ကိုးပြည်နယ်၌ အကြမ်းကြုတ်ဆုံးလူ
Vol. 110 Ch. 1650
ထိုစကားကိုကြားသော် တတိယဘိုးဘေး၏ မျက်နှာက ပိုသုန်မှုန်လာပြီး ပြန်ချေပလိုက်သည်။
“ပါးစပ်ပိတ်စမ်း၊ အခုထိ ဒီလိုပုံစံနဲ့ မင်း အံ့ဩစရာတွေ ဖန်တီးနိုင်မယ်လို့ ထင်နေသေးတာလား၊ ငါ မင်းကို သတ်မယ်”
ထို့နောက်တွင်မူ တတိယဘိုးဘေးက အမြင်အာရုံတစ်ခုကို ထုတ်ဖော်လာသည်။ သူ့အနောက်၌ တောက်ပသော ရွှေရောင် အလင်းတစ်ခု ထွက်ပေါ်လာ၏။ ယင်းမှာ ရွှေပင်လယ်တစ်ခု ဖြစ်နေပြီး ကြီးမား၍ ကျယ်ပြန့်လှသည်။
ယင်းပင်လယ်တွင် အဆုံးအစမဲ့လှသည့် ကြောက်စရာကောင်းသော ရွှေရောင် နတ်စွမ်းအင်က ပွက်ပွက်ဆူနေပြီး အရှိန်အဟုန်ဖြင့် ထိုးတက်လာပြီး ယဲ့ဖန်ကို အုပ်မိုးလာသည်။
ထိုအခိုက်တွင် ကောင်းကင်ယံမှ ရွှေရောင် မိုးသက်မုန်တိုင်း ကျဆင်းလာသည်။ လူတိုင်း အံ့ဩမှင်တက် သွားသည်။
“သူတော်စင် ရွှေနယ်မြေလေ၊ ဒါ ကျင်းလျှိုရင်နဲ့ သူတော်စင် ရွှေနယ်မြေပဲ”
ဤနတ်သိုင်းကွက်က အလွန် ပြင်းထန်သည်ဟု ဆိုနိုင်ပေသည်။ အတိတ်နေ့ရက်များက တစ်ဖက်အား ၎င်းဖြင့် လွှမ်းခြုံခဲ့ပြီး ရန်သူအားလုံးကို သတ်ဖြတ်ခဲ့ကာ မည်သူမှ မတားနိုင်ခဲ့ပေ။
သူတော်စင် ရွှေနယ်မြေအောက်တွင် သူတော်စင်တောင်မှ သေမျိုး ဖြစ်လာရပြီး အလွန် ဖိနှိပ်နိုင်ကာ ထူးဆန်းသော တာအိုသဘောတရားများ ပေါင်းစပ်ထားသော အရာ ဖြစ်သည်။
ထိုနယ်မြေက ယဲ့ဖန်ကို လုံးဝ လွှမ်းခြုံသွားလေသည်။ သို့သော် ယဲ့ဖန်က ယင်းကို မမြင်သည့်ဟန်ဖြင့် တတိယ ဘိုးဘေးထံ လျင်မြန်စွာ ချဉ်းကပ်လာနေဆဲပင်။
သို့သော်ငြားလည်း သူ့အရိုးများက အဆက်မပြတ် ကျိုးကြေနေသည်။ သူ့အသားစများနှင့် သွေးများက လျင်မြန်စွာ လွင့်စဉ်ထွက်နေ၏။
သူ၏ ဘယ်ဘက်လက်မောင်းတောင်မှ အရိုးသာ ကျန်ပြိး ဤပြင်းထန်သော စွမ်းအင်ကို သူ မခံနိုင်ချေ။
“သေပြီ၊ ဒီကောင် သေပြီ”
“သေလိုက်တော့ ယဲ့ဘုရင်”
သူတို့ နိုင်ပွဲရောင်နီကို မြင်နေရလေပြီ။ သို့သော် မကြာခင်မှာပင် တစ်ခုခု မှားနေကြောင်း သူတို့ သတိပြု မိလာသည်။
ယဲ့ဖန်သည် သူတော်စင် ရွှေနယ်မြေ၏ ဖိအားကို တောင့်ခံနိုင်ပြီး သန်မာသော ခန္ဓာကိုယ်အား ဒိုင်းသဖွယ် အသုံးချ၍ တာအိုစွမ်းအင်ကို ဖြတ်တောက်ကာ တတိယ ဘိုးဘေးအား သတ်ဖြတ်လာလေသည်။
