စစ်သည်တစ်သန်းပင် မထိုးဖောက်နိုင်
Vol. 110 Ch. 1646
“မြတ်စွာဘုရားက ဒါက အမြင်အာရုံ တစ်ခုလား၊ ဒီလောက် ကြောက်စရာကောင်းတဲ့ အမြင်အာရုံမျိုးကို ရှေးခေတ်ကတည်းက ငါ တစ်ခါမှ မမြင်ဖူးပါဘူး”
လူတိုင်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ ငရဲမြင်ကွင်းအား အမြင်အာရုံတစ်ခု ပြောင်းလဲဖြစ်ပေါ်လာအောင် လုပ်နိုင်ခြင်းက မယုံနိုင်စရာ ကောင်းလှသည်။
…
“သေစမ်း၊ ဒီအမြင်အာရုံက ကောင်းကင်တာအိုကို ဖျက်ဆီးနိုင်တယ်လို့ ငါ ခံစားမိနေတယ်၊ အခုမှ တကယ့် သတ်ဖြတ်ခြင်း စမှာကို စိုးရတယ်”
“ဒါဆို ဒီကောင် သူ့ခွန်အားကို အကုန်မသုံးရသေးဘူးလို့ ပြောချင်တာလား”
ထိုသို့သော ဖြစ်နိုင်ချေကို တွေးမိပြီးနောက် လူတိုင်း ကြက်သီးမွေးညင်း ထသွားကြသည်။
သို့သော် ဤသည်ကိုကြည့်ပြီး အင်မော်တယ် ဧကရာဇ်အဆင့်များနှင့် ဧကရာဇ်သွမ့်မူက လှောင်ရယ်လေသည်။
“အရူး အမြင်အာရုံတစ်ခုက ငါတို့အားလုံးကို ခုခံနိုင်မယ်လို့ ထင်နေတာလား၊ မင်း မချင့်မရဲ ဖြစ်နေတာလား”
“ဒါက ဘာမှမပြောင်းလဲသွားဘူး၊ မင်း သေရမှာက သေရဦးမှာပဲ”
“အမြင်အာရုံတစ်ခုနဲ့ မလုံလောက်ရင် နှစ်ခုဆိုရင်ရော၊ သုံးခုဆိုရင်ရော”
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ အေးစက်စွာ ပြုံးလိုက်သည်။
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး ရုတ်တရက် မျက်နှာပျက်ကုန်သည်။
ချက်ချင်းဆိုသလိုပင် နောက်ထပ် အမြင်အာရုံတစ်ခု ပေါ်ထွက်လာသည်။ ကောင်းကင်ယံ၌ နေကိုးစင်း ထွက်ပေါ်လာပြီး ရုတ်တရက် အပူလှိုင်းက တစ်ဟုန်ထိုး မြင့်တက်လာပြီး နေ၏ အလင်းရောင်က ရွှေရောင်တောက်နေကာ အရာအားလုံးကို ဖျက်ဆီးနေသည်။
“ကောင်းကင်မှာ နေကိုးစင်းတောင်ပါလား”
လူတိုင်း အံ့ဩသွားသည်။
“ဒါ ရှေးခေတ်တုန်းက ကြောက်စရာ အကောင်းဆုံး အမြင်အာရုံတွေထဲက တစ်ခုပဲ၊ အဲ့ဒါက တစ်ချိန်တုန်းက လောကကို ဆူပွက်စေပြီးတော့ မရေတွက်နိုင်တဲ့ သတ္တဝါတွေကို သေစေခဲ့တာလေ”
“ဒီလူမှာ အမြင်အာရုံ နှစ်ခုတောင် ရှိတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူတိုင်း မှင်တက်နေကြသည်။ ရှေးခေတ်မှ ယနေ့ချိန်အထိ အမြင်အာရုံ နှစ်ခုရှိသော တစ်စုံတစ်ယောက်အား သူတို့ တစ်ခါမှ မမြင်ဖူးပါ။
