← Chapters

တစ်ကိုယ်တော်

Vol. 5 Ch. 59

တစ်ကိုယ်တော်

Vol. 5 Ch. 59

တင်းဘူအာပင် သူတို့ အသုံးချခံ လိုက်ရကြောင်း နားလည် သဘောပေါက်လိုက်သည်။။

“ဝူကျီ ...” တင်းဘူအာသည် မျက်နှာပျက်ကာ မိုဝူကျီကို ကြည့်လိုက်လေ၏။

မိုဝူကျီသည် ဂျီကွမ်းတို့က သူတို့ကို အဖွဲ့ထဲသို့ စတင်ဖိတ်ခေါ် ကတည်းက သံသယရှိခဲ့၏။ ယခုအခါ ကိစ္စများသည် သိသာလာကာ သူက ထိတ်ထိတ်ပျာပျာ ဖြစ်မသွားသော်ငြား စိတ်ကို အေးအေးထားကာ မေးလိုက်သည်။

“ငါတို့မှာ တန်ဖိုးရှိတယ်လို့ ဆိုလိုတာပဲ ... တကယ်လို့ ငါတို့မှာသာ တန်ဖိုး မရှိဘူးဆိုရင် အစ်ကိုဂျီက ငါတို့ကို ဖိတ်မှာမဟုတ်ဘူး ... ဟုတ်တယ်မလား ...”

နောက်ဆုံးစကား‌ ပြောပြီးချိန်တွင် မိုဝူကျီသည် ဂျီကွမ်းဘက်သို့ လှည့်ကာ မျက်နှာမူလိုက်သည်။။ အမှန်ဆိုလျှင် သူသည် စိတ်ထဲမထားပေ။ ဂျီကွမ်းက သူ့အား အသုံးချလျှင် တစ်ချိန်တည်းတွင် ဂျီကွမ်းအား ပြန်၍ အသုံးချမည်။ အကယ်၍ ဂျီကွမ်းက ဦးမဆောင်လျှင် ဒီကိုရောက်ဖို့ပင် အလွန်တရာ ခက်ခဲပေလောက်၏။ ထို့အပြင် သူ့အတွက် အပိုကူညီသူ သုံးယောက်ရ သကဲ့သို့ပင် ဖြစ်၏။

ဂျီကွမ်းသည် မိုဝူကျီအား အသုံးချရန် ကြံစည် ထားသော်လည်း သူသည် မိုဝူကျီက အမှန်တကယ် လျှပ်စီးဒဏ် ခံနိုင်လားဆိုတာ မသိချေ။ လျှပ်စီးကား ဂျီကွမ်းလို လူမျိုးအတွက် အိပ်မက်ဆိုးပင် ဖြစ်၏။ သို့သော်လည်း ထိုအရာသည် မိုဝူကျီအတွက် အကောင်းဆုံးသော အခွင့်အရေး တစ်ခု ဖြစ်နေပေ၏။ အကယ်၍ သူ့တွင် ဘာမ ှပေးကမ်းစရာ မရှိပါက မည်သူကမှ သူနှင့် တင်းဘူအာအား အဖွဲ့ထဲသို့ လက်ခံလိုမည် မဟုတ်ပေ။

“ကောင်းတယ်... ညီလေးမိုက ပွင့်ပွင့်လင်းလင်း သမားပဲ ... လာ သွားကြစို့ ... ” ထိုစကားဆုံးသည်နှင့် ဂျီကွမ်းသည် ရော်ဘာလှေအပေါ် ခုန်တက်လိုက်သည်။။

မိုဝူကျီ သဘောတူသည်ကို မြင်၍ တင်းဘူအာက ဘာမှထပ်၍ မပြောတော့ချေ။ လှော်တက်ကို ယူကာ မိုဝူကျီနှင့်အတူ ရော်ဘာလှေသို့ တက်လိုက်ကြသည်။

