မိုးကြိုးကပ်ဘေး
Vol. 110 Ch. 1642
နတ်ဆိုး အငွေ့အသက် အင်ပါယာ၌ စစ်နတ်ဘုရားအိုကြီး တစ်ယောက် ရှိခဲ့သည်။ သူသည် တစ်သက်လုံး စစ်တိုက်ခြင်းနှင့်သာ ကုန်ဆုံးခဲ့ပြီး တစ်ခါမှ လက်မထပ်ခဲ့သလို သားသမီးလည်း မရှိချေ။
တစ်သက်လုံး သစ္စာရှိကာ ဖြောင့်မတ်ခဲ့ပြီး သေသည်အထိ သစ္စာမမဲ့ခဲ့ပါ။
ယဲ့ဖန်သည် ထိုအဘိုးအိုအား ကတိပေးခဲ့သည်။ တစ်နေ့ သူ နိုင်ငံ၏ စောင့်ရှောက်သူ မဖြစ်နိုင်တော့လျင် ယဲ့ဖန်က သူ့နေရာ၌ အစားထိုးဝင်ရောက်၍ အင်ပါယာ၏ တံတိုင်းဖြစ်လာပြီး ပြည်ပရန်သူများကို ခုခံကာကွယ်ပေးမည်ဟု ကတိထားခဲ့သည်။
ယနေ့ ယဲ့ဖန်သည် သူ့ကတိအား ဖြည့်ဆည်းရန် ရောက်လာခဲ့သည်။
“ဒုန်း ဒုန်း ဒုန်း”
သန်းချီသော စစ်သည်များက ယဲ့ဖန်ကို သတ်ရန် အမြန်ဆုံးနှုန်းဖြင့် ချီတက်လာနေသည်။
ဤအပြုအမူက မီးအကျဉ်းထောင် အရှင်သခင်အား မျက်မှောင်ကြုတ်သွားစေသည်။ ဤသည်က ဝါးမျိုခြင်းပင်။
ဤလူများကသည် သိုင်းပညာရှင်များကို အသုံးချ၍ ယဲ့ဘုရင်ကို ဝါးမျိုရန် ကြံစည်ထားခြင်းသာ။ ကောက်ကျစ်လွန်းသည်။ စက်ဆုပ်ဖွယ်ကောင်းလှ၏။
သန်းချီသော စစ်သည်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အင်မော်တယ် ဧကရာဇ်အဆင့်တောင်မှ မောပန်းနိုင်ပေသည်။ ထိုသို့သောအချိန်တွင်မှ သူတို့က အခွင့်ကောင်းယူ၍ ဝင်သတ်မည် ဖြစ်သည်။
မီးအကျဉ်းထောင် အရှင်သခင်သည် မျက်နှာ သုန်မှုန်နေပြီး ဤပုရွက်ဆိတ်ကောင်များနှင့် ပူးပေါင်း ထားသည်ကိုပင် အရှက်ရလာ၏။
ထိုစဉ် ယဲ့ဖန်၏ အနောက်၌ ပုံရိပ်ကိုးခု ပေါ်လာပြီး တစ်ခုချင်းစီက ထည်ဝါမြင့်မြတ်ပြီး အလွန် လွှမ်းမိုးမှုတို့ ပေါ်လွင်နေသည်။
“စကြဝဋ္ဌာရဲ့ နယ်ပယ်စွန်း၊ နတ်ဘုရားတွေ စတင်တည်ရှိရာ နေရာ၊ ရှေးခေတ်အခါရဲ့ တားမြစ်ဧရိယာ၊ အဆုံးအစမဲ့ စကြဝဋ္ဌာ၊ ဒါ ရှေးမြင်ကွင်းတွေရဲ့ အရိပ်တွေပဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုအခိုက်တွင် သူတို့အားလုံး၏ မျက်လုံးတွင် ကြောက်ရွံ့စိတ်တို့ ပေါ်လာပြီး ကြက်သေ သေသွားကြသည်။
ယဲ့ဖန်၏ အနောက်မှ အရိပ်ကိုးခုတွင် ရှေးမြင်ကွင်း၏ အရှိန်အဝါ ရှိနေသည်။
အရှိန်အဝါ တစ်ခုစီတိုင်းက သန်မာပြီး ကြီးစိုးနိုင်စွမ်း ရှိကာ မရေတွက်နိုင်သော သက်ရှိများကို ဖိနှိပ်နိုင်လေသည်။
