Chapters

ရင်းနှီးသောလူများစွာ။

Vol. 6 Ch. 128

ရင်းနှီးသောလူများစွာ။

Vol. 6 Ch. 128

အစောပိုင်းတွင် လင်းဂျန် ချုစစ်ဟန်ကို မကြည့်ရဲခဲ့ပေ။ အခု သူ ကြည့်လိုက်စဉ် သူ့နှလုံးသားက ရုတ်တရက် ခုန်တက်သွား၏။

ဒီလူလည်း တည်းခိုခန်းမှာရှိနေတာကို သူ မှတ်မိပါသည်။ သို့သော် ချုစစ်ဟန် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

ဒီအခြေအနေမှာ လုရှန်း တည်းခိုခန်းမှာ ဘာကြောင့် ပေါ်လာသလဲဆိုသည်မှာ ချုစစ်ဟန်ကြောင့်လည်း ဖြစ်နိုင်သည်။

လင်းဂျန်ရဲ့ မျက်ဝန်းနက်ရိူင်းလာပြီး ရူပ်ထွေးနေ၏။ သို့ပေမဲ့ သူ့ခံစားချက်တွေ အပြည့်အဝ မကောင်းမွန်သေး။

“စတုတ္တသခင်ကြီးက ပြောတယ်။ သခင်လေး'လင်း' အိမ်ပြန်လာတာ သိပ်မကြာသေးဘူးတဲ့။ သခင်လေး'လင်း' ဒီကို ရောက်နေမယ် မထင်ထားဘူး။ မင်းက သခင်လေး'လု'နဲ့တောင် သူငယ်ချင်းဖြစ်နေတယ်။”

ချုစစ်ဟန်က သူရဲ့ တူတွေကို ဘေးကို ချလိုက်ပြီး လင်းဂျန်ကို ကြည့်လိုက်၏။

လင်းဂျန် အံ့သြသွားတယ်။ "ကျွန်တော့်ကို သိတယ်။”

ချုစစ်ဟန် သူ့ကို မသိလောက်ဘူးလို့ သူထင်နေခဲ့တာ။ သူတို့အရင်က မတွေ့ဖူးကြဘူးလေ။

ချုစစ်ဟန် အေးစက်စက်ပြောတယ်။ "မင်းက မင်းအဖေနဲ့ တော်တော်တူတယ်။"

လင်းဂျန် ဒီစကားကိုကြားတော့ ပြုံးတယ်။ "မှန်တယ်။"

သူက သူ့အဖေနဲ့ တော်တော်တူတယ်။ သူ့အမေက ငယ်ငယ်တုန်းက သူ့အဖေနဲ့ တစ်ပုံစံထဲလို့ ပြောခဲ့တယ်။ သူတို့ကို တစ်ထပ်ထဲကျအောင် ထွင်းထုထားသလိုပဲ။

သူ့အဖေနဲ့ ရင်းနှီးသူတွေ သူ့ကိုမြင်ရင် ပထမဆုံးပေးလာသည့် မေးခွန်းက 'သခင်လေး မင်း စတုတ္တသခင်ကြီးနဲ့ ဘာတော်သလဲ?' ဆိုသော မေးခွန်းပင်။

လင်းဂျန် ပြုံးပြီးပြောတယ်။ "အဖေဆီက မကြာခဏ သခင်'ချု'အကြောင်း ကြားသိခဲ့ရပေမဲ့ သခင်လေး'ချု'နဲ့ တွေ့ဖို့ အခွင့်မသာခဲ့ဘူး။ မိန်းကလေး'လု'နဲ့ ညီအစ်ကို'လု'တို့ကို ကျေးဇူးတင်ရမယ်။နောက်ကျမှ ကျွန်တော်တို့ တခွက်လောက် အတူသောက်တာပေါ့။”

ချုစစ်ဟန် အနည်းငယ်ခေါင်းညိတ်ပြပေမဲ့ သူ့အမူအရာက ဘာမှမထူးခြားပေ။ အထူးသဖြင့် လင်းဂျန် ‘မိန်းကလေး'လု'’အကြောင်းပြောလာသည့်အခါတွင်ဖြစ်သည်။

နောက်ဘေးခန်းတွင် ဧည့်သည့်အမည် သိချင်နေသည့် ရှီရီသည် ဟင်းပွဲအနည်းငယ်ကို စားပြီး စိတ်ရူပ်ထွေးမှုကို ရှင်းဖို့ စားပွဲထိုးကို ရှာရန်ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ တံခါးဖွင့်လိုက်ချိန် ချုယွမ် သူတို့ အခန်းရှေ့ဖြတ်သွားတာကို တွေ့လိုက်၏။

“ကိုယ်ရံတော်'ချု'!"

