ရက်ရောမှု
Vol. 5 Ch. 61
“စကားမပြောနဲ့ ... ” ဂျီကွမ်းက သတိပေး လိုက်သော်ငြား အလွန် နောက်ကျသွားလေပြီ။ ပင်လယ် ကျားသစ်ပျံကား တင်းဘူအာ၏ အသံကို ကြားပြီးပြီး ဖြစ်၏။ ထိုကြောင့် ကံကောင်းလှသည့် အသက်ရှင် ကျန်ရစ်သူကို ဘေးကန်လွှတ်လိုက်ကာ မိုဝူကျီတို့ဆီ ပြေးလာလေသည်။
“အားလုံး တိုက်ကြ ... ” မာန်ဖီနေသော ပင်လယ် ကျားသစ်ပျံကား သူတို့ဆီ လွှားခနဲ ရောက်ရှိ လာသောကြောင့် ဂျီကွမ်းက သူ့ဓားဖြင့် အပြည့်အဝ ခုခံကာ ကမူးရှူးထိုး ရန်သူကို ရင်ဆိုင်ထားလိုက်သည်။။ ဂေါင်ကျွမ်းနှင့် ဒဏ်ရာ ရထားသော စွန်းလီယင်ပင် ထိုအတိုင်း ပြုမူနေကြ၏။ တင်းဘူအာသည် အားအနည်းဆုံး ဖြစ်သော်လည်း သူသည် အခြေအနေကို နားလည်ကာ တွန့်ဆုတ်ခြင်းမရှိ ရှေ့တက် သွားလေသည်။
သူတို့ ငါးယောက်တွင် မိုဝူကျီသာလျှင် ကျန်ရှိနေ၏။ သူသည် နောက်တွင် နေနေရုံသာမက မတ်တတ်ရပ်နေဆဲ ဖြစ်၏။ သူသည် သေခြင်းတရားကို ကြောက်သောကြောင့် ထိုသို့ ပြုမူခြင်း မဟုတ်ပေ။ သူသည် ဂျီကွမ်းက မြားပစ်သားရဲများ အကြောင်း ပြောကတည်းမှ ပတ်ဝန်းကျင်ကို သေချာ လေ့လာနေခဲ့၏။ လူလေးယောက်၏ အားသည် ပင်လယ် ကျားသစ်ပျံကို ထိန်းချုပ်နိုင်လိမ့်မည်။ ထို့ကြောင့် သူ ဝင်မပါလျှင်ပင် ကိစ္စအများကြီး မရှိပေ။ ထို့အစား မိုဝူကျီသည် စွန်းလီယင်ကို ဒဏ်ရာရစေခဲ့သော မြားပစ်သားရဲကို ပိုအာရုံစိုက်မိ၏။ တိုက်ရိုက် တိုက်ခိုက်မှုများသည် ရှောင်ရှားဖို့ရန် လွယ်ကူသော်ငြား ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်မှုများကား ပို၍ ခက်ခဲလှ၏။ မြားပစ်သားရဲ၏ တည်ရှိမှုက မိုဝူကျီအား ပို၍ စိုးရိမ်စေလေသည်။
အဖြစ်အပျက်များကား မိုဝူကျီမျှော်မှန်း ထားသကဲ့သို့ ဖြစ်လာလေ၏။ ဂျီကွမ်းနှင့် အခြား လူများသည် ပင်လယ် ကျားသစ်ပျံ၏ တိုက်ခိုက်မှု အားလုံးကို ခုခံနိုင်ကြလေသည်။ ပင်လယ် ကျားသစ်ပျံတွင် ကြီးမားသော အင်အား ပိုင်ဆိုင်သော်ငြား ရွေ့လျားနိုင်စွမ်း မကောင်းလှချေ။ လေးယောက်သား ဝန်းရံထားပြီး တင်းဘူအာမှ လွဲလျှင် ကျန်သုံးယောက်က အတွေ့အကြုံ များသည့်အတွက် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ ထိုအရာကို အခွင့်ကောင်းယူပြီး သူတို့သည် ပင်လယ် ကျားသစ်ပျံနှင့် တိုက်ခိုက်နေကြခြင်း ဖြစ်လေ၏။ သို့သော်လည်း ခြားနားချက်ကား သူတို့၏ တိုက်ခိုက်နှုန်းတွင် ဖြစ်သည်။ ပင်လယ် ကျားသစ်ပျံသည် အခွင့်ကောင်း စောင့်ကာ သူတို့ထံ ကြမ်းကြုတ် ရက်စက်စွာ တစ်ဟုန်ထိုး ကန်ထုတ်လိုက်လေသည်။ စွန်းလီယင်၏ ဒဏ်ရာကား ပြန်ပွင့်လာပြီး မိနစ်အနည်းငယ်အတွင်းတွင် တင်းဘူအာသည်လည်း အင်အား ယုတ်လျော့ လာလေသည်။ သူ့အား ထိရိုက်လာသည့် အားကို မခုခံနိုင်တော့ပဲ တင်းဘူအာသည် နောက်သို့ ဆုတ်လိုက်ရ၏။ ပင်လယ် ကျားသစ်ပျံကား ထိုအရာကို မြင်၍ အခွင့်ကောင်းယူကာ တင်းဘူအာကို လှမ်း၍ ဟပ်လိုက်လေသည်။
ကံဆိုးစွာ တင်းဘူအာ၏ လှုပ်ရှားမှုကား ဤအခြေအနေသို့ လိုက်မမီတော့ပေ။ သူ့ကို ပင်လယ် ကျားသစ်ပျံ စားရခံနီးတွင် မိုဝူကျီသည် အတွေးများအားလုံး လွှတ်ချကာ ရှေ့သို့ တက်လှမ်းလာလိုက်သည်။။ ထိုအခိုက်အတန့်တွင် အရိပ်မည်း တစ်ခုသည် မြားကဲ့သို့ ထွက်လာကာ ဂျီကွမ်းဆီ ဦးတည်နေလေသည်။
မိုဝူကျီသည် ဂျီကွမ်းက တင်းဘူအာကို ကယ်ဆယ်ရန် ဦးတည်နေသည်ကို မြင်သောအခါ သူက ချက်ချင်း လှည့်လိုက်ကာ မြားကို ရင်ဆိုင်လိုက်လေသည်။ ယခုအခါ သူသည် ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်မှုကိုသာ အာရုံစိုက် ထားလိုက်သည်။။
“ဘမ်း ... ” အနက်ရောင်မြားက မိုဝူကျီဓားနှင့် ထိတွေ့မှုကြောင့် လမ်းကြောင်း သွေဖည်သွားလေ၏။ ကံကောင်းသည်က သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်တွင် ရှိနေသောကြောင့်သာ ထိုမြားအားကို ကွယ်ပျောက် စေနိုင်ခြင်း ဖြစ်လေသည်။ အကယ်၍ သူသာ ကျင့်ကြံခြင်း မတိုင်မီ အခြေအနေတွင် ရှိနေပါက ထိုအင်အားသည် သူ့အားလွင့်စဉ် သွားစေလိမ့်မည်။
