စွမ်းအားရှိသူသာ လေးစားခံရ၏
Vol. 5 Ch. 60
မိုဝူကျီသည် လုံးဝ လုံးပါးပါးသွားလေ၏။ လှော်သည့် လေးယောက်သည်လည်း ထို့ထက် အခြေအနေ မကောင်းလှချေ။ မိုဝူကျီ ပြန်၍ မတိုက်နိုင်တော့သည်ကို မြင်၍ ဂျီကွမ်းနှင့် အခြား လူများသည် အားတက်သရော လှော်ခတ်လိုက်လေသည်။
ရော်ဘာလှေတွင် လျှပ်စီးဒဏ် ခံနိုင်ရည် အဆင့်တစ်ခု ရှိလျှင်ပင် တိုက်ခိုက်မှု တချို့ကို စုပ်ယူနိုင်သော်လည်း ထိုပုံပန်း သဏ္ဌာန်ကား ပုံပျက်လုနီးပါး ဖြစ်နေလေချေပြီ။ ထို့အပြင် ဆုံးရှုံးမှုကြီးကား မိုးထဲတွင် ဖြစ်ပျက်နေလေ၏။
အနည်းဆုံးတော့ မိုဝူကျီသည် လျှပ်စီးမိကျောင်း ဆယ်ကောင်ကို သတ်ပြီးနောက် သူတို့နောက်ကို ဆက်လိုက်နေသည့် လျှပ်စီးမိကျောင်း နှစ်ကောင်၊ သုံးကောင်သာ ကျန်ရှိတော့သည်။ ပို၍ အရေးကြီးသည်က တချို့သော လျှပ်စီးမိကျောင်းများတွင် မိုဝူကျီကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိထားကြ၏။
မိုဝူကျီသည် သူ့တိုက်ခိုက်မှုကို ရပ်လိုက်သောကြောင့် ရော်ဘာလှေသည် ပို၍ပင် မြန်ဆန်လာကာ ဒဏ်ရာရ လျှပ်စီးမိကျောင်းများကို နောက်တွင် ချန်ထားခဲ့နိုင်၏။ မြင်ကွင်းတွင် လှေမရှိသောအခါ လျှပ်စီးမိကျောင်းများကား ဒေါသထွက်ရန် အကြောင်း ပျောက်ဆုံးသွားလေ၏။
လျှပ်စီးမိကျောင်းများသည် အာဃာတ တရားကြီးသော သတ္တဝါများသာ ဖြစ်ကြ၏။ အာဃာတ ကြီးလေလေ သူတို့၏ ခုခံနိုင်စွမ်း မြင့်လေလေ ဖြစ်ကာ တိုက်စစ်လည်း ပြင်းထန်လာပြီး လျှပ်စီးများပင် တိုးများလာ၏။ သူတို့သည် သူတို့၏ ပစ်မှတ်ကို မှတ်မိနိုင်ကြ၏။ သူတို့ပြန်မတိုက်နိုင် လောက်သည့် တိုက်ခိုက်မှုနှင့် ရင်မဆိုင်ရ မချင်း သူတို့သည် နောက်ဆုတ်မည် မဟုတ်ပေ။
နှစ်နာရီကြာပြီးနောက် မုန်တိုင်း ရပ်စဲသွားကာ သူတို့သည် မီတာငါးရာလောက် ကျယ်ဝန်းသည့် ကျွန်းအသေးလေး ပေါ်သို့ ရောက်ရှိလာကြသည်။ မိုဝူကျီသည် အင်အားတချို့ ပြန်လည် ရရှိလာသော်ငြား တစ်ဖက်တွင် ဂျီကွမ်းနှင့် အခြားလူများသည် ပင်ပန်း နွမ်းလျနေကြ၏။