လူတိုင်း နှလုံးခုန်နှုန်း မြန်လာပြီး မျက်နှာတွင် အံ့ဩမှုတို့ ကြီးစိုးနေကာ သူတို့ မြင်နေရသော အရာကို မယုံနိုင် ဖြစ်နေကြသည်။
ယဲ့ဖန် ခြေတစ်လှမ်း လှမ်းလိုက်သောအခါ တာအိုစွမ်းအင်က ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။ တာအို မီးစွမ်းအင် တောက်လောင်လာပြီး သွေးပွက်ပွက် ဆူလာသည်။
“တာအိုမီးစွမ်းအင်က ကူညီပေးနေတာလား၊ အံ့ဩစရာပဲ”
လူတိုင်း၏ မျက်လုံးတွင် ထိတ်လန့်မှုတို့ ပြည့်နှက်နေသည်။
ဤသို့သော မီးကို မည်သူမှ တောင့်မခံနိုင်ပါ။ သူတော်စင်အဆင့်တောင်မှ လောင်ကျွမ်း၍ ပြာဖြစ်သွားပေမည်။ သို့သော် သူတို့အရှေ့မှလူက ဘာဒဏ်ရာမှ မရချေ။
ယဲ့ဖန်၏ ခြေလှမ်းတိုင်းတွင် မိုးမြေ တုန်ခါလာပြီး ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာပြီး မိုးကြိုးမုန်တိုင်းက အရပ်မျက်နှာအားလုံးကို ပစ်ခွင်းလာသည်။
“ဂျိန်း ဂျိန်း ဂျိန်း”
တိမ်တိုက်များကိုခွင်း၍ လျှပ်စီးများ လက်နေပုံက ကောင်းကင် စုတ်ပြဲတော့မည်ဟု ထင်ရပြီး အက်ရာများပင် ထင်လာသလိုပင်။
“နတ်ဘုရား ကပ်ဘေး၊ ဒါ ကပ်ဘေးလား”
ဤလှုပ်ရှားမှုက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ အထူးသဖြင့် မိုးကြိုးမုန်တိုင်းက အလွန် နီးကပ်လာနေသည်ကို တွေ့လိုက်ရသည်။
“သတ် ဟုတ်လား၊ ဒါဆို သေလိုက်တော့”
ယဲ့ဖန်၏ ဓားချက်က မြေကြီးပေါ် ဒေါသတကြီး ကျလာသောအခါ မိုးကြိုးသည်လည်း ရုတ်တရက် ကျဆင်းလာသည်။ ၎င်းက အလွန် ပြင်းထန်လွန်းပြီး ခုခံရန် မဖြစ်နိုင်ချေ။
“ဂျိန်း”
မိုးကြိုးတစ်စင်းက မြေပြင်ပေါ်မှ ထောင်ချီသော မြင်းစစ်သည်များထံ ကျလာပြီး အရာအားလုံး ပြာဖြစ်သွားသည်။
တစ်ယောက်ပြီး တစ်ယောက် ပြာဖြစ်ကုန်ကာ အော်ချိန်ပင် မရလိုက်ဘဲ ပျောက်ကွယ်သွားကြသည်။ တစ်ခဏအတွင်း မရေတွက်နိုင်သော သေကြေပျက်စီးမှုများ ဖြစ်လာ၏။
တင့်ကားဖြစ်စေ၊ သံချပ်ကာကားဖြစ်စေ ဤပြင်းထန်သော မိုးကြိုးကို မခံနိုင်ဘဲ ထိမိသည်နှင့် ချက်ချင်း ပေါက်ကွဲသွားကြသည်။
“မဖြစ်နိုင်ဘူး၊ သူက ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာမှ မဟုတ်တာ၊ ဘယ်လိုလုပ် နတ်ဘုရား ပြစ်ဒဏ်ကို ဖြစ်စေတာလဲ”