မိုးမြေကို ဖျက်ဆီးလိုက်သော အရိပ်အယောင်ရှိသည့် အလွန် ကြောက်စရာကောင်းသော အမြင်အာရုံတစ်ခု ဖြစ်သောကြောင့် သာမန်လူများအား ကြံရာမရ ဖြစ်စေသည်။
သို့သော် ဤမျှနှင့် ပြီးမသွားချေ။
တတိယ အမြင်အာရုံတစ်ခု ထွက်ပေါ်လာပြန်သည်။
မျက်စိရှေ့တွင် မရဏ အငွေ့အသက်များ ထွက်ပေါ်လာပြီး ထောင်သောင်ချီသော စစ်သည်များနှင့် မြင်းများ စုဝေးလာကာ ကမ္ဘာတုန်မတတ် ဟစ်ကြွေးနေကြကာ သွေးများက ချောင်းသဖွယ် စီးဆင်းနေပြီး အလောင်းများက တောင်လို ပုံလာသည်။
အလောင်းတောင်ထိပ်ပေါ်၌ အမျိုးသားတစ်ယောက် ရပ်နေပြီး သူ၏ ဓားက စစ်မြေပြင်ကို ချိန်ရွယ်ထားပြီး ဟန်အမူအရာက အထင်ကြီးစရာပင်။
“နိုင်ငံကို ချိန်ရွယ်ထားသော ဓား”
လောက သုတ်သင်ခြင်း အမြင်အာရုံ ပေါ်လာသဖြင့် လူတိုင်း မျက်လုံးပြူးသွားပြီး တစ်ဒင်္ဂမျှ မှင်တက် သွားကြသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*လူတစ်ယောက်တည်းမှာ အမြင်အာရုံ သုံးခုတောင် ပြိုင်တူ ရှိတယ်တဲ့လား*
*ပြီးတော့ အားလုံးက တကယ့် ထိပ်တန်းတွေပဲ*
ဤသို့သော အမြင်အာရုံမျိုးများသယ် ဘယ်တစ်ခုကမဆို တာအိုစွမ်းအင်နှင့် စကြဝဋ္ဌာတို့ကို ဖျက်ဆီးနိုင်ရန် လုံလောက်သဖြင့် ကြောက်စရာ ကောင်းလှသည်။
လေး၊ ငါး၊ခြောက်။ အမြင်အာရုံ ကိုးခုအထိ ပေါ်လာသည်။
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။ မျက်လုံးများက ပြူးကျယ်လာပြီး အားလုံး၏ အကြည့်တွင် မယုံနိုင်ဟန်နှင့် ကြောက်စိတ်တို့ ပြည့်နှက်လာ၏။
အားလုံး၏ စိတ်ထဲ၌ စကားတစ်ခွန်းသာ ရှိနေ၏။ ၎င်းမှာ …
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*လူတစ်ယောက်မှာ အမြင်အာရုံ ကိုးခုတောင် ရှိတာလား*
ဖန်သားပြင်ရှေ့တွင် ကိုးပြည်နယ်မှ လူများအားလုံးသည်လည်း မှင်တက်နေကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
*အမြင်အာရုံ ကိုးခုတဲ့၊ မယုံနိုင်စရာပဲ*
သူတို့အားလုံး နားဝေတိမ်တောင် ဖြစ်နေ၏။
အမြင်အာရုံ ကိုးခုသည် အချင်းချင်း ထပ်ဆင့်လာပြီး နောက်ဆုံးတွင် ဝိုးတိုးဝါးတား ပုံရိပ်ကိုးခု ဖြစ်ပေါ်လာသည်။ အားလုံးက ထည်ဝါကြီးစိုးကြပြီး အမျိုးမျိုးသော ခမ်းနားထည်ဝါမှုတို့ ဝန်းရံနေကာ နတ်ဘုရားစွမ်းအင်များ တိုးပွားနေပြီး လောကထဲသို့ နတ်ဘုရား ကိုးပါး ဆင်းသက်လာသည်ဟု ထင်မှတ်ရသည်။
