ဝင်ရောက် မစွပ်ဖက်တော့ဘူး။
Vol. 6 Ch. 130
ကောင်းကင်ယံက နေရောင်သည် ရုတ်တရက် တိမ်မဲများ ဖုံးလွှမ်းသွား၏။ အားလုံး ကောင်းကင်ကို ငြိမ်သက်စွာ ငေးကြည့်နေကြသည်။
ဟောင်ရန်မြို့မှ လူတွေကတော့ ဒီလိုရာသီဥတုမျိုးနဲ့ ဟိုးအရင်ထဲက ရင်းနှီးသည်။
လုရှန်းက တာ့နူရဲ့စကားကို ကြားတော့ သက်ပြင်းချမိလိုက်တယ်။ "ရှင့်မိန်းမက ဘာလို့ဒီလိုလုပ်တာလဲ?"
"အဲဒါ ရက်စက်တာပဲ!"
ပြင်းထန်တဲ့ တစ္ဆေရောင်ဝါ တာ့နူ တစ်ဝိုက် ရုတ်တရက် ပျံ့နှံ့သွား၏။ “သူက ငါ့ကို လိမ်တာကို မိသွားလို့ မြင်းလှည်းနဲ့သတ်ဖို့ လူတစ်ယောက် ငှားတယ်။ ငါ ပြန်မမွေးဖွားအောင် ဟန့်တားဖို့အတွက် ထုံးတမ်းစဉ်လာတစ်ခုနဲ့လုပ်ဖို့ ဘုန်းကြီးတစ်ပါးကို ပင့်ခဲ့တယ်။ အခု ငါ လူပြန်ဝင်စားလို့ မရနိုင်တဲ့ သရဲတစ္ဆေတစ်ကောင် ဖြစ်နေပြီ။”
သူမဆီသွားဖို့ တားဆီးထားတဲ့ ဒီခွေးမပေါ်က Exorcism Talisman ကြောင့်သာ။ မဟုတ်ရင် သူမကို သတ်ပြစ်လိုက်တာ ကြာပြီ။
"ရှင် ကျွန်မကို အကျိုးပြုပေးမယ်ဆိုရင် ရှင့်အတွက် လက်စားချေရုံတင်မကဘူး။ မြေအောက်လောကထဲ ထဲဝင်ပြီး ပြန်မွေးဖွားဖို့လည်း ကျွန်မ ကူညီပေးမယ်။"
"ဘာအကျိုးပြုရမှာလဲ?”
တာ့နူရဲ့ တစ္ဆေအငွေ့အသက်များ ရုတ်တရက် ကွယ်ပျောက်သွားတော့သည်။
"ဒီတည်းခိုခန်းကို ဘယ်သူမီးရှို့တာလဲ သိလား?”
တာ့နူက ခေါင်းမယမ်းခင် ခဏရပ်လိုက်တယ်။ “အဝတ်မည်းဝတ်ထားတဲ့လူ တည်းခိုခန်းကို မီးရှို့ပြီး ထွက်ပြေးသွားတာတော့ သိတယ်။ အဲ့ဒီပြီးတော့ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ ယောကျာ်းတစ်ယောက် ရောက်လာတယ်။ သူ့မှာ မသေမျိုး အရိပ်အယောင်တွေ ရှိနေတော့ ငါ အနားမကပ်ရဲတော့ဘူး။”
"မသေမျိုး?”
လုရှန်း အံ့ဩသွား၏။ "သူ ဘာလုပ်ခဲ့လဲ?"
“ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့အတွက် မီးကို ထိန်းချုပ်တယ်။ ဘယ်သူမှ မလွတ်မြောက်အောင် တံခါးတွေနဲ့ ပြတင်းပေါက်တွေကို သော့ခတ်တယ်။”
မီးလောင်နေပေမဲ့လည်း ပတ်ဝန်းကျင်ရှိ တည်းခိုခန်းများ မီးမကူးတာ မအံ့ဩတော့ဘူး။
“ဒါဆို ဘယ်သူသေလဲ သိလား?”
တာ့နူ မျက်မှောင်ကြုံ့ပြီး “သူတို့က ဒီတည်းခိုခန်းပိုင်ရှင်ရဲ့ လက်အောက်ငယ်သားတွေ။ အရင်က သူတို့လက်တွေမှာ လူတွေရဲ့သွေးတွေ စွန်းထင်းနေတာ။ ဒီတည်းခိုခန်းပိုင်ရှင်က မရေမတွက်နိုင်အောင် လူတွေ အများကြီးသတ်ခဲ့တဲ့ ဓားပြတစ်ယောက်။ သူ မသေခင် အခန်းထဲမှာ သခင်ကြီး'ဂျန်'နဲ့ စီးပွားရေး ကိစ္စ ဆွေးနွေးနေတာ။ လုရှန်းလို့ခေါ်တဲ့ မိန်းကလေးကို ရှာပြီး သတ်ပစ်ချင်ပုံရတယ်။”
သူမကို သတ်ပစ်ဖို့လား?
လုရှန်း မျက်မှောင်ကြုံ့ သွားတယ်။ 'ဂျန်'မိသားစုကို သူမ စော်ကားမိခဲ့သလား? သူမ မမှတ်မိတော့ဘူး။
"ဒါဆို ဒီမိန်းမကို ဘာလို့သတ်ချင်နေတာလဲ သိလား?”
တာ့နူ ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားတယ်။ ထို့နောက် သူက “သခင်ကြီး'ဂျန်'က အဲ့မိန်းမက သူ့လိမ္မာတဲ့မြေးကို စိတ်မချမ်းသာအောင် လုပ်ခဲ့တယ်တဲ့။”
လုရှန်း အံ့သြသွားတယ်။
ဟိုကလေးကို ကယ်တင်မိတဲ့အချိန်ကစလို့ သခင်လေး'ဂျန်'က သူမကို စိတ်ဆိုးသွားတာလား?
ဒါက အသေးအမွှားကိစ္စပဲလေ။ ဒီဆရာကြီး'ဂျန်'က သူမကို သတ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ငှားဖို့အတွက်နဲ့ ဒီလမ်းတစ်လျှောက်လုံး ခရီးထွက်ခဲ့တာလား။
"ဟား... အဲဒီ လူနှစ်ယောက် သေထိုက်တယ်။"
အမှန်ပြောရရင် မသေမျိုးရောင်ဝါရှိတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူက ဘယ်သူဆိုတာ သူမ အကြမ်းဖျင်းသိလိုက်ပြီ။
သို့ပေမဲ့ သူမ စကားတွေကြောင့် သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
လုရှန်းက ဂါထာစာရွက်ထုတ်ပြီး တာ့နူကို အထဲမှာ ယာယီနေဖို့ ပြောလိုက်တယ်။
"မင်း ဘာသိလာလို့လဲ?" ချုစစ်ဟန်က မေးတယ်။
လုရှန်း အေးစက်စက် မော့ကြည့်လိုက်ပြီး “သခင်လေး၊ ဒီကိစ္စကို စုံစမ်းဖို့ မကူညီနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။”
သူမရဲ့ ဒေါသကြောင့် ရုတ်တရက် လူတိုင်း နားမလည်နိုင်အောင် ဖြစ်သွားကြသည်။
ရှီရီ ဟာသအချို့နဲ့ အရွန်းဖောက်ချင်ပေမဲ့လည်း သူမရဲ့ အမူအရာကိုမြင်တော့ ဟာသ မလုပ်ရဲတော့။
ချုစစ်ဟန် သူမကို တဖက်သို့ ဆွဲခေါ်ပြီး “ဘာဖြစ်လို့လဲ?”
လုရှန်း အေးစက်စက်ပြုံးပြီး "ဂျန်မိသားစုက လူ့အသက်ကို အလေးအနက်မထားဘူး။"
“အရင်က တရားရုံးတော်မှာ သခင်လေး'ဂျန်' ရေကန်ထဲတွန်းချခဲ့တဲ့ကလေးကို ကျွန်မ ကယ်တင်ခဲ့တယ်။ သူက ဒေါသထွက်ကြီး သခင်ကြီး'ဂျန်'ကို ပြောခဲ့လောက်တယ်။ သခင်ကြီး'ဂျန်'က ကျွန်မကို သတ်ပေးနိုင်တဲ့ လူတစ်ယောက်ကိုငှားဖို့ ဟောင်ရန်မြို့ကိုလာခဲ့တာ။ ကံမကောင်းတာက တခြားရန်သူရဲ့သတ်တာကို ခံလိုက်ရတယ်။ ဒါ တကယ်ကို လက်စားချေခြင်းပဲ။”
ချုစစ်ဟန် ဒီစကားကိုကြားတော့ သူ့ရဲ့ အမူအရာက ချက်ချင်းပဲ စိတ်ဆိုးသွားတော့သည်။
“စိတ်မပူနဲ့ ကို ဒီကိစ္စကို ဝင်မစွက်ဖက်တော့ဘူး။ ခရိုင်တရားသူကြီး ကိုယ်တိုင်ပဲ စစ်ဆေးခွင့်ပြုလိုက်မယ်။”
ခရိုင်တရားသူကြီးက ဘာမှရှာမတွေ့ရင် သူ့အသက်အန္တရာယ်ရှိနေတယ်ဆိုရင်တောင် သူနဲ့ဘာမသက်ဆိုင်ဘူး။ သူဝင်ရောက် စွပ်ဖက်မှာမဟုတ်ဘူး။