မိုဝူကျီသည် အစက လူလေးယောက် ရော်ဘာလှေ လှော်ခြင်းက အရမ်း မမြန်လောက်ဟု တွေးထင်မိခဲ့၏။ သို့သော်လည်း ရော်ဘာလှေပေါ်သို့ ရောက်ပြီးသည်နှင့် သူ့အတွေးများသည် မှားနေကြောင်း သိလိုက်ရ၏။

ရော်ဘာလှေ၏ ဒီဇိုင်းပုံစံကား တီထွင်ဉာဏ် ကောင်းလှ၏။ လူလေးယောက် လှော်ခြင်းဖြင့် ရော်ဘာလှေသည် ရေထဲတွင် လျှောခနဲ လျှောခနဲ့ဖြင့် မော်တော်ဘုတ် အလား မြန်ဆန်ပေ၏။

မိုဝူကျီက ထိုရော်ဘာလှေသည် ရေ၏ ခုခံအားကို နည်းနိုင်သမျှ နည်းစေအောင် ပြုလုပ်ပေးနိုင်ကြောင်းကို တွေ့ရှိလိုက်သည်။။ သို့သော်လည်း ထိုအရာတွင် အားနည်းချက်တချို့ ရှိသေး၏။ လူလေးယောက်ဖြင့် အလှည့်ကျစနစ် မရှိသလို အနားယူချိန်လည်း မရှိပေ။ ထို့အပြင် ရော်ဘာလှေသည် အလွယ်တကူ စုတ်ပြဲနိုင်၏။

နှစ်နာရီကြာပြီးနောက် ကောင်းကင်က စတင်၍ မည်းမှောင်လာလေ၏။

“အားလုံး... နားကြစို့ ... ကြည့်ရတာ မုန်တိုင်း အစပျိုးနေတဲ့ပုံပဲ ... ” မိုဝူကျီသည် တင်းဘူအာသည် မနည်းတောင့်ခံ ထားရသည်ကို မြင်ကာ အကြံပေးလိုက်သည်။။

ဂျီကွမ်းက ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။

“အင်း ... ငါတို့တွေ ဒီမှာခဏနားရင်း စားကြမယ် ... နာရီဝက်ကြာရင် ပြန်ထွက်မယ်. ...”

အဖွဲ့သည် နာရီဝက် အပြည့်အဝ အနားမယူခဲ့ရပေ။

မိနစ်နှစ်ဆယ်ပြီးနောက် လျှပ်စီကား လက်လာပြီး မိုးကြိုးများခြိမ်းကာ ပဲစေ့လောက် မိုးစက်များသည် စတင်၍ သူတို့အပေါ် ရွာသွန်းလာလေသည်။ မိုဝူကျီသည် ထိုအချိန်အတွင်း ရော်ဘာလှေကို လေ့လာဆန်းစစ် နေလေသည်။ ထိုအရာတွင် ရေပြန်ထုတ်နိုင်သည့် စနစ်ပါသော်လည်း သူတို့အား  မိုးမှ အကာအကွယ် မပေးနိုင်ချေ။

“ဘမ်း...” နောက်ထပ် လျှပ်စီးကား ဆင်းသက် လာလေသည်။ ဤအကြိမ်တွင် ဂျီကွမ်းကား အော်ဟစ် သတိပေးလိုက်သည်။

“လျှပ်စီးမိကျောင်းတွေ ရောက်လာပြီ ... အားလုံး သူတို့ကို မတိုက်နဲ့ ... ညီလေးမိုကို ကိုင်တွယ်ခိုင်းရအောင် ... သူ တိုက်ခိုက်မှုတွေ ကာကွယ်နေတုန်း ငါတို့က မြန်မြန်လှော်ရမယ် ... မြန်မြန်လှော်နိုင်လေ ညီလေးမိုအတွက် ဖိအားနည်းလေပဲ ... ”

