← Chapters

လျှို့ဝှက်ဆန်းကြယ် စာအုပ်

Vol. 5 Ch. 69

လျှို့ဝှက်ဆန်းကြယ် စာအုပ်

Vol. 5 Ch. 69

ပြင်ဆင် ပြီးသည့်နောက် မိုဝူကျီ ပထမဆုံး လုပ်သည့်အရာက ရှန်းလျဲ့ ပေးခဲ့သော စာအုပ်ကို ထုတ်ကြည့်ခြင်း ဖြစ်၏။ သူ့လက်ထဲတွင် ထိုစာအုပ်ကား ငှက်မွေးလေး ကဲ့သို့ ပေါ့ပါးနေလေ၏။

စာအုပ်ကို ဖွင့်ကြည့် လိုက်သောအခါ စာရွက်သားက သူမသိသော ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိလိုက်သည်။ စာရွက် တစ်ရွက်ချင်းကား မျှော်လင့် ထားသည်ထက် ပို၍ပင် ပါးလွှာနေလေ၏။ ပါးလွှာလွန်းသည့် စာရွက်သားကြောင့် စာအုပ်တွင် အနည်းဆုံး စာရွက်ရာကျော် ပါလောက်မည်ဟု ခန့်မှန်းမိလိုက်သည်။ ။

ပထမ စာမျက်နှာတွင် “ဆေးလုံး ဖော်စပ်ရေး နည်းလမ်းကား အမှန်စင်စစ် နည်းလမ်း ဖြစ်၏။ ဆေးလုံးဖော်စပ်သူ တစ်ယောက်ဖြစ်ဖို့ ဆေးနည်များကို နှိုက်နှိုက်ချွတ်ချွတ် သိရမည် ...” ဟူသော ပုရွက်ဆိတ်ထက် သေးသော စာလုံးသေးများဖြင့် အကြောင်းများစွာ ရေးထားသည်ကို တွေ့လိုက်ရ၏။ ဆေးနည်းနှင့် ဘာပတ်သက်မှု ရှိတာလဲ ... ဆေးဖော်စပ်နည်းက ဆေးဖော်စပ်ခြင်းတွေ အတွက် ဖြစ်ပြီး ဆေးလုံး ဖော်စပ်ခြင်းကား ဆေးလုံးဖော်စပ်သူတွေ အတွက် ဖြစ်၏။

(မှတ်ချက်။ ။ ဆေးဆိုသည်မှာ မိုဝူကျီ အရင်က ဖော်စပ်ခဲ့သည့် ပင်နီဆီလင်ကဲ့သို့ ဆေးမျိုးဖြစ်ပြီး ဆေးလုံးကား ဝိညာဉ်ဆေးလုံး ကဲ့သို့ ဆေးဖြစ်၏)

“ဝိညာဉ် ဆေးပင်တွေနှင့် သေမျိုး ဆေးပင်တွေ အားလုံးမှာ ကိုယ်ပိုင်လမ်း ကိုယ်စီ ရှိကြတယ် ... တစ်လမ်းတည်း လျှောက်နေတဲ့ ဆေးပင်ဆိုတာ မရှိဘူး ... အကယ်၍ တစ်ခုက ဆေးဖော်စပ်ခြင်း လမ်းပေါ် ရောက်လာရင် ဆေးလုံး ဖော်စပ်ခြင်းက ဖြစ်နိုင်တယ် ... ဆေးနည်းကနေ ဆေးလုံးအဆင့် ရောက်သွားပြီဆိုရင် လမ်းဘေးက မြက်ပင်တောင် အင်မော်တယ်ဆေးလုံး ဖော်စပ်လို့ ရလိမ့်မယ် ... ”

မိုဝူကျီက လေအေးများ ရှူသွင်းလိုက်မိ၏။ ဤဆေးစာအုပ်ကား တရားလွန် သဘာဝများ ပါရှိ၏။ ထို့ကြောင့် ဆေးပင်များ၏ တူညီလှသော အရိုးအတံ၊ အပွင့်အညှာများပင် ဆေးလုံး ဖော်စပ်ခြင်းတွင် ဆန်းသစ် မတူညီသော ပြုလုပ်ချက်များ လိုအပ်လေသည်။ ဘယ်လောက်များ ခက်ခဲ လိုက်မည်နည်း ... ထို့အပြင် ဆေးစာအုပ်တွင် အကယ်၍ လူတစ်ယောက်က ဆေးဖော်စပ်သူမှ ဆေးလုံး ဖော်စပ်သူ ဖြစ်လာပါက လမ်းဘေးက ခွေးမြီးမြက်ပင် အင်မော်တယ် ဆေးလုံး ဖော်နိုင်လိမ့်မည်ဟု ညွှန်းဆိုထား၏။

