက နွေဦးနတ်ဘုရား ဖွင့်ပွဲ ညီလာခံမှာ ပါဝင်မှာ မဟုတ်ဘူး ... ငါက ချန်လောင်ကနေ ထွက်သွားပြီးတော့ သိုင်းပညာ လမ်းစဉ်ကို လိုက်ဖို့ လုပ်ထားတယ် ... မင်းနဲ့ တင်းဘူအာရော...”

“သိုင်းပညာလား ... ခင်ဗျားမှာ ဝိညာဉ်ကြော မရှိလို့လား ...” အမှန်တကယ်က မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့်ဆေး အကြောင်းအရာကို ကျန်းရီနှင့် ဘူအာအား ဝေမျှပေးရန် ပြင်ဆင်ထား၏။

ယွန်ကျန်းရီသည် ခေါင်းကို ခါလိုက်ပြီး မျက်နှာကြက်ဆီ  မော့ထားကာ

“ငါ့မှာ ဝိညာဉ်ကြော ပါရင်တောင် ငါက သိုင်းပညာကိုပဲ ရွေးချယ်မှာ ... ငါက ချန်လောင်ကို ရောက်ရောက်ချင်း စမ်းသပ်ပြီးသွားပြီ ... အခုက ငါလိုက်ရမဲ့ လမ်းကြောင်းကို သတ်မှတ် ပြီးသွားပြီ ... တစ်ရက်ရက်မှာ ငါတို့ ပြန်ဆုံတွေ့ရင် တွေ့လိမ့်မယ် ... မဟုတ်ရင် လုံးဝ မတွေ့တာလဲ ဖြစ်နိုင်တယ် ... ဝူကျီ ... ဘူအာ... အခု ငါတို့နှုတ်ဆက်စကား ပြောရမဲ့အချိန်ပဲ ... ငါတို့ အနာဂတ်မှာ ပြန်တွေ့သည်ဖြစ်စေ မတွေ့သည် ဖြစ်စေ ငါတို့က ထာဝရ မိတ်ဆွေ ဖြစ်နေဦးမှာပဲ. ...”

သူ့စကားဆုံးသည်နှင့် ယွန်ကျန်းရီသည် အစည်းအရုံးမှ လှည့်ထွက်သွားလေသည်။ မိုဝူကျီ ဘာမှ မပြောနိုင်ခင်ပင် သူသည် နည်းနည်းအလှမ်းဝေး နေလေပြီ။ မိုဝူကျီနှင့် တင်းဘူအာတို့ အစည်းအရုံးမှ ထွက်လာသောအခါ သူတို့သည် အဝေးမှ သီချင်းညည်းသံကို တိုးတိုးလေး ကြားရ၏။

“ဒီနေ့တော့ ငါတို့ ခွဲခွာကြရမယ် ... တစ်ရက်ရက်မှာ ပြန်ဆုံတွေ့ကြမယ်. ... ငါတို့တွေ မတွေ့ဖြစ်ရင်တောင် ထာဝရ မိတ်ဆွေတွေ ဖြစ်နေကြမယ်.. ...”

***

All Chapters