ဂျီကွမ်းအား မြားမှ အောင်အောင်မြင်မြင် ကာကွယ်ပြီးနောက်တွင် မိုဝူကျီသည် မြေပြင်ကို ဆောင့်ကန်ကာ သန္တာကျောက်တန်းဆီ တည့်တည့်မတ်မတ် ထိုးချလိုက်သည်။။ အနက်ရောင် မြားကား ထိုအစိတ်အပိုင်းမှ ထွက်လာကြောင်း သတိပြုမိ၏။ တစ်ခုနှင့် တစ်ခု ဆက်စပ်မိပြီး ထိုသည်က မြားပစ်သားရဲ ဖြစ်ရမည်ဟု ကောက်ချက် ချလိုက်သည်။။ ဉာဏ်နီဉာဏ်နက် များလှသည့် ထိုသတ္တဝါနှင့် ကြုံတွေ့ရာတွင် အဝေးမှ တိုက်ခိုက်ခြင်းကား ကိုယ့်သေခြင်းကို ရှာနေခြင်းသာ ဖြစ်လေ၏။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်ဖြစ်ကာ ချီသွေးကြော ၂၇ ခုကို ဖွင့်ထားသော လူတစ်ယောက်ဖြစ်သည့် အတွက် သူသည် နောက်အဆင့်သို့ မတက်လှမ်းနိုင် သေးသော်လည်း မိုဝူကျီ၏ ပေါက်ကွဲမှုကား လမ်းကြောင်းအတိုင်း မဟုတ်ပေ။ ဆယ်မီတာအထက် ကွာဝေးသော နေရာသို့ တစ်စက္ကန့်ဖြင့် ရောက်ရှိသွား၏။ သူ့ဓားရှည်ကား လေကို ဖောက်ထွင်း၍ ဖြတ်လာနေသည်။
ထိုထင်မထားသော တိုက်ခိုက်မှုသည် မြားပစ်သားရဲကို တုန်လှုပ် သွားစေသည်။ မိုဝူကျီက မြားကို တားဆီးနိုင်သည့် ဖြစ်နိုင်ချေကို ထည့်မတွက်ခဲ့ချေ။ မိုဝူကျီ၏ မြန်ဆန်သော တုံ့ပြန်မှုနှင့် ပေါင်းစပ် လိုက်သောအခါ သားရဲကား သူ့အသားကို ဓားဖြင့် ဖြတ်သွားသည်ကိုသာ အကူညီမဲ့စွာ ကြည့်နေနိုင်လေသည်။
သန္တာ ကျောက်တန်းပေါ်တွင် ခြစ်ရာပေါ်လာစဉ် အသားကို ဖြတ်လိုက်ရသည့် ခံစားချက်ကို ရရှိလိုက်၏။ သွေးများ ဒလဟော စီးကျလာပြီး ကျောက်တန်းသည် အရိပ်အဖြစ် ပြန်ပြောင်း သွားကာ ဓားချက်အောက်တွင် ပျောက်ကွယ် သွားလေသည်။
မိုဝူကျီသည် လေပြည်လေညင်းမှ လွဲ၍ မြားပစ်သားရဲ၏ တည်ရှိမှုကို နောက်ထပ် မခံစားမိတော့ချေ။ သန္တာကျောက်တန်း အောက်တွင် သွေးအိုင်ထွန်း နေခဲ့၏။ မြားပစ်သားရဲ နောက်ထပ် ပေါ်မလာတော့မည်ကို အတည်ပြုပြီးနောက် သူသည် ဂျီကွမ်းနှင့် အခြား လူများကို ကူညီရန် သွားလိုက်သည်။။ ထိုအခိုက်အတန့်တွင် သူသည် ပင်လယ် ကျားသစ်ပျံ၏ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရသည်။
ဂျီကွမ်း၏ ဓားကွေးက ပင်လယ် ကျားသစ်ပျံ၏ အောက်မေးရိုးတွင် ထိုးစိုက်မိကာ ဒဏ်ရာမှ သွေးများစွာ ပန်းထွက်လာလေ၏။ ဒေါသကြီးစွာဖြင့် ပင်လယ် ကျားသစ်ပျံသည် ထိန်းချုပ်နိုင်စွမ်း ကင်းလွတ်ခြင်းနှင့် အတူ ဂေါင်ကျွမ်းနှင့် စွန်းလီယင်တို့၏ ဓားနှစ်လက် သည်ကား ထိုအကောင်၏ လည်ပင်းအနောက်မှ ငေါ်ထွက်နေလေသည်။ ဧရာမ သတ္တဝါကြီးသည် မြေပြင်ပေါ်သို့ ဗုန်းဗုန်းလဲကျ သွားကာ ကြီးမားသော သန္တာကျောက်ဆောင်ကိုပင် ကြေမွသွားစေ၏။
