← Chapters

ပြင်းထန်သော တိုက်ပွဲ

Vol. 110 Ch. 1649

ပြင်းထန်သော တိုက်ပွဲ

Vol. 110 Ch. 1649

“အင်မော်တယ် ဧကရာဇ်အဆင့်လား၊ ကြည့်ရတာ ဒီနှစ်တွေအတွင်း ခင်ဗျား ကံကောင်းခဲ့တဲ့ပုံပဲ”

ယဲ့ဖန်က သရော်၍ ပြန်ပြောလိုက်သည်။ တတိယဘိုးဘေးသည် ယခု အင်မော်တယ် ဧကရာဇ်အဆင့်သို့ ဝင်ရောက်နေလေပြီ။ ပြီးခဲ့သော နှစ်များအတွင်း သူ အလကား နေခဲ့ပုံမရချေ။

သူ့စကားကို ကြားသောအခါ တတိယဘိုးဘေးက ပို၍ ကြောက်စရာကောင်းသော ရယ်သံဖြင့် ရယ်လိုက်ပြီး အသံကလည်း ညဇီးကွက်သံနှင့် တူလာသည်။

“ဒါ မင်းကျေးဇူးကြောင့်ပဲ၊ မင်း ငါ့ကို သေမင်းခံတွင်းဝထိ တွန်းမပို့ခဲ့ရင် ငါ ဘယ်လိုလုပ် ကျင့်ကြံခြင်း ကျင့်စဉ် အတွက် ခရီးထွက်မိမှာလဲ”

“ကောင်းကင်ဘုံက ငါ့အားထုတ်မှုကို အလကားသက်သက် မဖြစ်စေခဲ့ဘူးလေ၊ လွန်ခဲ့တဲ့ သုံးနှစ်က ငါ ကျင်းလျိုရင်ရဲ့ အမွေအနှစ်ကို ငါ ဆက်ခံနိုင်ခဲ့တယ်”

ကျင်းလျိုရင်။

ထိုနာမည်ကိုကြားသောအခါ ပွဲကြည့်ပရိသတ်များ ထိတ်လန့်သွားသည်။ အားလုံး၏ မျက်လုံးတွင် ထိတ်လန့်ဟန်များ ပေါ်လွင်လာသည်။

ထိုသူသည် နာမည်ပင် တပ်မခေါ်နိုင်သော လူတစ်ယောက်၊ လူဟုပင် မခေါ်နိုင်သောသူ တစ်ယောက်ပင်။

ယခုအထိ သူက ဘာလဲဆိုသည်ကို မသိကြသေးပေ။ သူ ပေါ်လာသည့်အချိန်တိုင်း ရွှေရောင်ဝင်းနေသော လူ့အသွင်သာ ပေါ်သည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်က အရိပ်အသွင်သာ ဖြစ်နေ၏။

ထို့ကြောင့် သူ့အား ကျင်းလျိုရင်ဟု ခေါ်ကြသည်။

ထိုမကောင်းဆိုးဝါးသည် သိုင်းပညာရှင်များကို အပျော်သက်သက် အမဲလိုက်တတ်သည်။ သူ ပထမဆုံး အမဲလိုက်သည့် ပစ်မှတ်မှာ သူတော်စင်အဆင့်တစ်ယောက် ဖြစ်နေသည်။

သူတော်စင်အဆင့်များကို သတ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက်။ မည်မျှ ကြောက်စရာ ကောင်းလိုက်သနည်း။

ထိုအချိန်က သူ့ကို တိုက်ခိုက်ရဲသူ မရှိချေ။ နောက်ဆုံး၌ ကျင်းလျိုရင်သည် ပျင်းရိသလို ခံစားရသောကြောင့် ကိုးပြည်နယ်မှ ထွက်သွားသည်။ သူနှင့် တိုက်ခိုက်နိုင်သည့် ရန်သူတစ်ယောက်ကို ရှာရန် စကြဝဋ္ဌာ၏ အနက်ရှိုင်းဆုံး နေရာအထိ သွားကြသည်ဟု ပြောဆိုကြသည်။