နဉ်ရွှမ်ယွမ် အံ့အားသင့်နေသည်။ အလွန် ဗဟုသုတ ကြွယ်ဝသော သူတောင်မှ ဤသို့ ကြောက်စရာကောင်းသော အဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါ။
အတောမသတ်နိုင်သော မိုးကြိုးများ ကျဆင်းလာပြီး ခရမ်းရောင်လျှပ်စီး၊ သွေးရောင်လျှပ်စီး၊ အပြာရောင် လျှပ်စီး စသဖြင့် ပုံစံပြောင်း၍ ပစ်ခွင်းနေကာ အသံက ထိတ်လန့်စရာ ကောင်းလှသည်။
ယင်းအသံက မိုးကြိုးနတ်ဘုရား၏ စစ်ဗုံသံလိုပ်င။ လူတိုင်း နားအူနေပြီး စိတ်ဝိညာဉ်ကို ဖျက်ဆီးကာ အတွေးကို ထိတ်လန့်စေပြီး ကြယ်ပေါင်း တစ်သောင်း ကြွေကျလာသည်ဟုပင် ထင်မှတ်မှားရသည်။
လေဟာနယ် တုန်ယင်ကာ မြေဆီလွှာ အက်ကွဲနေပြီး ပြင်းထန်သော မိုးကြိုးက ဒီရေအလား လေဟာနယ်တွင်းမှ နေရာလပ်မကျန် ကျဆင်းလာသည်။
“နောက်ဆုတ်၊ နောက်ဆုတ်ကြ”
အချို့စစ်သည်တော်များသည် ရင်ကွဲမတတ် အော်ဟစ်နေပြီး ကြောက်ရွံ့နေကြသည်။
ဤသည်မှာ နတ်ဘုရား ပြစ်ဒဏ်ဖြစ်သည်။ သူတို့ လုံးဝ မခံနိုင်ပါ။
“ငါ့လမ်းကို ပိတ်တဲ့သူတိုင်း သေရမယ်”
ယဲ့ဖန်က ခြေလှမ်းကျဲကျဲဖြင့် တက်လာပြီး အထက်စီးဖြင့် ပြောလိုက်သည်။ သူ့ဘေးမှ နတ်မိုးကြိုးသည် တဒိန်းဒိန်း ပစ်ကျနေ၏။ နတ်ဘုရားစွမ်းအင်က ဒီရေအလား တိုးပွားနေပြီး သူသည် မိုးကြိုးပင်လယ်၏ အလယ်ဗဟို ဝဲကတော့အတွင်း၌ ရှိနေကာ တစ်လှမ်းချင်း လှမ်းလာနေ၏။
သိုင်းပညာရှင်များအားလုံး၏ အမူအရာ ပြောင်းလဲသွားပြီး မျက်နှာထားများက လေးနက်တည်ကြည်လာသည်။ စစ်သည်တော်များမှာမူ တုန်ယင်နေပြီး မျက်နှာဖြူရော်နေကာ အကြီးအကျယ် စိတ်လှုပ်ရှားနေကြသည်။ သူတို့ သွေးပျက်နေလေပြီ။
“မင်းရဲ့လမ်းက ဒီမှာတင် အဆုံးသတ်ပြီကွ”
သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတော်၏ ကျောင်းတော်သခင်က ခက်ထန်စွာ ပြောလိုက်ပြီး ဓားကိုဝင့်၍ အားဖြင့် ခုတ်လွှဲလိုက်သည်။
ဤဓားချက်သည် မိုးမြေ၏ ဆန္ဒကို ကိုယ်စားပြုပြီး မဟာတာအိုအား ချေဖျက်နိုင်သဖြင့် လူအများအား စိတ်ဝိညာဉ်အထိပါ တုန်လှုပ်စေသည်။ ယင်းဓားချက်က ယဲ့ဖန်ထံ ကျရောက်လာသည်။
ယဲ့ဖန် ချက်ချင်း လွင့်ထွက်သွားသည်။ ခန္ဓာကိုယ်က ရုတ်တရက် အသားများ လန်ကုန်ပြီး သွေးများ တတောက်တောက် ကျကာ ရင်ဘတ် ပေါက်သွားသည်။