ဂျီကွမ်းသည် ထိုပင်လယ် ကျားသစ်ပျံကို အာရုံမရှိဘဲ မိုဝူကျီဆီ လျှောက်လာပြီး ခါးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ညီလေးမို ... ငါ့အသက်ကို နောက်တစ်ခါ ကယ်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်ကွာ ... ” မိုဝူကျီက သူ့ဆီလာသည့် မြားကို သူသည် တင်းဘူအာအား ကယ်ဆယ်ရန် လုပ်နေသည့် အချိန်တွင် လမ်းကြောင်း လွှဲလိုက်ကြောင်း သိရှိ၏။ ထိုမြားကား သူ့လည်ပင်းကို ဖြတ်သွားကာ သေစေနိုင် လောက်အောင် ဖြစ်စေနိုင်၏။
“အစ်ကိုဂျီ ... အားလုံးက တစ်ဖွဲ့တည်း သားတွေပဲလေ ... တစ်ယောက်နဲ့ တစ်ယောက် ကူညီတာ သဘာဝ ကျပါတယ် ... ဒါအပြင် ခင်ဗျားကြောင့်သာ မဟုတ်ရင် တင်းဘူအာလည်း အခု သေသွားလောက်ပြီ ... ” မိုဝူကျီသည် အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။ သို့သော် အားလုံး၏ စိတ်တွင် ဂျီကွမ်းက မိမိဘာသာ ကယ်တင်လိုက်ကြောင်း သိရှိလိုက်ကြသည်။ အကယ်၍ ဂျီကွမ်းသာ တင်းဘူအာကို ကယ်တင်ရန် ရှေ့တက် မလာခဲ့ပါက မိုဝူကျီသည် ဂျီကွမ်းအား မြားရှောင်ရန် ကူညီမည် မဟုတ်ချေ။ ထို့အစား တင်းဘူအာကို ကယ်တင်ရန်သာ ရွေးချယ်လိမ့်မည်။
“ညီလေးမို ... အခုကစပြီး ငါလည်း မင်းမိတ်ဆွေ ဖြစ်သွားပြီ ... အရင်က မင်းက ငါတို့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့မိတယ် ... ဒါပေမဲ့ ကြည့်ရတာ ငါက သဘောထား သေးသိမ်တဲ့သူပဲ ... တကယ်လို့ မင်းသာ နောက်မှာ ကျန်နေပြီး မြားပစ်သားရဲကို စောင့်မနေခဲ့ရင် အစ်ကိုဂျီက ဒီတစ်ကြိမ် အသက်ရှင်နိုင်မှာ မဟုတ်လောက်ဘူး ...” တိတ်ဆိတ်နေသည့် စွန်းလီယင်က နောက်ဆုံးတွင် မိုဝူကျီအား စကားစတင် ပြောလိုက်သည်။
“အသေးစိတ်ကို ဒီမှာပဲ နိဂုံးချုပ်ကြတာပေါ့ ... အခု ပင်လယ် ကျားသစ်ပျံဥ သွားရှာကြရအောင် ... ” ဂျီကွမ်းက အဖွဲ့ကို လက်ပြကာ ရှာဖွေရန် ပြောလိုက်သည်။။
