← Chapters

အပိုင်း(၄၁၅)

Vol. 28 Ch. 415

အပိုင်း(၄၁၅)

Vol. 28 Ch. 415

ရှစ်ဖုန့်က ရှစ်လင်ကိုသယ်ဆောင်လာပြီး သူ၏မခင်ဖြစ်သော ယွင်လိုင်

အင်ပါယာ၏  ဧကရီ ပုယွဲ့ရှိရာအိမ်တော်ဆီသို့တည့်

တည့်ပင်သွားလိုက်သည်။ အခြွေအရံမောင်းမများက ရှစ်ဖုန့်နှင့်  ရှစ်လင်အားမြင်တွေ့လိုက်ရသောအခါတွင်  သူတို့အားလုံးဒူးထောက်လိုက်ကြပြီး

နှုတ်ဆက်လိုက်ကြသည်။

ပုယွဲ့မှာ ယခုအခါ၌ တင့်တယ်ကျတ်သရေရှိပြီးကျော့

မော့လှပနေသည်ကို ရှစ်ဖုန့်တွေ့ရသည်။

သူမမှာ ဖောင်းကြွ ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားပြီး ယခင်ကနှင့်နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူမ၏ပုံစံမှာ ယခင်ကကဲ့သို့ မျက်တွင်းချောင်ကျသည့်ပုံစံမျိုး

မဟုတ်တော့ပေ။

“ဖုန့်အာ..ရှစ်လင်..သားတို့ရောက်လာကြပြီပဲ”

ရှစ်ဖုန့်နှင့်ရှစ်လင်ဤနေရာသို့ရောက်ရှိနေသည်ဟု မောင်းမများကပြောသောအခါတွင်  ပုယွဲ့တစ်ယောက် ပြုံးပန်းဝေစွာနေပြီး အတွင်းဆောင်အတွင်းမှာ လျှောက်လှမ်းထွက်လာသည်။

ရှစ်ဖုန့်က ရှစ်လင်အားပုယွဲ့ထံသို့လွှဲပေးလိုက်သည်။ သူ၏မိခင်ဖြစ်သူညီမတို့နှင့်အချိန်တစ်ချို့

ကုန်ဆုံးစေခဲ့ပြီးနောက် ရှစ်လင်အား ကမ္ဘာဦးကျောက်တုံးများနှင့် ဆေးများအပြည့်ပါသောသိုလှောင်

လက်စွပ်တစ်ကွင်းကိုပေးခဲ့ပြီး ပုယွဲ့၏အိမ်တော်အတွင်းမှထွက်ခွာလာခဲ့သည်။

ဝင်ပေါက်သို့ရောက်သောအခါတွင် ရှစ်ဖုန့်၏ပုံရိပ်မှာထပ်မံ၍လှုပ်ရှားသွားသည်။ သူကပျံသန်းလိုက်ပြီး  လုံချန်အားထပ်မံ၍ရှာဖွေရန်သွားလိုက်သည်။

လုံချန်အားတွေ့ဆုံပြီးနောက် သူ့အားလုံမုန့်နှင့်မိုယန်တို့မှာ စစ်နတ်ဘုရားဗိမာန်အတွင်း၌ ရောက်ရှိနေပြီးဖြစ်သည်ကိုရှစ်ဖုန့်ပြောခဲ့သည်။ သူကလုံချန်အားမိုယန်၏သရုပ်မှန်

ကိုပြောပြခဲ့ပြီး  ကောင်းကင်ဘုံသက်တမ်းဆွဲဆန့်ဆေး

လုံးအတွက်လိုအပ်သောဆေး

အမယ်များအားတွေ့ရှိပါက မိုယန်အားတိုက်ရိုက်သွားပေးရန်

တောင်းဆိုခဲ့သည်။

လုံချန်အား လူတစ်ယောက်ကိုစေလွှတ်၍ အဂ္ဂရိတ်သန့်စင်ဆရာသခင်များအစည်းအရုံး၏  ခေါင်းဆောင်ဖြစ်သူ ချင်ယွမ်ကိုလည်း ဆေးအမယ်များအကြောင်းကိုပြောရန် တောင်းဆိုခဲ့သည်။

