သူတို့ဆက်ဆံရေးက ဘာလဲ?
Vol. 6 Ch. 127
“သို့သော် ဘေးခန်းထဲက ဘယ်သူများလဲ? ဘယ်သူဖြစ်မလဲ? တတိယမင်းသား ဖြစ်နိုင်ပါ့မလား?” ရှီရီ စိတ်ဝင်တစား မေးတယ်။
တတိယမင်းသားသည် ဟောင်ရန်မြို့ကို ရောက်လာပြီး ‘သစ်ရွက် ၁၀၀၀’တည်းခိုခန်းတွင် တည်းခိုနေသည်ကို အားလုံးကြားသိကြသည်။ သို့သော် သူတို့က မနေ့ညကမှ ရောက်လာတာဖြစ်လို့ တတိယမင်းသားကို မတွေ့ရသေး။
"ငါမသိဘူး၊ ဒါပေမဲ့ သူက သာမန်လူတော့ မဟုတ်ဘူး။"
ဘေးခန်းက အသံကြောင့် ချုယွမ် ထွက်ကြည့်၏။ ချုယွမ် ခေါင်းထွက်ကြည့်သည့်အချိန်တွင် မုရန်နဲ့ လုရန်ကို တွေ့လိုက်တယ်။
ချုယွမ် အံ့အားတကြီးမေးတယ်။ “ညီအစ်ကို'လု'လည်း ဒီကိုရောက်နေတာလား?”
မုရန်က ချုယွမ်ကို ကြည့်ပြီး အံ့အားတကြီးမေးတယ်။ “မင်းက သခင်'ချု'ရဲ့ ကိုယ်ရံတော်မလား?”
လုရန်က မုရန်ကို မဖြေခင် ချုယွမ်ကို ခေါင်းညိတ်ပြတယ်။ "ငါ သူ့ကို တစ်ခါတွေ့ဖူးတယ်။"
"မင်း ဘယ်သူလဲ?"
မုရန်သည် ချုယွမ်ကို သိပေမဲ့လည်း ချုယွမ်သည် မုရန်ကို မမြင်ဖူးပေ။
မုရန် ထွက်လာပြီး မိတ်ဆက်တယ်။ “ကျွန်တော်က ဆိုင်ပိုင်ရှင်'မု'ရဲ့သား၊ မုရန်!"
"ဒါဆို ဆရာ'မု'ရဲ့သားပေါ့။”
ချုယွမ် ခေါင်းညိတ်ပြပြီး လုရန်ကို “ညီအစ်ကို'လု'၊ မိန်းကလေး'လု'နဲ့ သခင်တို့က ဘေးခန်းထဲမှာရှိတယ်။ မင်းသူငယ်ချင်းကို ခေါ်သွားချင်လား?”
"အားရှန်းရော ဒီမှာလား?”
လုရန် တုံ့ဆိုင်းသွား၏။ သူက သူ့ခါးကို တိတ်တဆိတ်ထိုးကာ သဘောတူရန် အရိပ်အမြွက်ပြနေသော မူရန်ကို ကြည့်လိုက်သည်။
မုရန် ချုစစ်ဟန်ကို တွေ့ချင်နေတာကြာပြီ။ ဒါပေမယ့် အခွင့်မသာခဲ့ဘူး။ သခင်'ချု' ညစာစားဖို့ရောက်လာတိုင်း သူ ကျောင်းတက်နေရတာမို့ အခွင့်အရေးလွတ်လွတ်သွားခဲ့သည်။
လုရန် ခေါင်းမညိတ်ခင် တိတ်ဆိတ်နေ၏။ “ကောင်းပြီ။”
“မင်းတို့ ဘယ်နှစ်ယောက်လဲ? သခင်လေးကို အကြောင်းကြားရမယ်။”
မုရန်က “ကျွန်တော်တို့က ၄ ယောက်။”
"ကောင်းပြီ။ အတူတူသွားရအောင်။"
ချုယွမ် တံခါးဝမှာရပ်ပြီး သူတို့ကိုစောင့်နေ၏။
မုရန်က ယုရန်နဲ့ လင်းဂျန်ကို အမြန်ခေါ်လိုက်တယ်။ သူတို့နှစ်ယောက် ထွက်လာချိန်တွင် ချုယွမ်ကို မြင်ပြီး အနည်းငယ် သံသယဝင်သွား၏။
မုရန် တီးတိုးရှင်းပြတယ်။ "ဒါ သခင်'ချူ'ရဲ့ကိုယ်ရံတော်။"
လင်းဂျန် အံ့သြသွားတယ်။ “သခင်'ချု' ဘေးခန်းမှာ ရှိနေတယ်လို့ ပြောနေတာလား?”
