အရေခွံခွာ၍ နင်းချေခြင်း
Vol. 110 Ch. 1636
“အဲ့ကလေးနဲ့အတူ ယွင်နိုင်ငံတစ်ခုလုံး မြှုပ်နှံခံရမယ်”
ယဲ့ဖန်က ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် မိခင်ဘုရင်မအား ကြည့်လိုက်သည်။
“မင်းလည်း အတူတူပဲ”
ထိုစကားသံအဆုံး၌ မြို့တော်တစ်ခုလုံး ငိုသံများ ညံသွားကာ အားလုံး ငိုကြွေးကြလေသည်။
“ကျွန်တော် ဝန်ခံပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကို မသတ်ပါနဲ့”
“ကျွန်တော် မှားမှန်း သိပါပြီ၊ နောက်ထပ် အခွင့်အရေးလေး ပေးပါ”
သူတို့ ယဲ့ဖန်ကို အသည်းအသန် တောင်းပန်ကြသည်။ သို့သော် ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာ ခေါင်းခါလိုက်သည်။
“နောက်ကျလွန်းသွားပြီ”
“အခု မင်းတို့ ဝန်ခံတောင်းပန်တာကို ငါ မလိုချင်ဘူး၊ မင်းတို့ကို သူတို့နဲ့အတူ မြှုပ်နှံလိုက်တာကိုပဲ လိုချင်တယ်”
ထို့ကြောင့် ယွင်နိုင်ငံသားများ ပိုမို၍ ငိုကြွေးကြလေသည်။ သူတို့ နောင်တရနေ၏။ သူတို့သာ အရင်ဆုံး ဝန်ခံတောင်းပန်ခြင်း ပြုခဲ့လျင် ဤသို့ ဖြစ်လာမည် မဟုတ်ပါ။
“ပြေးတော့”
ချက်ချင်းဆိုသလိုပင် လူတိုင်း ယဲ့ဖန်နှင့် ဝေးရာသို့ အမြန်ဆုံးနှုန်းဖြင့် အသည်းအသန် ထွက်ပြေးကြသည်။ ဤနတ်ဆိုးလက်မှ လွတ်ချင်နေကြလေသည်။
သို့သော် ယဲ့ဖန်က သူတို့ကို မတားဆီးချေ။ အကြောင်းမှာ ဤအရာအားလုံးက အချည်းနှီး ဖြစ်နေသော ကြောင့်ပင်တည်း။ ယွင်နိုင်ငံသည် ပျက်စီးရမည့် ကံကြမ္မာ ရှိပြီးသားပင်။ သူတို့၏ ထွက်ပြေးသော နှုန်းက ဘယ်လိုလုပ် ယဲ့ဖန်၏ သတ်ဖြတ်မည့်နှုန်းကို ယှဉ်နိုင်ပါမည်နည်း။
“နင့်ကြောင့်၊ အားလုံးက နင့်ကြောင့်ပဲ”
မိခင်ဘုရင်မသည် ပိုင်လီဟုန်အား ရက်စက်ခက်ထန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအရူးကောင် ကြောင့်သာ မဟုတ်လျင် သူမ ဤသို့ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးကို ဘယ်လိုလုပ် ရန်စမိမည်နည်း။
ပိုင်လီဟုန်သည်လည်း အလွန် ထိတ်လန့်နေသော မျက်လုံးများနှင့်အတူ ကြက်သေ သေနေ၏။ ယဲ့ဖန်က မူလကတည်းက တည်ရှိနေသော ပုဂ္ဂိုလ် ဖြစ်လိမ့်မည်ဟု သူ ထင်မထားမိပါ။
သူသည် ရှေးနတ်ဘုရားများထက်ပင် ပို၍ အသက်ကြီးပြီး နတ်ဘုရားများနှင့် နတ်ဆိုးများဟုပင် မသတ်နိုင်ဘဲ မူလ တည်ရှိမှု ဖြစ်နေလေသည်။
“နင် သေသင့်တယ်”
မိခင်ဘုရင်မသည ပိုင်လီဟုန်ထံ ပြေးသွားပြီး လက်တစ်ဖက်ဖြင့် သူ့လည်ပင်းကိုညှစ်၍ မြှောက်လိုက်သည်။
“မိခင်ဘုရင်မ အသက်ချမ်းသာပေးပါ”
ပိုင်လီဟုန်၏ မျက်လုံးများ ပြူးကျယ်နေပြီး မိခင်ဘုရင်မအား ကြောက်လန့်တကြား ကြည့်နေသည်။ သူ မသေချင်ပါ။