“ဒဏ်ရာရသွားပြီ၊ အဲ့ကောင် ဒဏ်ရာရသွားပြီ၊ ထင်ထားတဲ့အတိုင်းပဲ ဒီနတ်ဆိုးကို နိုင်ချင်ရင် မြင့်မြတ်တဲ့ လက်နက်ကို သုံးရမှာပဲ”
“အံ့ဩစရာပဲ၊ ကျောင်းတော်သခင်က သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတော်ရဲ့ နံပါတ်တစ် ဖြစ်ထိုက် ပါပေတယ်၊ ဒီလုပ်ကြံရေး သိုင်းကွက်က အရမ်း အစွမ်းထက်တာပဲ၊ ရိုးရှင်းပြီး ဟန်မပါဘူးလို့ ထင်ရပေမယ့် အရမ်း ဖိနှိပ်နိုင်တာပဲ”
လူတိုင်း အံ့ဩနေကြသည်။ လက်ရှိတွင် သူတို့သည် နိုင်ပွဲ မျှော်လင့်ချက်ကို မြင်လိုက်ရလေသည်။ သူတို့ အလွန် စိတ်လှုပ်ရှားနေ၏။
သို့သော် ကျောင်းတော်သခင်၏ မျက်နှာက ပေါ့ပါးခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ဒဏ်ရာ အပြင်းအထန် ရသွားသော်လည်း နတ်ဆိုးစွမ်းအင် ပြည့်နှက်ဆဲဖြစ်ကာ သွေးက အလွန် အားကောင်းနေပြီး နည်းနည်းလေးမှ ကျဆင်းသွားခြင်း မရှိသည်ကို တွေ့နေရသောကြောင့်ပင်။
*ဒါက မယုံနိုင်စရာပဲ*
*ဒီကောင်ရဲ့ ခန္ဓာကိုယ်က သန်မာလွန်းလို့ ငါတောင် နားမလည်နိုင်ဘူး အခြားသူများတွေသာ မရှိရင် ငါ ဒဏ်ရာ အပြင်းအထန် ရနေလောက်တယ်*
ယခုအချိန်၌ ကျောင်းတော်သခင်သည် အနည်းငယ်မျှ ကံကောင်းသွားသည်။ ယဲ့ဖန်ကို သူတစ်ယောက်တည်း မတိုက်ခိုက်သည့်အတွက် ကံကောင်းသွား၏။ သို့မဟုတ်ပါက ဤနတ်ဆိုး၏ လက်ထဲ၌ သူ သေသွား လောက်သည်။
“မင်းတို့ အခုထိ ဘေးကနေ ရပ်ကြည့်နေဦးမှာလား”
ကျောင်းတော်သခင်က နဉ်ရွှမ်ယွမ်နှင့် အခြားသူများကို လှည့်ကြည့်လာသည်။ အင်မော်တယ် ဧကရာဇ်အဆင့်များ အားလုံး၏ မျက်နှာများ မည်းမှောင်သွားသည်။ လက်ရှိတွင် သူတို့ ဘေးထွက်ရပ်နေရန် မဖြစ်နိုင်ကြောင်း သတိပြုမိ သွားတော့သည်။ သို့မဟုတ်ပါက ဤပုရွက်ဆိတ်လိုကောင်များ အားလုံး သေသွားလျင်တောင်မှ ယဲ့ဖန် ဘာမှမဖြစ်မည်ကို စိုးရိမ်ရသည်။
“ယဲ့ဘုရင် သေပေတော့”
နဉ်ရွှမ်ယွမ်က အားဖြင့် ပြေးတက်လာပြီး ယဲ့ဖန်၏ ခေါင်းပေါ်သို့ ခုန်ပျံ၍ အင်္ကျီလက်ထဲမှနေ၍ အင်မော်တယ် တောင်တစ်လုံးကို ထုတ်လိုက်သည်။