တတိယဘိုးဘေး၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ ယဲ့ဖန်က ချက်ချင်း မသေဘဲ သူ့ထံ ချဉ်းကပ်လာနေဆဲ ဖြစ်သည်ကို သူ မယုံနိုင် ဖြစ်နေ၏။
“သေတော့တော့၊ သေလိုက်တော့”
တတိယဘိုးဘေး ကြ်ကသိးထနေသည်။ လက်ရှိတွင် သူ အားကုန်သုံးနေပြီး တစ်ကိုယ်လုံးမှ ယန်စွမ်းအင်ကို သူတော်စင် ရွှေနယ်မြေထဲသို့ ပို့လွှတ်နေသည်။
ယဲ့ဖန်ကို သူ့အနား ကပ်ခွင့်ပြု၍ မရကြောင်း သူ သိနေသည်။ သို့မဟုတ်ပါက အဆုံးသတ်က ဆိုးရွားပေလိမ့်မည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ယဲ့ဖန်၏ အရိုးများ ကျိုးကြေသွားပြီး ပါးစပ်မှ သွေးအန်လာသည်။ သို့သော် သူ ရှေ့ဆက် တိုးနေမြဲပင်။ သူ့ခန္ဓာကိုယ်က ပြိုလဲနေပြီ ဖြစ်သော်လည်း စိတ်က ဆောင်နေ၍သာ ဆက်တိုက်နိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ ယခု ပြိုလဲသွားလျင် နောက်တစ်ကြိမ် ပြန်မထနိုင်တော့မှန်း သိနေသော ကြောင့်ပင်တည်း။
လက်ရှိတွင် နတ်ဆိုး အငွေ့အသက် အင်ပါယာတစ်ခုလုံး ဝမ်းနည်းကြေကွဲစွာ ငိုနေကြသည်။
နတ်ဆိုးမျိုးနွယ်များသည် ယဲ့ဖန်၏ အသွင်အပြင်ကိုမြင်ပြီး နှလုံးသားအား ဓားနှင့်ထိုးနေသကဲ့သို့ နာကျင်နေသည်။
တစ်ချိန်က လွှမ်းမိုးနိုင်ပြီး မောက်မာသော ယဲ့ဘုရင်က ယခု အလွန် သနားစရာ ကောင်းနေ၏။
ရှက်စရာ ကောင်းလှသည်။ သနားစရာ ကောင်းလှသည်။
ထိုစကားလုံးနှစ်လုံးဖြင့် ယဲ့ဘုရင်ကို ဖော်ပြနေရခြင်းက စော်ကားနေသလိုပင်။ တစ်နေ့ ယဲ့ဘုရင်၏ ဆိုးရွားသော ပုံစံကို သူတို့ မြင်ရလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပါ။ ဤသည်ကလည်း သူတို့ကို ကာကွယ်သောကြောင့် ဖြစ်နေခြင်းသာ။
သို့ရာတွင် ယဲ့ဖန်က ရှေ့သို့ ဆက်လှမ်းနေမြဲပင်။
ဆယ်လှမ်း၊ ငါးလှမ်း၊ နှစ်လှမ်း၊ မျက်နှာချင်းဆိုင်။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
တတိယဘိုးဘေး အော်ဟစ်လာသည်။ ဤသည်မှာ သူတော်စင် ရွှေနယ်မြေ ဖြစ်သည်။ ကျင်းလျိုရင်၏ အကောင်းဆုံး သိုင်းကွက်ပင်။ ဘယ်လိုလုပ် ခုခံနိုင်နေရသနည်း။