ကျင်းလျိုရင်သည် ဒဏ္ဍာရီဆန်၍ မွန်းကျပ်စရာကောင်းသော နာမည်တစ်ခုပင်။ ကိုးပြည်နယ်မှ သိုင်းပညာရှင် အားလုံးကို ဖိနှိပ်နိုင်ပြီး အားလုံး ခေါင်းပင် မမော်နိုင်ဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ ကြီးစိုးခံခဲ့ရသည်။

သူ၏ အမွေအနှစ်ကို ယခု အရှေ့၌ ရှိနေသောသူက ရရှိသွားသည်တဲ့လား။

“ပျိုးပင်ကို ဆွဲပြီး သန်မာလာအောင် လုပ်တာက အားနည်းချက်တော့ ရှိမှာပဲ၊ ခင်ဗျား ကြာကြာ အသက်မရှင်နိုင်ပါဘူး”

ယဲ့ဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ တတိယဘိုးဘေးသည် ဘာကျင့်စဉ်မှမရှိဘဲ နှစ်အနည်းငယ်အတါင်း အဆင့်များစွာကို တက်ရောက်နိုင်ခဲ့သည်။

ဤသည်က ကောင်းကင်ဘုံ၏ မျှခြေကို ဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်သည်နှင့် အတူတူပင်။ ထိုသို့ဆိုလျင် အပြစ်ဒဏ် ခံရပေမည်။

“ဟုတ်တယ်၊ ငါ အောင်မြင်ခဲ့တဲ့နေ့ကတည်းက တန်ကြေးအနေနဲ့ ငါ့မှာ သက်တမ်း တစ်နှစ်ပဲ ရှိတော့တယ်၊ ဒါပေမဲ့ မင်းလို မျိုးမစစ်ကောင်ကို ဖျက်ဆီးနိုင်မယ်ဆိုရင် ဒီလိုလုပ်ရတာ ထိုက်တန်တယ်ကွ၊ ဟားဟားဟား”

တတိယဘိုးဘေးက ဟားတိုက် ရယ်မောနေပြီး အရူးတစ်ကောင်နှင့် တူနေသည်။ လက်ရှိတွင် သူ ရူးသွပ်နေလေပြီ။ ယဲ့ဖန်ကို သူ သတ်နိုင်သရွေ့ မည်သို့သော တန်ကြေး ပေးဆပ်ရပါစေ ထိုက်တန်ပါ၏။

*ဒီမျိုးမစစ်သာ လောကထဲက ထာဝရ ပျောက်ကွယ်သွားနိုင်ရင် ရပြီ*

“ယဲ့ဖန် မင်း ငါ့မျိုးနွယ်ကို သတ်ခဲ့တယ်၊ ငါ့အစ်ကိုကိုလည်း သတ်ခဲ့တယ်၊ ဒီနေ့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်”

တတိယဘိုးဘေးက ကြုံးဝါးပြီး တာအိုစွမ်းအင် ထွက်ပေါ်လာကာ သူ့ဦးခေါင်းထက်၌ သူတော်စင် အလင်းရောင် ရှိနေပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်မှ ကြီးမားသော စွမ်းအင်က အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသည်။

ယဲ့ဖန်က လှောင်ရယ်၍ ပြန်ပြောလိုက်သည်။

“အဲ့ဒါတွေအားလုံး ခင်ဗျား အမှားပဲ၊ ယဲ့မိသားစုက သေသင့်တယ်၊ ခင်ဗျားက ပိုပြီးတောင် သေသင့်တယ်”

ထိုသို့ပြောလိုက်ပြီးနောက် ယဲ့ဖန်က ဓားကိုကိုင်ဆွဲ၍ ပြေးတက်လာသည်။ ဓားစွမ်းအင်က ပိုက်ကွန်အလား တတိယ ဘိုးဘေးထံ ပျံ့လွင့်လာသည်။

တတိယဘိုးဘေးက ရယ်လိုက်သည်။ သူ၏ လက်ခြောက်ဖက်လုံးမှ မတူညီသော လက်နက်ခြောက်ခု ပေါ်လာပြီး ဓားချက်အား ပြန်လည် တိုက်ခိုက်လေသည်။

