← Chapters

ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့်လှည့်စားခြင်း

Vol. 51 Ch. 711

ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့်လှည့်စားခြင်း

Vol. 51 Ch. 711

အခန်း (၇၁၁) ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့်လှည့်စားခြင်း

လော့ကျီးထောင်တို့အုပ်စုမှာ ကံကောင်းပြီး ယိုးမင်ဧကရာဇ်ဂူဗိမာန်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသော်လည်း ကျိုးဟောက်ရှန်းတို့အုပ်စုကတော့ အောင်မြင်မှုရရှိရန် ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။

ကျိုးဟောက်ရှန်းက ပိုးသားဝိညာဉ်အလံကိုဝှေ့ယမ်းရင်း လော့ကျီးထောင်အား တိုက်ခိုက်လိုက်သည်။

ထိုအချိန် ယိုးမင်ကျွမ်းကျင်သူက ယိုးမင်တစ္ဆေမီးအိမ်ကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်လျှက် ကျန်လက်တစ်ဖက်က ယိုးမင်ဂိုဏ်း၏ အမြင့်ဆုံးအဆင့် ထိပ်တန်းသိုင်းပညာကို ထုတ်ဖော်ကာ လော့ကျီးထောင်ကို တိုက်ခိုက်နေ၏။

လော့ကျီးထောင်မျက်နှာအမူအရာက အေးစက်နေပြီး အာရုံစူးစိုက်လျှက် လက်နှစ်ဖက်ကို လေထဲသို့ပင့်မြှောက်ပြီး ရွှေရောင်နေဝန်းနှင့် တောက်ပသောလဝန်းကို မြင့်တက်လာစေသည်။ နေနှင့်လ မြင့်တက်လာသည်နှင့် အတူတကွ ပေါင်းစပ်သွားပြီး များပြားလှစွာသော အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် လင်းထိန်တောက်ပလာသည်။

နေလအလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်နှင့် မှေးမှိန်သည့်အလင်းရောင်က ပျောက်ကွယ်လွင့်ပါးသွားသည်။ နေရောင်နှင့် လရောင်သည် အလင်းနှင့်အမှောင်ကြားတွင် အပြောင်းအလဲများစွာနှင့်အတူ တဖျပ်ဖျပ် လင်းလက်နေသည်။

အဆိုပါနေနှင့်လတွင် ထူးခြားသော အဆုံးမဲ့တန်ခိုးစွမ်းအား (၂)ခုက တုန်လှုပ်ဖွယ်ရာ ပါဝင်ပေါင်းစပ်နေပြီး မိုးမြေကိုချိုးဖျက်တော့မည့်အလား လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားကြီးတစ်ခု ထွက်ပေါ်လာသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲ ဆတ်ခနဲ ဖြစ်သွားသည်။

“အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ‘နေလစကြာ’ ပဲ”

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ကွမ်းမင်ဂိုဏ်းချုပ် ‘လော့ကျီးထောင်’ သည် ‘နေလစကြာ’ ကို စွမ်းအားအပြည့် ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။ သို့တိုင် နေနှင့်လတို့၏ တန်ခိုးစွမ်းအားမြင့်တက်လာသည်နှင့် မိုးမြေတစ်ခွင် အထွတ်ထိပ်နတ်ဘုရားတစ်ပါးပမာ တန်ခိုးစွမ်းအားများ မြင့်တက်လာသည်။

ကျိုးဟောက်ရှန်းမှာ သူနှင့် ထိပ်တိုက်တွေ့ရန် မဖြစ်နိုင်တော့ပေ။ သူက လက်ထဲမှ ပိုးသားဝိညာဉ်အလံရှည်ကို ဆက်လက်ဝှေ့ယမ်းရင်း နက်နဲသောအမှောင်ထုတွင်းနက်ကြီးအဖြစ် ဖန်ဆင်းကာ မြင့်တက်လာသည့်နေနှင့်လကို နှေးကွေးစေလိုက်သည်။

ကျိုးဟောက်ရှန်းလက်ထဲမှ ရှည်လျားသောအလံသည် လှံရှည်တစ်လက်ပမာ ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွား၏။