“ငါ နင့်ကို အသက်ချမ်းသာပေးရင် ဘယ်သူက ငါ့အသက်ကို ချမ်းသာပေးမှာလဲ”
မိခင်ဘုရင်မတွင် မုန်းတီးစိတ်တို့ ပြည့်နှက်နေပြီး သူ့လည်ပင်းအား လိမ်ချိုးလိုက်ပြီးနောက် ဦးခေါင်းအား လည်ပင်းမှ ဆွဲဖြုတ်လိုက်သည်။
လတ်လတ်ဆတ်ဆတ် သွေးများက မိခင်ဘုရင်မ၏ မျက်နှာကို လာစင်သဖြင့် သူမပုံစံက ရက်စက်ကြမ်းကြုတ်၍ ကြောက်စရာ ကောင်းနေသည်။
ပိုင်လီဟုန်၏ မျက်နှာတွင် မယုံနိုင်လောက်အောင် ထိတ်လန့်နေဟန်များ ပေါ်လွင်နေဆဲပင်။ အဆုံးသတ်၌ သူ့ကို သတ်လိုက်သည့်သူက မိခင်ဘုရင်မ ဖြစ်နေသည်ကို မယုံနိုင် ဖြစ်ခဲ့ပုံရသည်။
မိခင်ဘုရင်မသည် ပိုင်လီဟုန်၏ ခေါင်းပြတ်ကိုကိုင်၍ ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်သည်။
“လူကြီးမင်း ဒီတပည့်က ဒီလူရဲ့ လှည့်စားတာကို ခံခဲ့ရတာပါ၊ ဒါကြောင့် မတတ်သာဘဲ လူကြီးမင်းရဲ့ ရန်သူ ဖြစ်လာရတာပါ၊ လူကြီးမင်း ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
ယဲ့ဖန်က သူမအား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။
“မင်း အမှိုက်ကောင်တစ်ကောင်ကို သတ်ပြီး ဟန်လုပ်လိုက်တာနဲ့ ငါ မင်းကို အသက်ချမ်းသာပေးမယ်လို့ ထင်နေတာလား”
“မင်း ဒီနေ့ သေရမယ်လို့ ငါ ပြောခဲ့သားပဲ”
ထိုသို့ပြောလိုက်ပြီးနောက် ယဲ့ဖန်က လက်တစ်ဖက်ကိုဆန့်၍ မိခင်ဘုရင်မ၏ မျက်နှာကို ဆုပ်ကိုင်လိုက်သည်။
“ချီးပဲ”
မိခင်ဘုရင်မက အော်ဟစ်လိုက်ပြီး လျင်မြန်စွာ လှုပ်ရှား၍ ဤနေရာမှ ထွက်ပြေးလေသည်။ သို့သော် ထိုအခိုက်တွင် နဂါးကိုးကောင် မီးလင်းဖိုက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး သူမဦးခေါင်းထက်သို့ ကျဆင်းလာသည်။
“ဒုန်း”
မိခင်ဘုရင်မသည် မြေကြီးပေါ် အရှိန်ဖြင့် ပစ်လဲကျသွားပြီး အရေပြား လန်၍ အရိုးများ ကျိုးကြေကုန်သည်။
“ယောက်ျား ကျွန်မကို ကယ်ပါဦး”
မိခင်ဘုရင်မက အော်ဟစ်၍ ရှဲပီ အလောင်းကောင်အား အကူအညီ တောင်းလေသည်။ သို့သော် ရှဲပီ အလောင်းကောင်က ဒူးထောက်မြဲ ထောက်ထားပြီး လှုပ်ရှားခြင်း မရှိပေ။
“ငါ မင်းကို မကယ်နိုင်ဘူး၊ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး”
သူ့အရှေ့မှ ကြောက်စရာကောင်းသော ဤပုဂ္ဂိုလ်ကို သူ ဘယ်လိုလုပ် အာခံရဲပါမည်နည်း။ သူ ဝင်ပါလိုက်လျင် မိခင်ဘုရင်မကို မကယ်နိုင်ရုံသာမက သူ့အသက်ကိုပါ စွန့်စားရပေမည်။
ထိုစကားကိုကြားသော် မိခင်ဘုရင်မက ကြံရာမရ ဖြစ်သွားလေသည်။
“ဒုန်း”