ထို့နောက်တွင်လုံချန်ထံမှရှစ်ဖုန့်

ထွက်ခွာလာခဲ့ပြီး  အင်ပါယာနန်းတော်အပြင်ဘက်ရှိ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

ပလ္လင်ဆီသို့သွားလိုက်သည်။ သို့သော်  ရှစ်ဖုန့် တော်ဝင်နန်းတော်မှထွက်ခွာ

လာပြီးသိပ်မကြာခင်တွင်  သူ၏နောက်ဘက်မှ အသံတစ်ခုကိုကြားလိုက်ရသည်။

“သခင်လေးဖုန့် စောင့်ပါအုံး”

အော်သံအားကြားပြီးသည့်နောက်  ရှစ်ဖုန့်၏ပုံရိပ်မှာ ပျံသန်းနေရာမှ  ဟင်းလင်းပြင်ထဲတွင်ရုတ်တ

ရက်ရပ်တန့်သွားသည်။ သူကလှည့်လိုက်ပြီးလာနေ

သောသူအားကြည့်လိုက်သည်။

လာနေသောသူမှာ‌ ရွှေရောင်ချီလင်ဖောင်းကြွဝတ်ရုံ

ကိုဝတ်ဆင်ထားသည်။၎င်းမှာ

ချီလင်ဘုရင်ဖြစ်သည်။

ချီလင်ဘုရင်က ရှစ်ဖုန့်နားသို့လျှင်မြန်စွာရောက်

လာပြီးသူ့အားမေးလိုက်သည်။

“သခင်လေးဖုန့် .သခင်လေး သေခြင်းတားမြစ်နယ်မြေထဲကိုသွားမလို့လား”

ချီလင်ဘုရင်၏စကားတို့အား

ကြားပြီးသည့်နောက် ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးမေးလိုက်သည်။

“ဘာလို့လဲ…. ခင်ဗျားလည်းသွားဖို့ဆုံးဖြတ်ထားလို့လား”

“ဟီးဟီး.အမှန်ပဲ…ကျုပ်အဲ့တာကိုတွေးနေခဲ့တာ …သိုင်းပညာရဲ့အထွတ်အထိပ်

လမ်းစဉ်ကိုလိုက်စားဖို့အတွက်ဆိုရင် ဒီလိုမျိုးသေးငယ်တဲ့အရာတွေကို ကျုပ်ဘယ်ကြောက်နေလို့ရမှာလဲ..

သခင်လေးဖုန့် ကျုပ်လည်းသခင်လေးဖုန့်ရဲ့ဓား

စိတ်ဆန္ဒကနေပြီးတော့ အနိုင်မခံအရှုံးမပေးမှုတွေကိုခံစားခဲ့ရတယ်…”

ချီလင်ဘုရင်က အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

ချီလင်ဘုရင်၏စကားတို့အား

ကြားပြီးသည့်နောက် ရှစ်ဖုန့်မှာ သဘောတူသည့်အနေဖြင့််ခေါင်း

ညိမ့်လိုက်ပြီးပြောလိုက်သည်။ျ

“ဒါဟာတကယ်ပဲ အဲ့လိုဖြစ်တယ်..သိုင်းပညာလမ်းစဉ်ဆိုတာက ရှေ့ကိုဆက်ပြီးသွားနေရတာ.. ခင်ဗျားကတကယ်ပဲ ဒီသခင်လေးရဲ့ဓားအမှတ်အသားဆီကနေ ဒီသခင်လေးရဲ့စိတ်ဆန္ဒကိုဆင်ခြင်နားလည်နိုင်ခဲ့တယ်…အနာဂတ်မှာခင်ဗျားရဲ့အောင်မြင်မှုတွေက ဒီနေရာမှာပဲရပ်တန့်နေမှာမဟုတ်ဖူး”

အကြောင်းပြချက်အချို့ကြောင့်ချီလင်ဘုရင်မှာ ဤစကားများပြောနေသည့်သူ

၏ရှေ့တွင်ရှိနေသော လူငယ်လေးအားကြည့်နေပြီး  ဉာဏ်လိုက်၍မမှီလောက်အောင်

ကိုပင်နက်နဲလွန်းသောသိုင်းပညာ

၏ဘိုးအေကြီးတစ်ယောက်ဖြစ်

နေသလားဟုခံစားရသည်။ ၎င်းမှာ တကယ်ပဲ ဆယ့်ငါ့ဆယ့််ခြောက်အရွယ်သာရှိသေးသောလူငယ်လေးတစ်ယောက်ဟုတ်ပါ၏လော။