ရှီရီ ထိတ်လန့်တုန်လှုပ်စွာ အော်ခေါ်လိုက်တယ်။

ချုယွမ်ရဲ့ ခြေလှမ်းရပ်တန့်သွား၏။ သူ အနောက်ကို ပြန်ဆုတ်လိုက်သည်။

‘သခင်လေး'ရှီ'ကော ဒီမှာ စားနေတာလား?’

ချုယွမ်၏ စိတ်ထဲ ရေရွတ်မိတယ်။ ‘ဒီနေ့၊ ဒီနေ့ ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးတွေ့နေရတာပဲ!’

“မင်း ဒီကိုရောက်နေတယ်? မင်းရဲ့ သခင်ကော?”

“ခင်ဗျားတို့ ဘေးက အခန်းမှာ။”

ရှီရီ သူ့တံတွေးကို ကြောက်ရွံ့စွာ မျိုချလိုက်တယ်။ သူ အစားအသောက်ကြောင့် အသက်ဆုံးရူံးလုနီးပါးဖြစ်ခဲ့သည်လေ။ သူ စိတ်သက်သာရသွားတာကို မြင်တော့ ချုယွမ်က သံသယဖြစ်စွာ မျက်ခုံးပင့်သွားတယ်။

“သခင်လေး'ရှီ' အဆင်ပြေရဲ့လား?”

“မဟုတ်ဘူး… ဘာမှမဖြစ်ဘူး။ မင်း ပြန်သွားရမယ်မလား? မြန်မြန် ပြန်လေ။ ညီအစ်ကို'ယွမ်'နဲ့ ငါ ဟင်းပွဲအများကြီးမှာထားကြတာ။ ငါတို့ သောက်ပြီးရင် ညီအစ်ကို'ချု'ကို လာရှာမယ်။”

“အိုး။”

ချုယွမ် အခန်းထဲမပြန်ခင် သံသယနဲ့ ကြည့်တယ်။

ရှီရီ တံခါးကို ဆောင့်ပိတ်လိုက်ပြီး သူ့ထိုင်ခုံဆီ ပြန်လျှောက်လာတယ်။ သူ ယွမ်တင်းကို ကြည့်ပြီး "ဘေးခန်းက ဘယ်သူလဲ မင်းသိလား?"

ယွမ်တင်း တူကိုချကာ လက်ကိုင်ပဝါဖြင့် ပါးစပ်ကို သုတ်လိုက်တယ်။ “ငါ နားမလေးဘူး။”

“အစ်ကို'ချု'လည်း ရှိနေတာ သိခဲ့ရင် ဒီဟင်းပွဲအတွက် ပိုက်ဆံသုံးစရာ မလိုဘူးပဲ။" ရှီရီ ဝမ်းနည်းစွာပြောတယ်။

ယွမ်တင်း စကားမပြောဘူး။ အဲ့အစား ထရပ်ပြီး ဝိုင်ခွက်ကို ကိုင်ကာ “ဘေးခန်းကို သွားကြစို့။”

ရှီရီရဲ့ မျက်လုံးတွေ တောက်ပသွား၏ ။ “ဒါ… ။ သိပ်မကောင်းဘူး မဟုတ်လား?"

ယွမ်တင်း သူ့ကို လစ်လျုရူကာ ဘေးခန်းကို သွားရန် ပြင်ဆင်၏။

“ဟေး... ညီအစ်ကို'ယွမ်' ငါ့ကိုစောင့်ဉီးလေ။"

ရှီရီ ဝိုင်ခွက်ကို အမြန်ကောက်လိုက်ပြီး အနောက်က လိုက်လာခဲ့တယ်။

အခန်းတံခါးခေါက်သံ ထွက်လာချိန် ချုယွမ်သည် ရှီရီနဲ့ ဆုံခဲ့ကြောင်းပြောနေချိန်လည်း ဖြစ်တယ်။

တခဏကြာတော့ ရှီရီ ပြုံးပြီး ခေါင်းညိတ်တယ်။

“ညီအစ်ကို'ချု'၊ အိုး... မိန်းကလေး'လု'လည်း ရှိနေတာပဲ!"

ချုစစ်ဟန် သူတို့ကို ဂရုမစိုက်သလို စကားမပြောပေ။

ယွမ်တင်း ရှီရီကို တွန်းထုတ်ပြီး ဖြည်းညှင်းစွာ ဝင်လာခဲ့တယ်။

တဖက်မှာတော့ လုရန်၊ လင်းဂျန်နဲ့ ကျန်တဲ့လူတွေ သူတို့နှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်နေကြတယ်။