ထိုအခိုက်တွင် နဂါးကိုးကောင် မီးလင်းဖိုက ဧရာမ တောင်တစ်လုံး ကျလာသကဲ့သို့ ထပ်၍ ကျဆင်းလာပြီး မြေဆီလွှာအား အက်ကွဲသွားစေသည်။
“ဝေါ့”
မိခင်ဘုရင်မ ထပ်၍ သွေးအန်လာသည်။ သူမ၏ ကိုယ်တွင်းကလီစာများ ပျက်စီးသွားသောကြောင့် သွေးလေ ဖောက်ဖားကာ တစ်ကိုယ်လုံး ကြေမွလုမတတ် ဖြစ်နေ၏။
ဤကြောက်စရာကောင်းသော အလေးချိန်အား အင်မော်တယ် ဧကရာဇ်တောင်မှ မခံနိုင်ဘဲ အမှုန့်ဖြစ်မတတ် ဖိနှိပ်ခံနေရသည်။
“ဝိညာဉ် ကူးပြောင်းခြင်း”
ထိုစဉ် မိခင်ဘုရင်မက ထပ်မံ၍ သူမခန္ဓာကိုယ်ကို စွန့်ပစ်ကာ စိတ်ဝိညာည်ဖြင့် ထွက်ပြေးလေသည်။ သူမ၏ စိတ်ဝိညာဉ် မသေဆုံးသရွေ့ သူမ အစကနေ ပြန်စတင်နိုင်သည်။
ယဲ့ဖန်ကို သူမ အထင်သေးခဲ့မိသည်က စိတ်မကောင်းစရာပင်။
နဂါးကိုးကောင် မီးလင်းဖိုက လေဟာနယ်ထဲ၌ တုန်ခါလာပြီး ရုတ်တရက် ခရမ်းရောင်ချီများ လွင့်မျောလာပြီး ဧရာမ နဂါးကိုးကောင် ထွက်ပေါ်လာကာ ချွန်ထက်သော သွားများဖြင့် မိခင်ဘုရင်မ၏ ဝိညာဉ်ကို ကိုက်ဖြတ်ကာ ကောင်းကင်ထက်မှာပင် ပိုင်းဖြတ်လေတော့သည်။
မိခင်ဘုရင်မ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့နောက်တွင်မူ မိခင်ဘုရင်မ၏ စိတ်ဝိညာဉ်သည် ကိုယ်လက်အင်္ဂါ စုတ်ပြဲသွားသကဲ့သို့ တစ်စစီ ဖြစ်သွားလေသည်။
“မလုပ်နဲ့”
မိခင်ဘုရင်မက အော်ဟစ်ရင်းနှင့် လုံးဝ ပျောက်ကွယ်သွားသည်။
*သေသွားပြီ*
*မိခင်ဘုရင်မ တကယ် သေသွားပြီ*
ယွင်နိုင်ငံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း နားဝေတိမ်တောင် ဖြစ်ကာ အချို့ဆိုလျင် မြေကြီးပေါ် ပစ်လဲကျသွားပြီး ပေါင်ခြံ၌ စိုစွတ်လာသည်။
ပြန်ရောက်လာသော ရှုစန်းသော်သည်လည်း မိခင်ဘုရင်မက ယဲ့ဖန်ကြောင့် တစ်စစီ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
သူသည် ကြောက်လန့်လွန်းသောကြောင့် မြင်းပေါ်မှ ဘုန်းခနဲ အောက်ပြုတ်ကျသွားပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းသွားလေသည်။
သူ့အနောက်မှ ဖမ်းဆီးခံထားရသော တုန်းယွဲ့မျိုးနွယ်ဝင်များဖြစ်သည့် ဝမ်တုန်းရန်နှင့် အခြားသူများအားလုံး လက်ထိပ် ခတ်ခံထားရသည်။
မိခင်ဘုရင်မနှင့် ပိုင်လီဟုန်တို့ သေနေသည်ကို မြင်သောအခါ သူတို့ ဟားတိုက် ရယ်မောလိုက်ကြသည်။
“ဘုရားသခင် တကယ် ကြည့်နေတာပဲ၊ ဘုရားသခင်က တကယ်ကြီး ကြည့်နေတာ”
ဝမ်တုန်းရန် ရယ်မောနေပြီး စိတ်ထဲ၌ အလွန် ပျော်ရွှင်နေသည်။
*အဲ့အရူး သေသွားပြီ*
*ဟိုမိစ္ဆာမလည်း သေသွားပြီ*
*တန်တယ်*
*ဒါနဲ့ ထိုက်တန်တယ်*
သူတို့သည် သစ္စာရှိသော်လည်း ပိုင်လီဟုန်က ကောက်ကျစ်စဉ်းလဲသောသူ၏ စကားကိုသာ နားထောင်ခဲ့ပြီး သူ့မြေးမလေးကို သတ်ခဲ့ပြီး သူ၏ မျိုးနွယ်ကိုပါ ဖျက်ဆီးချင်ခဲ့သည်။
