← Chapters

ဂိုဏ်းသို့ ဝင်ရောက်ခြင်း

Vol. 5 Ch. 67

ဂိုဏ်းသို့ ဝင်ရောက်ခြင်း

Vol. 5 Ch. 67

“သူမက ဘယ်သူလဲ ... ” ချင်ရှုန်းယုက မိုဝူကျီကျောပေါ်က ယန်အာကို သတိပြုမိလိုက်ကာ မေးလိုက်လေ၏။ မိုဝူကျီကို နှုတ်ဆက်ပြီးသည့် နောက်တွင် သူမက ယန်အာကြောင်း မေးကြည့်လိုက်သည်။။

မိုဝူကျီက ပြန်ဖြေလိုက်၏။

“သူမက ငါ့ရဲ့ မိသားစုဝင်ပါ ... သူမ အခြေအနေက တော်တော်ဆိုးနေတယ် အဲဒါကြောင့် ငါနဲ့အတူတူ ခေါ်လာခဲ့လိုက်တာ ... ”

ချင်ရှုန်းယုက ချက်ချင်း ပြန်ပြောလိုက်၏။

“ရပါတယ် ... အစေခံ တပည့်အများစုက သူတို့မိသားစုကိုပါ ခေါ်လာလေ့ရှိတယ် ... အချိန်တစ်ခု ကြာပြီးသွားရင် မိသားစုဝင်တွေလည်း အစေခံတပည့် အဖြစ် ဝင်လို့ရတယ် ... ”

နှစ်ယောက်သား စကားပြောရင်း ဝင်းထဲသို့ လျှောက်လှမ်းလာကြသည်။

“ဂိုဏ်းတူ ညီမလေးချင် ... ”

“ဂိုဏ်းတူ အစ်မချင် ... ”

***

မိုဝူကျီက ချင်ရှုန်းယုနောက်မှ လိုက်လာရင်း လမ်းတစ်လျှောက်ရှိ များစွာသော လူများက သူမကို နှုတ်ဆက်ကြ၏။ ကြည့်ရသည်မှာ ချင်ရှန်းယုကား ဤနေရာတွင် နာမည်ကြီးကာ ကောင်းကောင်း ဆက်ဆံခံရပုံပေါ်၏။

ချင်ရှန်းယု နာမည်ကြီးသည့် အချက်ကား သူမ၏ လှပသောပုံပန်း သဏ္ဌာန်အပြင် သူ့မောင်လေးကြောင့်လည်း ပါနိုင်သည်ဟု မိုဝူကျီက မှန်းဆလိုက်မိ၏။ သူသည် သေချာပေါက် အဆင့်နိမ့်ထဲမှ မဟုတ်ပေ။

“မင်း မောင်လေးရော ဒီမှာပဲလား ... ငါ သူ့ကို ကျေးဇူး တင်သင့်တယ်လို့ ထင်တယ် ... ” မိုဝူကျီက မေးလိုက်လေသည်။ သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသို့ ဝင်နိုင်ခြင်းမှာ ချင်ချန်းကြောင့် ဖြစ်၏။ အကယ်၍ ချင်ချန်းသာ ဤနေရာတွင် ရှိပါက သူ့ကို ကျေးဇူးတင်ချင်သည်။

“သူက သွားပြီ ... အဖြစ်အပျက် အကြီးကြီး ဖြစ်လာတော့မယ်လို့ ကြားလိုက်တယ် ... အဲဒါကြောင့် သူပိုပြီး ကျင့်ကြံဖို့ လိုအပ်တယ်ဆိုပြီး ပြောသွားတယ် ... ” ချင်ရှန်းယုက ရှင်းပြလိုက်လေသည်။

မကြာခင်တွင် နှစ်ယောက်သား အခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။ မိုဝူကျီက “အစေခံတပည့် မှတ်သားရေးဌာန” ဟု ရေးထွင်းထားသော ဆိုင်းဘုတ်ကို တွေ့သည်။ ထိုသည်က အစေခံဖြစ်ခြင်း အတွက် မှတ်ပုံတင်ရမည့် နေရာ ဖြစ်လောက်၏။