ဂျီကွမ်းသည် စကားဆုံးအောင် မပြောလိုက်ရပေ။ ကြီးမားသော လျှပ်စီးမိကျောင်းသည် သူတို့အပေါ် ခုန်အုပ်လာလေ၏။ ထိုအရာက အောက်ပြန်မကျခင် လျှပ်စီးက ရော်ဘာလှေ အနောက်ဖျားတွင် ရပ်နေသော  မိုဝူကျီဆီ ချဉ်းကပ်လာလေ၏။

မိုဝူကျီသည် ဂျီကွမ်းအစီအစဉ်အား ကန့်ကွက်ခြင်း မရှိပေ။ ထိုလျှပ်စီး မိကျောင်းများကား ဒေါသကြီးကာ လက်တုံ့ပြန်လိုသူများ ဖြစ်သည့်အတွက် ရန်စမိပါက သေသည်အထိ လိုက်တိုက်ခိုက်မည် ဖြစ်၏။ ထိုကြောင့် သူတို့နှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းကို ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်၏။

ဤတစ်ခါ မိုဝူကျီသည် ဓားရှည် ယူဆောင်လာခဲ့၏။ သူ့အား ဂျီကွမ်းက သတိပေးစရာ မလိုပေ။ ချက်ချင်းပင် ဝိညာဉ်လမ်းကြောင်း ဖွင့်ဆေးကို သောက်လိုက်ပြီး ကိုယ်ခန္ဓာကို အသုံးပြုကာ လျှပ်စီးကို ကာပေးလိုက်လေသည်။ တစ်ချိန်တည်းတွင် သူသည် ဓားရှည်အား လျှပ်စီးမိကျောင်း၏ လည်မျိုသို့ ထိုးစိုက်လိုက်သည်။။

မိုဝူကျီသည် ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်တစ် ကျင့်ကြံသူဟု ယူဆ၍ ရနေပြီ ဖြစ်၏။ သူသည် လူသစ်လေး မဟုတ်တော့ပေ။ သူသည် ချက်ချင်းပင် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ်ကို စတင်လိုက်သည်။ အရင်က သူသည် လျှပ်စီးကို ချီသွေးကြောများသို့ ရောက်ဖို့ရန် အားထုတ်မှုနှင့် ကံကောင်းမှုတို့အပေါ် မှီခိုရ၏။ ယခုအခါ လှည့်ပတ်ခြင်း ကျင့်စဉ်ဖြင့် သူသည် လျှပ်စီးအား ချီသွေးကြာများထဲသို့ အလွယ်တကူ ဆွဲယူနိုင်၏။ မိုဝူကျီသည် ပျော်ရွင်မှုကြောင့် မျက်ရည်ကျလု မတတ် ဖြစ်သွား၏။ သူသည် ကျင့်ကြံခြင်း ကျင့်စဉ်ကို ရှာလိုက်ခြင်းက အလွန် မှန်ကန်သည့် ကိစ္စဖြစ်လေသည်။ အကယ်၍ သူသည် ကျင့်စဉ်ကို ရှာမတွေ့ခဲ့ပါက လျှပ်စီးများကို ဤကဲ့သို့ အမြန်အဆန် ဆွဲယူနိုင်မည်နည်း ...

“ဘမ်း ...” နောက်ထပ် လျှပ်စီးတစ်ခု ထပ်ရောက်ရှိလာကာ မိုဝူကျီသည် သူ၏ လေးခုမြောက် ချီသွေးကြော အကုန်ပွင့်ခါနီးပြီဟု ခံစားမိလိုက်၏။ ရော်ဘာလှေသည် အပြင်းအထန် လှုပ်ခါနေလေ၏။ ရော်ဘာလှေ အနောက်ပိုင်းတွင် မိုဝူကျီသည် လျှပ်စီးမိကျောင်း၏ လည်မျိုကို မရပ်မနား ထိုးစိုက်နေလေသည်။ မိုဝူကျီသည် သူ့အပေါ်သို့ လျှပ်စီး သုံးလေးချက်တိုင်းတွင် ဓားတစ်ချက် ပြန်ထိုးစိုက်နိုင်ခဲ့၏။

