← Chapters

သန်မာသော ပုဂ္ဂိလ်

Vol. 110 Ch. 1637

သန်မာသော ပုဂ္ဂိလ်

Vol. 110 Ch. 1637

ယဲ့ဖန်က ယွင်နိုင်ငံကို သိမ်းပြီးသည်နှင့် ချက်ချင်း ယွင်နိုင်ငံကို အုပ်ချုပ်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယဲ့ဖန်က ယွင်နိုင်ငံ တစ်ခုလုံးကို သူတို့လက်ထဲ လွှဲပေးလာလိမ့်မည်ဟု ထင်မထားမိကြချေ။

သူတို့ တုန်းယွဲ့မျိုးနွယ်၏ စစ်တပ်တွင်းမှ အဆင့်အတန်းနှင့်ဆိုလျင် ယွင်နိုင်ငံအား ပြန်ပေါင်းစည်းရန် တကယ်ပင် မခက်ခဲပါ။

ယဲ့ဖန် သက်ပြင်းချလိုက်ပြီး နောက်ပြန်လှည့်လိုက်သည်။

“မင်းတို့အတွက် ဒါက နစ်နာကြေးအဖြစ် သတ်မှတ်လို့ရမယ်ဆိုရင်ပေါ့လေ”

ထိုအခိုက်တွင် တုန်းယွဲ့မျိုးနွယ်သည် မျက်ရည်များ စီးကျလာပြီး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ ထွက်သွားနေသော ယဲ့ဖန်၏ ကျောပြင်ကို ကြည့်ပြီး အရိုအသေ ပေးနေကြသည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

အစက သူတို့အားလုံး သေရမည့်ကံ ပါလာခဲ့သည်။ ယဲ့ဖန်က သူတို့ကို ကယ်ခဲ့ပြီး သူတို့ မမျှော်လင့်သော အရာအားလုံးကို ပေးခဲ့သည်။

ယဲ့ဖန် ထွက်သွားသည်ကိုမြင်မှ ရှဲပီ အလောင်းကောင်က စိတ်အေးကာ သက်ပြင်းချလေသည်။ ထို့နောက် သူသည် တုန်းယွဲ့မျိုးနွယ်ကို ပြန်ကြည့်၍ အနည်းငယ် အားကျဟန်ဖြင့် ပြောလိုက်သည်။

“မင်းတို့တွေ သောက်ကျိုးနည်း ကံလေးနည်းနည်းကောင်းလို့ ဒီအခွင့်အရေးကို ရသွားတာ”

ဝမ်တုန်းရန်က နောက်ကျမှ ရောက်လာသောကြောင့် ဘာဖြစ်ခဲ့သလဲ မသိချေ။ ဘာဖြစ်ခဲ့သလဲ မဆိုထားနှင့် ရှဲပီ အလောင်းကောင် ပြောသော စကားကိုပင် နားမလည်ပေ။

ချက်ချင်းဆိုသလိုပင် ရှဲပီ အလောင်းကောင်က ဝမ်တုန်းရန်ကို တံဆိပ်ပြားတစ်ခု ပစ်ပေး၍ ပြောလိုက်သည်။

“မင်း ငါ့ကို လိုအပ်လာရင် ခေါ်လိုက်”

အစက ဤပုရွက်ဆိတ်များသည် သူ ကြည့်ရန်ပင် မထိုက်တန်သူများ ဖြစ်သည်။ သို့သော် ယခု သူတို့က ထိုပုဂ္ဂိုလ်၏ မျက်နှာသာပေးခြင်း ခံလိုက်ရသဖြင့် အခြေအနေက မတူတော့ချေ။

သူတို့ကို သူ ကူညီလိုက်လျင် ထိုအတွက်ကြောင့်နှင့် သူ ယဲ့ဖန်နှင့် ပတ်သက်နိုင်လောက်သည်။

ဝမ်တုန်းရန်နှင့် အခြားသူများအားလုံး ကြက်သေ သေနေ၏။ ဘိုးဘေးစုန်းတစ်ကောင်က သူတို့ တုန်းယွဲ့မျိုးနွယ်ကို ကာကွယ်ပေးမည်တဲ့လား။ သူတို့ တွေးတောင် မတွေးနိုင်သော အရာပင်။

ထို့အပြင် ရှဲပီ အလောင်းကောင်၏ ၌ ထိုလူအပေါ် လေးစားသမှု ရှိပုံပေါ်သည်။

*အဲ့ဒီလူ … သူက ဘယ်လိုလူမျိုးလဲ*

……….