ထိုသို့သောအရူးက အသက်ရှင်မနေသင့်ပါ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရှုစန်းသော်သည် သူ မြင်နေရသော အရာကို မယုံနိုင် ဖြစ်နေ၏။ မိခင်ဘုရင်မက ယဲ့ဖန်ထံ၌ အသတ်ခံလိုက် ရသည်တဲ့လား။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
ငါ မင်းကို သတ်မယ်လို့ ပြောခဲ့တယ်”
ယဲ့ဖန်က ရှုစန်းသော်ကို မြင်သောအခါ လှောင်ရိပ်သန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရှုစန်းသော် တုန်လှုပ်သွားပြီး မြေကြီးပေါ်၌ အသည်းအသန် ဒူးထောက်၍ ယဲ့ဖန်အား သုံးကြိမ်တိုင်တိုင် ဂါဝရ ပြုလေသည်။
“မလုပ်ပါနဲ့ အရှင် ယဲ့ဘုရင်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော် မှားမှန်း သိပါပြီ၊ ကျွန်တော် လုလုကို တောင်းပန်ပါ့မယ်”
သူ နောင်တနေရသည်။ တဒင်္ဂ လောဘကြောင့် သူ့ကိုယ်သူ မှောင်မိုက်နေသော ချောက်နက်ထဲသို့ တွန်းချမိသည်။
လူလူသာ မသေခဲ့လျင် ဤလူက အနောက်ဘက်သို့ ထွက်လာမည် မဟုတ်သလို သူသည်လည်း ဤသို့ အဆုံးသတ်ရမည် မဟုတ်ပါ။
ကံဆိုးလှသည်။ အလွန် ကံဆိုးလှပေ၏။
မိခင်ဘုရင်မက ယဲ့ဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ဟု သူ တစ်ခါမှ ထင်မထားမိပါ။ အစက မိခင်ဘုရင်မ လှုပ်ရှားလိုက်သည်နှင့် ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် ယခု သူ့မျက်စိရှေ့မှ မြင်ကွင်းက အလွန် ထိတ်လန့်စေခဲ့သည်။ ဤသည်ကိုမြင်သော် ဝမ်တုန်းရန်နှင့် အခြားသူများက လှောင်ရယ်လာပြီး ရှုစန်းသော်အား ကျေနပ်အားရသလို ကြည့်လိုက်သည်။
“မင်း မသေချင်ဘူးလား”
ယဲ့ဖန် သိလျက်နှင့် မေးလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော် မသေချင်ပါဘူး၊ ကျွန်တော့်ကို နွားဖြစ်ဖြစ်၊ မြင်းဖြစ်ဖြစ် ကြိုက်သလို အသုံးချလို့ ရပါတယ်၊ ကျွန်တော့်ကိုသ မသတ်ပါနဲ့”
ရှုစန်းသော်က ဆန်စေ့ကို ကောက်စားနေသော ကြက်သဖွယ် ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
“လုလုလည်း သေချင်ခဲ့မယ်လို့ ငါ မထင်ဘူး”
ယဲ့ဖန် အပြုံးနှင့် မေးလိုက်သည်။
“ဒါပေမဲ့ မင်း သူ့ကို သေအောင် မီးရှို့သတ်ခဲ့တယ်မလား”
“ဝုန်း”
ရှုစန်းသော် ရုတ်တရက် လေထဲသို့ မြောက်တက်သွားပြီး သူ့လက်များက သူ့လည်ပင်းကို ပြန်၍ ညှစ်ထားသည်။ မမြင်ရသော လက်တစ်စုံက သူ့လည်ပင်းကို ညှစ်ခိုင်းနေသည်ဟု ခံစားနေရပြီး အသက်ရှူကျပ်လာသည်။
“ငါ မင်းကို ပေးမသေဘူးလို့ ပြောခဲ့သားပဲ”