“ညီလေးမို ... ငါတို့တွေ မင်းကို ဒီအတွက် ကျေးဇူးကြွေး အကြီးကြီး တင်သွားပြီ ... ငါတို့တွေ ခဏလောက် နားလိုက်ဦးမယ် ... ကျေးဇူးပြုပြီး မင်းလှေကို ဆွဲပြီး ကျောက်တန်းတွေကြား ဝှက်လိုက်ပါဦးကွာ ... ” ဂျီကွမ်းသည် ကျွန်းပေါ်သို့ အရင် တက်လိုက်ကာ ရုတ်တရက် မိုဝူကျီအား ညီလေးမိုဟု ခေါ်ကာ ပြောလိုက်သည်။
ဒဏ်ရာအပြင်းအထန် ရပြီး ဆုတ်ဖြဲခံထားရသည့် ခံစားချက်များ ခံစားနေရသော်လည်း မိုဝူကျီသည် အဖွဲ့ထဲတွင် အသန်မာဆုံးအဖြစ် ကျန်ရှိနေ၏။
“ဝူကျီ ... မင်းဘယ်လို လုပ်လိုက်တာလဲတော့ ငါမသိတော့ဘူးကွာ ... ” တင်းဘူအာသည် လက်မောင်းများကို မမြှောက်နိုင်တော့ပဲ ဒယီးဒယိုင် လျှောက်လှမ်းလာကာ အောင်အောင်မြင်မြင် ကျွန်းပေါ်သို့ တက်နိုင်သွားလေသည်။ ဂေါင်ကျွမ်းနှင့် စွန်းလီယင်တို့သည် မိုဝူကျီအား အံ့ဩဖွယ် ကြည့်နေကြကာ အထင်သေးသော အတွေးအမြင်များပင် လုံးဝ ပျောက်ကွယ် သွားလေပြီ ဖြစ်၏။
သူတို့သည် ရုပ်ပိုင်းဆိုင်ရာ အပြင်းအထန် လှုပ်ရှားမှုကြောင့် ပင်ပန်းနွမ်းလျနေ၏။ မိုဝူကျီသည် သူတို့၏ အကာအကွယ်အဖြစ် ဆောင်ရွက်ပေးခဲ့၏။ အကယ်၍ သူသာ နောက်မှ လျှပ်စီးများကို ကာကွယ် မပေးခဲ့ပါက လျှပ်စီးမိကျောင်းများသည် ရော်ဘာလှေကို ဝန်းရံကာ သူတို့အား ချောင်ပိတ် ထားလိမ့်မည်။
“အစ်ကိုဂျီ ... ဒီနေရာမှာလား ... ” မိုဝူကျီသည် အဝေးမှ ကျောက်ဆောင်များ ပေါများသော ကျွန်းကိုမြင်သော်လည်း သူသည် မီတာ တစ်ရာလောက်သာ မြင်နိင်လေ၏။
မိုဝူကျီသည် သူက လျှပ်စီးမိကျောင်းမှ လျှပ်စီးဒဏ် ခံနိုင်သည့် အကြောင်းကို အသေးစိတ် ရှင်းမပြလိုပေ။ လက်တွေ့တွင် သူက ထိုသားရဲများကို မတိုက်ခိုက်ခဲ့လျှင်ပင် ဂျီကွမ်းနှင့် အခြားလူများသည် သူတို့ကြောင့် ရပ်တန့်ခံရဖို့ မဖြစ်နိုင်ချေ။ သို့သော် ထိုသို့ ဖြစ်လာရန် ဖြစ်နိုင်ချေ ရှိသောကြောင့် သူသည် သူတို့၏ အသက်ရှင်ရေး တိုက်ပွဲတွင် အရေးပါလှသည့် နေရာမှ ပါဝင်ခဲ့ခြင်း ဖြစ်၏။