လူတစ်ယောက်သည် ဘဝသက်တမ်း တစ်ကြိမ်၌ အမြင်အာရုံ တစ်ခုသာ ရှိနိုင်သည်။ ယဲ့ဖန်က ကိုးကြိမ်တိုင်တိုင် လူဝင်စားခဲ့သောသူ ဖြစ်သောကြောင့် အတိတ်က လူဝင်စားကိုးယောက်၏ အမြင်အာရုံ အားလုံးကို သုံးနိုင် လေသည်။
ဤမဟာအစီအရင်အား ဧကရာဇ်ကိုးပါး မရဏ အစီအရင်ဟု ခေါ်သည်။ အတိတ်က ဧကရာဇ် ကိုးပါး၏ ခွန်အားဖြင့် ပြုလုပ်ထားသော ကြောက်စရာကောင်းသည့် သတ်ဖြတ်မှုတစ်ခုပင်။
လောကကို ဖျက်ဆီးနိုင်လောက်သည့် အဖျက်စွမ်းအင်ကိုးခုက အလွန်အမင်း ကြောက်စရာ ကောင်းလှသည်။
လက်ရှိတွင် ဤရှေးခေတ် မဟာအစီအရင်၏ စွမ်းအင် ပြုံကျလာခြင်းကို မခံနိုင်သဖြင့် အင်မော်တယ် ဧကရာဇ်အဆင့်များ၏ စုပေါင်း တိုက်ခိုက်မှု ပျက်ပြယ်သွားလေသည်။
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး မှင်တက်သွားသည်။ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက အလွယ်တကူ ပျက်စီးသွားသည်တဲ့လား။
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
ထိုအချိန်တွင် ယဲ့ဖန်သည်လည်း အခြေအနေ မကောင်းချေ။ သူ့အရိုးများ ကျိုးနေပြီး အသားများ စုတ်ပြဲကာ သွေးများ စိမ့်ထွက်နေ၏။ သူ့တစ်ကိုယ်လုံး ရစရာမရှိအောင် စုတ်ပြတ်နေသည်။
သူ့အခြေအနေဖြင့် ဤမဟာအစီအရင်ကို အလွန် ခက်ခဲသည်။ ဧကရာဇ် ကိုးပါး၏ စွမ်းအားက ကြီးမား လွန်းလှပြီး သူ၏ အိုမင်းနေသော ခန္ဓာကိုယ်က လုံးဝ မခံနိုင်ချေ။
“ဘယ်လိုလုပ်”
ပိုင်ရွှယ်၏ မျက်လုံးထဲတွင် ထိတ်လန့်ဟန်တို့ ပြည့်နှက်နေသည်။ ယဲ့ဖန်က သူ၏ အကန့်အသတ်သို့ ရောက်ခါနီး နေသည်ကို သူမ မြင်နေရသည်။
လက်ရှိတွင် ယဲ့ဖန်သည် သွေးလူသားတစ်ယောက်အသွင် ဖြစ်နေသည်။ ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှပြီး အားလုံး၏ ရင်ထဲ၌ ဓားဖြင့် မွှေ့ယမ်းခံရသလို ခံစားနေရသည်။
“အား…”
ရုတ်တရက် ပိုင်ရွှယ် အော်ဟစ်လာပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကို အုပ်ကိုင်ထားပြီး သူမဦးနှောက်ထဲ၌ တဆစ်ဆစ် နာကျင်သလို ခံစားနေရသည်။
“ပိုင်ရွှယ် နင် ဘာဖြစ်တာလဲ”
သူမအဖြစ်ကြောင့် မိန်းကလေးများအားလုံး အလန့်တကြား ဖြစ်ကုန်သည်။
သို့သော် ပိုင်ရွှယ် ဘာမှမပြောနိုင်ချေ။ သူမသည် နာကျင်မှုကြောင့် အံကြိတ်ထားပြီး မျက်နှာ ပြာနှမ်းနေကာ ချွေးစေးများ အဆက်မပြတ် ထွက်နေသည်။