ဤသည်က ယိုးမင်ဂိုဏ်း၏ အထွတ်ထိပ်သိုင်းပညာတစ်ရပ်ဖြစ်သော “အသင်္ချေအမှောင်ထုလှံရှည်” ဖြစ်ပြီး ဗလာနယ်တစ်ခုလုံးအား အလင်းရောင်မရှိသော ကမ္ဘာအဖြစ်သို့ ပြေင်းလဲသွားစေသည်။ ဗလာနယ်အတွင်း ဝင်ရောက်လာသော အလင်းတန်းများအားလုံး မရှိမှုအဖြစ် ပြောင်းလဲပျက်ဆီးသွားသည်။

အလင်းရောင်ကင်းစင်သော ဗလာနယ်ထဲတွင် အရာခပ်သိမ်းကိုဝါးမျိုနေသော နက်ရှိုင်းသည့်တွင်းနက်ကြီးပမာ အမှောင်ထုသာ တည်ရျိနေပြီး အသင်္ချေသောသက်ရှိများမမွေးဖွားမီ ထာဝရအမှောင်ထုအလား ထင်မှတ်ရသည်။

သို့တိုင် ‘နေလစကြာ’ ကို ကိုင်ဆောင်ထားသော လော့ကျီးထောင်က အလင်းရောင်နှင့် တောက်ပမှုလုံးဝမရှိသော ဗလာနယ်ကိုကျော်လွန်ကာ အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်၏။

တောက်ပသည့် နေလအလင်းတန်းများက အမှောင်ထုကို ဝါးမျိုသွားပြီး ‘နေလစကြာ’ ၏ တည်ရှိမှုကို ပိုမိုအားကောင်းလာစေသည်။ အလင်းတန်းများလှည့်ပတ်သွားသည်နှင့် ပတ်ဝန်းကျင်ဗလာနယ်၏ နယ်နိမိတ်များသည်ပင် ဝေဝါးသွားသည်။

ရန်ကျောက်ကဲအမြင်ဆိုရသော် အလင်းကမ္ဘာသည် မရပ်မနားရွေ့လျားနေပြီး အမှောင်ကမ္ဘာက အနောက်သို့ မရပ်မနား ပြန်လည်ဆုတ်ခွာသွားသည်ကို တွေ့ရသည်။

ယိုးမင်ကျွမ်းကျင်သူက လက်တစ်ဖက်ဖြင့် ယိုးမင်မီးအိမ်ကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က လက်ဝါးဇောင်းဖြင့် ခုတ်ချလိုက်သည်။ တစ်ဝက်တောက်ပ ၊ တစ်ဝက်မှောင်မိုက်နေသည့် မှိန်ဖျော့သောအလင်းတန်းများက ဓားတစ်လက်ဖြစ်တည်လာပြီး နေလအလင်းတန်းများကို ပြင်းထန်သောဖိအားဖြင့် ဖြိုခွင်းလိုက်သည်။

ကျိုးဟောက်ရှန်းက ယိုးမင်ကျွမ်းကျင်သူကို ထိန်းချုပ်ထားပြီး ယိုးမင်တစ္ဆေမီးအိမ်မှစွမ်းအားကို ယူငင်အသုံးပြုနိုင်ရန် မီးအိမ်အား အမြန်ဆုံးသန့်စင်နေသည်။ များပြားလှစွာသော အနက်ရောင်သင်္ကေတများက ယိုးမင်တစ္ဆေမီးအိမ်ထက်တွင် ထွက်ပေါ်လာပြီး အလင်းရောင်နှင့်တောက်ပမှုမရှိသည့်တိုင် မရပ်မနား ပျံ့နှံ့လျှက် ရှိ၏။

နှစ်ဖက်ကြား ပြင်းထန်သောတိုက်ခိုက်မှုအတွင်း ‘နေလစကြာ’ မှ အသွင်ကူးပြောင်းသွားသော နေဝန်းကြီးက ကြီးကျယ်ခမ်းနားသော်လည်း တောက်ပသောလဝန်းကတော့ ပြီးပြည့်စုံခြင်းမရှိဘဲ အနည်းငယ် နှေးကွေးနေကြောင်း တွေ့မြင်ရ၏။