ချောမွေ့သည့် နေရာတွင် သန္တာကျောက်တန်း ဂူကို ရှာဖို့ အားသိပ်မထုတ် လိုက်ရချေ။ ဂူက ကြီးမားပြီး အမြင့်နှင့် အကျယ်သည် ၁၀ပေခွဲလောက် ရှိ၏။ ဂူအတွင်းသို့ မဝင်ခင် ငါးယောက်လုံးသည် ညှီနံရလိုက်ကာ
“ဒီနေရာပဲ ... ” ဂျီကွမ်းက ပြောလိုက်၏
“ဒီဂူက ပင်လယ် ကျားသစ်ပျံရဲ့ဥ ဥဖို့ ယာယီဆောက်ထားတဲ့ အသိုက်ပဲ ... သူတို့က လေးလအတွင်း ထွက်သွားပြီးတော့ ဒီဂူကို စွန့်ပစ်ခဲ့ကြလိမ့်မယ် ... ” ငါးယောက်သား တစ်ယောက်ချင်းစီ ဝင်လိုက်ကာ ဂူအတွင်းဘက်သို့ ချဉ်းကပ်လိုက်ကြသည်။ ရှည်လျားလှသည့် အသိုက်ကား သားရဲအမျိုးမျိုး၏ အမွေးများနှင့် ပြုလုပ်ထားကာ ဤအသိုက် အလယ်တွင် ဥခြောက်လုံး ရှိနေလေ၏။
ထိုသည်က ပင်လယ် ကျားသစ်ပျံ၏ ဥများ ဖြစ်သင့်သော်ငြား မိုဝူကျီတစ်ခု မရှင်းသည်က ဥငါးလုံးကား အရွယ်အစား တူညီနေပြီး ခြောက်လုံးမြောက် ဥသည် အခြားသော ဥများ၏ သုံးပုံတစ်ပုံသာ ရှိလေ၏။ ထို့အပြင် အခြား ကြီးမားသော ဥငါးလုံးသည် လှပသော အနက်နှင့် အဖြူအခြစ်များ ပါရှိသောလည်း ဥအသေးလေးသည် ဝါညစ်ညစ် ဖြစ်နေလေသည်။ အရွယ်အစားကား ကြက်ဥထက် မဆိုစလောက်လေး ကြီးမားကာ
“ငါတို့တွေ ကံတော့ ကောင်းသား ... တစ်ယောက် တစ်ဥတော့ ရပြီ ... ဒီသေးညှက်တဲ့ ဥက ပင်လယ် ကျားသစ်ပျံရဲ့ ဥတော့ မဟုတ်လောက်ဘူး ... ပင်လယ်ကျားသစ်ပျံ တစ်နေရာရာက ယူလာတာ ဖြစ်လိမ့်မယ် ... ဒီဟာကိုလဲ ညီလေးမိုကို ပေးမယ်ဆိုရင် အားလုံး သဘောတူကြလား ... ” ဂျီကွမ်းသည် စတင်၍ ခွဲတမ်းချ ပေးလိုက်သည်။။
တင်းဘူအာနှင့် မိုဝူကျီတို့သည် မငြင်းဆန်ကြပေ။ စွန်းလီယင်နှင့် ဂေါင်ကျွမ်းသည်လည်း သဘောတူညီကြ၏။ သူတို့သည် မိုဝူကျီ၏ အင်အားကို အသိမှတ်ပြုကြ၏။ ထို့အပြင် သူတို့ ဤနေရာသို့ ဘေးကင်းကင်း ရောက်လာခြင်းမှာ မိုဝူကျီ၏ ကျေးဇူးများစွာ ပါလေ၏။
မမျှော်လင့် ထားသည်က မိုဝူကျီက ရယ်မောကာ ပြောလိုက်လေသည်။
“ဒီလိုလုပ်ဖို့ မလိုပါဘူး ... ကျွန်တော်က ဒီဥသေးသေးလေးပဲ ယူမယ် ... တင်းဘူအာကို ဥကြီးတစ်လုံး ပေးလိုက် ကျန်တဲ့ လေးဥကို သုံးယောက်ခွဲယူ ကြပေါ့ ... ပြီးတော့ အစ်ကိုဂျီက ဒီထိဦးဆောင် လာခဲ့တာပဲလေ ... ” သူ့စကားဆုံးသည်နှင့် သူသည် ဥသေးသေးလေးကို ယူကာ သိမ်းဆည်း ထားလိုက်သည်။။