တဆစ်ဆစ် နာနေသော ခံစားချက်ကြောင့် သူမ ခေါင်းပေါက်ထွက်တော့မည်ဟု ထင်မှတ်မိသည်။ ထို့နောက် သူမ၏ မှတ်ဉာဏ်မဟုတ်သော မှတ်ံဉာဏ်များက သူမအတွေးထဲ အဆက်မပြတ် ဝင်ရောက်လာသည်။
များမကြာမီမှာပင် သူမ နာကျင်စွာ အော်ဟစ်ရင်း သတိလစ်သွားသည်။ ကျန်မိန်းကလေးများ ကြံရာမရဖြစ်ကာ ပူပန်လာ၏။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ပါးစပ်ထောင့်မှသွေးကို သုတ်၍ ရှေ့သို ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။ သူ အကန့်အသတ်သို့ ရောက်နေမှန်း သိပါသည်။ သို့သော် အကန့်အသတ်သို့ မရောက်ခင် ဤလူများအားလုံး သေကိုသေရမည်။
“သေစမ်း၊ သူက ငါတို့ကိုပါ အတူ သေစေချင်တာပဲ၊ အဝေးကိုပြေးကြ”
ထိုအခိုက်တွင် ဧကရာဇ် သွမ့်မူသည် ယဲ့ဖန်၏ အကြံကို ရိပ်မိသွားပြီး အော်ပြောလိုက်သည်။
*သူ ဒီပုံကို အချိန်အတော်ကြာအောင် ထိန်းမထားနိုင်ဘူး၊ အဲ့ဒါကြောင့် သူက ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့အားလုံးကို ဆွဲချချင်နေတာပဲ*
*ထွက်ပြေးရမယ်*
ထိုအတွေးဝင်လာသည်နှင့် ဒါဇင်ချီသော လူများသည် ရုတ်တရက် အလင်းတန်းများသဖွယ် ကောင်းကင်ထက်သို့ ပျံတက်၍ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြလေသည်။
*အဆုံးစွန်အထိ ရှောင်ရမယ်၊ ဒီ့ကောင်နဲ့ ဝေးမှဖြစ်မယ်*
*ဒီအစီအရင် ပြီးသွားတာနဲ့ သူလည်း သေမှာပဲ*
ထိုစဉ် ထည်ဝါ၍ လွှမ်မိုးနိုင်သော ဖိအားတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးအား ဖိနှိပ်ပိတ်ဆို့လာပြီး နတ်ဘုရားစွမ်းအင်က ကောင်းကင်အထိ ပျံ့နှံ့လာသည်။
တစ်လောကလုံး တုန်ခါလာပြီး ဝိုင်းသတ်ရန် ရောက်လာသည့်သူများအားလုံး ပြေးမလွတ်တော့ချေ။
ဤသည်ကိုမြင်သော် အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး ငိုချင်စိတ် ပေါက်သွားကြသည်။ သူတို့ ပြေးမလွတ်သဖြင့် ဤနတ်ဆိုးကို ရင်ဆိုင်ရပေတော့မည်။
ကြောက်စိတ်က ကူးစက်ရောဂါအလား ပျံ့နှံ့လာသည်။ အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံး မိဘ သေသဖြင့် ဝမ်းနည်းနေသကဲ့သို့သော အမူအရာများ ဖြစ်လာကြသည်။
“ပျက်စီးစမ်း”
ဧကရာဇမ်သွမ့်သူသည် ချက်ချင်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချကာ ညာသံပေး၍ အစီအရင်အား လက်ဖြင့် ရိုက်လိုက်သည်။
အခြားသော အင်မော်တယ် ဧကရာဇ်များသည်လည်း အမူအရာ ပြောင်းလဲသွားပြီး နောက်က လိုက်တိုက် လေသည်။