“ခင်ဗျားဆုံးဖြတ်ပြီးပြီဆိုမှတော့လည်း ဒီသခင်လေးနဲ့အတူလိုက်လာခဲ့”

ရှစ်ဖုန့်က ချီလင်ဘုရင်အား ထပ်မံ၍ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသားပို့ဆောင်ဆက်သွယ်ရေး အစီအရင်ပလ္လင်ထက်တွင်ဆင်း

သက်လိုက်သည်။ အစောင့်များက သူတို့အားဦးညွှတ်ဂါရဝပြုပြီးနောက် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

ကိုအသက်သွင်းလိုက်ပြီး တည်နေရာဆုံမှတ်များအားချိန်ညှိကာ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့သွား

မည့်နောက်မြို့ဆီသို့ဦးတည်လိုက်သည်။

သေခြင်းတားမြစ်နယ်မြေမှာ ယခင်ထျန်းမြောင်အင်ပါယာ၏  အရှေ့ဘက်အကျဆုံးသောအပိုင်း

တွင်တည်ရှိသည်ဖြစ်သည်။

နန်းမြို့တော်မှသေခြင်းတား

မြစ်နယ်မြေသို့သွားရန်မှာ ခရီးရှည်ကြီးတစ်ခုဖြစ်ပြီး  မြို့ပေါင်းသုံးဆယ့်သုံးမြို့အား

သူတို့ဖြတ်သန်းသွားရမည်ဖြစ်သည်။

သို့သောပို့ဆောင်ဆက်သွယ်ရေး

အစီအရင်များအားသူတို့အသုံး

ပြုပြီးသည့်နောက် သေခြင်းတားမြစ်နယ်မြေ၏အနီး

ဆုံးဖြစ်သောမြို့ဆီသို့သွားရန်အတွက် ချီလင်ဘုရင်နှင့်ရှစ်ဖုန့်တို့  နေ့တစ်တဝက်ခန့်သာအချိန်

ယူခဲ့ရသည်ဖြစ်သည်။ ၎င်းအား တုန်းဟွေ့မြို့ဟုခေါ်သည်ဖြစ်သည်။

တုန်းဟွေ့မြို့မှာသေးငယ်သောမြို့

လေးမဟုတ်သော်လည်း သေခြင်းတားမြစ်နယ်မြေနှင့်နီး

ကပ်သောနယ်စပ်မြို့လေးဖြစ်သောကြောင့် ၎င်းမှာ ယိုယွင်းပျက်စီးနေပြီး စည်ပင်ဝပြောသာယာမှုမရှိပေ။ လူကလည်းအရမ်းကိုနည်းပါးပြီး တစ္ဆေမြို့တစ်ခုဖြစ်လုနီးပါးဖြစ်နေသည်။

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာလမ်းမထက်တွင်လျှောက်လှမ်းသွားလိုက်ပြီး ယိုယင်းနေသောမြို့အိုကြီးအား ကြည့်လိုက်ကြသည်။ သူတို့က တိတ်ဆိတ်ခြောက်ကပ်နေသော

လမ်းမများနှင့် ကင်းလှည့်နေသော  နှစ်ယောက်သုံးယောက်သာ ရှိသည့်အစောင့်များအားကြည့်နေကြသည်။ ဤအစောင့်များမှာကင်းလှည့်နေသည်ဟု ပြောရမည့်အစား ဈေးဝယ်ထွက်နေသည်ဟုပြောလျှင်ပို၍ သင့်တော်မည်ဖြစ်သည်။သူတို့က ပတ်ဝန်းကျင်အားစူးစမ်းလေ့လာနေကြသောနောက်ချန်နေရစ်ခဲ့သူများကဲ့သို့ပင်ဖြစ်သည်။  သူတို့၏ချပ်ဝတ်များကလည်းမြို့