ထိုအချိန် အတောအတွင်း၌ နိုင်ငံများအားလုံးသည် ယွင်နိုင်ငံ ဖျက်ဆီးခံလိုက်ရပြီး မိခင်ဘုရင်မက ယဲ့ဖန်ထံ၌ ခေါင်းဖြတ်ခံလိုက်ရသည့် သတင်းများကို ရရှိသွားကြသည်။

ထိုအခိုက်တွင် ရှစ်နိုင်ငံလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။

နတ်ဆိုးသည် အနောက်ဘက်သို့ ခရီးထွက်လာခဲ့ပြီ။ သွေးချောင်းစီးခဲ့လေပြီ။

ထိုစာကြောင်းနှစ်ကြောင်းက နိုင်ငံများစွာ၏ သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သည်။ ရေဒီယို ဌာနများကလည်း ထိုအကြောင်းသာ တင်ဆက်ကြသည်။

ယဲ့ဘုရင် တကယ် လုပ်ပြခဲ့သည်။ သူ့စကားက အပြောသက်သက် မဟုတ်ကြောင်း လောကကို သူ သက်သေ ပြခဲ့သည်။

သူ့တွင် လောကကို ပြောင်းပြန်လှန်နိုင်သော ခွန်အားနှင့် အရည်အချင်းတို့ အမှန်တကယ် ရှိလေသည်။

နိုင်ငံများစွာ၏ ဘုရင်များ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ အလယ်ပိုင်းဒေသမှ နတ်ဆိုးများသည် အလွန် ရက်စက်လှပြီး ယွင်နိုင်ငံအား လောကတွင်းမှ ငရဲတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

လက်ရှိတွင် သူတို့ စိတ်မသက်မသာ မဖြစ်ဘဲ မနေနိုင်ပေ။ မိခင်ဘုရင်မ၏ ခွန်အားကို သူတို့ သိထားပြီးသား ဖြစ်သည်။ သူတို့ နတ်ဆိုး၏ အရှိန်အဟုန်ကို မတားနိုင်သော်လည်း မိခင်ဘုရင်မကြောင့် ယဲ့ဖန် သေလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ခဲ့ရသည်။

တကယ့် အမှန်တရားက ပြောင်းပြန်ဖြစ်ခဲ့သည်။ ယဲ့ဖန်သည် သေဆုံးမည့်အစား ယွင်နိုင်ငံတစ်ခုလုံးကို ရှင်းလင်းခဲ့ပြီး ရှစ်နိုင်ငံမှ လူများအားလုံးကို ကြေငြာခဲ့လေသည်။

“ယဲ့ဘုရင်ဆိုတဲ့ ငါက ဘယ်တော့မှ မကြောက်ဘူး”

ရှေးနတ်ဘုရားတစ်ပါး အသတ်ခံလိုက်ရခြင်းက သေချာပေါက် လောကကို ရုတ်ရုတ်သဲသဲ ဖြစ်စေသော သတင်းပင်။

ရှစ်နိုင်ငံ မဟာမိတ် အင်အားစုသာမက ကိုးပြည်နယ်တစ်ခုလုံး ထိုသတင်းကို စိတ်ဝင်စားသွားပြီး သူတို့၏ အာရုံက နတ်ဆိုး အငွေ့အသက် အင်ပါယာသို့ ကျရောက်လာသည်။ တစ်ကြိမ်က လူမသိကြသော နိုင်ငံငယ်လေးကို အာရုံကျလာလေသည်။

“သေစမ်း အလယ်ပိုင်းဒေသက နတ်ဆိုးက ငါတို့ ထင်ထားတာထက် ပိုသာနေတာပဲ၊ ငါတို့သာ အင်အားပူးပေါင်းပြီး မတိုက်ဘူးဆိုရင် ဒီနတ်ဆိုးကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး”