ထိရိုက်ခံရသော်လည်း မိုဝူကျီသည် အလွန်အမင်း ပျော်ရွှင်မိနေ၏။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်သို့ ရောက်ပြီးသည့် နောက်တွင် သူ့တိုးတက်နှုန်းကား မည်မျှ မြန်ဆန်လာကြောင်း သူကိုယ်တိုင်သာ သိလေ၏။ ထို့အပြင် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ကျင့်စဉ်ဖြင့် လျှပ်စီးများကို ချီသွေးကြောထဲသို့ ပို့ဆောင်လိုက်သည့် အခါ သူ့ခံစားရသည့် နာကျင်မှုကား လျော့နည်းသွားလေ၏။

အတိတ်တွင် လျှပ်စီးဆယ်ကြိမ်သည် သူ့အား အချိန်အတော်ကြာ မလှုပ်မယှက်ဖြစ်စေခဲ့၏။ ယခုတွင် သူသည် လျှပ်စီးဆယ်ကြိမ်အထက် ခံယူပြီးသော်လည်း သူသည် ကောင်းကောင်းမွန်မွန် ရှိနေသေး၏။

ထို့အပြင် သူ၏ ချီသွေးကြောများကို ဖွင့်ရသည်မှာ ပို၍ လွယ်ကူလာ၏။ ဘာများလဲ ... ထိုကျင့်စဉ်က အင်မော်တယ် မော်တယ်လို့ အမှန်တကယ်‌ ခေါ်ထိုက်သည်များလား ... လျှပ်စီးဆယ်ကြိမ်ဖြင့် သူ၏ ငါးခုမြောက် ချီသွေးကြာကို အတင်းကျပ် ဖွင့်လိုက်၏။

အကယ်၍ သူဆန္ဒရှိလျှင် လျှပ်စီးမိကျောင်းကို အစကတည်းမှ သတ်ပြီးလောက်လေပြီ။ သို့သော်လည်း သူသည် အခြားသော လျှပ်စီးမိကျောင်းများကို ခြောက်လန့်မိမှာ စိုးသည့်အတွက် သူကိုယ်သူ ထိန်းထားလေ၏။

ဂျီကွမ်းနှင့် အခြားလူများသည် မိုဝူကျီအပေါ်သို့ လျှပ်စီးထပ်ကျ လာသည်ကို မြင်လေ၏။ သူ၏ သတ္တိကို မြင်သောအခါ သူတို့အားလုံးသည် သက်ပြင်းသာ ချမိလိုက်ကြသည်။ ကြည့်ရသည်မှာ မိုဝူကျီသည် လျှပ်စီးဒဏ် ခံနိုင်သည့် ကိစ္စကား လိမ်ညာနေပုံ မရပေ။ သူ့တွင် တမူထူးသော ဖွဲ့စည်းတည်ဆောက်ပုံ ရှိပေလိမ့်မည်။ အတိတ်တွင် သူတို့သည် လျှပ်စီးမိကျောင်းများနှင့် ရင်ဆိုင်မိပါက သူတို့သည် နောက်ဆုတ်ပြေးရုံသာ တတ်နိုင်လေသည်။ ယခုအခါ မိုဝူကျီနှင့် ဖြစ်သောကြောင့် သူတို့တွင် ခုခံနိုင်စွမ်းရှိလေပြီ။

မိုဝူကျီသည် ခြောက်ခုမြောက် ချီသွေးကြော ဖွင့်ခါနီးတွင် လျှပ်စီးနှစ်ခုက သူ့ဘေးမှ ဆင်းသက်လာ၏။