“ဟုတ်တယ် ဒီနေရာပဲ ... ငါ တစ်ကြိမ် ရောက်ဖူးတယ် ... လူအများစုက ဒီနေရာကို မသိကြဘူး ... ဝူကျီ ဒါက မင်းစွမ်းဆောင်နိုင်မှု အကြီးကြီးပါတယ်. ... ဒါပေမဲ့ ငါတို့က မြန်မြန်သွားနေရလို့ လျှပ်စီးမိကျောင်း တစ်ကောင်တောင် ယူမလာနိုင်ဘူး ... ငါတို့တွေ ပင်လယ် ကျားသစ်ပျံဥ နှစ်လုံးထက် ပိုရရင် မင်း အရင်ဆုံး တစ်လုံးရမယ် ...” ဂျီကွမ်းက လေးလေးနက်နက် ပြောလိုက်သည်။။ သူသည် မိုဝူကျီပေါ်တွင် အမြင် ၁၈၀ဒီဂရီလောက် ပြောင်းနေပြီ ဖြစ်၏။
မည်သူမှ ဂျီကွမ်း၏ အကြံပြုချက်ကို မကန့်ကွက်ကြပေ။ အကြောင်းရင်းကား စွမ်းအားသာ အရာအားလုံး ဖြစ်၏။ လျှပ်စီး မိကျောင်းများ၏ လျှပ်စီးဒဏ်ကို ခံနိုင်ရည်နှင့် ဆယ်ကောင်ထက် သတ်နိုင်သည့် မိုဝူကျီသည် ဂျီကွမ်းထက်ပင် အားကြီးပေလိမ့်မည်။ ထိုအင်အားကား အဖွဲ့အတွင်းက လူအားလုံး၏ လေးစားမှုကို ရယူနိုင်ခဲ့၏။
မိုဝူကျီသည် မငြင်းဆန်ပေ။ သူသည် ဤနေရာသို့ လျှပ်စီးမိကျောင်း ခန္ဓာမှ ပစ္စည်းများနှင့် ပင်လယ်ကျားသစ်ပျံ၏ ဥတို့ရှာဖွေရန် ရောက်လာခြင်း မဟုတ်ဘဲ သူ့ချီသွေးကြောများကို ဖွင့်နိုင်ရန် အတွက်သာ ရောက်ရှိလာခြင်း ဖြစ်၏။ ယခုအခါ သူ၏ အဓိက ရည်ရွယ်ချက်သည် အောင်မြင် သွားလေပြီ။ ထို့ကြောင့် ပင်လယ်ကျားသစ်ပျံ၏ ဥအချို့ရလျှင် နစ်နာစရာ မရှိပေ။
“ငါပြောချင်တာကတော့ ဒီည ဒီမှာ အိပ်ပြီးတော့ အရုဏ်တက်ရင် ထွက်သွားကြမယ်...” အားလုံးသည် အိပ်ရေးပျက်ကာ ပင်ပန်းနေကြခြင်းကို မိုဝူကျီက သိ၏။ ထိုသို့သော အခြေအနေမျိုးနှင့် ပင်လယ် ကျားသစ်ပျံဥကို ရှာခြင်းက သူ့အတွက်ပင် ကိုယ့်ဘာသာ သတ်သေသလို ဖြစ်နေလိမ့်မည်။ ထို့အပြင် သူသည် ပျောက်ကင်းရန် အနည်းဆုံး တစ်ညလောက် အနားယူဖို့ လိုအပ်သော ဒဏ်ရာမျိုး ရှိနေသေး၏။
ဂေါင်ကျွမ်းက ခေါင်းညိတ်ကာ
“ညီလေးမို အကြံကို သဘောတူတယ် ... ဘာမှမလုပ်ခင် အရင်နားကြတာပေါ့ ... ” ဂျီကွမ်းက စောစော ထွက်ချင်သော်ငြား မိုဝူကျီ ပြောသောကြောင့် သဘောတူလိုက်ရ၏။ ထို့ကြောင့် မိုဝူကျီ အကြံအတိုင်း ဖြစ်သွားလေ၏။