သူရည်ရွယ်ချက်ကား အရင်ကတည်းက ပြည့်ပြီးပြီ ဖြစ်၏။ ဂျီကွမ်း မပါရှိပဲ သူသည် ထိုနေရာသို့ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ သူ၏ ချီသွေးကြော ၂၇ခုကိုလဲ ဖွင့်နိုင်လိမ့်မည် မဟုတ်။ အကယ်၍ သူ့တွင် ချင်ရှုန်းယုပေးသော အစေခံတပည့် အမှတ်အသားပြား မရှိပါက မိုဝူကျီသည် ဥသေးသေးလေးကို လက်ခံသော်ငြား ထိုဥများထဲမှ တစ်ယောက် တစ်လုံးစီ ခွဲတမ်းယူမှာ သေချာလေ၏။ ထို့အပြင် ပင်လယ် ကျားသစ်ပျံဥနှင့် သူသည် အစေခံတပည့် ဖြစ်နိုင်၏။ သို့သော် ယခုအခါ သူ့တွင် အစေခံ အမှတ်အသားပြား ရှိနေသောကြောင့် ပင်လယ် ကျားသစ်ပျံဥကား မလိုအပ်တော့ချေ။ အဘယ်ကြောင့် ဂျီကွမ်းကို မပေးကမ်း ရမည်နည်း။ တစ်ချိန်သော အချို့များတွင် အခွင့်ကောင်း ယူခံရခြင်းက သိပ်မဆိုးလှချေ။ ထိုသည်က မိုဝူကျီ သင်ယူခဲ့ရသော အဖိုးတန် ဘဝ သင်ခန်းစာ တစ်ခုဖြစ်၏။
အကယ်၍ သူသည် ပင်လယ် ကျားသစ်ပျံဥကို သူနှင့်ပြန်ယူဆောင် လာလျှင်ပင် သူသည် အကောင်ပေါက်ဖို့ရန် စိတ်ဒုက္ခမခံ။ ပင်လယ် ကျားသစ်ပျံကို သတ်ပစ်၍ ထိုမျိုးဆက်ကိုကား စီးတော်ယာဉ် အဖြစ် ပျိုးထောင်ရမည်လား ... ထိုအတွေး တစ်ခုလုံးသည် မိုဝူကျီအား သက်သောင့်သက်သာ မဖြစ်စေပေ။ သူသည် ပင်လယ်ကျားသစ်ပျံ သတ်ဖြတ်ခြင်းတွင် ဝင်မကူခဲ့သော်ငြား သူ့အတွက် တူညီသော အဓိပ္ပာယ် မရှိမှုကို ခံစားရဆဲ ဖြစ်၏။
“ကောင်းပါပြီ ... ညီလေးမိုရဲ့ ရက်ရောမှု အတွက် ကျေးဇူးတင်ပါတယ် ... အခုကစပြီး ငါတို့တွေ မိတ်ဆွေတွေ ဖြစ်သွားကြပြီ ... တကယ်လို့ ငါ့အကူအညီ လိုအပ်ရင် ပြောသာပြော ... စိတ်ထဲ သိမ်းမထားနဲ့ ... ” ဂျီကွမ်းက မိုဝူကျီ၏ ရက်ရက်ရောရော အပြုအမူကို ကျေးဇူးတင်စွာ လက်ခံလိုက်လေ၏။ တကယ်တမ်း သူ့အတွက် ပင်လယ် ကျားသစ်ပျံ ဥတစ်လုံးသည် မလုံလောက်ပေ။ မိုဝူကျီ၏ ပင်လယ် ကျားသစ်ပျံဥ ရရှိရန် အခွင့်အရေးသည် သူက ဂျီကွမ်းထက် များစွာ အားစိုက်ထုတ်ခဲ့ ရခြင်းကြောင့် ဖြစ်ကာ ဂျီကွမ်းသည်လည်း မိုဝူကျီအပေါ်တွင် အသက်ကြွေး တင်နေလေ၏။
***