*အထင်မှားတာ*
*ဒါ အထင်မှားတာပဲ ဖြစ်ရမယ်*
ထို့နောက်တွင်မူ ယဲ့ဖန်က သူ့ရှေ့တည့်တည့်၌ ရပ်ကာ စကြဝဋ္ဌာဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
“ရွှစ်”
တတိယဘိုးဘေး၏ နောက်လက်တစ်ဖက် ပြတ်သွားပြီး သွေးများ ပန်းထွက်လာ၏။ ရဲရဲနီသော သွေးများက တတိယဘိုးဘေး၏ ခန္ဓာကိုယ်မှ အဆက်မပြတ် စိမ့်ထွက်နေသည်။
တတိယဘိုးဘေး အော်ချိန်ပင် မရလိုက်ချေ။ လက်ရှိတွင် သူတော်စင် ရွှေနယ်မြေကို မဖွင့်လှစ်ထားပါက သူ သေသွားလောက်သည်။
ယဲ့ဖန်က ထီမထင်သော အပြုံးမျိုး ပြုံးနေပြီး စကြဝဋ္ဌာဓားအား မြေကြီးထဲ ထိုးစိုက်လိုက်ပြီးနောက် လက်ဆန့်၍ တတိယ ဘိုးဘေး၏ ခြေထောက်တစ်ဖက်ကို လှမ်းကိုင်လေသည်။
“တစ်ချိန်တုန်းက ခင်ဗျား ကျုပ်ကို နုတ်နုတ်စင်းခဲ့တယ်၊ ဒီနေ့ ကျုပ် ခင်ဗျားအလောင်းကို အပိုင်းတစ်သောင်းအထိ စင်းပစ်မယ်”
“ဂျွတ်”
နတ်ဆိုးလက်သည်း၏ ခွန်အားက ကြီးမားလှပေသည်။ တတိယဘိုးဘေး၏ ပေါင်တစ်ဖက်က သွေးသံတရဲရဲနှင့် ပြုတ်ထွက်လာ၏။
ကြောက်စရာ ကောင်းလှသည်။ သွေးထွက်သံယို များလှပေသည်။ ဤမြင်ကွင်းက လူတိုင်းကို ချောက်ချား သွားစေသည်။
ယဲ့ဖန်က တတိယဘိုးဘေးကို သူတော်စင် ရွှေနယ်မြေအတွင်း၌ ဖိနှိပ်နိုင်သည်က မယုံနိုင်စရာ ကောင်းလှသည်။ ထိုနယ်မြေတွင် ၎င်းအား ဖန်တီးသူသာလျင် ပြိုင်ဘက်ကင်းသင့်သည်။ သို့သော် ယဲ့ဖန်အလှည့်သို့ ရောက်သောအခါ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
ထိုသို့သောအချိန်၌ ယဲ့ဖန်ကသာ နယ်မြေ၏ အရှင်သခင်ဖြစ်နေပုံ ပေါ်နေကာ အလွန် လွှမ်းမိုးဖိနှိပ်နိုင်ပြီး ကြောက်စရာ ကောင်းလှသည်။
ရက်စက်ကြမ်းကြုတ်လွန်းသည်။ ရူးချင်စရာ ကောင်းလှပေ၏။
နတ်ဆိုးဟု ခေါ်ဆိုထိုက်ပေသည်။
“ကိုးပြည်နယ်တစ်ခုလုံးမှာ ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့သူမျိုး တစ်ခါမှ မမြင်ဖူးဘူး”
လူတော်တော်များများ ထိုသို့ ခံစားမိပြီး ကြက်သီးမွေးညင်း ထနေကြသည်။
လက်ရှိအချိန်၌ တတိယဘိုးဘေး၏ နောက်ခြေထောက် တစ်ဖက်သည်လည်း ယဲ့ဖန်၏ လက်ထဲ ရောက်နေကာ စုတ်ဖြဲခြင်း ခံလိုက်ရလေသည်။ သွေးများ ပန်းထွက်လာပြန်လေပြီ။