ဘယ်လိုပဲကြည့်ကြည့် တောက်ပသောလဝန်းက ပြီးပြည့်စုံခြင်းမရှိဟု ထင်မှတ်ရသည်။

နေလစကြာသည် ယခင်က ပျက်ဆီးခဲ့ဖူးပြီး ထိုအချိန်မှစတင်ကာ ဤချို့ယွင်းချက်ပြန်လည်ကောင်းမွန်လာခြင်းမရှိဟု ကောလဟလများ ထွက်ပေါ်ခဲ့သည်။

လက်ရှိမြင်ကွင်းက ဤအချက်ကို သက်သေပြနေသလိုပင်။

သို့တိုင် လော့ကျီးထောင်က အရှိန်မြှင့်ပြီး ဆက်လက်ဖိအားပေးတိုက်ခိုက်နေသဖြင့် ကျိုးဟောက်ရှန်းမှ ယိုးမင်ကျွမ်းကျင်သူ အကူအညီယူထားသည့်တိုင် အတော်လေး တောင့်ခံနေရသည်။

အကယ်၍ ဤအတိုင်းဆက်သွားမည်ဆိုပါက ကျိုးဟောက်ရှန်းအနေဖြင့် ယိုးမင်တစ္ဆေမီးအိမ်ကို လုံးလုံးလျားလျား သန့်စင်နိုင်မည်လား ၊ မီးအိမ်ပျက်ဆီးသွားမည်လား မသိနိုင်ပေ။ အခြေအနေက ချက်ချင်းပြောင်းလဲသွားနိုင်သည်။

ယိုးမင်ဂိုဏ်းမှအကြီးအကဲများက ကျိုးဟောက်ရှန်းနှင့် လော့ကျီးထောင်တို့တိုက်ခိုက်နေသည့်နေရာသို့ လျှင်မြန်စွာချဉ်းကပ်လာကြသည်။ သို့တိုင် ကွမ်းမင်ဂိုဏ်းမှလူများသည်လည်း တစ်ချက်နောက်တွန့်ခြင်းမရှိဘဲ သူတို့ကို တားဆီးလိုက်ကြ၏။

အဆုံးမရှိသောအမှောင်ထုကြားတွင် တောက်ပသောအလင်းရောင် မွေးဖွားလာတော့မည့်အလား ယိုးမင်တစ္ဆေမီးအိမ်သည် နောက်တစ်ကြိမ် ထွန်းလင်းလာတော့မည်ဟု ထင်မှတ်ရသည်။

ဒါကိုမြင်တော့ ယိုးမင်ဂိုဏ်းမှအကြီးအကဲများ စိတ်သက်သာရာရသွားကြသည်။

သို့သော် ရန်ကျောက်ကဲကတော့ သံသယဝင်နေဆဲပင်။ သူက မျက်ဝန်းများကိုကျဉ်းမြောင်းရင်း နေလစကြာမှ တောက်ပသည့်လဝန်းကို သေသေချာချာ အကဲခတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကျောက်သားတံခါးကိုလည်း အရှိန်အဟုန်မြှင့်လျှက် စည်းတံဆိပ်ကိုဖြေလျှော့နေ၏။

လဝန်းကိုသေသေချာချာကြည့်လေ တစ်ခုခုမှားနေပြီဟု ရန်ကျောက်ကဲ ခံစားရလေ ဖြစ်သည်။

ယိုးမင်ဂိုဏ်းမှလူများ အနည်းငယ်စိတ်အေးလက်အေးဖြစ်နေချိန် ရန်ကျောက်ကဲက အသံကိုမြှင့်လျှက် သတိပေးစကားဆိုလိုက်သည်။

“သတိထား... လော့ကျီးထောင် လှည့်စားနေတာ ၊ နေလစကြာက အပြည့်အဝပြန်ကောင်းနေပြီ”

ပရမ်းပတာဗလာနယ်ထဲတွင် သူတို့အားလုံး မတူညီသည့် အချိန်နှင့်နေရာသို့ရောက်ရှိနေကြပြီး တစ်ယောက်နှင့်တစ်ယောက် စကားပြောရန်ကြိုးစားသည့်တိုင် ပြောဆိုနိုင်ခြင်း မရှိကြပေ။