“ဝေါင်း”
သို့သော် ထိုအခိုက်တွင် မာန်ဖီသံ ပေါ်လာပြီး ကြောက်စရာကောင်းသော ကျားတစ်ကောင်က မြေကြီးထဲမှ ထွက်လာ၏။
“ချုံးချီလား”
ဧကရာဇ်သွမ့်မူနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
*ဘယ်လိုလုပ် ဒီရှေးဟောင်းသားရဲက ဒီမှာ ပေါ်လာတာလဲ*
သူတို့ တွေးချိန်ပင် မရလိုက်ဘဲ လက်သည်းတစ်ဖက်က အားအပြည့်ဖြင့် ကျလာသဖြင့် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက် ပြားချပ်သွားသည်။
ဤမြင်ကွင်းက အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံးကို ကြောက်လန့်သွားစေသည်။
အရှေ့တွင် ဝံပုလွေရှိပြီး အနောက်တွင် ကျားရှိသည်ဟူသော စကားလိုပင်။ တစ်ဖက်လူက သူတို့ကို နည်းနည်းလေးမှ ထွက်ပြေးခွင့်မပေးပေ။ သူတို့ ဇာတ်သိမ်းလေပြီ။
ယဲ့ဖန်သည် သွေးသံတရဲရဲဖြင့် ရှေ့သို့ တက်လာပြီး သူ့ခန္ဓာကိုယ်တွင်းမှ ကြောက်စရာကောင်းသော စွမ်းအင်များ ပျံ့နှံ့နေကာ အင်မော်တယ် ဧကရာဇ်အဆင့်များထံ လှမ်းလာနေ၏။
“ဒီနေ့ ငရဲကို သွားကြတာပေါ့”
ယဲ့ဖန်က ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။ သူ လက်ကိုမြှောက်လိုက်သည်နှင့် ဓားစွမ်းအင်က တာအိုစွမ်းအင်ကို ဖြတ်တောက်လာပြီး ကောင်းကင်ယံတစ်ခွင် ပျံ့နှံ့လာပြီးမှ အောက်ဘက်သို့ အရှိန်ဖြင့် ကျငဆ်းလာသည်။
“ရွှစ် ရွှစ်”
ကောင်းကင်ထက်မှ အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက် ထိမှန်သွားပြီး သူတို့၏ ခန္ဓာကိုယ်များ တစ်စစီ ဖြစ်ကာ သွေးများ ပန်းထွက်လာ၏။
“အရှင်မင်းမြတ်၊ အရှင် ဘာလုပ်နေတာပါလဲ”
ရှုဖူက အလွန် စိုးထိတ်နေသော အကြည့်တို့ဖြင့် အော်မေးလာသည်။ သူ တစ်စုံတစ်ရာကို သတိထားမိ သွားသည့်ပုံပင်။
ယဲ့ဖန်၏ ခန္ဓာကိုယ်က သွေးတိတ်သွားသော်လည်း ရွှေရောင် သူတော်စင် မီးတောက် တောက်လာသည်။ ၎င်းမှာ အသက်ဓာတ်ကို လောင်ကျွမ်းစေလိုက်ခြင်း ဖြစ်သည်။
“မလုပ်ပါနဲ့”
ဤသည်ကိုမြင်သော် ကျုံးဝမ်နှင့် အခြားသူများလည်း ဝမ်းနည်းစွာ အော်ဟစ်လာသည်။ ဤသည်မှာ အသက်ကို စတေး၍ တိုက်ခိုက်နေခြင်းပင်။ သူ သေတွင်းတူးနေခြင်းသာ။
“ရပ်လိုက်ပါ၊ အရှင်မင်းမြတ် ရပ်လိုက်ပါတော့”
မရေတွက်နိုင်သော နတ်ဆိုးမျိုးနွယ်များသည် ဖန်သားပြင်ရှေ့မှ အော်ဟစ်နေကြပြီး သူတို့၏ မျက်လုံးတွင် မျက်ရည်များ ဝဲနေကာ နှလုံးသားက တဆစ်ဆစ် နာကျင်နေရသည်။