သူတော်စင် ရွှေနယ်မြေတစ်ခုလုံး ပျက်စီးသွားသည်။
တတိယဘိုးဘေး၏ ခြေလက်များ မရှိတော့ဘဲ မြေကြီးပေါ်၌ ခွေးသေတစ်ကောင်သဖွယ် လဲနေကာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။
သူ့မျက်နှာက အလွန် မည်းမှောင်နေပြီး အံကြိတ်ထားသည်။ သူ မုန်းတီးသည်။ သူ မုန်းတီးနေ၏။
သုံးနှစ်ကြာပြီးနောက် သူ ပြန်လည်ပြင်ဆင်ပြီး ထွက်လာခဲ့သည်။ သူ ယဲ့ဖန်ကို အသာလေး အနိုင်ပိုင်း၍ သတ်နိုင်ပြီဟု အစက ထင်ထားခဲ့သည်။ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ တွေးထင်မထားမိပါ။
ယနေ့ သူသည် အတိတ်တုန်းကကဲ့သို့ ယဲ့ဖန်ထံ၌ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး အရှက်တကွဲ ဖြစ်ရလေပြီ။
ထိုစဉ် ယဲ့ဖန်က ဓားကို ပြန်ဆွဲကိုင်၍ သူ့ထံ တစ်လှမ်းချင်း လှမ်းလာ၏။ သူ့အား စဉ်းတီတုံးပေါ်မှ ဝက်သားတုံးသဖွယ် သဘောထားကာ နုတ်နုတ်စင်းလေတော့သည်။
သွေးများက အဆက်မပြတ် စီးကျနေ၏။ အသားများကို နုတ်နုတ်စင်းထားပုံက ထိတ်လန့်ဖွယ် ကောင်းလှသည်။
ရက်စက်ကာ သွေးအေးလွန်းသည်။ ဤမြင်ကွင်းက ကြည့်နေသည့်သူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထစေသည်။
ဖန်သားပြင်ရှေ့မှ လူတော်တော်များများ အော့အန်နေကြသည်။ ဤမြင်ကွင်းက အလွန် သွေးထွက်သံယိုများပြီး အော်ဂလီဆန်စရာ ကောင်းလှသည်။
“ယဲ့ဖန် မင်း သေသင့်တဲ့ကောင်၊ မင်း သေရမယ်”
တတိယဘိုးဘေး ဒေါသတကြီး အော်ဟစ်လေသည်။ လက်ရှိတွင် သူ ကြောက်လန့်နေသလို နောင်တရနေပြီး ဒေါသူပုန်လည်း ထနေ၏။
သူ ထပ်၍ ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မထားမိပါ။ သို့သော် ထိုအချိန်တွင် သူက ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။
“ယဲ့ဖန် ဒါ အဆုံးသတ်လို့ မင်း ထင်နေလား၊ စိတ်မကောင်းစရာပဲ … ပွဲကြီးပွဲကောင်းက အခုမှ စမှာ”
ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားလေသည်။
*ဒီကောင့်မှာ ကျောထောက်နောက်ခံ ရှိသေးတာလား*