ပြင်းထန်နေသော မုန်တိုင်းသည် နောက်ဆုံးတွင် ငြိမ်သက်သွားကာ ကျန်ရှိနေသည်က ကမ်းခြေသို့ အဆက်မပြတ် လာရောက်နေသည့် လှိုင်းလုံးများသာ ဖြစ်၏။ အဖွဲ့ထဲတွင် တင်းဘူအာမှ လွဲလျှင် ကျန်သော လေးယောက်ကား ကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့ကြောင့် တင်းဘူအာသည် ဂူထဲတွင် လဲလျောင်းရင်း အိပ်စက်နေပေမဲ့ ကျန်လေးယောက်ကား ခြေချိတ်ထိုင်ကာ ဝိညာဉ်စွမ်းအားကို လှည့်ပတ်နေကြ၏။ ယခုတွင် ၁၇ခုမြောက် ချီသွေးကြော ဖွင့်ပြီးသည့်အတွက် မိုဝူကျီ၏ ကျင့်ကြံခြင်း နှုန်းသည် အဆများစွာ တိုးတက်လာလေသည်။ ထိုဧရိယာတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအားများ မရှိလျှင်ပင် သူ့ဝန်းကျင်တွင် မမြင်နိုင်သည့် ဝိညာဉ်စွမ်းအားများ ရှိနေလေ၏။
ညအနားယူမှ နိုးလာသောအခါ မိုဝူကျီသည် လုံးဝကို လန်းဆန်း နေလေသည်။ သူ့ဒဏ်ရာများ၏ အခြေအနေသည် တိုးတက်လာရုံ သာမက သူ့အင်အားသည်လည်း သိသိသာသာ တိုးတက်လာခဲ့၏။
“ညီလေးမို ... ဖြစ်နိုင်တာ မင်းက အခြေခံကျင့်စဉ်ကို ကျင့်ကြံတာလား. ...” အားလုံး နိုးလာသည်နှင့် ဂျီကွမ်းက ပထမဆုံး စကားဆိုလိုက်လေသည်။ သူက အဆင့်နိမ့် ကျင့်ကြံသူဖြစ်သည့် အတွက် မိုဝူကျီဆီမှ ကျင့်ကြံခြင်းများကို ခံစား၍ မရပေ။ သို့သော် သူ့ကိုယ်ဟန် အနေအထားအရ ဂျီကွမ်းသည် မိုဝူကျီအား အခြေခံ ကျင့်စဉ်သမားဟု ယူဆကာ မေးလိုက်လေ၏။
“ဟုတ်တယ် ... အမှန်ပဲ တခြားကျင့်စဉ်တွေ မတတ်နိုင်လို့လေ...” မိုဝူကျီသည် ရယ်မောရင်း ပြန်ဖြေလိုက်သည်။။
ဂျီကွမ်းက အလေးနက် ပြန်ပြောလိုက်သည်။
“ညီလေးမို... မင်းရဲ့စွမ်းရည်နဲ့ ဆိုရင် အဆင့်မြင့် ကျင့်စဉ်တွေ ရနိုင်ပါတယ်ကွ ... လျှပ်စီးမိကျောင်းရဲ့ ဈေးနှုန်းက အမှန်ကို မြင့်တာနော် ... နောက်တစ်ကြိမ် မင်းအဖွဲ့ရှာပြီးတော့ လှေငှားပြီး လျှပ်စီးမိကျောင်း သွားရှာချည်ကွာ ... မင်းတောင် မသိလိုက်ဘဲ အဆင့်မြင့် ကျင့်စဉ်တွေ တတ်နိုင်လာလိမ့်မယ် ... အခြေခံကျင့်စဉ်က ကျင့်ကြံခြင်း နှေးတယ်ကွ ပြီးတော့ အချိန်တွေရော အရင်းနှီးတွေရော အများကြီး လိုအပ်တယ် ... အဲဒီကျင့်စဉ်ကို သုံးဖို့ မတန်ပါဘူးကွာ. ...”