ယဲ့ဖန်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တို့ဖြင့် တောက်ပနေပြီး လက်တစ်ဖက်ဖြင့် ရှုစန်းသော်ကို ဖမ်းဆွဲကာ အားဖြင့် ဆွဲချလေသည်။
“ဗြိ”
ယဲ့ဖန်ကြောင့် ရှုစန်းသော်၏ လူ့အရေပြားတစ်ခုလုံး ကွာကျသွားပြီး သွေးများ ပန်းထွက်လာသည်။
အောက်ဘက်မှ သွေးသံတရဲရဲနှင့် ကြွက်သားများကို မြင်နေရသည်။ ဤမြင်ကွင်းက အလွန် ကြောက်စရာ ကောင်းလှသည်။ ရှုစန်းသော်သည် အရေပြားမရှိသော လူတစ်ယောက် ဖြစ်သွားလေပြီ။
အကျိတ်များ၊ အာရုံကြောများ၊ သွေးကြောများ၊ သွေးလွှတ်ကြောများ၊ ဦးရေပြား မွေးညင်းပေါက်များ စသည်တို့ကို ရှင်းလင်းစွာ မြင်နေရသည်။
တစ်လောကလုံး၌ ချောက်ချားဖွယ် အကောင်းဆုံးသော အော်သံကို အားလုံး ကြားလိုက်ရသည်။ အသံပင် အတော်လေး ပြောင်းလဲနေပြီး လူ့အော်သံနှင့် မတူဘဲ တိရစ္ဆာန်၏ အော်သံနှင့် တူနေသည်။
ရှုစန်းသော်သည် ဖွတ်ကျားနှင့် တူနေပြီး လေထဲ၌ တစ်ကိုယ်လုံး အဆက်မပြတ် တွန့်လိမ်ကာ တုန်ယင်နေပြီး အရှင်လတ်လတ် အရေခွံ ခွာခံလိုက်ရသောကြောင့် နာကျင်မှုက မတွေးတတ်လောက်အောင်ပင်။
သို့သော် ဤမျှနှင့် မရပ်သေးပေ။ ယဲ့ဖန်က လက်ဆန့်၍ ထပ်မံ ဆွဲခွာပြန်သည်။ သွေးမိုးများ ရွာသွန်းပြန်ကာ နောက်ထပ် အသားလွှာတစ်ခု ကွာကျသွားသည်။
အစောပိုင်းက အပေါ်ယံ အရေပြားလွှာ ဆွဲခွာခံခဲ့ရပြီး ယခု အတွင်း အရေပြားလွှာ ဆွဲခွာခံလိုက်ရသည်။ တစ်လွှာပြီး တစ်လွှာ အရေခွံခွာခံနေရပြီး တိရစ္ဆာန်ကို သတ်နေသကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည်။
ဤသည်က လူတိုင်းကို မျက်နှာအမူအရာ ပြောင်းလဲစေသည်။ ယဲ့ဖန်၏ ကြောက်မက်ဖွယ်ကောင်းပုံက မတွေးဝံ့လောက်အောင်ပင်။
ရှုစန်းသော် သတိလစ်သွားလေသည်။ သို့သော် ယဲ့ဖန်က သူ့အား အလွတ်မပေးဘဲ အရေပြားအောက်မှ အသားလွှာကို ထပ်မံ ဆွဲခွာပြန်သည်။
“အား…”
သတိလစ်နေသော ရှုစန်းသော် အော်ဟစ်လာပြီး နာကျင်မှုကြောင့် သတိပြန်ရကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ နာကျင်နေလေပြီ။
“တောက် တောက် တောက်”
ရှုစန်းသော်၏ ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး များမကြာမီ၌ မြေကြီးတစ်ခုလုံး စိုရွှဲသွားသည်။
“ငါ့ကို သတ်လိုက်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်ပါတော့”
ရှုစန်းသော် ယဲ့ဖန်ကို တောင်းပန်လာသည်။ လက်ရှိတွင် သူသည် အသက်မရှင်ချင်တော့ချေ။ သူ မြန်မြန်သာ သေချင်နေ၏။
သို့သော် ယဲ့ဖန်က သူ့စကားကို မကြားချင်ယောင်ဆောင်နေသည်။ အရေပြားကို ခွာပြီးနောက် သူ စတင်၍ နင်းချေလေသည်။