နောက်ဆုံးတွင် လျှပ်စီးမိကျောင်း၌ စစ်ကူအချို့ ရောက်လာလေသည်။ မိုဝူကျီသည် ညှာတာ မနေတော့ချေ။ သူ့လက်ထဲမှ ဓားကို အရှိန်မြင့်လိုက်ပြီး လျှပ်စီးမိကျောင်း၏ လည်မျိုကို ထိုးစိုက်ကာ သေမင်းဆီ ပို့ဆောင်ပေးလိုက်ရင်း ပင်လယ်ထဲ မြှပ်နှံပေးလိုက်သည်။။

လျှပ်စီးမိကျောင်း ကိုယ်တွင် ပိုက်ဆံရနိုင်သည့် ပစ္စည်းများ ရှိသော်လည်း မိုဝူကျီသည် အသေများကို ယူဆောင်ရန် ဆန္ဒမရှိချေ။ ရော်ဘာလှေသည် မသေးသော်လည်း ထိုအသေကောင်များကို သယ်ဆောင်လာလျှင် လှေ၏ အမြန်နှုန်း လျော့ကျသွားလိမ့်မည်။

မိုဝူကျီသည် လျှပ်စီးများကို အသုံးချကာ ချီသွေးကြောများကို ဖွင့်ခဲ့သော်လည်း သူသည် သူ့ခန္ဓာအတွင်းရှိ ဆေးရည်များ အားလုံးကို မစုပ်ယူနိုင်သေးချေ။ မကြာခင်တွင် သူ့အသားရေပင် မီးကျွမ်းကာ မည်းတူး စုတ်ပြတ်လာလေ၏။

ဂျီကွမ်းနှင့် အခြား လူများသည် လျှပ်စီးမိကျောင်း သုံးကောင်က အဖွဲ့လိုက် မိုဝူကျီအား တိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့သွေးများပင် အေးခဲသွား၏။ သို့သော်လည်း မိုဝူကျီက မိကျောင်းတစ်ကောင်ကို တိုက်ရိုက် သတ်ပစ်လိုက်ကာ သူတို့ကား သူ့တွင် နတ်ဘုရားကဲ့သို့ အင်အားမျိုးကို ပိုင်ဆိုင် ထားလိမ့်မည်ဟု တွေးမထားခဲ့ချေ။

မိုဝူကျီ၏ လျှပ်စီး ကာကွယ်ပေးမှုကို ကြည့်ကာ ဂျီကွမ်းသည် မိုဝူကျီကို အဖွဲ့သို့ ဖိတ်ကြားခဲ့ခြင်းမှာ ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ခံစားမိလိုက်၏။

လျှပ်စီးမိကျောင်းကို သတ်ပြီးသည်နှင့် မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့်ဆေးကို ထပ်သောက်လိုက်ပြီး ကျန်လျှပ်စီး မိကျောင်းနှစ်ကောင်၏ တိုက်ခိုက်မှုကို ခံယူလိုက်သည်။။ မကြာခင်တွင် ဂျီကွမ်းနှင့် အခြား လူများသည် မိုဝူကျီက အရင်တစ်ကောင်ကို သတ်လိုက်ခြင်းမှာ ကံကောင်း၍သာ ဖြစ်ကြောင်း သိရှိသွားလေ၏။ မိုဝူကျီသည် လျှပ်စီး မိကျောင်းများကို ထပ်သတ်နိုင်တော့မည့်ပုံ မပေါ်တော့ချေ။ သူသည် ဆယ်ကြိမ်တစ်ကြိမ်သာ ဓားဖြင့် ထိုးနိုင်လေသည်။

လျှပ်စီးမိကျောင်းတွင် အံ့ဩစရာ ခုခံမှုရှိသည့် အတွက် ဓားတစ်ချက် နှစ်ချက်ကား အလုပ်မဖြစ်ပေ။