တစ်စုံတစ်ခုကား မှားယွင်းနေလေ၏။ ရှန်းလျဲ့က ဤစာအုပ်က စကားလုံးမဲ့ ဆေးနည်းစာအုပ်ဟု မပြောခဲ့ဘူးလား ... သူက စာအုပ်ကို နည်းလမ်းများဖြင့် မပြုလုပ်ရ သေးပေမဲ့ စာလုံးများကို မည်သို့ ဖတ်နိုင်နေသနည်း ... ထိုအချိန်တွင် သူက စာရွက်ကို လှန်လိုက်ပြီး အရင်မှ ဖတ်ထားသည့် အပိုင်းကို ပြန်ဖတ်ဖို့ ပြုလုပ်လိုက်သည်။ အံ့ဩဖွယ် ကောင်းသည်က စာရွက်လွတ်များပင် ကျန်ရှိနေလေ၏။ မျက်လုံးကို ပွတ်လိုက်ပြီး မိုဝူကျီက သူ့မျက်လုံးများ အမြင်မှား သလားဟု တွေးတောနေမိသည်။

ထိုဆေးနည်း စာအုပ်ကား အလွန်ပင် အံ့အားသင့်ဖွယ် ဖြစ်၏။ သူနှင့် ကံတရားချင်း ဆက်စပ်နေလိမ့်မည်။ သို့သော် တစ်ကြိမ်သာ ဖတ်ခွင့်ပြုလေ၏။ သူသည် ဆေးနည်း စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများကို မေ့သွားပါက သူက ဘယ်တော့မှ ပြန်မှတ်မိတော့မည် မဟုတ်သလို ပြန်ဖတ်၍လည်း မရနိုင်တော့ပေ။ ထိုအရာကို သတိပြုမိပြီး မိုဝူကျီက စာရွက်ကို ထုတ်ယူကာ ကူးယူထားဖို့ လုပ်ဆောင်လိုက်သည်။ ။ သို့သော် ရုတ်တရက်ပင် ဆေးနည်းစာအုပ်မှ တောက်ပသည့် မီးဝိညာဉ် စွမ်းအား တစ်ခုပေါ်ပေါက် လာပြီး သူကူးယူနေသည့် စာရွက်ကို တိုက်စား သွားလေသည်။ စာရွက်ကား ချက်ချင်းပင် ပြာအဖြစ်သို့ ရောက်ရှိသွားလေ၏။ မိုဝူကျီ၏ ကျင့်ကြံဆင့်ကား အလွန် နိမ့်သေးသောကြောင့် မီးဝိညာဉ် စွမ်းအားကို မမြင်နိုင်သလို ခံစားမိခြင်းလည်း မရှိချေ။

မိုဝူကျီ ကိုင်ဆောင်ထားသည့် ဘောပင်ကား ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။ မသိသော အရာများကား လူသားများအတွက် ကြောက်စရာ အကောင်းဆုံး ဖြစ်လေ၏။

သူ့အမြင်မှ သူက ဤနေရာတွင် ကျင့်ကြံနိုင်လျှင်ပင် အင်မော်တယ် သခင်အဖြစ်သို့ ရောက်နိုင်ခဲ့ပါက စကြဝဠာ တစ်ခုလုံးတွင် အံ့ဖွယ်တစ်ခု အဖြစ် ပါဝင်သွားလိမ့်မည်။