မိုဝူကျီသည် ထူးမခြားနား ပြန်ဖြေလိုက်သည်။
“ကျွန်တော် ကျင့်ကြံနိုင်တာကိုက အံဖွယ်ဖြစ်နေပြီ ... ကျွန်တော့် ဝိညာဉ်ကြောက အမှန်တကယ်ကို ဆိုးဝါးတယ် ... ကျွန်တော့် ကျင့်စဉ်တွေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဂရုမစိုက်ပါဘူး ... အဲဒါအပြင် ကျွန်တော့် ကျင့်စဉ်မှာ လူအထင်ကြီးစေတဲ့ နာမည်ရှိသေးတယ် ... အင်မော်တယ် မော်တယ် ကျင့်စဉ်တဲ့ ... ဘယ်လောက်တောင် ကောင်းလိုက်လဲ ...”
“ဟားဟား ... ” ဂျီကွမ်းနှင့် အခြားလူများသည် ထပ်ခါ ရယ်မောလိုက်ပြီး မိုဝူကျီပြောသည်ကို မည်သို့ ပြန်လည် တုံ့ပြန်ရမှန်း မသိတော့ချေ။ အနာဂတ်ကို လျစ်လျူရှုသည်က ကျင့်စဉ်နာမည်ကား အထင်ကြီးလို့ဟူသော သူကို ပထဆုံးမြင်ဖူးခြင်း ဖြစ်၏။
“ဝူကျီ ... မင်းကျင့်ကြံနိုင်ပြီလား ... ” တင်းဘူအာက ညင်ညင်သာသာ မေးလိုက်သည်။။ မိုဝူကျီက တင်းဘူအာ ပခုံးကို ပုတ်လိုက်ပြီး
“ငါတို့ ပြန်ရောက်တာနဲ့ မင်းလဲ အင်မော်တယ် မော်တယ် ကျင့်စဉ်နဲ့ စပြီး ကျင့်ကြံလို့ရပြီ ... ငါ့ဝိညာဉ်ကြောက မရှိဘူးလို့ ဆိုလို့ရတဲ့ အထိကို အဆင့်နိမ့်တယ် ... ဒါပေမဲ့ ငါကျင့်ကြံနိုင် သေးတာပဲ မင်းလဲ ကြိုးစားကြည့်လို့ ရတာပေါ့. ...” မိုဝူကျီသည် သူ့အတွက် အတည်ပြုပြီး သည်နှင့် တင်းဘူအာကို ကူ၍ ဝိညာဉ်ကြော ဖွင့်ပေးမည်ဟု ဆုံးဖြတ်ထားလေ၏။
“ငါလည်း တကယ် ကျင့်ကြံနိုင်တော့မှာလား ... ” တင်းဘူအာသည် ထက်သန်စွာ မေးလိုက်သည်။။ အင်မော်တယ်များသည် သူလက်လှမ်း၍ မမီနိုင်သော တည်ရှိမှုဖြစ်၏။ ထို့ကြောင့် မိုဝူကျီက သူကျင့်ကြံနိုင်သည်ဟု ပြောလိုက်သောအခါ စိတ်မလှုပ်ရှားပဲ မည်သို့ နေနိုင်မည်နည်း ...