မိုဝူကျီက လျှပ်စီးများကို ထပ်၍ ခံနိုင်ရည် မရှိမည်ကို စိုးရိမ်ကာ ဂျီကွမ်းနှင့် အပေါင်းအပါများသည် အသက်လုကာ အပြင်းအထန်‌ လှော်ခတ်ကြတော့သည်။ တင်းဘူအာသည် မိုဝူကျီကို ကူညီချင်သော်လည်း သူသည် လျှပ်စီး တစ်ချက်ကိုပင် ခံနိုင်ရည် မရှိကြောင်း သိ၏။ ရလဒ်အနေနှင့် လျှပ်စီးမိကျောင်းများ ပိုင်နက်မှ ထွက်သွားရန် သူတတ်နိုင်သမျှ မြန်မြန် လှော်ခတ်လိုက်လေသည်။

သို့သော်လည်း လျှပ်စီးမိကျောင်းကား ရေထဲတွင် အလွန်တရာ အမြန်အဆန် လှုပ်ရှားနိုင်လေ၏။ မည်သို့ သူတို့က အလွယ်တကူ ကျန်ရစ်ခဲ့မည်နည်း ...

သဲသဲမဲမဲ မုန်တိုင်းအောက်တွင် ရော်ဘာလှေလေးကား ရှေ့သို့ချီတက် သွားလေသည်။ အနောက်တွင် မိုဝူကျီသည် လျှပ်စီးမိကျောင်းများနှင့် တိုက်ခိုက်နေလေသည်။ လျှပ်စီးများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် မိုဝူကျီသည် မသေသေးဘဲ ဆက်၍ တိုက်ခိုက် နေကြောင်းကို ဂျီကွမ်းနှင့် အခြားလူများက သိလိုက်၏။

မိုဝူကျီသည် သူစိတ်ထဲမှ စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုတို့ အားလုံး ပျောက်ဆုံး သွားလေပြီ။ သူသည် မညှာတာတော့ချေ။ ဖြည်းဖြည်းချင်း သူပြုလုပ်သည့် လှုပ်ရှားမှု တစ်ခုချင်းစီသည် ပို၍ ကြမ်းတမ်းလာ၏။ လျှပ်စီးများသည် သူ့ချီသွေးကြာများကို ဖွင့်ရန် ကူညီနိုင်သော်လည်း သူ့သည်ကား အပြည့်အဝ အသုံးချရန် အားနည်းနေသေး၏။ သူ့ခန္ဓာကိုယ်သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်သာ ရောက်သေးသည့် အတွက် နောက်ဆုံး ကန့်သတ်ချက်သို့ နီးကပ်လာလေပြီ။

“ဘမ်းဘမ်းဘမ်း.. ...” လျှပ်စီးသုံးချက်ကား ဆက်တိုက် ထွက်ပေါ်လာပြီး မိုဝူကျီက နှစ်ခုကို သူ၏ ပိတ်ဆို့နေသော ချီသွေးကြောကို ဖွင့်ရန် သုံးခဲ့သော်လည် တစ်ချက်ကား သူ့အသားကို လောင်ကျွမ်း သွားလေသည်။

၁၉ခုမြောက် ချီသွေးကြော ပွင့်ခါနီးတွင် မိုဝူကျီသည် အံကိုကြိတ်ကာ လျှပ်စီးမိကျောင်းဆီ ပြေးဝင် သွားလိုက်သည်။။ သူ လဲလို့ မဖြစ်သေးချေ၊။ သူလဲကျသွားလျှင် သူအသတ်ခံ ရလိမ့်မည်။ သူ၏အရင် အားထုတ်ကြိုးစားမှု အရာအားလုံးကား အလကား ဖြစ်သွားလိမ့်မည်။ သူသည် သေမျိုး ဝိညာဉ်ကြောနှင့် လူသား တစ်ယောက်သာ ဖြစ်၏။ သူအတွက် အောင်မြင်ဖို့ရန် ဇွဲလုံလနှင့် အပတ်တကုတ် ကြိုးစားမှုများစွာ လိုအပ်သည်။