နည်းပညာအတွက် ခေတ်ရှေ့ပြေးဖို့ ဆိုတာ ဖြစ်နိုင်ပြီး တူညီစွာပင် တခြားသော နယ်ပယ်များတွင်လည်း စိတ်ကူးဖြင့် မှန်းမရနိုင်သည့် အဆင့်တစ်ခု အထိ ရောက်ရှိနိုင်လေ၏။ ထို့ကြောင့် အင်မော်တယ် အဆင့်ထိ ကျင့်ကြံခြင်းမှာ ထူးဆန်းသည် သို့မဟုတ် ကောင်းကင်တစ်ခွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ခြင်းမှာ ထူးဆန်း လွန်းသည်ဟု မခံစားရချေ။ ထိုသည်က သာမန်လူထက် ရုပ်ပိုင်းဆိုင်ရာ အားကောင်းသော လေ့ကျင့်ထားသည့် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်ကို ကြည့်နေရသည်နှင့် တူလှ၏။ သို့သော်လည်း သူ့ရှေ့တွင် ဖြစ်ပျက်နေသော ကိစ္စများသည် လက်ခံဖို့ပင် ထူးဆန်းလွန်းလှသည်။ မည်သည့် လှုပ်ရှားမှု မရှိဘဲနှင့် မီးစတင် လောင်ကျွမ်းခြင်း ... သူ ကူးယူနေသည့် စာရွက်သည် မီးတောက်လောင်ပြီး ပြာအဖြစ် ရောက်သွားလေ၏။ ကောင်းကင်ဘုံက သတင်း စကားများလား ... ဆေးနည်း စာအုပ်ထဲမှ အကြောင်းအရာ များသည် လျှို့ဝှက်ချက် အနေနှင့် တည်ရှိကြောင်း ပြောပြနေသည် များလား ...

နောက်ဆုံးတွင် မိုဝူကျီက စိတ်ငြိမ်အောင် ထားလိုက်ပြီး စိတ်ထဲမှ ထိုအတွေးများကို ပယ်ဖျောက် လိုက်လေ၏။ အရေးကြီးသည်က ဆေးနည်းစာအုပ် လေ့လာရေးအပေါ်တွင် သာ အာရုံစိုက် ထားရန် ဖြစ်ပြီး မည်သူ၏ သတင်းစကား သို့မဟုတ် ရည်ရွယ်ချက်များကို မဟုတ်။ သူ၏ အဓိက ပန်းတိုင်ကား ထိပ်တန်းဆေးလုံး ဖော်စပ်သူ ဖြစ်လာရန် ဖြစ်ပြီး ယန်အာ၏ ဒဏ်ရာမျာကို ကုသပေးရန် ဖြစ်၏။ ထို့ကြောင့် အသေးစိတ် ကိစ္စများတွင် အချိန်ဖြုန်းတီး နေရန် အကြောင်းမရှိပေ။ သူ့စာရွက်က မည်သို့ အလိုအလျောက် လောင်ကျွမ်း သွားသည်ကို နားမလည်သော်လည်း အနာဂတ်တွင် ဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်လောက်၏။

“ဆေးလုံးဖော်စပ်ခြင်း အခန်း (တစ်) ဆေးသီအိုရီ ...” မိုဝူကျီက ဆေးနည်းစာအုပ် ဖတ်ခြင်းတွင် အာရုံနှစ်မြှုပ် ထားလိုက်ပြီး သတိမထားမိစဉ် တစ်ရက်တာကား ကုန်ဆုံးသွားလေ၏။ ညရောက်သည့်အခါ ညအမှောင်ကား သူ့အား စာဖတ်ခြင်းမှ တားဆီးနေလေသည်။ နောက်ဆုံးတွင် သူက ထိုင်ခုံမှ ထကာ ယန်အာနှင့် သူ့အတွက် ညစာ ပြင်ဆင်ရန် မီးဖိုချောင်သို့ ဦးတည်လိုက်လေ၏။ ယန်အာကို အစာကျွေးပြီး သေချာ သိပ်ပြီးသည့် နောက်တွင် စာဖတ်ခြင်းကို ခဏနားကာ စတင်၍ ကျင့်ကြံလိုက်လေသည်။

မျက်စိတစ်မှိတ် အတွင်း ငါးရက် ကုန်ဆုံးသွားလေ၏။ မိုဝူကျီက ဝူခိုင်းသည် သူ့ကို မလိမ်ကြောင်း သတိပြုမိလိုက်၏။ ဆေးဖော်စပ်ခန်း ၁၉တွင် အမှန်တကယ်ပင် အလုပ်မရှိချေ။ ဤငါးရက်တာ သူဒီမှာနေစဉ်အတွင်း ဆေးဖော်စပ်ခန်း ၁၉မှ အလုပ်တာဝန်များ ကျမလာခဲ့ချေ။ ထိုအချက်ကို စိတ်ပူပင်မိ၍ ဆေးဖော်စပ်ခန်း ၁၉သို့ တစ်ချက် သွားကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။