ယဲ့ဖန်က ထိုလူများနှင့်အတူ သေရန် ပြင်နေသည်ကို သူတို့ မြင်နေရသည်။
“ငနာလေး ရပ်လိုက်စမ်း၊ မင်း ရပ်မှဖြစ်မယ်”
လီဟွမ်ဟွမ်နှင့် အိုးရန်လင်းတို့သည်လည်း အသည်းအသန် အော်ဟစ်နေကြသည်။ သူတို့သည် ယဲ့ဖန်ကို ယခုမှ ပြန်ရှာတွေခဲ့သည်။ သို့သော် သူ သေသည်ကို ထိုင်ကြည့်နေရမည်တဲ့လား။ သူတို့ ဘယ်လိုလုပ် လက်ခံနိုင် ပါမည်နည်း။
သို့သော် ယဲ့ဖန်က သတ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် ဘာမှနားမဝင်တော့ပါ။ ဒဏ်ရာရသည်ကိုလည်း အမှုမထားဘဲ မိမိခွန်အားအား အဆုံးစွန်အထိ မြှင့်တင်လိုက်သည်။
“အဘိုးကြီး ကျုပ် ခင်ဗျားကို အကြွေးမတင်တော့ဘူးနော်”
ထိုစဉ် သူ့နှုတ်ခမ်းထက်၌ လွတ်လပ်ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာပြီး အင်မော်တယ်တစ်ပါး အိမ်သို့ ပြန်လာသကဲ့သို့ ညင်သာနူးညံ့စွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
သူ့လက်ကို အသာ ဝှေ့ယမ်းလိုက်သောအခါ တာအိုစွမ်းအင်များက အရှိန်ဖြင့် ကျဆင်းလာပြီး အရာအားလုံး လောင်ကျွမ်းလေတော့သည်။
ထိုအခါ အင်မော်တယ် ဧကရာဇ်အဆင့် ဆယ်ယောက်တိတိ ခန္ဓာကိုယ် တစ်စစီ ပေါက်ကွဲသေဆုံးကာ သွေးမိုးများ ရွာသွန်းလာသည်။ ဤစွမ်းအင်ကို သူတို့ လုံးဝ မခံနိုင်ကြချေ။
ဧကရာဇ်ကိုးပါး၏ စွမ်းအားက ကိုးပြည်နယ်တစ်ခုလုံးကို ရှင်းလင်းနိုင်၏။
“မဟုတ်ဘူး၊ မလုပ်နဲ့”
“ယဲ့ဘုရင် ငါ မှားမှန်း သိပါပြီ၊ ငါ မင်းကို မဆန့်ကျင်ခဲ့သင့်တာပါ၊ ငါ့ကို လွှတ်ပေးပါ၊ ငါ မင်းနဲ့ ဘယ်တော့မှ ရန်သူ မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်”
“ငါ့ကို လွှတ်ပေး၊ ခွေးမသား ငါ့ကို လွှတ်ပေးစမ်း”
အင်မော်တယ် ဧကရာဇ်အဆင့်များ သည်းခြေပျက်မတတ် ကြောက်ရွံ့ကာ အလန့်တကြား အော်ဟစ်နေပြီး နောင်တရ နေကြသည်။ ဤနေရာသို့ အဘယ်ကြောင့် ခြေချမိခဲ့သလဲ တွေးကာ နောင်တရနေ၏။
ဤနေရာ၌ ကြောက်စရာကောင်းလောက်အောင် ကြမ်းကြုတ်သော နတ်ဆိုးက နိုင်ငံ၏ ဂိတ်တံခါးကို စောင့်ကြပ် နေသည်။
ဤနိုင်ငံအား သူတို့ မတိုက်ခိုက်နိုင်ပါ။
ထိုသို့သောအချိန်၌ တစ်လောကလုံး ထိတ်လန့်နေသည်။
ယနေ့အချိန်မှစ၍ ကျုံးကျိုးတွင် နတ်ဆိုး အငွေ့အသက် အင်ပါယာဟူသော နိုင်ငံငယ်လေး တစ်ခုရှိသည်ကို လူတိုင်း သိလာကြပေတော့မည်။
