← Chapters

အထူးအစီအစဉ်။

Vol. 6 Ch. 129

အထူးအစီအစဉ်။

Vol. 6 Ch. 129

"မင်္ဂလာပါ သခင်လေး၊ မတွေ့ရတာကြာပြီ!"

လုရှန်း လက်ဝေ့ယမ်းကာ နှုတ်ဆက်တယ်။

ချုစစ်ဟန်ရဲ့ စိုးရိမ်စိတ်တွေ ပျောက်ကွယ်သွားတော့သည်။

လုရှန်းက 'ကျွန်မ ရှင်တို့ကို သတိရနေတာ။’လို့ ပြောမည်ကို သူကြောက်နေခဲ့သည်လေ။

သူက အထူးခြားဆုံးပဲ။

“မိန်းကလေး'လု'။”

ယွမ်တင်းက သူမကို ခေါင်းညိတ်ပြတယ်။

ရှီရီက ပြုံးပြီးရှေ့ကို လျှောက်လာတယ်။ “လာကြ။ ပြန်တွေ့တာ ရှားတယ်။ သောက်ကြစို့။"

အခြားသူတွေကလည်း ဝိုင်ခွက်ကို မြှောက်ကြတယ်။ တစ်ငုံသောက်ပြီးနောက် ယွမ်တင်း ချုစစ်ဟန်ကိုကြည့်ပြီး "ဒီလူတွေက ဘယ်သူတွေလဲ?”

ချုစစ်ဟန်က သူတို့ကို ကြည့်လိုက်တယ်။ သူတို့ နားလည်သဘောပေါက်ပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်ဖို့ ထရပ်ကြတယ်။

“လင်းဂျန်? မင်းက စတုတ္ထသခင်ကြီး'လင်း'ရဲ့သားလား?” ရှီရီ မျက်ခုံးပင့်တင်ကာ မေးတယ်။

လင်းဂျန် ခေါင်းညိတ်တယ်။ “ဟုတ်ပါတယ်!”

“မထူးဆန်းပါဘူး။”

ရှီရီ သူ့မျက်နှာကို ကြည့်ကာ မတက်နိုင်ပဲ ပေါ့ပေါ့ပါးပါး ပြုံးတယ်။

စားသောက်ပြီးနောက် အောက်ထပ်ကို ဆင်းကြတယ်။

ချုစစ်ဟန်ကို တီးတိုးပြောနေသည့် လုရှန်းကို ကြည့်ပြီး လင်းဂျန် သူ့ကိုယ်သူ ပြောမိတယ်။ ‘ဒီမိန်းကလေး မရိုးရှင်းဘူး။’

ပထမက တတိယမင်းသား။ အခုတော့ ချုစစ်ဟန်နဲ့ မြို့တော်က နာမည်ကြီး လူငယ်သခင်လေး နှစ်ယောက်။

သေချာတာပေါက် သူမက သူရဲကောင်းမလေးပဲ။

ချုစစ်ဟန်နဲ့ လုရှန်းတို့က မှုခင်းဖြစ်ပွားရာနေရာကို သွားတော့မည်။ ဟဲလိန်က လုရှန်းကို လိုက်ပို့ခွင့်မပြုဘူး။ ထို့အစား လုရန်တို့နဲ့အတူ ပြန်သွားတယ်။

လုရှန်းက ဟဲလိန်နဲ့ လုရန်တို့ကို ငွေလက်မှတ်ပေးတယ်။ သူတို့ မတုန့်ပြန်ခင် သူမ ချုစစ်ဟန်နဲ့အတူ  မြင်းလှည်းဆီပြေးထွက်သွားခဲ့တယ်။

လုရန်နဲ့ ဟဲလိန်တို့က လက်ထဲက ငွေလက်မှတ်ကို ကြည့်ပြီး အတော်ကြာ တိတ်ဆိတ်နေခဲ့တယ်။

“မဆိုးဘူး။ ညီအစ်ကို'လု' သခင်'ချု'က မင်းကို တကယ် သိတာပဲ။”

မုရန်က လုရန်ရဲ့ ပခုံးများကို ပုတ်ရင်းဆိုတယ်။

“တိုက်ဆိုင်တာပါ။”

လုရန် ငွေလတ်မှတ်ကို သိမ်းပြီး တီးတိုးပြောတယ်။ ဒါကို သူဆက်မပြောချင်တော့။

ဟဲလိန်သည် ငွေလက်မှတ်ကို လုရန်ဆီ ပြန်ပေးပြီး လုရှန်းဆီ ပြန်ပေးဖို့တောင်းဆိုတယ်။ သို့သော် လုရန်က ငြင်းပယ်ခဲ့တယ်။