ရင်ကွဲမတတ် အသံတစ်သံ ပျံ့လွင့်လာ၏။ ထိုအသံက လူတိုင်းကို သည်းခြေပျက်မတတ် ကြောက်လန့် တုန်လှုပ်သွားစေသည်။
ရှဲပီ အလောင်းကောင်သည် အစမှအဆုံးတိုင် ယဲ့ဖန်ရှေ့၌ ဒူးထောက်နေပြီး လှုပ်ပင် မလှုပ်ရဲချေ။ ဤသည်ကို မြင်သော် ဝမ်တုန်းရန်နှင့် အခြားသူများ၏ အော်သံက အတောမသတ်တော့ချေ။
ပိုင်လီဟုန်နှင့် ယှဉ်လျင် ရှုစန်းသော်ကို သူတို့ အမုန်းဆုံး ဖြစ်သည်။
တစ်နာရီကြာပြီးနောက် ရှုစန်းသော် သေလုမျောပါး ဖြစ်နေပြီး ယဲ့ဖန်က သူ့ကို ဝမ်တုန်းရန်ရှေ့သို့ ပစ်ချလိုက်သည်။
“သူက ခင်ဗျားအပိုင်ပဲ”
ဝမ်တုန်းရန် မယုံနိုင်သဖြင့် မှင်တက်မိသွားသည်။ ထို့နောက် မျက်လုံးတွင် မျက်ရည်များ ဝေ့လာသည်။ သူတို့ တုန်းယွဲ့မျိုးနွယ်အတွက် တကယ် လက်စားချေပေးသူက ရန်သူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဝမ်တုန်းရန်က ယဲ့ဖန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ လူလူက ဤလူကြောင့် သေသွားရသော်လည်း သူတို့ တုန်းယွဲ့မိသားစုက ဤလူကြောင့် အသက်ရှင်ခဲ့ရသည်။
ထို့နောက် ဝမ်တုန်းရန်က ရှုစန်းသော်ထံ လျှောက်သွားပြီး ဆေးရည်ကို ထုတ်၍ ရှုစန်းသော်ကို တိုက်လိုက်သည်။ သူ ရှုစန်းသော်ကို ကယ်နေ၏။
ယဲ့ဖန်သည်လည်း ပထမ၌ အံ့ဩသွားသော်လည်း ဝမ်တုန်းရန် ဘာလုပ်ချင်နေသလဲ သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ဝမ်တုန်းရန်၏ မျက်လုံးကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုအကြည့်က အလွန် မုန်းတီး၍ အာဃာတထားပြီး အတောမသတ်နိုင်သော ရူးမတတ်ဖြစ်စိတ်နှင့် စိတ်ဓာတ် ကျစိတ်တို့ ပါဝင်နေသော အကြည့်ပင်။
သူသည် ရှုစန်းသော်အား နုတ်နုတ်စင်းချင်သော်လည်း ထိုစိတ်ကို ချိုးနှိမ်ထားသည်။ သူ ရှုစန်းသော်ကို အသေမခံနိုင်ပါ။ သူ့ကို အလွယ်တကူ သေခွင့်မပေးနိုင်ပေ။
သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်၍ တစ်ချိန်လုံး ဝေဒနာ ခံစားရစေချင်သည်။ သို့မဟတု်ပါက သူ့သားနှင့် ချွေးမအပြင် မြေးမလေးကိုပါ သတ်လိုက်သည့်အတွက် လက်စားချေလိုသည့်စိတ်ကို ဖြေဖျောက်ရန် ခက်သွားပေလိမ့်မည်။
အခြားသူများသည်လည်း ဝမ်တုန်းရန်၏ အကြံကို ရိပ်မိပြီး စဉ်းလဲစွာ ပြုံးနေကြသည်။
“အခုချိန်ကစပြီး မင်းတို့က ယွင်နိုင်ငံရဲ့ တော်ဝင်မျိုးနွယ်ပဲ”
ယဲ့ဖန်က ဝမ်တုန်းရန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
*ဘာ*
ရုတ်ချည်းဆိုသလိုပင် တုန်းယွဲ့မျိုးနွယ် မှင်တက်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာကြသည်။