ကောင်းကင်ပြိုမတတ်သော အသံကြောင့် လူတိုင်း နားအူလာသည်။ ဤသည်က နတ်ဘုရားများ၏ စွမ်းအင်ပင်။ နှစ်ဖက်လုံးက အလွန်အမင်း သန်မာပြီး ထိပ်တိုက် တိုက်သောအခါ သူတို့၏ စွမ်းအင်က အဆုံးအစမဲ့စွာ ထွက်ပေါ်နေသည်။

“တားလိုက်နိုင်တယ်”

“သူ ပြန်တိုက်နိုင်တာပဲ”

“ကောင်းလိုက်တာ၊ ကျင်းလျိုရင်ရဲ့ အမွေအနှစ်က တကယ်ကို ကြီးမားတာပဲ”

ဤသည်ကိုမြင်သော် လူတိုင်း ဝမ်းသာသွားပြီး မျှော်လင့်ချက်တို့ တစ်ဖန် ပေါ်ပေါက်လာသည်။ သူတို့ နိုင်ပွဲ အရိပ်အယောင်ကို မြင်နေရပြီး ယဲ့ဖန်၏ ဆိုးရွားသော သေခြင်းကိုလည်း မြင်နေရသည်။

ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် အံ့ဩသွားလေသည်။ ယနေ့ တတိယ ဘိုးဘေးသည် ယခင်ကနှင့် လုံးဝ မတူပေ။ သူ၏ တိုက်ကွက်များကိုပင် တားဆီးနိုင်နေ၏။

တတိယဘိုးဘေးက ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။

“မြင်ပြီလား ယဲ့ဖန်၊ ဒါ လက်ရှိ ငါ့ရဲ့ ခွန်အားပဲ၊ မင်း ငါ့ကို သတ်နိုင်မယ်လို့ ယုံကြည်နေတုန်းလား၊ မင်းရဲ့ မောက်မာမှုတွေ ဘယ်မှာလဲ၊ အထင်သေးတာတွေရော ဘယ်ရောက်သွားလဲ”

“ဟားဟားဟား …”

မထီမဲ့မြင် စကားသံများက တတိယဘိုးဘေးထံမှ အဆက်မပြတ် ထွက်လာသည်။ ထိုစကားများက အလွန် နားကောစရာပင်။

အတိတ်အခါက သူ ယဲ့ဖန်နှင့် တိုက်ခိုက်ချိန်တိုင်း ယဲ့ဖန်က အထင်သေး၍ မောက်မာခဲ့ပြီး တတိယဘိုးဘေးအား မျက်စိထဲပင် မထည့်ခဲ့ချေ။

ယခုအခါတွင် သူသည် ယဲ့ဖန်အား မမောက်မာနိုင်တော့အောင် လုပ်ချင်နေသည်။ ထို့ကြောင့် သူ့မျက်နှာတွင် စဉ်းလဲ ကောက်ကျစ်မှုတို့နှင့် ပြည့်နှက်နေလေသည်။

“အခု ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သတ်မယ်၊ မင်းကို ငိုကြွေးပြီး သေအောင် လုပ်မယ်”

ရုတ်တရက် ရွှေရောင် ကျာပွတ်တစ်ချောင်း ထွက်လာသည်။ ၎င်းသည် အင်မော်တယ်တစ်ပါး၏ စွမ်းအင်များ ပါရှိနေသည်ဟု ထင်မှတ်ရပြီး စွမ်းအင်များက အတောမသတ် ရှိနေပြီး လေဟာနယ်ကိုခွင်း၍ ကျရောက်လာသည်။

ထို့နောက်တွင်မူ ထို ရိုက်ချက်လှိုင်းကပင် ထောင်ချီသော စစ်သည်များကို သေဆုံးသွားစေပြီး ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ်လာကာ မရေတွက်နိုင်သော တောင်များ ပြိုကုန်သည်။