ထိုအခိုက်တွင် လူတိုင်း မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ တတိယဘိုးဘေးက ဤအခြေအနေသို့ ဖြစ်နေသော်လည်း ရယ်နိုင်လိမ့်ဦးမည်ဟု သူတို့ ထင်မထားမိပေ။
*သူ့မှာ တကယ်ပဲ တစ်ခြား နည်းလမ်းတွေ ရှိသေးတာလား”
“ယဲ့ဖန် မင်းက ငါ့ သူတော်စင်ဘုရင်ကို သတ်ရဲမှတော့ ငါ မင်းမိန်းမကို သတ်မယ်”
ခပ်လှမ်းလှမ်း ကောင်းကင်ယံမှ ခြိမ်းခြောက်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် လူတစ်စု ရောက်လာကာ သူတို့က အမျိုးသမီးတစ်စုကိုလည်း ခေါ်ဆောင်လာလေသည်။
ထိုသူများမှာ ယဲ့ဖန်၏ အမျိုးသမီးများပင်။
ဤသည်ကိုမြင်သော် ယဲ့ဖန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး သွေးပျက်သော အမူအရာ ဖြစ်လာသည်။
“အဟားဟား ယဲ့ဖန် ငါ့မှာ လှည့်ကွက်တွေ အများကြီး ရှိတယ်ဆိုတာကို မင်း သိတာပဲ၊ မင်း ဘာလို့ ပြင်ဆင် မထားတာလဲ၊ ဒီလက်ဆောင်ကြီးကို မင်း သဘောကျရဲ့လား”
တတိယဘိုးဘေးက ရယ်မောကာ အလွန် ဂုဏ်ယူနေ၏။
“လာလေ ငါ့ကို သတ်လိုက်၊ ယဲ့ဖန် ငါ့ကို သတ်လိုက်စမ်းပါကွ”
လက်ရှိတွင် ယဲ့ဖန် သူ့ကို လုံးဝ မတိုက်ရဲမှန်း သူ သိနေသည်။ သူ၏ အမျိုးသမီးများက သူ့အတွက် အကြီးမားဆုံး အားနည်းချက်ကြီးပင်။
ယဲ့ဖန်၏ အမူအရာက တောင့်တင်းကာ မလှုပ်မယှက် ဖြစ်နေသည်။ ယခုတစ်ခေါက်တွင် သူ စိတ်ရှုပ်ထွေးနေ၏။
ထို့နောက်တွင်မူ တတိယဘိုးဘေး၏ လက်အောက်ငယ်သားများစွာက တတိယဘိုးဘေးအနားသို့ ဆင်းသက် လာကြသည်။ သူတို့သည် ယဲ့ဖန်အား ထီမထင်သလို တစ်ချက်ကြည့်ပြီးနောက် တတိယဘိုးဘေးအား ကုသကြသည်။
“သူတော်စင်ဘုရင် အဆင်ပြေပါရဲ့လား”
သူတော်စင်ဘုရင်ဟူသော နာမည်သည် ကျင်းလျိုရင်၏ နောက်လိုက်များ ကျင်းလျိုရင်ကို ခေါ်သော နာမည် ဖြစ်သည်။
သူတို့က ကျင်းလျိုရင်၏ နောက်လိုက်များ ဖြစ်မှန်း သိသာပေ၏။ တတိယဘိုးဘေးက ကျင်းလျိုရင်၏ အမွေအနှစ် ရရှိသွားပြီးနောက် သူတို့က သူ့အား သူတော်စင်ဘုရင်အဖြစ် သတ်မှတ်လိုက်ကြသည်။
“ငါ့ကို သူတော်စင် ဥပဒေသနဲ့ ကုသစမ်း”
တတိယဘိုးဘေးက အမိန့်ပေးလိုက်သည်။
“သူက …”
သူတို့က ယဲ့ဖန်ကို လှမ်းကြည့်ပြီး ယဲ့ဖန် ဝင်တိုက်လာမည်ကို စိုးရိမ်နေ၏။ တတိယဘိုးဘေးက အထင်သေးဟန်ဖြင့် ပြုံး၍ ပြောလိုက်သည်.