အခြားသော ဆေးဖော်စပ်ခန်းများ ဝန်းကျင် တစ်လျှောက်တွင် ဆူညံသံများဖြင့် ပြည့်နေပြီး အစေခံ တပည့်များက ဆက်တိုက်ဆိုသလို ဝိညာဉ်ဆေးပင် သိုလှောင်ရုံသို့ ဝင်ချည် ထွက်ချည် ပြုလုပ်နေကြ၏။ သို့သော် သူတစ်ယောက်သာ ဘာမှ လုပ်စရာမရှိချေ။ မိုဝူကျီသည် အစက ဝိညာဉ်ဆေးပင်များကို ပိုမို သိရှိရန် နှင့် ဆေးဖော်စပ်ခြင်းတွင် အခြေအနေ စောင့်ကြည့်ရန် ရည်ရွယ်ထားလေ၏။ တကယ်တမ်း ဆိုလျှင် ဆေးလုံး ဖော်စပ်သူများ၏ အလုပ်ကို ကိုယ်တွေ့မြင်နိုင်ခြင်းက ကမ္ဘာပေါ်ရှိ သီအိုရီများကို လေ့လာခြင်းထက် ပို၍ ကောင်းနိုင်လိမ့်မည်။ သို့သော်လည်း သူ့တွင် ဘာမှ လုပ်စရာ မရှိသောကြောင့် သူ့အကြံကား ကျရှုံးသွားရ၏။

တစ်ခုတည်းသော သူ့အတွက် ရရှိသည့် အရာကား သူ၏ စောင့်ရှောက်မှု အောက်တွင် ယန်အာ၏ ကျန်းမာရေးသည် တည်ငြိမ်လာခြင်းပင် ဖြစ်၏။ ရက်အနည်းငယ်ပင် ရှိသေးသော်လည်း သူမမျက်နှာသည် ကျန်းကျန်းမာမာ သွေးရောင်သန်း လာလေပြီ။ သူမ ခန္ဓာကိုယ်လည်း ဖြည်းဖြည်းချင်း ကောင်းမွန်လာနေ၏။ ထိုမျှ တိုးတက် လာသော်လည်း မိုဝူကျီစိတ်ထဲတွင် ယန်အာ၏ ခန္ဓာကိုယ်က မည်မျှပင် ကျန်းမာစေကာမူ ဝိညာဉ် လမ်းကြောင်းများကို မပြုပြင်ပဲနှင့် သူမအတွက် လုံးဝ ပြန်ကောင်းလာရန် ခက်ခဲကြောင်း နားလည်၏။

ဆေးဖော်စပ်ခန်း ၁၉မှပေးသော ကြာရှည်လှသော အားလပ်ချိန်ကား သူ့အတွက် လိုအပ်သောအရာ ဖြစ်လေ၏။ သူသည် နေ့ဘက်တွင် ဆေးနည်းစာအုပ်၏ ပါဝင် အကြောင်းအရာများကို လေ့လာဆန်းစစ်ပြီး ညဘက်တွင် ကျင့်ကြံခြင်းနှင့် အချိန်ကုန်လေ့ရှိ၏။ ဤနေရာရှိ ဝိညာဉ်စွမ်းအား စုစည်းခြင်းကား အမှန်ပင် နည်းလွန်းလှ၏။ သို့သော် မိုဝူကျီက ကျင့်ကြံသည့်အခါ ကြီးမားသော ပတ်လည်အတွင်းမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်လေ၏။ ဝိညာဉ်စွမ်းအား လိုအပ်ချက်သည် သူ့ကျင့်ကြံဆင့် နိမ့်၍ သိပ်မလိုသေးပေ။ ထို့ကြောင့် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် လေ့ကျင့်သော်လည်း သူ့တိုးတက်နှုန်းကား မြန်နေဆဲ ဖြစ်၏။ သို့သော် တစ်ချိန်တည်းတွင် သူဆွဲယူနိုင်သည့် ဝန်းကျင်က အရမ်းကို ကြီးမားသည့် အတွက် တခြားသူများ၏ အာရုံစိုက်ခံရမှာကိုပင် လန့်မိ၏။ ထို့ကြောင့် သူက ကျင့်ကြံရန် ညဘက်ကို ရွေးချယ်ခြင်း ဖြစ်လေသည်။