ဤအင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး၌ ရတနာများ ရှိကြသည်။ ပထမအကြိမ် တိုက်ခိုက်မှုကပင် မိုးမြေကို ဖျက်ဆီးနိုင်လောက်အောင် ကြောက်စရာကောင်းသည့် တိုက်ကွက် ဖြစ်နေပြီး ယဲ့ဖန်တောင်မှ ပေါ့သေးသေး မတွေးရဲချေ။
ထိုစဉ် ယဲ့ဖန်ကလက်ကိုမြှောက်၍ အင်မော်တယ် တောင်၏ ကြောက်စရာ ကောင်းသော စွမ်းအင်ကို ခုခံလေသည်။ သူ့အရိုးများမှ အက်သံများ ထွက်လာသော်လည်း သူ လဲကျမသွားပေ။
လူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲ့ဒါက အင်မော်တယ် တောင်လေ၊ တာအိုဖွဲ့စည်းပုံတွေ ထွင်းထုထားပြီး ကောင်းကင်ဘုံ ဥပဒေသတွေပါ ဖောက်ပြီး ရောစပ်ထားတာလေ၊ ဒီဟာကြောင့် အင်မော်တယ် ဧကရာဇ်အဆင့် အယောက် တစ်ရာတောင် ပိသေပြီးနေပြီ”
“ဒီလူက ခုခံနိုင်တယ်လား၊ သူ့ခန္ဓာကိုယ်က တကယ်ကို ပြိုင်စံရှားပဲ”
သို့သော် သူတို့ကို ပို၍ အံ့ဩစေသည်မှာ ယဲ့ဖန်က ယခုအထိ ခံစားချက် ကင်းမဲ့နေစဲ ဖြစ်ပြီး မိုးကြိုးပင်လယ်တွင်း၌ ရပ်ကာ ရှေ့သို့ ဆက်လျှောက်လာခြင်းပင်။
“ဂျွတ်”
ရုတ်တရက် ပြင်းထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
*ငါတို့ ဘာမြင်လိုက်တာလဲ၊ အင်မော်တယ် တောင်ပေါ်မှာ အက်ရာတစ်ခု ပေါ်လာတာလား*
“ချီးပဲ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
နဉ်ရွှမ်ယွမ် ကြက်သီးတဖြန်းဖြန်း ထလာပြီး မျက်လုံးတွင် ကြောက်စိတ်တို့ ပြည့်နှက်လာ၏။ တစ်ဖက်လူက သူ၏ အင်မော်တယ် တောင်အား ချက်ချင်း ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။
အင်မော်တယ် တောင်သည် တဖြည်းဖြည်း ပဲ့လာပြီး ပျက်စီးလုနီးပါး ဖြစ်နေသည်။
“အဲ့ဒါ အဆုံးအစမဲ့တဲ့ တာအိုစွမ်းအင်တွေ ပါဝင်နေတဲ့ မိုးကြိုးပင်လယ်ကြောင့်ပဲ၊ အဲ့ဒါက အရာအားလုံးကို ရှင်းလင်းနိုင်နေတာ”
အားလုံးသည် ကြောက်စရာကောင်းသော မိုးကြိုးလှိုင်းအား ကြည့်နေကြသည်။ မိုးကြိုးပစ်ချလိုက်တိုင်း လူတိုင်း တုန်လှုပ်သွားသည်။
“ပြန်လာစမ်း”
နဉ်ရွှမ်ယွမ်သည် အင်မော်တယ် တောင်အား ပြန်သိမ်းရန် ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။
ထောင်ချီသော လျှပ်စီးများက အင်မော်တယ်တောင်အား လွှမ်းခြုံသွားပြီး မသိလျင် မိုးကြိုးနဂါးများ ရစ်ခွေ နေသည်ဟု ထင်မှတ်ရသည်။ ကြောက်စရာကောင်းသော မိုးကြိုးလျှပ်စီးများက အင်မော်တယ်တောင်အား တိုက်စား နေသည်။