“စိတ်မပူနဲ့၊ အဲ့ကောင်က သုံးစားမရတဲ့ကောင်၊ ငါ သူ့ခေါင်းကိုနင်းပြီး ဆွဲဖြုတ်ရင်တောင်မှ သူ ငါ့ကို လက်ဖျားနဲ့တောင် မထိရဲဘူး”
ယုတ်ညံ့လွန်းသည်။ အရှက်မဲ့လွန်း၏။
နတ်ဆိုးမျိုးနွယ်ဝင်များအားလုံး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။
*သူတို့က မနိုင်တာနဲ့ ယုတ်ညံ့တဲ့ လှည့်ကွက်တွေ သုံးတော့တာပဲ၊ စက်ဆုပ်ဖို့ကောင်းလွန်းတယ်*
ရွှေရောင် အလင်းတစ်ခုပြီးတစ်ခုက တတိယ ဘိုးဘေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်က လျင်မြန်စွာ သက်သာ ပျောက်ကင်းလာ၏။
*ဘယ်လိုလုပ် …*
လူတိုင်း ထိတ်လန့်သွားသည်။
*ကျင်းလျိုရင်ရဲ့ အမွေအနှစ်က တကယ် ကြောက်ဖို့ကောင်းတာပဲ၊ ဒီလို ဒဏ်ရာရနေပြီးတာတောင် အကောင်းပကတိ ပျောက်ကင်းနိုင်တာလား*
တတိယဘိုးဘေးက ဖြည်းဖြည်းချင်း ထရပ်လာပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်၍ ရယ်လာသည်။
“ယဲ့ဖန် မင်း ဒေါသထွက်နေလား၊ မင်း ငါ့ကို သတ်ချင်နေတယ်မလား၊ မင်း အဲ့လိုမလုပ်နိုင်တာ စိတ်မကောင်းစရာပဲ ဟုတ်တယ်မလား ဟားဟားဟား”
“ခွေးမသား၊ ငါ့ကို အပြင်ထုတ်ပေးစမ်း၊ ဟေ့ကောင်လေး ငါ့ကို အပြင်ထုတ်ပေးစမ်း၊ ငါ အဲ့စောက်အဘိုးကြီးကို ခေါင်းဖြတ်ပစ်မယ်”
အိုးရန်လင်း၏ မျက်လုံးများက စူးရဲနေကာ ဒေါသမီးတို့ တောက်လောင်နေပြီး နဂါးကိုးကောင် မီးလင်းဖိုအား လက်သီးဖြင့် ထိုးနှက်လေသည်။
*စောက်ခွေးသာကြီး*
*သူ့ကို အခါတစ်သောင်းလောက် သတ်ရင်တောင် မလုံလောက်ဘူး*
လက်ရှိတွင် ယဲ့ဖန်က သူ့ကို ထုတ်မပေးချေ။ သူ တတိယဘိုးဘေးကို သတ်နိုင်လျင် ယခုကတည်းက သတ်လိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့် အိုးရန်လင်းကို ဒုက္ခပေးနေမည်နည်း။
“ဒါနဲ့ စကားမစပ် ယဲ့ဖန် ငါ့မှာ မင်းအတွက် လက်ဆောင်ကြီးတစ်ခု ရှိသေးတယ်”
တတိယဘိုးဘေးက အားပါးတရ ပြုံး၍ ခေါင်းပြတ်များစွာကို ပစ်ချလာသည်။ ယင်းခေါင်းပြတ်များအားလုံးက နတ်ဆိုးမျိုးနွယ်များ၏ ဦးခေါင်းများပင်တည်း။
ဤသည်ကိုမြင်သော် ယဲ့ဖန်၏ မျက်လုံးများ ရီဝေလာကာ တုန်ယင်လာလေသည်။
“မင်း ပျော်ရဲ့လား၊ သူတို့အားလုံးက မင်းရဲ့ လူတွေပဲလေ၊ သူတို့က သေတဲ့အချိန်အထိ မင်းနာမည်ကိုပဲ တနေတာ၊ ဟားဟားဟား”
တတိယဘိုးဘေးက လူမဆန်စွာ ရယ်နေသည်။