ချင်ရှန်းယုက မိုဝူကျီကို တီးတိုး ပြောပြလိုက်သည်။

“ဒီလူက အစေခံ တပည့်တွေကို တာဝန်ယူ အုပ်ချုပ်နေတဲ့ တာဝန်ခံ ဝူခိုင်းတဲ့ ... သူ့ကို ရှင့်အကြောင်း ပြောပြထားတယ် ... အဲဒါကြောင့် စိတ်မပူနဲ့ ... ”

ပြောလိုက်ပြီးနောက် ချင်ရှန်းယုက တံခါးခေါက်လိုက်သည်။။ ခဏအကြာတွင် တံခါးက ပွင့်လာလေ၏။ ဆံပင် ဖိုးရိုးဖားရားနှင့် မိန်းမငယ်လေး ထွက်ပေါ်လာကာ သူမ ခြေလှမ်းများက ပုံမှန်မဟုတ်သလို မျက်နှာတွင်လည်း အနီရောင် သန်းနေလေ၏။

မိုဝူကျီက စိတ်ထဲတွင် ကျိန်ဆဲမိလိုက်၏။ သူက အရူးတစ်ယောက် မဟုတ်ပေ။ တစ်ချက်တည်းဖြင့် သူနှင့် ချင်ရှန်းယုက ဝူခိုင်း၏ ပျော်စရာ အချိန်လေးများကို နှောင့်ယှက်မိကြောင်း သိလိုက်၏။

ဝူခိုင်းက ကြမ်းကြုတ်ဟန် မျက်နှာနှင့် သက်လတ်ရွယ် အမျိုးသား တစ်ယောက်ဖြစ်၏။ သူ့မျက်လုံးများက မှေးကာ နှုတ်ခမ်းက ငေါထွက်နေ၏။ ရှင်းရှင်းပြောရလျှင် ရုပ်ဆိုးသော သူတစ်ယောက် ဖြစ်လေ၏။ မိုဝူကျီ ဝင်လာသည်ကို မြင်သောအခါ သူ့အမူအရာက ပို၍ပင် ရုပ်ဆိုးလာကာ မျက်လုံးတွင်လည်း စိတ်မရှည်မှု အရိပ်အယောင်များကို မြင်တွေ့နေရ၏။ သို့သော်လည်း သူက ချင်ရှုန်းယုကို မြင်သောအခါ သူ၏ စိတ်မရှည်သည့် အမူအရာကို ချက်ချင်း ဖုံးကွယ် ထားလိုက်ပြီး ရယ်မောကာ မေးလိုက်၏။

“ဂျူနီယာ ချင်က ကျွန်တော့်ကို လာရှာတာလား ...

ချင်ရှန်းယုက ပြုံးကာ ဘာမှ မပြောခင် ခါးညွှတ်နှုတ်ဆက် လိုက်လေ၏။

“တာဝန်ခံ ဝူ ... ဒါက ကျွန်မရဲ့ မိတ်ဆွေ မိုဝူကျီပါ ... နောင်ကျ သူက ရှင့်လက်အောက်မှာ အလုပ် လုပ်လိမ့်မယ် ... တာဝန်ခံဝူ သူ့ကို စောင့်ရှောက်ပေးပါဦး ...”

ဝူခိုင်းက တက်တက်ကြွကြွ ရယ်မောရင်း ပြောလိုက်လေသည်။

“ဒါပေါ့ ဒါပေါ့ ... အစားအစာ ဌာနက အခုတလော လူတွေ လိုနေတာ သူအဲဒီမှာ လုပ်လို့ရတယ် ... အဲဒီမှာဆိုရင် အေးအေးဆေးဆေးနဲ့ ကောင်းကောင်းစား‌ ကောင်းကောင်း နေနိုင်လိမ့်မယ် ... ဒါက ဝတဲ့ အလုပ်ပေါ့ဗျာ”

မိုဝူကျီက မျက်မှောင်ကြုတ်ကာ သူကား ဝက်မဟုတ်ပေ။ ထို့ကြောင့် ကောင်းကောင်း စားသောက်ရန် မလိုချေ။ ထို့အပြင် သူသည် အစားအစာဌာနတွင် ထိုမျှစားသောက် ရလိမ့်မည် မဟုတ်လောက်ပေ။ သူက ချက်ပြုတ်ရမည့်သူသာ ဖြစ်နေလိမ့်မည်။