ဂျီကွမ်းက ပြုံးရင်း ပြောလိုက်သည်။
“မင်းမှာ ဝိညာဉ်ကြော သဘောဝတချို့ ရှိသရွေ့ အဆိုးရွားဆုံး ဝိညာဉ်ကြောနဲ့တောင် မင်းကျင့်ကြံလို့ ရတယ် ... ခြားနားချက် တစ်ခုက မင်းဘယ်အထိ သွားနိုင်လဲဆိုတာပဲ ... ” ထိုအရာကို ကြားပြီး တင်းဘူအာသည် ပို၍ တက်ကြွလာသည်။ သူ့တွင် မဆိုစလောက်လေး ဝိညာဉ်ကြော ရှိကောင်းပါရက်။ မိုဝူကျီနှင့် မတူညီသော အရာကား သူသည် ဝိညာဉ်ကြော ရှိကြောင်း တစ်ခါမှ မစမ်းသပ်ဖူးပေ။ လူတစ်သောင်းတွင် ၉၉၉၉ယောက်က သေမျိုး ဝိညာဉ်ကြော ပါရှိတတ်ကြ၏။ ဘိုးဘေးဘီဘင် များသည် သေမျိုး ဝိညာဉ်ကြောများရှိလျှင် သူသည်လည်း သေမျိုး ဝိညာဉ်ကြော အများဆုံး ရှိနိုင်၏။ သို့သော်လည်း သူ့အတွေးကား မိုဝူကျီနှင့် ခြားနား၏။ သူသည် ဂရုမစိုက်ပေ။ တော်ဝင်မြို့တော်သို့ ရောက်လာစဉ်က လူအများစုကား ဝိညာဉ်ကြော ပိုင်ဆိုင်ကြပြီး သူ့စိတ်ဓာတ်သည်လည်း လောင်ကျွမ်းလာရ၏။ သေမျိုးများ အနိုင်ကျင့်ခံ နေရသည်ကို မြင်သောအခါ သန်မာလာရန် သူစိတ်ပိုင်း ဖြတ်လိုက်၏။
“သွားကြစို့ ... ” တစ်ညတာလုံး အနားယူပြီး နောက်တွင် အားလုံးသည် တော်တော် လန်းဆန်းလာကြပြီ ဖြစ်၏။ ဂျီကွမ်းက လက်ကိုပြလိုက်ပြီး စတင်ထွက်ခွာရန် အချက်ပြလိုက်သည်။။
ကြီးမား ကျယ်ဝန်းသော ကျွန်းတွင် လူငါးယောက်သည် နှစ်နာရီလောက် အချိန်ယူခဲ့ရ၏။ ချွန်ထက်နေသော ကျောက်တုံး ကျောက်ဆောင်များကို ဖယ်ရှားကာ
“ဒါတွေကို ဖယ်လိုက်တော့ ငါတို့ကို မနာတော့တာပေါ့ ...” မိုဝူကျီသည် တွေးလိုက်၏။ သူသည် ဂျီကွမ်းကို မေးမည့်ဆဲဆဲတွင် ကျယ်လောင်သည့် သွေးပျက်ဖွယ် အော်သံကို ကြားလိုက်ရ၏။
ပထမဆုံး မြေပြင်သို့ ဝပ်လိုက်သည့် သူကား မိုဝူကျီပင် ဖြစ်၏။ တစ်ချိန်တည်းတွင် ထိုအော်သံ၏ ဇာစ်မြစ်သည် တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သည့် စွန်းလီယင်ပင် ဖြစ်၏။ သူ့ညာဘက် ပခုံးတွင် ကြီးမားသည့် အပေါက်ရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်၏။
“တစ်ယောက်မှ မလုပ်နဲ့ ... ဒါက မြားပစ်သားရဲ ... အဲဒီအကောင်က မြားက လှိုက်စားတတ်တဲ့ သဘာဝရှိလို့ တစ်ခါ အထိမှန် ခံလိုက်ရရင် ဒဏ်ရာက နာကျင်မှု ဆိုးဆိုးရွားရွား ဖြစ်စေလိမ့်မယ် ... မင်းကို ခံစားရအောင် လုပ်လိမ့်မယ် ... ” ဂျီကွမ်းက ချက်ချင်း အော်ပြောလိုက်ပြီး တစ်ဆက်တည်းပင် စွန်းလီယင်ကို ဆေးလုံး လှမ်းပေးလိုက်သည်။။