သန်းချီသော စစ်သည်တော်များ မထိုးဖောက်နိုင်သော နိုင်ငံပါတကား။
ဤတိုက်ပွဲက ယခုအခြေအနေသို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။ ရလဒ်က သူတို့ကို အလွန် အံ့ဩသွားစေသည်။
နတ်ဆိုးအငွေ့အသက် အင်ပါယာ၌ ကြောက်စရာကောင်းသော သားရဲတစ်ကောင် ရှိသည်။ ၎င်းသည် လူတစ်ယောက် ကြီးစိုးသော နိုင်ငံတစ်ခုဖြစ်ပြီး ထိုလူတစ်ယောက်အား သန်းချီသော လူများက မတွန်းလှန်နိုင်ဘဲ သိုင်းပညာရှင်များအားလုံး ဦးညွှတ်နေရသည်။
သူသည် သူမတူသော ခွန်အားဖြင့် သိန်းချီသော စစ်သည်တော်များကို ရှင်းလင်းခဲ့သည်။
အင်မော်တယ် ဧကရာဇ်အဆင့်များတွင် ဝမ်းနည်းစွာ ငိုကြွေးသူများ၊ အော်ဟစ်သူများ၊ တောင်းပန်၍ အသနားခံသူများနှင့် ပြည့်နေကာ မြင်ကွင်းက အလွန် ဖရိုဖရဲ ဖြစ်နေသည်။
“ငါ ဒီကို လာကတည်းက ငါ့ကံကို လက်ခံထားပြီးပြီ၊ မင်းတို့ ငါ့ရှေ့ ပေါ်လာကတည်းက မင်းတို့ရဲ့ အဆုံးသတ် ကလည်း ဆိုးရွားပြီးသား”
ယဲ့ဖန်သည် အဆက်မပြတ် သွေးအန်နေသော်လည်း သတ်ဖြတ်ချင်စိတ် ပေါ်နေဆဲဖြစ်ကာ လက်ကိုမြှောက်၍ အတောမသတ်နိုင်သော စွမ်းအင်များကို ပျံ့နှံ့စေသည်။
ယခုတစ်ခေါက်၌ သူ သတ်လိုက်သည်က ထောင်ချီသော စစ်သည်များပင်။
ပြင်းထန်သော စွမ်းအင် ပျံ့နှံ့လာသောအခါ တန်း၍ ပေါက်ကွဲသေဆုံးသွားသူများ များပြားလာကာ သေကြေပျက်စီးသည့် အရေအတွက်ကလည်း သောင်းချီလာသည်။
မြေဆီလွှာတွင် ဆယ်မိုင်မျှ ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ငါ မသေချင်းဘူး၊ ငါ့ကို လွှတ်ပေးပါ”
“ယဲ့ဘုရင် ငါတို့ မှားမှန်းသိပါပြီ၊ ငါတို့ တကယ် မှားမှန်း သိပါပြီ၊ ငါတို့ကို သွားခွင့်ပေးပါ”
ထိုသို့သောအချိန်၌ စစ်သည်များအားလုံး အဖေ၊အမေတ၍ အော်ငိုနေကြပြီး မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်အား သုံးကြိမ်တိုင်တိုင် ဂါဝရပြုနေသည်။
အစပိုင်း၌ အထင်သေး၍ လှောင်ပြောင်နေခဲ့ရာမှ နောက်ပိုင်းတွင် ထိတ်လန့်ကြောက်ရွံ့လာပြီးနောက် လက်ရှိတွင် ဆောက်တည်ရာမရ ဖြစ်နေကြသည်။
သို့သော် ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။
“စိတ်မကောင်းပါဘူး၊ မင်းတို့တွေက ငါ့ကို အဆုံးစွန်ထိ တွန်းပို့ခဲ့ပြီးပြီ၊ အဲ့တော့ ငါ မင်းတို့ကို အဆုံးသတ်ကို လမ်းပြခေါ်သွားဖို့ပဲ ရှိတော့တယ်”
သူတို့အတွက် ငရဲခန်း ရောက်လာလေပြီ။