ဟဲလိန်မှာ ခေါက်သိမ်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ နောက်တကြိမ် သူမနဲ့ ထပ်တွေ့ရင် လုရှန်းကို ပြန်ပေးရမယ်။

လုရှန်း၊ ချုစစ်ဟန်နဲ့ ကျန်တဲ့သူတွေက မြို့မြောက်ပိုင်းကို ရောက်လာကြတယ်။

တည်းခိုခန်းတစ်ခုလုံး မီးလောင်ပြာကျနေပြီ။ လမ်းကို တာဝန်ရှိသူများ ပိတ်ဆို့ထားလို့ လမ်းပေါ်ရှိ ဈေးဆိုင်များအားလုံးကို ပိတ်ထားသည်။

ကင်းလှည့်အစောင့်တွေကလွဲလို့ လမ်းပေါ် ဘယ်သူမှမရှိပါ။

“တည်ခိုးခန်း နံရံတောင် မကျန်ဘူး။ ဘယ်လိုတွေတောင်လဲ?”

ရှီရီက ဒီမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ရချိန်တွင် အံ့သြစွာနဲ့ သူ့လျှာကို ကိုက်မိတယ်။

တည်းခိုခန်းနှစ်ခန်းက တစ်မီတာအောက်သာ ကွာဝေးသည်။ အပျက်အစီး အတိုင်းအတာကို ကြည့်သလောက် တဖက်က ဒီမီးကို ရှောင်ဖို့မဖြစ်နိုင်ဘူး။

ချုစစ်ဟန်သည် လုရှန်းကိုကြည့်ကာ တိုးတိုးလေးမေးတယ်။ "မင်း တစ်ခုခုတွေ့လား?”

လုရှန်း ခေါင်းယမ်းတယ်။ ပတ်ဝန်းကျင် ပတ်လည်ကို ကြည့်ချိန်တွင် အနီးအနားပတ်လည်တွင်လည်း ဝိညာဉ်များ မရှိပါ။

သူတို့ မြေအောက်လောကဆီ ပို့ဆောင်ခံရပြီ ထင်သည်။

ရှီရီ ‌ရောက်လာပြီး အဝါရောင်ဂါထာစာရွက်ကိုမြင်တော့ မေးတယ်။ “ဒါဘာလဲ?”

ချုစစ်ဟန် ရှီရီ လက်ကိုဆွဲကာ သူမကို ဆက်လုပ်ဖို့ အချက်ပြတယ်။

လုရှန်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးကို မှိတ်တယ်။ သူမ အသက်ရှုသံအောက် စကားလုံးတစ်ချို့ကို တိုးတိုးလေးပြောတယ်။

ချမ်းအေးသောလေက ရုတ်တရက် တိုက်ခတ်လာပြီး လူတိုင်း တုန်လှုပ်သွားကြသည်။

ချုယွမ် ပထမအကြိမ်မြင်ပြီးနောက် အံ့ဩသွားတယ်။

လုရှန်း ဝိညာဉ်ဆင့်ခေါ်နိုင်ခြင်းကြောင့် တုန်လှုပ်တာမဟုတ်ပေ။ သို့သော် သူ့သခင်က ဒါတွေကို ဘယ်အချိန်ကစပြီး ယုံကြည်သွားတာလဲ?

ယွမ်တင်း မေးပွတ်ရင်း ဘေးကနေ တိတ်တဆိတ်စောင့်ကြည့်နေ၏။ ရှီရီက ချုစစ်ဟန်အနားမှာ မတ်တပ်ရပ်နေပြီး သူ့မျက်နှာမှာ အံ့သြမှုအပြည့် ရှိနေတယ်။

မျက်လုံးမှိတ်ထားသော လုရှန်းက ရုတ်တရက် မျက်လုံး ဖွင့်လာသည်။ သူမ အရှေ့က တစ္ဆေကို စိုက်ကြည့်ပြီး “မင်းက ဘယ်သူလဲ?”

တစ္ဆေက “ငါ့နာမည် တာ့နူ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြင်းလှည်းကြောင့် သေတာ။“

လုရှန်း မျက်မှောင်ကြုံ့ပြီး “လွန်ခဲ့တဲ့နှစ်အနည်းငယ်က? ဒါဆို မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ?”

တစ္ဆေက ဝမ်းနည်းပက်လက်ဆိုတယ်။ “ငါ့မိန်းမက ငါ့အုတ်ဂူမှာ ဂါထာစာရွက်ကပ်ထားလို့ ငါ မြေအောက်လောကထဲကို မဝင်နိုင်ဘူး။ အဲ့တာကြောင့် ငါ လှည့်ပတ်သွားလာနေတာ။”

All Chapters