“သူတို့က ငါ့ရှေ့ ဒူးထောက်ပြီး သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုကြတာ၊ သူတို့ မင်းကို ကယ်ရဦးမယ်လို့ ပြောသေးတယ်၊ သူတို့ အခု မသေနိုင်သေးဘူးတဲ့၊ သူတို့က ငါ့ကို ဦးညွှတ် ဂါဝရပြုတဲ့အပြင် ဖိနပ်ကိုပါ လျက်ပေးသေးတာ၊ အသည်းအသန် ငိုပြီးတော့ သူတို့ကို မင်းကို သွားကယ်ခွင့်ပေးပါလို့ တောင်းပန်ကြတာကွ၊ ရယ်ချင်စရာ ကောင်းတယ်လို့ မထင်ဘူးလား”
တတိယဘိုးဘေးက အားပါးတရ ရယ်၍ အေးစက်စွာ ပြောလိုက်သည်။
“ငါ သူတို့ကို လွှတ်ပေးမယ်လို့ ပြောလိုက်တော့ အတော် ပျော်သွားတာကွ၊ အဲ့အချိန်မှာပဲ ငါ သူတို့ခေါင်းကို ဖြတ်လိုက်တာလေ ဟားဟားဟား”
လှောင်ပြောင်၍ အရှက်ခွဲနေခြင်းပင်တည်း။ နတ်ဆိုးများအား အရူးများဟု သဘောထား ဆက်ဆံနေခြင်းပင်။
“ခင်ဗျား ဘာလိုချင်တာလဲ”
ယဲ့ဖန်၏ မျက်လုံးတွင် ဒေါသမီးများ တောက်နေပြီး ထိုစကားကို အံကြိတ်ထားရင်းဖြင့် ပြောလိုက်သည်။
“ရှင်းပါတယ်၊ ဒူးထောက်”
ထိုစကားက နတ်ဆိုးမျိုးနွယ်ကို ဒေါသထွက်သွားစေသည်။
*ဒီခွေးမသားက ငါတို့ အရှင်မင်းမြတ်ကို ဒူးထောက်ခိုင်းရဲတယ်လား*
*ဒါ မလေးမစား လုပ်တာပဲ*
*သူ စောက်ရမ်း သေသင့်တယ်*
“မလုပ်နဲ့၊ ယဲ့ဖန် ဒူးမထောက်နဲ့၊ ရှင် ဘယ်သူလဲဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့”
ကျုံးဝမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ယဲ့ဖန်ကို အော်ပြောလိုက်သည်။ သူမ၏ ကံကြမ္မာကို လက်ခံ လိုက်သည့်ပုံပင်။
ယဲ့ဖန်သည် အလွန် မာနကြီး၍ အထက်စီးဆန်သော လူဖြစ်သည်။ အမျိုးသားတစ်ယောက် ဒူးထောက် လိုက်ခြင်းက သူ၏ ဂုဏ်သိက္ခာ မာန်မာနအားလုံးကို ခဝါချလိုက်ခြင်း ဖြစ်ကြောင်း သူမ ကောင်းကောင်း သိပါ၏။
အထူးသဖြင့် ယဲ့ဖန်ကဲ့သို့သော အမျိုးသားပင်။ သူ့အတွက် ဒူးထောက်ခြင်းထက် သေသွားတာက ပိုကောင်းသေးသည်။
ဘုရင်တစ်ပါးသည် ရှုံးနိမ့်နိုင်သော်လည်း ဒူးမထောက်ပါ။
ယဲ့ဖန် ငြိမ်နေ၏။ သူ့မျက်နှာအမူအရာက ရှုံ့တွနေပြီး ချီတုံချတုံ ဖြစ်နေသည်။
*မာန်မာနက မိသားစုထက် ပိုပြီး အရေးကြီးသလား*
“ဒူးမထောက်ဘူးလား”
တတိယဘိုးဘေး၏ မျက်လုံးများက အေးစက်လာပြီး လေထဲတွင် သွေးအမှတ်အသား ပေါ်လာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်ထံသို့ အရှိန်ဖြင့် ထိမှန်လာသဖြင့် ယဲ့ဖန်၏ ရင်ညွန့်ရိုး ကျိုးကြေသွားလေသည်။
စာစဉ် ၁၁၀ ပြီးပါပြီ။