မြားကြောင့် အော်ဟစ်လိုက်သည့် စွန်းလီယင်သည် နောက်ထပ် အသံမထွက်တော့ချေ။ သူသည် ဂျီကွမ်းပေးသည့် ဆေးလုံးကို မျိုချလိုက်ပြီး ဒဏ်ရာအပေါ်မှ ဆေးမှုန့်များကို ဖြူးကာ ပတ်တီး စည်းထားလိုက်သည်။ ဆေးမှုန့်ကား အာနိသင်ပြင်းကာ သွေးပင် ချက်ချင်း တိတ်သွားစေ၏။
ငါးယောက်သား အဖွဲ့ပြန်ဖွဲ့ လိုက်ပြီးနောက် တင်းဘူအာက ပျော့ပျော့ပျောင်းပျောင်း မေးလိုက်သည်။
“မြားပစ် သားရဲတွေက ဘယ်မှာလဲ ... ဘာလို့ တစ်ကောင်မှ မမြင်ရတာလဲ ... ”
ဂျီကွမ်းကား အလေးအနက် ပြန်ဖြေလိုက်ကာ
“မြားပစ် သားရဲတွေက အဝေး တိုက်ခိုက်မှုတွေ ကောင်းတယ် ... တစ်ခါတလေ သူတို့က ကျောက်တုံး အယောင်ဆောင် တတ်တယ် ... အဲဒီလိုအချိန်ဆိုရင် တကယ့် ကျောက်တုံးနဲ့တောင် ခွဲလို့မရဘူး ... ပင်လယ်ကျားသစ်ကို ဒီမှာလာရှာကြတဲ့ သူတွေက ပင်လယ် ကျားသစ်ပျံတွေကြောင့် သေတာမဟုတ်ဘဲ မြားပစ် သားရဲတွေကြောင့် သေတာများတယ် ... ” အားလုံးသည် ပတ်ဝန်းကျင်မှ ကျောက်တုံးများကို သေသေချာချာ စစ်ဆေးလိုက်ပေမဲ့ နောက်ထပ် အော်သံ ထွက်ပေါ်လာလေ၏။ ဤတစ်ကြိမ်ကား သူတို့ ငါးယောက်ထဲမှ မဟုတ်ပေ။
“ဒီမှာ တခြားသူတွေ ရှိသေးတယ်. ...” ဂျီကွမ်း ပြောလိုက်သောအခါ ကျောက်တန်းဘေးမှ အရိပ်နှစ်ခုသည် အပြေးအလွှား ထွက်လာကြ၏။ သူတို့နောက်တွင် ကြီးမားသော အနက်ရောင် ပုံရိပ်ကြီးသည် ပါးစပ်ကြီး ဖွင့်လျက် လိုက်လာကာ တစ်ယောက်ကို တစ်ကိုက်တည်းဖြင့် အငမ်းမရ မျိုချလိုက်လေ၏။
“ဒါက ပင်လယ် ကျားသစ်ပျံလား...” တင်းဘူအာသည် တုန်တုန်ယင်ယင် မေးလိုက်သည်။ လူတစ်ယောက်လုံးကို မျိုချလိုက်သည့် အနက်ရောင် ပုံရိပ်တွင် ကျားသစ်ဦးခေါင်း ရှိနေကြောင်း မြင်လိုက်ရ၏။ ခြားနားချက်ကား ထိုသတ္တဝါတွင် ကြီးမားသော ပါးစပ်ကြီး ရှိကာ အနောက်ဘက်တွင် တောင်ပံတစ်စုံ ပါလေ၏။
မိုဝူကျီသည် အကြောက်တရားကြောင့် မလှုပ်မယှက် ဖြစ်သွားလေ၏။ ပင်လယ် ကျားသစ်ပျံရဲ့ တိုက်နိုင်စွမ်းက နိမ့်တယ်လို့ ဘယ်သူ ပြောခဲ့တာလဲ ...
ထိုအကောင်က လူတစ်ယောက်ကို တစ်ကိုက်တည်းဖြင့် စားလိုက်လေ၏။ ထိုအကောင်ကား မည်သို့ အားနည်းရမည်နည်း ...
***