နောက်ထပ် နှစ်ပတ်ကား လျင်မြန်စွာပင် ကုန်ဆုံးသွားလေ၏။ ယန်အာလည်း ဖြည်းဖြည်းချင်း သူမ၏ မူလသွင်ပြင်ကို ပြန်ရလုနီးပါး ဖြစ်နေလေချေပြီ။ ယခု သူမတွင် အမြင်တင့်တယ်သော ပိုးသားကဲ့သို့ ဆံနွယ်များ ရှိနေ၏။ သူမမျက်နှာတွင်လည်း သွေးရောင် ပြန်သန်းနေကာ တစ်ချိန်က ဟောက်ပက် ဖြစ်နေသော သူမ၏ ပါးများပင် ပြန်ပြည့်နေလေပြီ။ သို့သော် သူမက ဘာမှ မလုပ်နိုင်သေးချေ။ နေ့စဉ် မိုဝူကျီ လေ့လာနေစဉ်တွင် သူမက ရေကန်ဘေးမှာ နေ၍ ဖြစ်စေ သို့မဟုတ် သူ့ကို ကြောင်ကြောင်လေး ကြည့်နေတတ်သည်။ တစ်ခါတစ်ရံ သူမက ရေကန်ဘေးတွင် အေးအေးလူလူ လမ်းလျှောက်လေ့ရှိသည်။ မိုဝူကျီ ကျင့်ကြံနေစဉ်တွင် သူမက အိပ်စက်၏။ အခြေအနေကား အလွန့်လွန် ဖြစ်ပုံပေါ်သော်လည်း သူက လက်မလျှော့ချေ။ နေ့ဘက်တွင် သူ စာဖတ်၍ ပြီးဆုံးပါက သူက ယန်အာနှင့် စကားပြောလေ့ရှိသည်။ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားကာ ယန်အာပင် မိုဝူကျီ‌ ပြောနေသည့် စကားများ၏ အဓိပ္ပာယ်ပင် နားလည်လာလေပြီ။

ကံကြမ္မာငင်သည့် နေ့တစ်ရက်တွင် မိုဝူကျီသည် နောက်ဆုံး အဓိက လှည့်ပတ်ခြင်း ပြီးဆုံးသွားကာ သူ့အား ပြည့်နှက်နေသော စွမ်းအားတစ်ခု ဖြည့်ပေးလိုက်သည့် နောက်တွင် သူ့ချီသွေးကြောများက တုန်ခါလာသည်ကို ခံစားမိလိုက်၏။ ထိုခံစားချက်ကား ကြမ်းကြုတ်စွာ အော်ဟစ်မှု ထွက်ပေါ်လာအောင် နှိုးဆွနေလေသည်။ သူသည် အိမ်မှ ထွက်လိုက်ပြီး ကျောက်တုံးကို လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်စဉ် ကျောက်အပိုင်းအစ များကား နေရာအနှံ့ ပြန့်ကျဲ သွားသော်ငြား သူက ဘာမှ မခံစားရပေ။

အခု ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ်သို့ ရောက်သွားလေချေပြီ ... မိုဝူကျီက အဝေးမှ ကျောက်အပိုင်းအစများကို ကြည့်ကာ အသက်ဝအောင် ရှူသွင်းလိုက်လေ၏။ သူတွင် ဆရာသမား မရှိ သို့မဟုတ် အင်မော်တယ်မှ သင်ယူရန် အခွင့်အရေးလည်း မရှိသော်ငြား မိုဝူကျီက အချိန်တိုအတွင်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ်သို့ တက်လှမ်းနိုင်ခဲ့၏။ သူကြားဖူးသည်များကို အခြေခံ၍ ပါရမီရှင်ပင်လျှင် အပေါများဆုံး ဝိညာဉ် စွမ်းအားများနှင့် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်တစ်မှ အဆင့်နှစ်သို့ တက်လှမ်းရန် အနည်းဆုံး အချိန်တစ်လခန့် လိုအပ်၏။ သို့သော် အရာအားလုံးကို ဆန့်ကျင်၍ သူသည် နှစ်ပတ်အတွင်း လုပ်နိုင်ခဲ့လေ၏။ မဟုတ်သေးပါဘူး ... ည နှစ်ပတ်တာလို့ ပြောသင့်သလား ... ကမ္ဘာပေါ်က မည်သည့် ပါရမီရှင်က သူ၏ ကျင့်ကြံနှုန်းကို လိုက်မီနိုင်မည်နည်း ...

