ချုစစ်ဟန်က ကြောက်ဖို့ အကောင်းဆုံး။
Vol. 6 Ch. 126
တန်ရှန်စားသောက်ဆိုင်တွင်။
ဒီနေ့ ဆရာ မရှိတာမို့ မုရန်နဲ့ ယုရန်တို့ လုရန်ကို တန်ရှန်စားသောက်ဆိုင်တွင် သွားသောက်ဖို့ ခေါ် ကြသည်။
ဒီသတင်းကို ရပြီးနောက် လင်းဂျန်သည် မနက်အစောပိုင်း အခန်းကို ကြိုတင်စာရင်းသွင်းဖို့ တစ်စုံတစ်ယောက်ကို စေခိုင်းခဲ့သည်။ သူတို့ တစ်နေရာတွင် ဆုံကြပြီး တန်ရှန်စားသောက်ဆိုင်ကို သွားကြတယ်။
ရှီရီနဲ့ ယွမ်တင်းတို့သည် ချုအိမ်တော်ရဲ့ လေထုကို မကြိုက်တာကြောင့် ချုစစ်ဟန်ရဲ့ ချုအိမ်တော်ကို မလိုက်လာကြပါ။ အဲ့အစား သူတို့ သခင်လေးဂျန်ရဲ့ လက်အောက်ငယ်သားနဲ့အတူ ‘သစ်ရွက် ၁၀၀၀’ တည်းခိုးဆောင်၌သာ တည်းခိုကြတယ်။
အခုပဲ သခင်လေးဂျန်ရဲ့ လက်အောက်ငယ်သားတွေက အမှုကို စုံစမ်းစစ်ဆေးဖို့ ထွက်သွားကြသည်။ သူနဲ့ ရှီရီ တန်ရှန်စားသောက်ဆိုင်ကို သွားသောက်ချင်ခဲ့တယ်။ ဝင်ပေါက်ကိုရောက်ချိန်တွင် လင်းဂျန်နဲ့ သူရဲ့လူတွေကို ဝင်တိုက်မိ၏။
သို့ပေမဲ့ တဖက်ကလူများကို သူတို့မသိကြပေ။ ထို့ကြောင့် သူတို့ သက်ဆိုင်ရာအခန်းထဲ အသီးသီးဝင်သွားကြသည်။ သူတို့အပေါ်တက်ပြီး သိပ်မကြာခင် ချုစစ်ဟန်သည် လုရှန်းတို့ကို ခေါ်လာ၏။
“သခင်လေး!”
ဆိုင်ပိုင်ရှင်'မု'က ချုစစ်ဟန်ကို မြင်တော့ သူ့အလုပ်ကို အလျင်စလိုရပ်ပြီး ကြိုဆိုဖို့ထွက်လာသည်။
"ပုံမှန်အတိုင်းပဲနေပါ။"
ချုစစ်ဟန် ပေါ့ပေါ့ပါးပါး ပြောတယ်။
“ဟုတ်ကဲ့!”
ပေါ့ပါ့ပါးပါးပြောဆိုကြပြီးနောက် ဆိုင်ရှင်'မု'က သူတို့ကို ဒုတိယထပ်ရှိ အကြီးဆုံးအခန်းထဲလိုက်ပို့ပေးတယ်။
ချုစစ်ဟန် တစ်ယောက်တည်း ဒီအခန်းကို အသုံးပြုတာဖြစ်တယ်။ ဆိုင်ပိုင်ရှင်'မု' ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ပါ။ မုရန်တို့ အတန်းဖော်များကို ညစာစားဖို့ ဖိတ်ကြားရင်တောင် သူတို့ ပေါ့တိပေါ့ဆ မဝင်ရဲကြ။
စားပွဲထိုးတစ်ယောက် ထိုအခန်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးတယ်။ ဒါ့ကြောင့် အသုံးပြုတာနည်းပါးပေမဲ့ သန့်ရှင်းလျက်ရှိတယ်။
ချုစစ်ဟန်က လုရှန်းနဲ့ ဟဲလိန်တို့ကို ဟင်းပွဲမှာဖို့ ပြောလိုက်သည်။ သူက သူတို့ရဲ့ ဆန့်ကျင်ဘက်တွင် ထိုင်နေပြီး ချုယွမ် သူ့အတွက်ထည့်ပေးသည့် လက်ဖက်ရည်ကိုသောက်နေ၏။
ငါးမိနစ်လောက်ကြာပြီးနောက်။
အခန်း ၂ ခန်းရဲ့ ဟင်းပွဲတွေ မရသေးပေ။ သို့သော် အလယ်ခန်းတွင်တော့ ဟင်းပွဲအားလုံး တည်ခင်းပြီးလေပြီ။ ဆာလောင်နေသည့် ရှီရီသည် ဒီမြင်ကွင်းကိုကြည့်ရင်း အလွန်အမင်း မပျော်မရွှင်ဖြစ်သွား၏။
ထို့ကြောင့် သူက ဟင်းပွဲများ ယူလာသည့် စားပွဲထိုးကိုဆွဲကာ “ငါတို့ မှာထားတဲ့ ဟင်းတွေက ဘာလို့မရသေးတာလဲ? နောက်တခန်းကိုကျတော့ ဘာလို့ ဟင်းပွဲတွေ တပွဲပြီးတပွဲသွားချနေရတာလဲ?”