တတိယဘိုးဘေး၏ ရည်ရွယ်ချက်က ရှင်းလှသည်။ ညှာတာမှုမရှိဘဲ သတ်ဖြတ်ရန် ဖြစ်လေသည်။

ဤမြင်ကွင်းက အောက်ဘက်မှ လူများအားလုံးကို ထိတ်လန့်သွားစေသည်။ တတိယဘိုးဘေးက ဘယ်သူလဲ သူတို့ မသိသော်ငြားလည်း သူတို့ မလေးစားဘဲ မနေနိုင်ပါ။

*ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်ပွဲဝင် ခွန်အားပါလား*

*ဒါက အဆုံးမရှိသလိုပဲ*

ဤကျာပွတ်နှင့်သာ ရိုက်မိလျင် အင်မော်တယ် ဧကရာဇ်အဆင့်ပင် သေသွားပေလိမ့်မည်။

ရုတ်ချည်းဆိုသလိုပင် သွေးအရျှင်သခင်နှင့် အခြားသူများ ဝမ်းသာလာကြပြီး အသက်ကယ် ကောက်ရိုးမျှင်ကို တွေ့လိုက်ရသကဲ့သို့ဖြစ်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

“ယဲ့ဘုရင်ကိုသတ်”

“ယဲ့ဘုရင်ကိုသတ်”

“ယဲ့ဘုရင်ကိုသတ်”

လူတိုင်း ပြိုင်တူ ရေရွတ်လာပြီး တတိယဘိုးဘေးအား လေးစား၍ အံ့ဩသော အကြည့်ဖြင့် ကြည့်လာသည်။

“ခင်ဗျား လုပ်နိုင်တယ်ထင်ရင် စမ်းကြည့်လိုက်လေ”

ယဲ့ဖန်၏ မျက်လုံးများက ကြည်လင်နေပြီး ထိုသို့အော်ပြောလိုက်ပြီးနောက် ချက်ချင်း ရှေ့တက်၍ တိုက်ခိုက် လေသည်။ ဓားအလင်းက ပင်လယ်လှိုင်းအလား ကောင်းကင်ယံကို လွှမ်းမိုးလာပြီး လေဟာနယ်ကို ချက်ချင်း ဖျက်ဆီးလာသည်။

“ဝုန်း”

နှစ်ဖက်စလုံး၏ တိုက်စစ်က ပြင်းထန်စွာ တွေ့ဆုံသွားလေသည်။ ထိုစဉ် တတိယဘိုးဘေးက ခနဲ့တဲ့တဲ့ ရယ်မောပြီး စဉ်းလဲစွာ ပြုံးလေသည်။

“အရူးကောင် မင်းရဲ့ အခြေအနေနဲ့ ငါ့ကို ထိပ်တိုက်တွေ့ဖို့ ပြင်နေတာလား၊ မင်းကို ဘယ်သူက အဲ့လို သတ္တိမျိုး ပေးလိုက်တာလဲ”

ထိုသို့ပြောလိုက်ပြီးနောက် တတိယဘိုးဘေးက လက်ကိုမြှောက်လိုက်သည်။ ထိုအခါ ရွှေရောင် နတ်မီးက ကောငး်ကင်ယံသို့ မြင့်တက်သွားသည်။ သူ၏ အသွင်က ရှေးဟောင်း ဧကရာဇ်တစ်ပါး ပြန်လည် ရှင်သန်လာသည်နှင့် အသွင်တူနေကာ မျက်လုံးများက စူးလက်နေပြီး လက်ကို အောက်သို့ ပြန်ဖိနှိပ်လိုက်သည်။

တာအိုစွမ်းအင် ပြိုလဲကာ တစ်ကိုယ်လုံး အရောင်ပြောင်းလာသည်။

နတ်ကွင်း အခု သုံးရာ့ခြောယ်ဆယ်က တစ်လွှာပြီးတစ်လွှာ ထပ်ဆင့်ထပ်ကာ အရာအားလုံးကို လွှမ်းမိုးကာ ယဲ့ဖန်ထံ သည်းကြီးမည်းကြီး ကျဆင်းလာ၏။

“သေပေတော့ ခွေးမသား”