ချင်ရှန်းယုက မိုဝူကျီအကြောင်းကို အနည်းငယ် နားလည်၏။ သူမသည် မိုဝူကျီက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသို့ ဝင်ရောက်လာခြင်းမှာ အစားအစာအတွက် မဟုတ်ကြောင်း သိ၏။ မိုဝူကျီက ကျင့်ကြံခြင်း အကြောင်း ပို၍ နားလည် လိုသောကြောင့်သာ ဂိုဏ်းသို့ ဝင်ကာ အစေခံတပည့် လုပ်ရန် ဆန္ဒရှိခြင်း ဖြစ်လေ၏။

မျှဝေအိမ်ရာတွင် မိုဝူကျီက အမြဲတမ်း ကျင့်ကြံခြင်း အကြောင်း လေ့လာစုံစမ်း နေလေ့ရှိသည်။ ထိုမှတစ်ဆင့် သူမက ကျင့်ကြံခြင်းအပေါ် သူ၏ စိတ်ဝင်စားမှုကို မှန်းဆမိလေ၏။

“တာဝန်ခံဝူ ... တခြား နေရာတွေရော မရှိတော့ဘူးလား ... ကျင့်စဉ်ခန်းမကို သန့်ရှင်းရေး လုပ်ရတာမျိုး ဖြစ်ဖြစ်ပေါ့ ... ” ချင်ရှန်းယုက အစေခံ ဌာနအကြောင်း သေချာမသိပေ။ သို့သော် မိုဝူကျီက ကျင့်ကြံခြင်းကို စိတ်ဝင်စား သောကြောင့် ကျင့်စဉ်ခန်းမ သန့်ရှင်းရေးက သူ့အတွက် ကောင်းပေလိမ့်မည်။

ဝူခိုင်းက အားနာစွာ ပြောလိုက်လေ၏။

“နည်းနည်း ခက်ခဲမှာကို စိုးရိမ်မိပါ့ ... ဒီနေရာက ပြည့်သွားပြီ ... သူ့အတွက်နဲ့ အဲဒီလူကို ဖယ်ထုတ်လို့ မရဘူးလေ ...”

အကယ်၍ ချင်ရှုန်းယုရဲ့ မောင်လေးက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းက ထိပ်တန်းပါရမီရှင် ဆယ်ယောက်ထဲမှ မဟုတ်ပါက သူမကို ထိုမျှ ပြောပြနေစရာ မလိုပေ။ ချင်ချန်း မရှိလျှင် သူမကဲ့သို့ အပြင်စည်း တပည့်အား ထည့်မတွက်သင့်ပေ။

မိုဝူကျီက ချင်ရှန်းယု၏ ရည်ရွယ်ချက်ကောင်းကို နားလည်သော်လည်း သူကား အစေခံ သာသာမျှ မဖြစ်ချင်ပေ။ သူသည် အခွင့်အရေးကောင်း ရကာ တစ်ပန်းသာသော လူဖြစ်ချင်၏။

မိုဝူကျီက ဝူခိုင်းသည် ထိုသို့ ပြောနေခြင်းမှာ သူ့အား မကူညီချင်မှန်း သိသာနေ၏။ ထို့အပြင် သူတို့ တံခါးခေါက် လိုက်သည့်အခါ သူ၏ ပျော်စရာ အချိန်များကို နှောင့်ယှက်မိလိုက်၏။

ထိုအရာကို တွေးမိပြီး မိုဝူကျီက ချင်ရှုန်းယုကို တည့်တည့် ပြောလိုက်သည်။

“စီနီယာအစ်မချင် ... အလုပ် မများဘူးလား ... အရင် ပြန်နှင့်လိုက်ပါ့လား ... ကျွန်တော်ပဲ တာဝန်ခံနဲ့ ထပ်ပြောကြည့် လိုက်ပါ့မယ် ...”