“အင်း…”
စားပွဲထိုး နည်းနည်းစိတ်ရှုပ်သွား၏။ “ဒါက ဆိုင်ပိုင်ရှင်ရဲ့ အမိန့်ပါ။ ကျွန်တော်တို့က ခိုင်းတဲ့အတိုင်းပဲ လုပ်ရတာပါ။ ဆုံးဖြတ်ချက် မချနိုင်ပါဘူး။”
အခြားစားပွဲထိုးတစ်ယောက်က “ချစ်ဧည့်သည်တော်ကြီးတို့ စိတ်မပူပါနဲ့။ သခင်လေးတို့ရဲ့ ဟင်းလျာတွေကို ပြင်ဆင်ပြီးပါပြီ။ ဘေးအခန်းက စားပွဲဝိုင်းကိုချပေးပြီးရင် ဒီကိုလာပြီး ချပေးပါ့မယ်ခင်ဗျာ။”
"ငါ ဂရုမစိုက်ဘူး!"
ရှီရီ အေးစက်စွာ နှာခေါင်းရူံ့သည်။ “အစီအစဉ်အတိုင်းသွားရမှာ မဟုတ်ဘူးလား။ အရင်ဆုံးမှာထားပြီးတော့ ဘာလို့ နောက်ကျမှ လာပို့မှာလဲ? မင်းတို့ရဲ့ ဆိုင်ရှင်ကို သွားခေါ်ပေးစမ်း။”
သူသည် မြို့တော်ရဲ့တန်ခိုးကြီးမားတဲ့ အာဏာရှင်ဖြစ်ပေမဲ့လည်း ဒီလိုသေးငယ်တဲ့နေရာမှာ အနိုင်ကျင့်ခံနေရတယ်။ ဘယ်လိုတောင် လုပ်ဝံ့တာလဲ?
"တော်လောက်ပြီ!"
ယွမ်တင်းက စားပွဲထိုးနှစ်ယောက်ကို “ဆိုင်ရှင်ကို မခေါ်နဲ့။ ငါတို့ ဟင်းပွဲတွေဘဲ လာပို့ပေး။”
"နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဟင်းပွဲတွေကို သိပ်မကြာခင် လာချပေးပါ့မယ်!"
အကြောင်းပြန်ပြီးနောက် စားပွဲထိုးနှစ်ယောက် အမြန်ထွက်သွားတော့သည်။
“မင်း ဘာဖြစ်နေတာလဲ?” ရှီရီ မျက်မှောင်ကြုံ့ပြီး ယွမ်တင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။
"တန်ရှန်စားသောက်ဆိုင်က ဘယ်သူပိုင်လဲဆိုတာ မင်းသိလား?" ယွမ်တင်း တိုးတိုးလေးမေးတယ်။
ရှီရီ အေးစက်စက်ပြောတယ်။ "ဘယ်သူပိုင်လဲဆိုတာ ငါဘာလို့ ဂရုစိုက်ရမှာလဲ? ဧကရာဇ် ပိုင်ရင်တောင် ဒီကို အရင်ဟင်းပွဲချရမယ်။”
ယွမ်တင်း အေးစက်စက်ပြုံးပြီး “ဒါဆို ချုအိမ်တော်ကို အခုသွားပြီး ဆိုင်ပိုင်ရှင်ကို အလုပ်ထုတ်ဖို့ အစ်ကို 'ချု'ကို ပြောလိုက်လေ။”
“အစ်ကို'ချု'?”
ရှီရီ မျက်မှောင်ကြုံ့ပြီး "အစ်ကို'ချူ'နဲ့ ဘာဆိုင်လို့လဲ?"
"ကိုယ့်ဘာသာ စဉ်းစား။"
ယွမ်တင်း ဆက်မပြောပဲ အခန်းထဲပြန်ဝင်သွား၏။ ရှီရီတစ်ယောက် ခေါင်းကုတ်ရင်း ကြောင်တောင်တောင်နဲ့ ရပ်ကျန်နေခဲ့တော့သည်။ ထို့နောက် သူ့မျက်လုံးများ ပြူးကျယ်သွား၏။
သူ တံခါးဖွင့်ကာ အခန်းထဲပြန်ဝင်လာပြီး ယွမ်တင်းကို "ဒီစားသောက်ဆိုင်ကို အစ်ကို'ချု' ပိုင်တယ်လို့ မင်းပြောနေတာလား?"
ယွမ်တင်း ခေါင်းညိတ်တယ်။ “မျှော်လင့်ချက် ရှိသေးတာပဲ။”
“အိုး! ကျေးဇူးပဲ အစ်ကို'ယွမ်' အချိန်မီ ကယ်တင်ပေးခဲ့တယ်။ မဟုတ်ရင် ငါတော့ သွားပြီပဲ။”
ရှီရီ ကြောက်လန့်တကြားနဲ့ ရင်ဘတ် ပုတ်လိုက်မိတော့တယ်။
ဧကရာဇ်က ကြောက်ဖို့မကောင်းပေမဲ့ ချုစစ်ဟန်က ကြောက်ဖို့ကောင်းတယ်!