တတိယဘိုးဘေး၏ မျက်လုံးတွင် အငြိုးထားမှုများ ပြည့်နှက်နေလေသည်။ ယနေ့ သူ၏ အစ်ကိုနှစ်ယောက်၏ ဝိညာဉ်အား ယဲ့ဖန်၏ သွေးဖြင့် ယဇ်ပူဇော်ပေးမည်။

“ဒုန်း ဒုန်း”

ယဲ့ဖန်သည် သူ့ဓားဖြင့် တားဆီးရန် အကောင်းဆုံး ကြိုးစားသော်လည်း အထိနာဆဲဖြစ်ကာ ခန္ဓာကိုယ်က သွေးများ တတောက်တောက် ကျနေပြီး ရင်ညွန့်ရိုး ချိုင့်ဝင်ကာ လက်မောင်းလည်း ကျိုးနေ၏။

ကြောက်စရာကောင်းလှသည်။

တစ်ဖက်လူ၏ နည်းလမ်းက ကောင်းကင်တာအို၏ ဘောင်ထက် ကျော်လွန်နေသည်။ ၎င်းသည် ခုခံရန်ပင် ခက်လှသော လူသတ်သိုင်းကွက်ပင်။

ကျင်းလျိုရင်၏ အမွေအနှစ်က တကယ်ပင် တစ်မူထူးလှပေ၏။

“ယဲ့ဖန် ဒါ အဆုံးသတ်ဆိုတာကို သိနေတာတောင် ဘာလို့ ဆက်တိုက်နေသေးတာလဲ၊ မင်းလည်ပင်းကို စင်းပေးလိုက်ပါတော့လား၊ ငါ မင်းကို ပျော်ပျော်ကြီး သေရအောင် လုပ်ပေးမှာပါ၊ ဟားဟားဟား”

ဤသည်ကိုမြင်သော် တတိယဘိုးဘေး အလွန်အမင်း ဂုဏ်ယူနေသည်။ နောက်ဆုံးတွင် ယဲ့ဖန်သည် သူ့လက်ထဲမှ ငါးလို ဖြစ်လာပြီး သူ ဆန္ဒရှိချိန်တိုင်း သတ်နိုင်ပေတော့မည်။

အတိတ်က သူ အရှက်ကွဲခဲ့သမျှကို ယနေ့ ပြန်ပေးဆပ်ရမည်။

သူ့ကို သတ်လိုက်ရုံနှင့် အမုန်းတရားကို ဖြေဖြောက်နိုင်ရန် မလုံလောက်ပါ။ သူ့ကို မသတ်ခင် အရင်ဆုံး သူ့ကို အရှက်ခွဲရမည်။

ဤသည်ကိုမြင်သော် နတ်ဆိုးမျိုးနွယ်များ လည်ချောင်းထဲမှ နှလုံး ခုန်ထွက်လာတော့မတတ် ခံစားလာရပြီး စိုးရိမ်ပူပန်ကာ သွေးပျက်လာကြသည်။

သူတို့၏ အရှင်မင်းမြတ် ကျဆုံးတော့မည်လော။

“မြန်မြန် မြန်မြန်လုပ်၊ အရှင်မင်းမြတ်မှာ အချိန် သိပ်မရှိတော့ဘူး ဆိုရင်တောင်မှ ငါ သူနဲ့အတူ မြေမြှုပ်ခံမယ်”

ကင်းမြီးကောက် လူသတ်သမားက သုန်မှုန်နေသော မျက်နှာနှင့် သူ့လူများကို ဒေါသတကြီး အော်ငေါက်နေသည်။

နတ်ဆိုးမျိုးနွယ် စစ်သည်တော်များ၏ မျက်နှာများက မည်းမှောင်နေပြီး လက်ရှိအချိန်၌ အရေးပါမှုကိုလည်း သိနေကြသည်။ သူတို့၏ အမူအရာက ကြည့်ရဆိုးလှသည်။

သွေးအရှင်သခင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ ရုတ်တရက် ရောက်လာသောသူက သူတို့အတွက် ယဲ့ဖန်ကို သတ်နေသဖြင့် ဘယ်လိုလုပ် သူတို့ မပျော်ဘဲ ရှိပါမည်နည်း။