“ဂျွတ် ဂျွတ်’
အက်ရာများက ပိုမို၍ ပျံ့နှံ့လာသည်။ အင်မော်တယ် တောင်တစ်ခုလုံးသည် ကွဲတော့မည့် ကြွေထည်သဖွယ် အက်ရာများနှင့် ပြည့်နှက်နေ၏။
“ယဲ့ဘုရင် လွှတ်လိုက်၊ မင်းလက်ကို လွှတ်လိုက်”
နဉ်ရွှမ်ယွမ် ဒေါသထွက်နေသည်။ သူသည် ဤအင်မော်တယ်တောင်အား နှစ်တစ်ထောင်မျှ မွမ်းမံသန့်စင်ပြီးမှ ယနေ့ အခြေအနေသို့ ရလာခဲ့ခြင်း ဖြစ်သည်။ သူ အတော်လေး အပင်ပန်းခန်း၍ ကြိုးစားခဲ့ရသည်။
ယင်းကို ယခု ယဲ့ဖန်က တန်း၍ ဖျက်ဆီးတော့မည်တဲ့လား။ ဤသည်ကို သူ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
*သေစမ်း*
*ဒီကောင် သေကိုသေသင့်တယ်*
နဉ်ရွှမ်ယွမ် အောက်သို့ဆင်းလာပြီး ယဲ့ဖန်ကို သတ်၍ ရတနာကို ပြန်လုယူရန် တွေးတောထားသည်။
သို့သော် ယဲ့ဖန်က သူ့အား အေးစက်စွာ တစ်ချက်သာ မော့ကြည့်လိုက်သည်။ ထို့နောက် မိုးကြိုးလျှပ်စီးများက သူ့ထံ ပြိုင်တူ ကျရောက်လာပြီး သူ့လမ်းကို ပိတ်ဆို့တားဆီးလာသည်။ နဉ်ရွှမ်ယွမ် လွင့်ထွက်သွားရလေ၏။
“အား…”
အော်သံတစ်သံကလည်း ချက်ချင်း ပဲ့တင်ထပ်လာသည်။
နဉ်ရွှမ်ယွမ်၏ လက်မောင်းတစ်ဖက်သည် သွေးတတောက်တောက် ကျနေပြီး ပြတ်ထွက်လုနီးပါး ဖြစ်နေသည်။ သူ့မျက်နှာက အလွန်အမင်း သုန်မှုန်နေ၏။
ဤမိုးကြိုးပင်လယ်၏စွမ်းအားကို သူတောင်မှ မခုခံနိုင်ပါ။ ထိတ်လန့်စရာ ကောင်းလှပေသည်။
“ဂျွတ် ဂျွတ်”
အင်မော်တယ်တောင်တွင် အက်ရာများ ပိုပိုများလာပြီး တောင်တစ်ခုလုံး၌ အက်ရာများ ပြည့်လာပုံက လန့်စရာပင်။
လူတိုင်း အသက်ကိုအောင့်ထားပြီး ကြည့်နေကြကာ မျက်နှာထားက အလွန် ကြည့်ရဆိုးလှသည်။ မိုးကြိုးများက အင်မော်တယ်တောင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။
“ဝုန်း”
နောက်ဆုံးတွင် ကောင်းကင် တုန်ခါလောက်သည့် အသံတစ်သံ ထွက်လာပြီး ကြီးမားသော အင်မော်တယ် တောင်သည် မိုးကြိုးစွမ်းအင်ကို မခံနိုင်တော့သဖြင့် အမှုန့်ဖြစ်သွားလေတော့သည်။
နဉ်ရွှမ်ယွမ် ကြက်သေ သေနေသည်။ သူ့မျက်လုံးတွင် ဝေခွဲမရဟန် ပေါ်နေပြီး သူ နှစ်ပေါင်းများစွာ သန့်စင်ခဲ့သော ရတနာက ဤသို့ ပျက်စီးသွားသည်ကို လက်မခံနိုင် ဖြစ်နေပုံရသည်။
“ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”
နဉ်ရွှမ်ယွမ် ကြုံးဝါးလိုက်ပြီး မျက်နှာထားက အလွန် ကြည့်ရဆိုးလာသည်။ သို့သော် ယဲ့ဖန်က သူ၏ ခြိမ်းခြောက် စကားကို မကြားသယောင်ပြု၍ ရှေ့သို့ ဆက်လျှောက်လာသည်။
“မဖြစ်ဘူး သူက မိုးကြိုးပင်လယ်ကို လူအုပ်ကြားထဲ ခေါ်လာနေတာ”
ဧကရာဇ်သွမ့်မူ ထိတ်လန့်သွားပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
ယဲ့ဖန်သည် မိုးကြိုးပင်လယ် စွမ်းအင်ကို အသုံးချ၍ သန်းချီသော စစ်သည်များကို ရှင်းလင်းချင်နေ၏။ အလွန် ရက်စက်လှပေသည်။
“သူ့ကိုတားကြ”
သွေးအရှင်သခင်က အရင်ဆုံး ပြေးထွက်လာသည်။ သူ့တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်နှက်နေပြီး သွေးရောင်များ လက်လာကာ သွေးများက ဆူနာမီသဖွယ် တိုးပွားလာပြီး ယဲ့ဖန်ကို နစ်မြုပ်အောင် ပြုလုပ်လာသည်။
သို့သော် မိုးကြိုးတွင် မိစ္ဆာခွင်း စွမ်းအင်တစ်မျိုး ရှိနေပုံရပြီး အတောမသတ်နိုင်သော မိုးကြိုးလျှပ်စီးက တောက်ပ လာပြီး သွေးပင်လယ်ကို ထိုးဖောက်လာသည်။
“အား…”
သွေးအရှင်သခင် အော်ဟစ်လာပြီး ဆံပင်များ ဖိုသီဖတ်သီဖြစ်ကာ တစ်ကိုယ်လုံးမှ သွေးများ စိမ့်ထွက်လာပြီး အမာရွတ်များ ပြည့်နှက်လာလေသည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး မျက်နှာတွင် မယုံနိုင်ဟန်များ ပေါ်လာသည်။
*စစ်သည်တော်တွေနဲ့ သိုင်းပညာရှင်တွေ အတူတူ တိုက်ခိုက်တာတောင် ယဲ့ဘုရင်ကို မသတ်နိုင်ပါလား*
*ဒီလူက ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာလဲ*
မီးအကျဉ်းထောင် အရှင်သခင် တုန်လှုပ်နေပြီး မျက်နှာတွင် တိုက်ခိုက်ချင်စိတ်တို့ ပြည့်နေ၏။ သူ အလွန် စိတ်လှုပ်ရှား နေလေသည်။
ဤမျှ သန်မာသော ရန်သူကို သူ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးချင်းဖြစ်သဖြင့် ယှဉ်တိုက်ချင်စိတ်တို့ ဖြစ်ပေါ်နေ၏။
“ဒီလူက ခံစစ်မှာတောင် ဒီလောက် ခွန်အားတွေ ရှိနေတာ၊ သူသာ တိုက်စစ်ဆင်ရင် ဘယ်လောက် ကြောက်ဖို့ ကောင်းမလဲ”
ထိုစကားကို ကြားသွားသောအခါ လူတိုင်း၏ မျက်နှာတွင် ဇဝေဇဝါဖြစ်ခြင်းတို့ ဖုံးလွှမ်းလာသည်။