“နတ်ဆိုး အနောက်ဘက်ကို လျှောက်လာတိုင်း ခြေလှမ်းတိုင်းမှာ သွေးစွန်းတယ်၊ ရှေးနတ်ဘုရားတောင် သေဆုံးရတယ်၊ ဒါက ဘယ်လိုလူမျိုးလဲ”

“အရှိန်တင်ပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာကို ဝိုင်းတိုက်ရမယ်၊ မဟုတ်ရင် နတ်ဆိုးက ငါတို့မြေကို နင်းတဲ့အချိန်မှဆို သေချာပေါက် ငါတို့ တစ်ယောက်ပြီး တစ်ယောက် ဖျက်ဆီးခံရပြီးတော့ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ရှစ်နိုင်ငံ၏ ဘုရင်များက အသည်းအသန် အစည်းအဝေး ကျင်းပကြသည်။ ယဲ့ဖန်၏ ယွင်နိုင်ငံအပေါ် အနိုင်ရခြင်းကြောင့် သူတို့ ထိတ်လန့်နေပြီး တစ်ချိန်တည်းမှာပင် ကြောက်ရွံ့နေကြလေသည်။

လက်ရှိတွင် သူတို့ မာနမကြီးနိုင်သလို ထောင်လွှားခြင်းလည်း မပြုနိုင်ပါ။ လူတိုင်း၏ မျက်နှာက တည်နေကာ ကြောက်ရွံ့နေ၏။

ရှေးနတ်ဘုရားတစ်ပါးက ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရသည့် အချက်ကို သူတို့ လက်မခံနိုင် ဖြစ်နေကြသည်။ ထိုအဖြစ်က ကြောက်စရာကောင်းလှပြီး နောက်ပစ်မှတ်က သူတို့ ဖြစ်နိုင်ချေ များနေသည်။

ထိုနတ်ဆိုးက သူတို့အပေါ် လွှမ်းမိုးမှု ကြီးမားလွန်းလှသည်။ သူတို့ ယူကျုံးမရ ဖြစ်နေကြသည်။

“ဒီနေ့ နတ်ဆိုး အငွေ့အသက် အင်ပါယာကို စစ်ချီမယ်၊ နတ်ဆိုးမျိုးနွယ်ကို အမြစ်ဖြုတ်ပြီး ယဲ့ဘုရင်ကို သတ်မယ်”

“သဘောတူတယ်”

“သဘောတူတယ်”

ကျဆုံးသွားသော ယန်နိုင်ငံမှတစ်ပါး အခြား ခြောက်နိုင်ငံက သဘောတူညီမှု ရနေသည်။ ထိုစဉ် အစမှအဆုံးတိုင် စကားတစ်ခွန်းမှ မပြောသည့် လူတစ်ယောက် ရှိနေ၏။

“အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ရဲ့ အလှည့်ပါ”

ဘေးနားမှ အတ်က ပြောလိုက်သည်။ သူ့အမြင်ကို ထုတ်မပြောသည့်လူမှာ ယန်နိုင်ငံ၏ ဘုရင် မီးအကျဉ်းထောင် အရှင်သခင်ပင်။

မီးအကျဉ်းထောင် အရှင်သခင်က ထရပ်၍ အေးစက်စွာ ပြောလာသည်။

“ငါ သဘောမတူဘူး”

*ဘာ*

နိုင်ငံများစွာ၏ ဘုရင်များ ရုတ်တရက် မျက်နှာ အကြီးအကျယ် ပျက်ကုန်ပြီး မီးအကျဉ်းထောင် အရှင်သခင်အား မယုံနိုင်သလို ကြည့်နေကြသည်။ မီးအကျဉ်းထောင် အရှင်သခင် အဘယ်ကြောင့် ဆန့်ကျင်သလဲ နားမလည်ပုံ ရသည်။

“မီးအကျဉ်းထောင် အရှင်သခင် ခင်ဗျား ဘာသဘောလဲ”