ချင်ရှုန်းယုက မိုဝူကျီကို အံ့ဩတကြီး ကြည့်လိုက်လေ၏။ ဝူခိုင်းအသံမှ ဝူခိုင်းသည် မိုဝူကျီအား ကူညီရန် ဆန္ဒမရှိကြောင်း ရှင်းလင်းနေ၏။ လက်တွေ့တွင် အကယ်၍ ဝူခိုင်းသာ သူမကို မကူညီပါက သူမတွင် အကူညီမဲ့လှ၏။ သူမသည်လည်း သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းသို့ ဝင်ရောက်နိုင်ခြင်းမှာ သူမ မောင်လေးကြောင့်သာ ဖြစ်ကာ သူမ အရည်အချင်းကြောင့် မဟုတ်ပေ။

ဝူခိုင်းက စိတ်ထဲတွင် လှောင်ပြောင် လိုက်သော်ငြား အပြင်ဘက်တွင် ပျူငှာဖော်ရွေသည့် ပုံစံဖြင့် ပြောလိုက်လေ၏။

“ဂျူနီယာ ညီမလေးချင် ... စိတ်မပူပါနဲ့ ... နောင်ကျ သူက ကျွန်တော့် လူတွေထဲက တစ်ယောက် ဖြစ်လာမှာပဲလေ ... ဒါပေါ့ ဂရုစိုက်ရမှာပေါ့ ... ”

“ဟုတ်ပြီ ... အဲဒါဆို ကျွန်မ သွားနှင့်တော့မယ် ... အစ်ကိုမို ... တစ်ခုခု လိုအပ်ရင် ကျွန်မကို လာရှာပေးပါနော် ... ” သူမ ထွက်မသွားခင် ချင်ရှန်းယုက မိုဝူကျီကို သတိပေးလိုက်လေ၏။

မိုဝူကျီက ချင်ရှန်းယုနှင့် ဆက်ဆံရေးကို အမှီပြုပြီး သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် ဝင်ခွင့်ရခဲ့၏။ ထို့အပြင် ချင်ရှန်းယုကား လူသစ်သာ ဖြစ်သေးသည့် အတွက် လုပ်ပိုင်ခွင့် အာဏာမရှိချေ။ ထို့ကြောင့် မိုဝူကျီက သူမအား ထိုကိစ္စနှင့် ပတ်သက်ပြီး ဒုက္ခမပေးလိုပေ။

ချင်ရှုန်းယု ထွက်သွားပြီး နောက်တွင် ဝူခိုင်း၏ အပြုံးကား ချက်ချင်းပင် ပျောက်ကွယ်သွားကာ အလေးမထားဘဲ ပြောလိုက်လေ၏။

“တကယ်တမ်း ငါတို့မှာ အစေခံတပည့်တွေ လုံလုံလောက်လောက် ရှိတယ် ... ဂျူနီယာ ညီမလေးချင်ကြောင့်သာ မဟုတ်ရင် မင်းက ဂိုဏ်းကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး ... အစားအစာ ဌာနသာ ဝင်လိုက်တော့ ... ”

မိုဝူကျီက ပြုံးလိုက်လေ၏။ သူက အေးအေးဆေးဆေး ထိုင်လိုက်ပြီးတော့ သူ့နောက်ကျောတွင် ရှိနေသည့် ယန်အာကို ညွှန်ပြကာ

“တာဝန်ခံဝူ ... ခင်ဗျား မြင်တဲ့အတိုင်း ကျွန်တော်မှာ နေမကောင်းတဲ့သူ ပါလာတယ် ... ပြီးတော့ ကျွန်တော်က ဆေးဖော်စပ်ခြင်း အကြောင်း သိတယ် ကိုယ်ပိုင် ဆေးဖော်စပ်ရေး ကိရိယာတွေပါ ပါလာတယ် ... တာဝန်ခံဝူက ကျွန်တော်ကို ဆေးဥယျာဉ်မှာ အလုပ်တာဝန် ချပေးဖို့ မျှော်လင့်ပါတယ် ... ပြီးတော့ ကျွန်တော်က အစွန်အဖျားက သီးခြားနေရာမှာ နေချင်တယ် အဲဒါကြောင့် တစ်ယောက်တည်း နေချင်တယ် ... ”

ဝူခိုင်းက စိတ်ထဲတွင် သရော်လိုက်သည်။။ ကြည့်ရသည်မှာ ဤလူက သူကိုယ်သူ အရေးပါလှပြီဟု ထင်နေဟန် ရ၏။ နိမ့်ကျသော အစေခံက ထိုသို့သော တောင်းဆိုချက် များစွာကို ပြုလုပ်ရဲ၏။ လက်တွေ့တွင် အစေခံ တပည့်များက တစ်ယောက်တည်း နေခွင့်ရသော်လည်း သူက သူနေချင်သည့် နေရာကို ပြန်ရွေးချယ် ချင်သေးသည်လား ... ထို့အပြင် သူက သူလုပ်ရမည့် အလုပ်ကိုပင် ရွေးနေသေး၏။