နေ့ဝက် ကျော်သွားပြီးနောက် ဂျီကွမ်းပင် စတင်၍ နွမ်းလျလာလေသည်။ သူသည် မိုဝူကျီက မည်မျှ ထပ်ခံနိုင်သေးကြောင်း မသိပေ။

ပြင်းထန်သော မုန်တိုင်းကြောင့် အနောက်ကို ဝိုးတိုးဝါးတားသာ မြင်ရလေ၏။ ဂျီကွမ်းနှင့် အခြားလူများသည် နောက်တွင် ဘာတွေ ဖြစ်နေကြောင်းနှင့် မိုဝူကျီက လျှပ်စီးမိကျောင်း ဘယ်နှကောင်နှင့် ရင်ဆိုင်နေရကြောင်း မသိပေ။ မိုဝူကျီ နောက်တွင် တစ်ကိုယ်တော် ကျန်ရှိနေကာ သူကား ကျိန်းသေပေါက် အကြမ်းတမ်းခံနိုင်ပြီး အင်အား ကြီးလှပေမည်။

မိုဝူကျီပင် လျှပ်စီးမိကျောင်း ဘယ်နှကောင်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှန်း မသိတော့ချေ။ အကယ်၍ ရော်ဘာလှေသာ ရှေ့ကို မရွေ့လျားနေပါက သူတို့အား ဝန်းရံခံ ပြီးလောက်လေပြီ။

သူသည် လျှပ်စီးမိကျောင်း ဆယ်ကောင်ထက် မနည်းသတ်ဖြတ်ခဲ့၏။ သို့သော် လျှပ်စီးမိကျောင်းများကား မရပ်မနား လာနေဆဲပင် ဖြစ်၏။

နောက်ဆုံးတွင် ၂၆ ခုမြောက် ချီသွေးကြောကို ဖွင့်ပြီးသွားလေပြီ။ မိုဝူကျီသည် နောက်ထပ် ဆေးပုလင်းကို ထပ်သောက်လိုက်ကာ သူ့တွင် ဆေးပုလင်း ခုနစ်ပုလင်းသာ ကျန်ရှိတော့ကြောင်း သိလိုက်၏။

ထိုအခိုက်တန့်တွင် သူ့ခန္ဓာ တစ်ကိုယ်လုံးကား အားနည်းနေပြီး အရိုးများပင် ကျိုးကုန်ပြီဟု ခံစားရ၏။ သူသည် မတ်မတ်ရှိနေ သေးသည်မှာ စိတ်ဆန္ဒကြောင့်သာ ဖြစ်လေ၏။

“ဘမ်း ... ” နောက်ထပ် လျှပ်စီးမိကျောင်း တစ်ကောင်သည် ပင်လယ်ထဲသို့ နစ်မြုပ်သွား၏။ တစ်ချိန်တည်းတွင် မိုဝူကျီ၏ ၂၇ ခုမြောက် ချီသွေးကြောပေါက် ပွင့်လာလေ၏။

“ဘမ်း...” နောက်ထပ် လျှပ်စီးကား မိုဝူကျီ၏ ရင်ဘတ်သို့ လာထိရိုက်လေ၏။ သူသည် ၂၇ခုမြောက် ချီသွေးကြော ဖွင့်ပြီးသော်လည်း သူ့စွမ်းဆောင်ရည်ကား ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ထဲတွင်သာ ရှိနေသေး၏။ မုန်တိုင်းအောက်တွင် အချိန်များစွာ ကုန်ဆုံးရင်း လျှပ်စီးများ ဆက်တိုက်ထိရိုက် ခံရသောကြောင့် မိုဝူကျီသည် စိတ်ရောကိုယ်ပါ မောပန်း နွမ်းလျနေလေပြီ။ သူသည်လည်း အသွေးအသား တို့ဖြင့်သာ တည်ဆောက်ထားပြီး သံမဏိမဟုတ်ပေ။ သူသည် ထပ်၍ တောင့်မခံနိုင်သည့်အခါ ပြိုလဲသွားလေသည်။

***

All Chapters