မုရန် ခေါင်းညိတ်တယ်။ “ဟုတ်တယ်!”
လင်းဂျန် သံသယဖြစ်မိတယ်။ “ဒါဆို ဒါက…”
မုရန်မှာ ချုစစ်ဟန်ကို ထမင်းစားဖိတ်ဖို့ အခွင့်အာဏာရှိသည်ဟု သူ မထင်ခဲ့မိဘူး။
"အားလုံးပဲ ညီအစ်ကို'လု'နဲ့ ညီမ'လု'တို့ကို ကျေးဇူးတင်ရမယ်။”
“ညီမ'လု'?” လင်းဂျန် မျက်မှောင်ကြုံ့ပြီး "လုရှန်း?"
မုရန် ခေါင်းညိတ်လိုက်တယ်။ “ဟုတ်တယ်!”
လုရှန်းက ချုစစ်ဟန်ကို တကယ်သိတာလား?
လင်းဂျန် အံ့သြသွားတယ်။
ချုယွမ် သူတို့နဲ့ စကားမပြောခင် တခဏ အခန်းထဲ ဝင်သွားတယ်။
"အထဲဝင်ခဲ့ပါ။"
လုရန် ရှေ့က လျှောက်လာရင်း သူတို့သုံးယောက် အနောက်က လိုက်လာသည်။
ချုယွမ်က လင်းဂျန်ကို မြင်တော့ အနည်းငယ် အံ့သြသွား၏။ သို့သော် သူသည် လင်းဂျန်နဲ့ မရင်းနှီးတာမို့ ဘာမှမပြော။
"ဦးလေး?"
ဟဲလိန်ကို မြင်တော့ လုရန် အံ့သြသွား၏။
"အားရန် လာထိုင်!"
အခန်းထဲ လူအနည်းငယ်ရောက်လာသည်ကို မြင်လိုက်ရတော့ ဟဲလိန်ရဲ့ တင်းမာနေတဲ့ အာရုံတွေဟာ နောက်ဆုံး ပြေလျော့သွားတော့သည်။
"သခင်'ချူ'!"
လုရန်နဲ့ ကျန်လူတွေက ချုစစ်ဟန်ကို ဉီးညွတ်တယ်။
ချုစစ်ဟန် ခေါင်းညိတ်တယ်။ “ထိုင်ကြပါဦး။”
"အစ်ကို ဒီနေ့ အတန်းမတက်ဘူးလား?" လုရှန်း မေးတယ်။
လုရန် ထိုင်ချပြီးနောက် “ဆရာက နောက် ၂ ရက်လောက်အထိ စာမသင်ဘူး။ အစ်ကို့မှာ အနားယူဖို့အချိန်ရှိတယ်။”
လုရှန်း ခေါင်းညိတ်တယ်။
ချုယွမ်က "ဆိုင်ပိုင်ရှင်ကို ပန်းကန်တွေထပ်ထည့်ပေးဖို့ ပြောလိုက်မယ်။”
“ကျွန်တော် လုပ်မယ်။”
မုရန်ရဲ့ စကားမဆုံးခင် ချုယွမ် တံခါးဖွင့်ပြီး ထွက်သွား၏။ မုရန် ပါးစပ်ပိတ်ထားဖို့သာ တတ်နိုင်ခဲ့တယ်။
ချုစစ်ဟန် လုရှန်းအတွက် ပြုတ်ထားသော အသားတစ်ပိုင်းကို ယူပြီးထည့်ပေးတယ်။ လုရှန်း ကျေးဇူးတင်ကြောင်းပြောပြီး ပါးစပ်ထဲထည့်လိုက်တယ်။
လုရန်နဲ့ ဟဲလိန်တို့က လွဲလို့ ကျန်သည့် ၃ ယောက် လုရှန်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြတယ်။
လုရှန်းက သခင်'ချု'ကျွေးတဲ့ ဟင်းတွေကို အေးအေးဆေးဆေး ဘယ်လိုတောင် စားနိုင်တာလဲ?
သူတို့ရဲ့ ဆက်ဆံရေးက ဘာလဲ?