မိုဝူကျီက ဝူခိုင်း၏ တုံ့ပြန်မှုကို မစောင့်ဘဲ သားရေအိတ်ကို ထုတ်ယူကာ ဝူခိုင်းရှေ့တွင် ချပေးလိုက်ရင်း ပြောလိုက်၏။

“တာဝန်ခံဝူ ... ဒါက ပင်လယ် ကျားသစ်ပျံဥပါ ... တာဝန်ခံဝူက ကျွန်တော့်‌ တောင်းဆိုချက်တွေ လက်ခံပေးလို့ ကျေးဇူး အရမ်းတင်ပါတယ် ... အဲဒါကြောင့် ကျွန်တော့် ကျေးဇူးတင်မှုကို ပြသည့်အနေနဲ့ တာဝန်ခံဝူကို ဒီဥလေး လက်ဆောင် ပေးပါ့ရစေ ... ”

မိုဝူကျီက ထိုစကားများကို ပြောဖို့ရန် ခက်ခဲသော အချိန်များ ရှိခဲ့၏။ သို့သော် နေရာ တစ်နေရာစာ ရရန်အတွက် သူသည် အပေးအယူ လုပ်ရန် လိုအပ်လေ၏။ လူများက စွမ်းဆောင်ရည် ကင်းမဲ့သောအခါ သူတို့သည် အမျိုးမျိုးသော အပေးအယူမျိုးကို တွေ့ကြုံဖို့ လိုအပ်လှ၏။ မိုဝူကျီက ကမ္ဘာမြေပေါ်တွင် ထိုသင်ခန်းစာနှင့် ပတ်သက်ပြီး နက်ရှိင်းစွာ နားလည်ခဲ့၏။

“ပင်လယ် ကျားသစ်ပျံလား ... ” ဝူခိုင်းက မိုဝူကျီကို လှောင်ပြောင် သရော်ရန် ရည်ရွယ် ထားသော်ငြား စကားလုံးများကို မျိုချလိုက်ရ၏။ သူက သားရေအိတ်ကို ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။။

မကြာခင်တွင် သူ့မျက်လုံးတွင် လောဘစိတ်များ ထင်ဟပ်လာလေ၏။ ထိုသည်က အမှန်တကယ်ပင် ပင်လယ် ကျားသစ်ပျံ၏ဥ ဖြစ်ကာ ဥအတွင်းမှ ရှင်သန်မှုကိုပင် အာရုံခံမိ၏။

ပင်လယ် ကျားသစ်ပျံဥကား အလွန်အမင်း အဖိုးတန်လေ၏။ ပင်လယ် ကျားသစ်ပျံသည် သန်မာရုံ သာမက ရှာတွေ့ဖို့ရန်လည်း ခက်ခဲလှ၏။ အကယ်၍ ပင်လယ် ကျားသစ်ပျံကို ရှာမတွေ့နိုင်လျှင် ဥဆိုသည်မှာ ဝေးလာဝေးဖြစ်၏။ ပင်လယ် ကျားသစ်ပျံဥ ရှိခြင်းသည် သူ့တွင် သားရဲပျံတစ်ကောင် ရှိခြင်းပင် ဖြစ်သည်။ အကယ်၍ သူ အသုံးမပြုလျှင်ပင် ပြန်လည် ရောင်းချနိုင်၏။

ဤပင်လယ် ကျားသစ်ပျံဥက ဝူခိုင်းကို များစွာ သွေးဆောင် ဖြားယောင်းနေလေ၏။

“ညီလေး မင်းကို ဘယ်လိုခေါ်ရမလဲ ... ” အခုချိန် မတိုင်ခင်အထိ ဝူခိုင်းက မိုဝူကျီ၏ အမည်ကိုပင် မမေးခဲ့ချေ။

“မိုဝူကျီပါ ... ” မိုဝူကျီက ဝူခိုင်းနှင့် စကားစမြည် မပြောလိုသောကြောင့် တိုတိုတုတ်တုတ်သာ ပြန်ပြောလိုက်၏။