ယဲ့ဖန် ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က အက်ရာ ထင်နေပြီဖြစ်ပြီး အသက်ဓာတ် ကလည်း အားနည်းသထက် နည်းလာသည်။ သို့သော် သူ့မျက်လုံးများက စူးလက်နေဆဲပင်။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် သူသည် လွှားခနဲ ခုန်လိုက်သဖြင့် မြေကြီးတွင် အချင်း ဆယ်မီတာ ရှိသော ကြီးမားသည့် တွင်းချိုင့်တစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်က တတိယဘိုးဘေးထံ တန်းတန်းမတ်မတ် ဦးတည်နေကာ ရယ်၍ ပြောလိုက်သည်။

“ကျင်းလျိုရန်ရဲ့ အမွေအနှစ်က ဒီ့ထက်မပိုပါလား”

ထိုစကားကိုကြားသော် တတိယဘိုးဘေး နားဝေတိမ်တောင် ဖြစ်သွားသည်။

*ဒီကောင်က ဒီလို မောက်မာတဲ့ စကားမျိုးကို ဘယ်လိုတောင် ပြောရဲတာလဲ*

အခြားသူများအားလုံးသည်လည်း တစ်ဒင်္ဂမျှ မှင်တက်သွားပြီး နားကြားမှားလေသလားဟု တွေးမိနေသည်။

*ကျင်းလျိုရန်ရဲ့ အမွေအနှစ်က ဒီ့ထက်မပိုဘူးတဲ့လား*

*မောက်မာလွန်းတယ်*

“ဒီတစ်ခါတော့ ခင်ဗျား ပြေးမလွတ်ဘူး၊ သေကို သေရမယ်”

ယဲ့ဖန်၏ မျက်လုံးတွင် ရူးသွပ်မှုတို့နှင့် ပြည့်နှက်နေသည်။ ဓားချက်က ကောင်းကင်ကိုပင် ခွင်းနိုင်လေသည်။

“သေချင်နေတာပဲ”

တတိယ ဘိုးဘေး ထိန်းမရအောင် ဒေါသထွက်လာပြီး ကျာပွတ်ကို လွှဲယမ်း၍ နတ်ကွင်းကို ကျဆင်းစေသည်။

သို့သော် ယဲ့ဖန်က ပုန်းလည်းမပုန်း ရှောင်လည်းမရှောင်ဘဲ ထိပ်တိုက် ရင်ဆိုင်လာသည်။ သူ့မျက်လုံးတွင်းမှ ရူးသွပ်မှုက ပို၍ ပြင်းပြလာသည်။

“ဖြောင်း”

ယဲ့ဖန်၏ ပခုံးပေါ် ကျာပွတ် ရိုက်ချက်ကျလာပြီး လက်မောင်းတစ်ခုလုံး ပြတ်လုနီးပါး ဖြစ်သွားရကာ အသားစနှင့် သွေးများ လွင့်စဉ်လာ၏။

“ရွှစ်”

တစ်ချိန်တည်းမှာပင် ထိုကျာပွတ်သည် ယဲ့ဖန်၏ ဓားကြောင့် ပြတ်တောက်သွားလေသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

တတိယဘိုးဘေး အံ့ဩမှင်တက်သွားသည်။ ယဲ့ဖန်က သူ့တိုက်ကွက်ကို အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ မယုံနိုင်ပါ။

*ဘယ်လိုလုပ် ကျင်းလျှိုရန်ရဲ့ အမွေအနှစ်က ဒီလို ဖြစ်ရတာလဲ*

သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က သူ့ရှေ့ ရောက်လာပြီး ဓားက လေကိုခွင်း၍ ကျဆင်းလာသည်။

“မကောင်းတော့ဘူး”

ဤသည်ကိုမြင်သော် တတိယဘိုးဘေး ကြက်သီးထသွားပြီး မျက်လုံးတွင် အလွန် စိုးရိမ်ဟန် ပေါ်လာ၏။