သို့သော် ရန်ကျောက်ကဲ၏အသံက သူတို့နားထဲသို့ တည်ငြိမ်စွာပင် ဖြတ်သန်းဝင်ရောက်လာသည်။

ထိုစကားကိုကြားတော့ ယိုးမင်ဂိုဏ်းမှအကြီးအကဲများ အံ့အားသင့်သွားကြသည်။

ကျိုးဟောက်ရှန်း စိတ်အစဉ်သည်လည်း တုန်ခါသွား၏။

စောစောက ခံစားချက်ကင်းမဲ့ဟန်ရှိသော ကွမ်းမင်ဂိုဏ်းချုပ်လော့ကျီးထောင်က ရုတ်တရက် ရယ်မောလိုက်သည်။

ထို့နောက် နေလစကြာမှ နေရောင်နှင်လရောင်တို့က ရုတ်ချည်း ပိုမိုအားကောင်းလာသည်။ ယခင်က အမြဲတမ်း ပြီးပြည့်စုံခြင်းမရှိခဲ့သော တောက်ပသည့်လဝန်းမှာ အလင်းတန်းများဖြာလင်းလျှက် စွမ်းအားများစွာ မြင့်တက်လာသည်။

ကျိုးဟောက်ရှန်းမျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး...

“နေလစကြာ တကယ်ပဲ ပြန်ကောင်းလာပြီလား”

လော့ကျီးထောင်က သူ၏လက်ဖဝါးနှစဖက်ကို ဦးခေါင်းထက်သို့ တစ်ပြိုင်တည်းပင့်မြှောက်လျှက် လက်အုပ်ချီသည့်သဏ္ဌန် စုစည်းလိုက်သည်။ ထို့နောက် အေးစက်စွာပြုံးရင်း ရှေ့သို့တိုးလာသည်။

နေနှင့်လ၏အလင်းရောင်များ တောက်ပလာပြီး ကြောက်မက်ဖွယ်ရာ ဓားသွားအဖြစ်ပြောင်းလဲသွားကာ ကျိုးဟောက်ရှန်း၏ဓားချက်ဖြင့် အသင်္ချေအမှောင်ထုလှံရှည် ချက်ချင်းပင် ပျက်ဆီးသွားသည်။

ဒါကိုမြင်တော့ ယိုးမင်ဂိုဏ်းမှအကြီးအကဲများအားလုံး အလွန်တရာ တုန်လှုပ်သွားကြသည်။ ယခင်က ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့သော နေလစကြာသည် ယခုတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့ပေပြီ။ ယခုတော့ ‘နေလစကြာ’ က အပြစ်အနာအဆာကင်းပြီး ပြီးပြည့်စုံသော အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအဖြစ် အထွတ်ထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လော့ကျီးထောင်က ‘နေလစကြာ’ ၏ စွမ်းအားကို အလုံးစုံထုတ်ဖော်နိုင်ခြင်း မရှိသည့်တိုင် ဤရတနာပစ္စည်း၏ တန်ခိုးစွမ်းအားပြင်းထန်မှုက မေးခွန်းထုတ်ရမည့်အရာ မဟုတ်ပေ။

ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးထားရင်း သူ့စိတ်ထဲမှသံသယကို အတည်ပြုလိုက်၏။

“ထူးကဲယင်သရဖူ...”

ထူးကဲယင်သရဖူကိုရရှိပြီးနောက်ပိုင်း ကွမ်းမင်ဂိုဏ်းအနေဖြင့် ထိုသရဖူကို လွတ်လပ်စွာကိုင်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

လော့ကျီးထောင် ရုတ်တရက် စွမ်းအားမြင့်တက်လာခြင်းက ကျိုးဟောက်ရှန်း၏ခန့်မှန်းချက်ကို ကျော်လွန်သွားသဖြင့် ယာယီနောက်ပြန်ဆုတ်လိုက်ရသည်။ ရန်ကျောက်ကဲ၏ သတိပေးချက်ကြောင့်သာ သူ့အနေဖြင့် လော့ကျီးထောင်၏ ရုတ်တရက်တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပြီး ယိုးမင်ကျွမ်းကျင်သူကို ထိန်းချုပ်ပြီး ယိုးမင်မီးအိမ်နှင့်အတူ ပြန်လည်ဆုတ်ခွာစေနိုင်ခဲ့ခြင်း ဖြစ်သည်။

လော့ကျီးထောင်၏အကြည့်က ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းဆီသို့ ဖြတ်သန်းသွားပြီး...