သို့သော်လည်း သူတွင် ဝိညာဉ်ကြော မပါရှိမှုကြောင့် သူဖြစ်ရပ်ကို မည်သူနှင့်မျှ မမျှဝေရဲပေ။ မဟုတ်လျှင် သူအလိုရှိသည့် ကောင်းကင် အဆင့်ဂိုဏ်းကိုပင် ဝင်ရောက်နိုင်လိမ့်မည်။

မိုဝူကျီက ဖြည်းဖြည်းချင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးပမ်းလိုက်သည်။ လှည့်ကြည့် လိုက်သည့်အခါ ယန်အာက အဝေးမှ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရ၏။

“ယန်အာ ... တစ်ရက်ကျရင် မင်းရဲ့ ဝိညာဉ် လမ်းကြောင်းတွေ ပြင်ပေးပြီး ကုသပေးမယ် ... တစ်ရက်ကျ အထွတ်အထိပ် ဓားမြို့တော်က လူတွေကို မင်းအပေါ် လုပ်ခဲ့တဲ့ အရာအားလုံး အတွက် လက်စားချေပေးမယ် ...” ယန်အာရှေ့ကို လျှောက်သွားလိုက်ပြီး သူမ လက်ကို ဆွဲကာ စကားလုံး တစ်လုံးချင်းစီကို အလေးအနက်‌ ပြောလိုက်လေ၏။ သူ့တွင် အခွင့်အရေး ရှိသည်ဟု အမှန်တကယ် တွေးမိသည်။ သူသည် ယခု ကျင့်ကြံကာ ဆေးလုံး ဖော်စပ်ခြင်းကိုလည်း ရွေးချယ်လိုက်ပြီ ဖြစ်၏။

စကားဝိုင်း တစ်လျှောက်လုံး ယန်အာ မျက်နှာသည် အမူအရာ မပြောင်းလဲပဲသာ ကျန်ရှိနေလေ၏။ သူမသည် မိုဝူကျီဘေးတွင် ရှိနေနိုင်ပါက ကမ္ဘာပေါ်တွင် မည်သည့်အရာကိုမှ ဂရုမစိုက်သည့် အလား ဖြစ်နေ၏။

ယခု သူသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်နှစ်သို့ ရောက်ရှိပြီ ဖြစ်သောကြောင့် ကျင့်ကြံခြင်း အပြင် မိုဝူကျီအတွက် ချီသွေးကြောများ ဖွင့်ရန် နေရာရှာသည်က အကောင်းဆုံး ဖြစ်လေ၏။ မဟုတ်လျှင် သူ၏ နောက်ပိတ်ဆို့မှုကို မည်သည့်အချိန်တွင် ကြုံတွေ့ရမည်ကို မည်သူ သိမည်နည်း ...

ထို့အပြင် သူသည် ဆေးလုံး ဖော်စပ်ခြင်းတွင် တိုးတက်လိုပါက ဆေးမီးပြင်းဖို ရရှိရန် နည်းလမ်းရှာဖို့ လိုအပ်သေး၏။ လေ့လာ ထားသည်များကို အသုံးချရမည့် နေရာ လက်တွေ့ လိုအပ်လေသည်။ ဆေးနည်းစာအုပ် ဖတ်ခြင်း တစ်မျိုးတည်းဖြင့် ရှေ့ဆက် မသွားနိုင်ပေ။ မိုဝူကျီ ရင်ဆိုင်ရမည့် အတားအဆီး များစွာ ရှိသော်ငြား သူ့အတွက် လက်လျှော့ရမည့် အချိန် မဟုတ်သေးပေ။

“တီ ... တီ ... ” မိုဝူကျီက ဖက်တီးကွမ်းမှ အကြံဉာဏ် ရယူရန် စဉ်းစားနေစဉ်တွင် ဆေးဖော်စပ်ခန်း ၁၉ မှ ကျောက်စိမ်း အမှတ်အသားက ထမြည်လာလေသည်။

သူ၏ သွက်လက်လှသော အရှိန်ဖြင့် မိုဝူကျီသည် အခန်းမှ လျှပ်တစ်ပြက် အတွင်း ပြေးထွက်လာကာ ယန်အာကို ပြောလိုက်သည်။

“ငါ အပြင်ခဏ သွားလိုက်ဦးမယ်နော် ... ဒီမှာ စောင့်နေ ... လျှောက်မသွားနဲ့နော် ... ”

ယန်အာကို တိုတိုတုတ်တုတ် ပြောပြီးသည်နှင့် မိုဝူကျီက ဆေးဖော်စပ်ခန်း ၁၉ကို ဦးတည် လိုက်လေသည်။ မည်သို့သော ဆေးလုံး ဖော်စပ်သူများလည်း ... ညသန်းခေါင်ယံတွင် အမှန်တကယ် ဆေးလုံး ဖော်စပ်နေသည်လား ...

***

All Chapters