သားရေအိတ်ကို ယူထားပြီး ဝူခိုင်းက ရယ်မောရင်း ပြောလိုက်လေ၏။

“ဂျူနီယာချင် ထောက်ခံ ပေးထားတဲ့လူက ကျွန်တော့် မိတ်ဆွေပဲပေါ့ ... တကယ်တမ်း ဆေးဥယျာဉ်မှာ အလုပ်ရှိသေးတယ် ... ဒါပေမဲ့လဲ ညီလေးမိုကို အဲဒီမှာ မလုပ်စေချင်ဘူး ... အဲဒီမှာဆိုရင် အားလပ်ချိန်ရမှာ မဟုတ်တော့ဘူး ... ”

“တာဝန်ခံဝူ ... ကျွန်တော့် အဖော်က အရမ်းကို နေမကောင်း ဖြစ်နေတယ် ... အဲဒါကြောင့် ဆေးတွေနဲ့ ဆေးလုံးများ အကြောင်း သင်ယူချင်လို့ပါ ... ” မိုဝူကျီက ပြောလိုက်၏။

ဝူခိုင်းက ပြုံးကာ တိုးတိုးလေး ပြောလိုက်သည်။

“ညီလေးမို ... တကယ်လို့ ဆေးအကြောင်း သင်ယူချင်ရင် ဘာလို့ ဆေးဖော်စပ်ခန်းမှာ အလုပ် မလုပ်တာလဲ ... ”

“ဆေးဖော်စပ် ခန်းလား ... ” မိုဝူကျီက တွေဝေစွာ မေးလိုက်၏။ သူသည် အမှန်တကယ် နားမလည်ပေ။

ဝူခိုင်းက လေးလေးနက်နက် ပုံစံဖြင့် ပြောလိုက်လေသည်။

“ဆေးဖော်စပ်ခန်းက ငါတို့ဂိုဏ်းရဲ့ ဆေးဆရာ အလုပ်ပေါ့ ... သူတို့ ဆေးပင်တွေ လိုအပ်တိုင်း သူတို့က ကိုယ်တိုင် သွားယူစရာ မလိုဘူး သူတို့ရဲ့ လူကို ခေါ်လိုက်ရုံပဲ ... အရေးကြီးဆုံးက သူတို့က ဆေးလုံးကို နေ့တိုင်း မဖော်စပ်ဘူး ... သူတို့က တစ်လ တစ်ခါလောက်ပဲ လုပ်ကြတာ ... အဲဒီမှာလုပ်ရင် မင်းမှာ အချိန်အများကြီး အားလိမ့်မယ် ... ပြီးတော့ မင်းလည်း ဆေးအကြောင်း သင်ယူလို့ ရလိမ့်မယ် ... ”

မိုဝူကျီက အူမြူးနေကာ ပင်လယ် ကျားသစ်ပျံဥကို ပေးလိုက်ရခြင်းက အမှန်တကယ် ထိုက်တန်၏။ ထိုနေရာကား သူ့အတွက် ပြုလုပ်ထားသည့် နေရာ ဖြစ်ရမည်။

“တာဝန်ခံဝူ ... ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ် ... ကျွန်တော်‌ ဆေးဖော်စပ်ခန်းကို သွားလိုက်ပါ့မယ် နောင်ကျရင်လည်း ကျွန်တော့်ကို စောင့်ရှောက်ဖို့ တာဝန်ခံဝူကိုပဲ ဒုက္ခပေးရဦးမယ် ...” မိုဝူကျီက ကျေးဇူးတင်စွာ ပြောလိုက်လေသည်။

ဝူခိုင်းက လက်ပြလိုက်ကာ

“ဒါက ဘာမှ မဟုတ်ပါဘူး ... မင်းကို နေဖို့ရာ စီစဉ်ပေးမယ် ... သေချာပေါက် မင်းနေချင်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရာမျိုးပေါ့ ... ပြီးတော့ မင်းကို ဆေးဖော်စပ်ခန်း ၁၉ကို ပို့ပေးမယ် အဲဒါကို သုံးတဲ့သူ လူနည်းနည်းပဲ ရှိတာ ... ”

***

All Chapters