“အဓိပ္ပါယ်မဲ့ ရုန်းကန်နေကြတာပဲ”

ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး  အတိုင်းအဆမရှိသော နေလဓားအလင်းတန်းဖြင့် အောက်သို့ ခုတ်ပိုင်းချလိုက်သည်။

သူက ကျိုးဟောက်ရှန်းထက် ပိုမိုမြန်ဆန်လေရာ ကျိုးဟောက်ရှန်းမှာ ဟန်ချက်ပျက်သွားပြီး လော့ကျီးထောင်ကို ထိန်းချုပ်ရန် ခက်ခဲသွားသည်။ ယိုးမင်ကျွမ်းကျင်သူက ပိတ်ဆို့ထားသော်လည်း ကြီးမားသောအလင်းဓားက လော့ကျီးထောင်၏ အစိတ်အပိုင်းတစ်ခုပမာ ဖြစ်နေသဖြင့် အဆင်မပြေခဲ့ပေ။

အတိုင်းအဆမရှိကြီးမားသော ဓားအလင်းတန်းက တောက်ပလင်းလက်သည့် လေနှင့်လပမာ ရွှေရောင်နှင့်ငွေရောင်များ ဖြာထွက်လာသည်။ ထို့နောက် ရွှေရောင်နေခြည်က မှိန်‌ဖျော့သွားပြီး ငွေရောင်လရောင်ခြည်က ပိုမိုအေးစိမ့်လာကာ အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။

ဓားအလင်းတန်းက ယိုးမင်ကျွမ်းကျင်သူနှင့် ယိုးမင်တစ္ဆေမီးအိမ်ကို ချက်ချင်းပင် ပိတ်ဆို့ထားလိုက်၏။

ဖြတ်သန်းသွားသည့်အလင်းနှင့်အမှောင်က ယိုးမင်တစ္ဆေမီးအိမ်နှင့် အမှန်တကယ်ပင် ပဲ့တင်ထပ်သွားသည်။

လော့ကျီးထောင်က လျှပ်စီးပမာလျှင်မြန်သောအရှိန်ဖြင့် ရိပ်ခနဲပင် ယိုးမင်ကျွမ်းကျင်သူရှေ့သို့ရောက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ယိုးမင်ကျွမ်းကျင်သူမှာ ရုပ်သေးရုပ်တစ်ခုမျှသာ ဖြစ်သည်။ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ဆိုသော်လည်း အမတကူးပြောင်းခြင်းအဆင့်ရောက်ရှိရန် ခြေတစ်လှမ်းသာလိုတော့သည့် လော့ကျီးထောင်ကို ယှဉ်နိုင်စွမ်း မရှိပေ။

ပထမလက်ဝါးရိုက် ထိပ်တိုက်ရင်ဆိုင်ရစဉ်မှာပင် ယိုးမင်ကျွမ်းကျင်သူမှာ သူ့ကိုယ်သူ မထိန်းနိုင် ဖြစ်သွားသည်။ လော့ကျီးထောင်က ဒုတိယသိုင်းကွက် ထုတ်ဖော်လိုက်သည့်အခါ နဂိုကပင် လော့ကျီးထောင်ဓားချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရထားသော ယိုးမင်ကျွမ်းကျင်သူမှာ အချိန်မီမတုံ့ပြန်နိုင်တော့ပေ။

ကျိုး‌ဟောက်ရှန်းက ဒေါသတကြီးဖြင့် ကြုံးဝါးသံပြုရင်း လော့ကျီးထောင်ရှိရာသို့ ရောက်လာပြီး စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။

သို့တိုင် လော့ကျီးထောင်က လုံးဝ နောက်ပြန်မလှည့်ခဲ့ပေ။ အလင်းတန်းများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ရွှေရောင်ချပ်ဝတ်အဖြစ်ပြောင်းလဲသွားသည်။

ကျိုးဟောက်ရှန်း၏ တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် နောက်ထပ် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို အသုံးပြုလိုက်ခြင်း ဖြစ်ပေ၏။

All Chapters