ထိုအခိုက်တွင် နိုင်ငံများစွာ၏ ဘုရင်များက သူ့ကို ရန်လိုသော အကြည့်ဖြင့် ဝိုင်းကြည့်လာသည်။

“ငါ ငကြောက်တွေနဲ့ အလုပ်မလုပ်ဘူး”

ထိုအခိုက်တွင် ရှင်ဘုရင်များအားလုံး ပေါက်ကွဲသွားပြီး ဒေါသဖြစ်ဟန် ပေါ်လာကြသည်။

“မင်း ဘာစကား ပြောတာလဲ”

“မီးအကျဉ်းထောင် အရှင်သခင် မင်း ဒီနေ့ ဆီလျော်တဲ့ ရှင်းပြချက် မပေးနိုင်ရင် ငါ့လေ့နိုင်ငံက မင်းကို ဒီအတိုင်း မထားဘူး”

ထိုအခိုက်တွင် ရှင်ဘုရင်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ အစည်းအဝေး၏ မူလရည်ရွယ်ချက်က ကောင်းမွန်ပါ သော်လည်း မီးအကျဉ်းထောင် အရှင်သခင်ကြောင့် ပျက်စီးရပေတော့မည်။

“ရှင်းပြရမယ် ဟုတ်လား”

မီးအကျဉ်းထောင် အရှင်သခင်က လှောင်ရယ်လေသည်။

“ယောက်ျားသားတစ်ယောက်အနေနဲ့ ငါက အနိုင်မခံ အရှုံးမပေးတတ်ဘူးလို့ မပြောနိုင်ရင်တောင်မှ ငါက သမာသမတ် ရှိပြီး ရိုးသားတဲ့လူပဲ၊ ငါတို့လို သိုင်းပညာရှင်မျိုးက ဘယ်လို တိုက်ခိုက်သင့်လဲ”

သူ့ဘဝတစ်လျှောက်တွင် မရေတွက်နိုင်သော ရန်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးသည်။ သူ တစ်ခါမှ မမျှမတ မတိုက်ခိုက်ခဲ့ဖူးပါ။ သူသည် လိမ်လည်လှည့်စားရန် မဆိုထားနှင့် တစ်ခါမှ အပြင်အင်အားကိုပင် မယူဖူးပါ။

“ဟားဟား လေကြီးလိုက်တာ၊ မဟုတ်မှလွဲရော ယဲ့ဘုရင်ကို ခင်ဗျားတစ်ယောက်တည်း အနိုင်ယူနိုင်တယ်လို့ ထင်နေတာလား၊ မိခင်ဘုရင်မနဲ့ အင်မော်တယ် ဧကရာဇ်အဆင့် ဆယ်ယောက်ကျော်က အဲ့နတ်ဆိုးလက်ထဲမှာ သေသွားတာကို မေ့သွားတာလား”

“ထားလိုက်တော့၊ ခင်ဗျားကိုယ်ခင်ဗျား အရည်အချင်း ရှိတယ်ထင်ရင် သွားအသေခံလိုက်၊ ကျုပ်တို့ ခင်ဗျားကို အဖော်မလုပ်နိုင်ဘူး”

“တစ်ယောက်ချင်း ယှဉ်ဖို့ပြောရအောင် အခုခေတ်က ဘာခေတ်လဲ၊ ခင်ဗျားခေါင်းနဲ့ တံခါးနဲ့ ဆောင့်ထားတာလား”

ဘုရင်များအားလုံးက အထင်သေးသော အကြည့်ဖြင့် ကြည့်လာသည်။ မီးအကျဉ်းထောင် အရှင်သခင် ၏ ဖြောင့်မတ်ခြင်းက ရူးမိုက်သော အရာဟု သူတို့ ထင်နေ၏။

“ငါ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ အနည်းဆုံးတော့ ငါ့စိတ်ရဲ့ ခံယူချက်က မှန်တယ်၊ ငါက အမြဲ မင်းတို့ထက် သာတယ်၊ သူက တိုက်ပွဲကို တစ်ကိုယ်တည်း တိုက်ပြီး အနိုင်ရပြီးပြီး၊ မင်းတို့က အဖွဲ့လိုက် တိုက်ဖို့ ပြင်နေတာက ရှက်ဖို့ ကောင်းလွန်းတယ်”