မမျှော်လင့်ဘဲ ယဲ့ဖန်က အသက်ချင်းလဲ၍ သူ့ကိုယ်သူ ဒဏ်ရာ အပြင်းအထန် အရခံကာ တိုက်ခိုက်လာသည် မဟုတ်ပါလော။

“ခင်ဗျားအသက်ကို ထားခဲ့လိုက်တော့”

ယဲ့ဖ်၏ မျက်လုံးများက ကြောက်စရာကောင်းလှပြီး ဓားချက်ကလည်း ကျဆင်းလာသည်။

“ရွှစ်”

သွေးများ ဝေါခနဲ ပန်းထွက်လာသည်။ တတိယဘိုးဘေး၏ လက်မောင်းတစ်ဖက်က လေထဲ ပျံတက်လာပြီးမှ မြေကြီးပေါ်သို့ ဘုတ်ခနဲ ကျသွားသည်။

“အား…”

ထိုသို့သောအချိန်၌ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။ တတိယ ဘိုးဘေး၏ မျက်နှာတွင် မယုံနိုင်လောက်‌ သွေးပျက်ဟန်တို့ ပေါ်နေ၏။

*ဒီကောင်က ငါနဲ့အတူ သေဖို့ကြံနေတာပဲ*

*ဒါပေမဲ့ သူ ဘယ်လိုလုပ်လိုက်တာလဲ*

လက်ရှိတွင် သူသည် ကျင်းလျိုရင်၏ အမွေအနှစ်ကို ရရှိထားပြီး ဤနေရာမှာ လူတိုင်းကို ဖိနှိပ်နိုင်ကာ အင်မော်တယ် ဧကရာဇ်အဆင့်၌ ပြိုင်ဘက် မ၇ရှိသလောက် နီးပါးပင်။

သို့သော် ဤပျက်စီးလုနီးပါး ခန္ဓာကိုယ်နှင့် ယဲ့ဖန်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သည်တဲ့လား။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း*

*အရူး*

*အခုထိ သန်မာနေသေးတဲ့ အရူးပဲ*

တတိယဘိုးဘေး စိတ်ထဲ၌ စတင်၍ ရတက်မအေး ဖြစ်လာပြီး မရယ်နိုင်တော့ချေ။

ကျင်းလျိုရင်၏ အမွေအနှစ်က သူ့အား အလွန် ယုံကြည်မှုရစေသော်လည်း ယဲ့ဖန်က သူ့အား အပျော်စော နေသည်ဟု သိအောင် ပြသါားသည်။

သူ့အရှေ့မှ မကောင်းဆိုးဝါးသည် ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း အထင်သေး၍ မရချေ။

“ခွေးမသား ငါ မင်းခန္ဓာကိုယ်ကို ချေမွပြီး ငါ့ခန္ဓာကိုယ်ကို ပြုပြင်မယ့် ဆေးလုံး လုပ်ပစ်မယ်ကွ”

တတိယဘိုးဘေးက ကြုံးဝါးလာပြီး ယဲ့ဖန်အား သူ့သားကောင်ဟု မှတ်ယူထားသည်။

*ဒီကောင့်ရဲ့ ခန္ဓာကိုယ်က အရမ်း ထူးခြားလွန်းတယ်၊ သူ့ခန္ဓာကိုယ်ကိုသာ ဆေးလုံးအဖြစ် သန့်စင်လိုက်ရင် ငါ့ခန္ဓာကိုယ်က ဒဏ်ရာတွေကို ကုသနိုင်လောက်တယ်*

“ခင်ဗျားကလား”

ယဲ့ဖန် လှောင်ရယ်လိုက်ပြီး ယခုအထိ မသိမသာ ခနဲ့နေလိုက်သည်။

“ခင်ဗျားတို့ ယဲ့မိသားစုဝင်တေါက တော်တော် မာနကြီးတာပဲ၊ နောက်တော့ ဘာဖြစ်သွားလဲ၊ ကျုပ် အခုထိ ကောင်းကောင်း နေနေတယ် မဟုတ်လား၊ သူတို့လည်း ကောင်းကောင်းနေနေပါတယ် …”

“ငရဲမှာပေါ့”

All Chapters