အိုကြီးကဲ့သို့ပင်စုတ်ပြဲနေသည်။

ဤမြို့မှာ သေခြင်းတားမြစ်နယ်မြေနှင့်အနီး

ဆုံးမြို့ဖြစ်သောကြောင့်ယခင်ထျန်း

မြောင်အင်ပါယာရောလက်ရှိယွင်လိုင်အင်ပါယာ နှစ်ခုစလုံးက  ၎င်းအား စွန့်ပစ်ထားကြသည်ဖြစ်သည်။

“အား..အတိတ်တုံးက  တုန်းဟွေ့မြို့က အရှေ့ပိုင်းဒေသအကျဆုံးနေရာမှာရှိခဲ့ပြီးတော့ အရမ်းကိုစည်ပင်ဝပြောသာယာခဲ့တာ.. အခုတော့ တုန်းဟွေ့မြို့က သေခြင်းတားမြစ်နယ်မြေဖြစ်လာခဲ့ပြီး   တုန်းဟွေ့မြို့ကသေခြင်းတားမြစ်နယ်မြေနဲ့နီးကပ်လာကြောင့်ယိုယွင်းပျက်စီးလာခဲ့ပြီး တိတ်ဆိတ််ခြောက်ကပ်တဲ့အ

ခြေအနေဖြစ်လာခဲ့တယ်..”

ချီလင်ဘုရင်မှာယိုယွင်းနေသော တုန်းဟွေ့မြို့အားကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဒီကနေသေခြင်းတားမြစ်နယ်မြေ

ကိုဘယ်လောက်ဝေးသေးလဲ..”

ရှစ်ဖုန့်မှာချီလင်ဘုရင်အားကြည့်လိုက်ပြီး မေးလိုက်သည်။

“တုန်းဟွေ့မြို့က အစကတည်းက သေခြင်းတားမြစ်နယ်မြေဖြစ်တဲ့တုန်းကူမြို့နဲ့ အနီးဆုံးဖြစ်တယ်.. ကီလိုမီတာခြောက်ရာ

လောက်ပဲဝေးတော့တယ်”

ချီလင်ဘုရင်က ပြောလိုက်သည်။

ချီလင်ဘုရင်၏စကားတို့အား

ကြားပြီးသည့်နောက်   ရှစ်ဖုန့်ကသူ၏ခေါင်းအားညိမ့်လိုက်သည်။ ကီလိုမီတာခြောက်ရာမှာအာကသဓာတ်

အားမည်ကဲ့သို့ချိုးဖြတ်ရမည်ကိုမသိကြသည့် အချို့သော ကျင့်ကြံသူသိုင်းသမားများအတွက်  ဝေးကွာသည်ဟုသုံးသပ်

၍ရနိုင်သည်ဖြစ်သည်။သို့သော်  ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်သို့ဝင်ရောက်ခဲ့ပြီးဖြစ်သော ရှစ်ဖုန့်အတွက် မူ  အမွေးတိုင်တစ်တိုင်စာအချိန်ခန့်

ယူလိုက်လျှင် ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။

“မင်းတို့နှစ်ယောက်က သေခြင်းတားမြစ်နယ်မြေဆီကို

သွားကြမလို့လားကွဲ့”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့၏ နောက်မှ  အိုမင်းသော အသံတစ်ခုထွက်ပေါ်လာသည်။

အသံနောက်သို့လိုက်ပါ၍ ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ  တစ်ချိန်တည်းတွင်ပြိုင်တူ

လှည့်ကြည့်လိုက်ကြသည်။ သူတို့လှည့်လိုက်သည့်အခိုက်အတန့်တွင် ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့မှာ

တစ်ချိန်တည်းတွင်တုန်လှုပ်အံ့အား

သင့်သွားကြသည်။ကြမ်းထော််သော

လျှော်ဖြင့်ရက်လုပ်ထားသည့်အဝတ်

အစားတို့အားဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ကသူတို့၏ရှေ့တွင်ရပ်နေသည်။သူကခါးကိုင်းနေပြီး သူ၏မျက်နှာထက်၌ အရေးအကြောင်းများဖြင့်ပြည့်နှက်နေ၏။

သူတို့နှစ်ယောက်တုန်လှုပ်အံ့အားသင့်သွားရခြင်းမှာ ဘယ်အချိန်က သူတို့နောက်၌ ဤအဘိုးအိုပေါ်လာသည်အား