မီးအကျဉ်းထောင် အရှင်သခင်က အေးစက်စွာ လှောင်ရယ်လိုက်သည်။

“မင်းတို့အားလုံးက ငါနဲ့အတူ အလုပ်လုပ်ဖို့ မထိုက်တန်ဘူး”

ထိုသို့ပြောပြီးသည်နှင့် မီးအကျဉ်းထောင် အရှင်သခင်က ဘုရင်များအား နောက်လှည့်မကြည့်ဘဲ လှည့်ထွက်သွား လေသည်။ သူ၏ မောက်မာထောင်လွှားမှုက စံထားရလောက်သည်။

မီးအကျဉ်းထောင် အရှင်သခင်၏ အမြင်တွင် သိုင်းပညာရှင်များသည် မိမိတို့နှင့် ထိုက်တန်သော လေးစားမှုကို ရရှိသင့်သည်ဟု ယူဆထားသည်။

နိုင်ငံငယ်လေးတစ်ခုနှင့် ရင်ဆိုင်ရင် နှစ်နိုင်ငံက မဟာမိတ်ဖွဲ့၍ အတူတူ တိုက်နေရမည်ဆိုလျင် နောင်အနာဂတ် မျိုးဆက်များက သူတို့ကို ကြောက်တတ်သောသူများ မှတ်ယူသွားမှာ အသေအချာပင်။

“ကျေးဇူးတင်ရကောင်းမှန် မသိတဲ့ကောင်”

ဘုရင်များ၏ မျက်နှာများက သုန်မှုန်နေပြီး စားပွဲကို ဖြန်းခနဲ ရိုက်လာကြသည်။ သူတို့သည် မီးအကျဉ်းထောင် အရှင်သခင်၏ ကျောပြင်ကို စိုက်ကြည့်နေပြီး သတ်ဖြတ်ချင်စိတ်တို့ ပြည့်နေလေသည်။

“ဟဲဟဲ သူက ယဲ့ဘုရင်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ကြံစည်နေမှာတော့ ထားလိုက်တော့၊ ဘာလို့ သေလူတစ်ယောက်အတွက် စိတ်အနှောင့်အယှက် ဖြစ်နေမှာလဲ”

“ဟားဟား ဟုတ်တယ်၊ သူက သေတွင်းတူးနေမှတော့ သူနဲ့ ယဲ့ဘုရင် သေတာကို စောင့်ကြတာပေါ့၊ ဒါဆို ယန်နိုင်ငံကလည်း ငါတို့အပိုင် ဖြစ်လာလိမ့်မယ်”

ရှင်ဘုရင်များက စဉ်းလဲစွာ လှောင်ရယ်နေကြသည်။ မီးအကျဉ်းထောင် အရှင်သခင် သေဆုံးသွားလျင် ယန်နိုင်ငံ၌ ခေါင်းဆောင် မရှိဘဲ ဖြစ်သွားလိမ့်မည်။ ထိုအခါ ယန်နိုင်ငံသားများက ကုန်းပေါ်မှ ငါးများဖြစ်သွားပြီး အသတ်ခံ ရပေလိမ့်မည်။

ဤသည်ကို တွေးမိရုံနှင့်တင် သူတို့အားလုံး စိတ်လှုပ်ရှားလာ၏။

….

သုံးရက်ကြာပြီးနောက် မဟာမိတ် အင်အားစုများက တောင်ဘက်သို့ ချီတက်လာပြီး နတ်ဆိုး အငွေ့အသက် အင်ပါယာသို့ ဦးတည်လာကြသည်။

မဟာမိတ် စစ်ပွဲ စတင်လေပြီ။

ယဲ့ဘုရင် ကြံရာမရ ဖြစ်နေလိမ့်မည်ဟု လူတိုင်း ထင်နေခဲ့သော်လည်း သူက မားမားမတ်မတ် ရပ်တည်၍ အခိုင်အမာ ပြောကြားလာသည်။

“ငါ မင်းတို့ကို နတ်ဆိုး အငွေ့အသက် အင်ပါယာကနေ စောင့်နေတယ်၊ ဘယ်သူလာလာ … လာတဲ့သူတိုင်း သေရမယ်”

ယခုအထိ လွှမ်းမိုးခြယ်လှယ်သော စကားကို ပြောနေဆဲပါတကား။

ကိုးပြည်နယ်တစ်ခုလုံး ချောက်ချားသွားသည်။

*နိုင်ငံအများကြီးရဲ့ မဟာမိတ် အင်အားစုနှင့် ရင်ဆိုင်နေရတာတောင် ယဲ့ဘုရင်က အခုထိ သန်မာပြီး လွှမ်းမိုးနိုင်ဆဲပါလား*

*ဒါ အံ့ဩဖို့ ကောင်းလွန်းတယ်*

*ဒီလူက ဘယ်လောက်အထိ အတင့်ရဲတာလဲ*

*မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား*

သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က သေလမ်းရှာနေသူဟု မြင်နေကြသည်။ ခုနစ်နိုင်ငံ၏ မဟာမိတ် အင်အားစုသည် ပင်လယ်တမျှ ကြီးမားပြီး လောကတွင်းမှ မည်သည့်နိုင်ငံကိုမဆို ရှင်းလင်းနိုင်သော်လည်း ယဲ့ဘုရင်က အတင့်ရဲပြီး ကျောက်တုံးကို ကြက်ဥဖြင့် ပေါက်ချင်နေပါတကား။

ထိုအခိုက်တွင် ကိုးပြည်နယ်မှ မည်သည့် မီဒီယာမဆိုက နတ်ဆိုး အငွေ့အသက် အင်ပါယာသို့ ရောက်ရှိလာသည်။ သို့သော် ထို့နောက်တွင်မူ သူတို့က ရိုက်ကူးရေး ကိရိယာများဖြင့် နတ်ဆိုးအငွေ့အသက် အင်ပါယာတွင်း၌ လျှောက်သွားကာ ကိုးပြည်နယ်၏ ထောင့်တစ်နေရာမှ ဤနိုင်ငံငယ်လေး၏ ပျက်စီးကိန်းကို ထုတ်လွှင့်ရန် စောင့်နေကြသည်။

“အဲ့ယဲ့ဘုရင်က အရူးပဲ၊ သူက ခုနစ်နိုင်ငံရဲ့ မဟာမိတ်အင်အားစုကိုတောင် စိန်ခေါ်ရဲတယ်၊ သူ ဘယ်ကနေ သတ္တိရလာတာလဲ”

“သူက အရူးဖြစ်ရုံတင်မကဘူး၊ တာဝန်မယူတတ်တဲ့ ခွေးမသားပဲ၊ သူက သာလွန်ချင်ယောင် ဆောင်နေပင်မယ့် သူ့ကြောင့် သူ့လူတွေ အသတ်ခံရတော့မယ်၊ သူက တကယ့် လူ့အမှိုက်ပဲ”

“နတ်ဆိုး အငွေ့အသက် အင်ပါယာက လူတွေက သနားစရာပဲ၊ ဒီလို တာဝန်မယူတတ်တဲ့ ခေါင်းဆောင်ကြောင့် သေရတော့မယ်”

“ဘာသနားစရာ လိုလို့လဲ၊ ဒီလူတွေကလည်း နတ်ဆိုးရဲ့ လူတွေပဲလေ၊ သူတို့ တစ်ယောက်ချင်းစီက ရက်စက် ကြမ်းကြုတ်ပြီး လူစိတ်မရှိဘူး၊ ကပ်ဘေးလိုပဲ လောကကို အန္တရာယ်ပေးမယ့်ဟာတွေ၊ သုတ်သင်ခံရသင့်တယ်”

လက်ရှိတွင် မျိုးစုံသော ပုတ်ခတ်စော်ကားသံများ ထွက်ပေါ်နေ၏။

ထိုသို့သောအချိန်တွင် ယဲ့ဖန်သည် နန်းတော်၏ ထိပ်ဆုံး၌ ရပ်နေပြီး သူ့မျက်နှာတွင် အနေရခက်သော အမူအရာ ပေါ်နေသည်။

အကြောင်းမှာ သူ့ရှေ့၌ ရပ်နေသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ကြောင့်ပင်။ တစ်ယောက်က သူ့ကို စိုက်ကြည့်နေပြီး နုတ်နုတ်စင်းရန် မစောင့်နိုင်ပုံ ပေါက်နေ၏။ ကျန်တစ်ယောက်မှာ စူးစမ်းဟန်ဖြင့် သူ့အား ခေါင်းစခြေဆုံး ကြည့်နေလေသည်။

“ပြောလေ”

လီဟွမ်ဟွမ်က ဘေးနားမှ အိုးရန်လင်းကို တွန်းလိုက်သည်။ အိုးရန်လင်း၏ မျက်နှာ ပြာနှမ်းသွားသည်။ သူ စကားပြောချင်ပါသော်လည်း ဘယ်လိုစကားစရမှန်းမသိ ဖြစ်နေသည်။

*ညီလေးလို့ ခေါ်ရမလား၊ တူလေးလို့ ခေါ်ရမလား*

ထိုစဉ် ယဲ့ဖန်က ဦးဆောင်၍ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ အိုးရန်လင်းအား အော်ခေါ်လိုက်သည်။

“အစ်ကိုကြီး”

“ခွိ”

လီဟွမ်ဟွမ် ချက်ချင်း ကျိတ်ရယ်လိုက်မိပြီးနောက် ဟန်မဆောင်နိုင်အောင် ရယ်မောလေတော့သည်။ သူမသည် ရှေ့နောက် ယိုင်ထိုး၍ ရယ်နေပြီး ခါးပင်မမတ်နိုင်ဘဲ ဖြစ်နေကာ အိုးရန်လင်းကို ပြန်တွန်းလိုက်သည်။

“အစ်ကိုကြီး ရှင့်ရဲ့ ညီငယ်လေး ခေါ်နေတယ်လေ”

“မျိုးမစစ်လေး မင်းကများ ငါ့ကို အခွင့်ကောင်း ယူရဲတယ်ပေါ့လေ”

အိုးရန်လင်း စိတ်တိုသွားပြီး ယဲ့ဖန်အား နဖူးဖြင့် တိုက်လိုက်သည်။ ယဲ့ဖန် သူ့နဖူးကို အုပ်၍ ပင့်သက်ရှိုက် လိုက်မိသည်။ သူ နာသွား၍ မဟုတ်ဘဲ တစ်ခုခုကို သတိထားမိသွား၍ ဖြစ်သည်။

“ခင်ဗျား သိသွားပြီလား”

ယဲ့ဖန်က အံ့ဩနေသော အမူအရာနှင့် မေးလိုက်သည်။

*သိသွားပြီလားတဲ့လား*

ထိုစကားကိုကြားသော် အိုးရန်လင်း အလွန် ဒေါသထွက်သွားပြီး ခေါင်းမှပင် မီးခိုးငွေ့များ ထွက်လာသည်ဟု ထင်မှတ်ရသည်။ ထိုစကားက ဤလူ သူ့ကို တကယ် လိမ်ခဲ့သည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

မိမိက သူ့ဦးလေးမှန်း သိနေသော်လည်း သူ့ကို အခွင့်ကောင်း ယူ၍ လှည့်စားခဲ့သည်။ မည်မျှ စိတ်တိုစရာ ကောင်းလိုက်သနည်း။

“အား…”

အိုးရန်လင်းသည် ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းလှပြီဟု ထင်နေခဲ့သော်လည်း မျိုးမစစ်ကောင်လေး၏ လှည့်စားခြင်း ခံလိုက်ရသည်။

သူ ဒေါပွကာ ယဲ့ဖန်ကို သင်ခန်းစာ ပေးချင်နေ၏။ ဤငနာလေးသည် သူ့အား တစ်ချိန်လုံး အရူးလုပ်ရန် စဉ်းစားနေ၏။ သူ ဘာမှန်းမသိလျင် ဆက်၍ ညာနေဦးမည့်ပုံပင်။

All Chapters