သူတို့မသိလိုက်ကြရသောကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးသားမှ၎င်းအားလုံး

ဝသတိမထားမိခဲ့ကြချေ။ယင်းမှာ ဤအဘိုးအို၏ ကျင့်ကြံမှုကသူတို့၏အထက်

တွင်ရှိနေသည်ဟူသောဆိုလိုချက်

တစ်ခုသာရှိသည်ဖြစ်သည်။ သို့မဟုတ်  ဤအဘိုးကသူတို့၏နောက်ဘက်၌ အသံမထွက်ပေါ်စေပဲပေါ်လာနိုင်

သောဆန်းကြယ်သည့် ရွှေ့လျားမှုပညာရပ်အား ကျင့်ကြံထားခြင်းဖြစ်ကောင်းဖြစ်နေနိုင်သည်။

ဘာတွေပဲဖြစ်နေပါစေ ဤသာမန်ပုံစံရှိသောအဘိုးအိုမှာ ရိုးရှင်းသောသူမဟုတ်မှန်းကို သူတို့နှစ်ဦးလုံးတစ်ချိန်တည်းတွင်သဘောပေါက်လိုက်ကြသည်။ဤအနုတ်စုပ်ကုပ်စုပ်တုန်းဟွေ့မြို့တွင် ဤကဲ့သို့သော

သာမန်မဟုတ်သည့် လူတစ်ယောက်ပုန်းကွယ်နေလိ့မ်မည်ဟု

သူတို့ မမျှော်လင့်ထားခဲ့ပေ။

ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့လှည့်ကြည့်

လိုက်သောအခါတွင် မျက်နှာပေါ်တွင်အရေးအကြောင်း

များရှိနေသောအဘိုးအိုကသူတို့

အားပြုံးပြနေသည်ကိုတွေ့လိုက်ရသည်။အဘိုးအို၏မျက်လုံးတို့က မီးခိုးရောင်ဖြစ်နေသည်ကို ရှစ်ဖုန့်ရောချီလင်ဘုရင်ပါတွေ့

လိုက်ကြရသည်။သူကမျက်ကန်း

ဖြစ်နေသည်လော။

“ဟုတ်တယ်”

ရှစ်ဖုန့်ကအဘိုးအိုအားပြန်ဖြေလိုက်သည်။

“ဟားဟား”

ရှစ်ဖုန့်၏အဖြေအားကြားရသောအခါတွင်  အဘိုးအိုကထပ်မံ၍ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ဒီကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ ငါဟုသေခြင်းတားမြစ်နယ်မြေထဲ

ကိုဝင်သွားခဲ့ကြတဲ့ လူမျိုးစုံကိုတွေ့ခဲ့ရတယ်..

ဒါပေမဲ့ ချွင်းချက်မရှိ သူတို့အားလုံးနီးပါးဟာ  အဲ့မှာပဲသေဆုံးခဲ့ကြတယ်”

“သူတို့အားလုံးနီးပါးအဲ့မှာသေသွားခဲ့တာလား”

ချီလင်ဘုရင်မှာ  အဘိုးအို၏စကားလုံးများထဲမှ

သွယ်ဝိုက်သောအဓိပ္ပါယ်အားကြားလိုက်ရသည်။ ထို့နောက်သူကပြောလိုက်သည်။

“စီနီယာ စီနီယာများ သေခြင်းတားမြစ်နယ်မြေထဲကနေ အသက်ရှင်လျက်ထွက်လာခဲ့တဲ့ တစ််ယောက်ယောက်ကို တွေ့ခဲ့ရတာလား”

ချီလင်ဘုရင်၏စကားတို့အား

ကြားပြီးသည့်နောက်တွင် အဘိုးအိုကထပ်မံရယ်မောလိုက်သည်။

သို့သော် စကားမပြောပဲ ပြုံးနေပြီး အဓိပ္ပါယ်ပါသောအပြုံးအား ဆက်လက်ထိန်းသိမ်းထားက ရှစ်ဖုန့်နှင့်ချီလင်ဘုရင်တို့အား အတိုင်းထက်အလွန်ရင်ဖိုသွားစေသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters