သူမနဲ့အတူ အမြင်ဖွင့်ခြင်း။
Vol. 6 Ch. 131
သူ ဒီလို ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ဖို့အတွက် မရည်ရွယ်ခဲ့ဘူး။
သို့ပေမဲ့ အရောင်ပြ တစ်ခုခုတော့ လုပ်ရသေးသည်။
အခု သူဘာမှမလုပ်တာတောင်မှ ဂျန်မိသားစုအပေါ် ကြီးမြတ်သည့်ဂရုဏာ ပြသတာပဲ။
တနေ့ သူ ဂျန်မိသားစုကို အနိုင်ကျင့်ခြင်းရဲ့ အကျိုးဆက်တွေကို သိခွင့်ပြုမည်။
“မြို့တောင်ပိုင်းကို ပြန်စို့။”
ချုစစ်ဟန်ရဲ့ အမူအရာလေးနက်ပြီး နက်မှောင်နေ၏။ သူ့ပုံစံ အနည်းငယ်ကြောက်ဖို့ကောင်းနေ၏။ သူက လေသံတိုးတိုးဖြင့် ဆိုကာ ထွက်သွားတယ်။
“ဘာ... ဘာအခြေအနေကြီးလဲ?”
အစတော့ လုရှန်းတစ်ယောက်တည်း ဒေါသထွက်နေတာလေ။ သူတို့ သီးသန့်စကားပြောပြီးနောက် နောက်တစ်ယောက်ကပါ ဘာလို့ စိတ်ဆိုးသွားတာလဲ?
ရှီရီ ယွမ်တင်းရဲ့အင်္ကျီကို ဆွဲကိုင်လိုက်ပြီး သေသေချာချာ မေးတယ်။
ယွမ်တင်း သူ့ကိုကြည့်ပြီး အထင်အမြင်သေးစွာ လက်ကို ပြန်ပုတ်ထုတ်တယ်။ သူ ချုယွမ်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်တယ်။
ချုယွမ်လည်း မသိကြောင်း ခေါင်းယမ်းတယ်။
သူလည်း သူတို့နဲ့အတူ စကားပြောတဲ့အထဲ မပါဝင်ပဲ။ အကြောင်းအရင်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ?’
ချုစစ်ဟန် ခြေလှမ်းအနည်းငယ်လောက် လှမ်းပြီးနောက် လုရှန်း ချုစစ်ဟန်အနောက်ကနေ လိုက်လာတယ်။ ကျန် ၃ ယောက်သည် နေရာတွင်သာ ကြောင်စီစီနဲ့ ကျန်ရစ်ခဲ့လေသည်။
၃ ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး သူတို့အနောက် လိုက်သွားကြတယ်။
သူတို့ထဲကအချို့ လုရှန်းရဲ့ မြင်းလှည်းပေါ်ရောက်လာ၏။ သူတို့ရောက်တော့ အရင်အတိုင်း မြင်းလှည်းစီးကြတယ်။ ချုယွမ်က မြင်းလှည်းကို မောင်းသည်။
မြင်းလှည်းထဲရောက်တော့ ယွမ်တင်းက ချုစစ်ဟန်ကို "အစ်ကို'ချု' ဘာဖြစ်နေတာလဲ?”
အခု လုရှန်း ဘာလုပ်လိုက်လို့ ရုတ်တရက် စိတ်ဆိုးသွားသလဲ သူ တကယ်မေးချင်မိသည်။ သို့သော် လုရှန်းရဲ့ အမူအရာက သူ့ကို အနည်းငယ်ကြောက်လန့်စေတယ်။
“အရင်တုန်းက မိန်းကလေး'လု'က လင်းဂျန်အိမ်တော်မှာရှိတုန်းက သခင်လေး'ဂျန်' ရေကန်ထဲကို တွန်းချလိုက်တဲ့ ကလေးကို ကယ်တင်ခဲ့ဖူးတယ်။ သခင်ကြီး'ဂျန်'က တည်းခိုခန်းပိုင်ရှင်ဆီသွားပြီး မိန်းကလေး'လု'ကို ဖယ်ရှားပေးဖို့ အကူအညီသွားတောင်းတာ။”
ရှီရီ အံသြသွားတယ်။ "ဒါကို မင်းဘယ်လိုသိတာလဲ"
ယွမ်တင်း ချုစစ်ဟန်ကို စူးစူးစိုက်စိုက်ကြည့်နေတယ်။
“ဝိညာဉ်ကို မေးလိုက်တာ။"
သူမရဲ့ ဒေါသကို ဖြေဖျောက်ပြီးနောက် လုရှန်းလည်း တွေးတောနေခဲ့တယ်။
ဂျန်မိသားစုက အမှန်တကယ်ပဲ ဥပဒေမဲ့တယ်။ တစ်နေ့ သူမ သူတို့စိတ်ကို ပြုပြင်ပေးမည်။
သခင်ကြီး'ဂျန်'က အထက်ကြီးဆန်ပြီး ရွံ့ဖို့ကောင်းတယ်။ လူ့အသက်ကို မြက်ပင်လိုသဘောထားတယ်။ တကယ်ကို မုန်းတီးဖို့ကောင်းတာပဲ။
"ဝိညာဉ်ကို မေးလိုက်တာ?" ရှီရီ၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။ "မိန်းကလေး'လု' မင်းနောက်နေတာလား?”
ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ ဘယ်လိုလုပ်ရှိမှာလဲ? မလိုလားအပ်တဲ့ ဆန်းကြယ်တဲ့အရာတွေက တမင်လုပ်ကြံ ဖန်တီးထားတာမဟုတ်ဘူးလား?
"သူ နောက်နေတာမဟုတ်ဘူး။"
ချုစစ်ဟန်ရဲ့ စကားဆုံးတော့ သူက ခဏတိတ်ဆိတ်သွားတယ်။ ထို့နောက် ယွမ်တင်းနဲ့ ရှီရီရဲ့ မယုံကြည်နိုင်တဲ့ အကြည့်တွေအောက်မှာ ချုစစ်ဟန်က ထပ်ပြောတယ်။ "ငါ့မျက်စိနဲ့ မြင်ခဲ့တာ။"
မြင်းလှည်းထဲ ရုတ်တရက် တိတ်ဆိတ်သွား၏။
လုရှန်း ဘေးနားမှာထိုင်ပြီး သူတို့ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတာကို ကြည့်နေ၏။
အချိန်အတော်ကြာပြီးနောက် ရှီရီက နောက်ဆုံးမှာ မယုံကြည်နိုင်စွာ ပြောလာ၏။ "အစ်ကို'ချူ'၊ မင်း သရဲတစ္ဆေမြင်ဖူးတယ်လို့ ပြောတာလား?”
“ဟုတ်တယ်။”
ချုစစ်ဟန် တည်ငြိမ်စွာ ခေါင်းညိတ်တယ်။
ဟုတ်တယ်။ ချုစစ်ဟန်က သူတို့ထက် ဒီအရာကို ပိုမယုံဘူး။ ဒီနေ့ သူ ရုတ်တရက်ယုံလိုက်တာနဲ့ အရင်က မမြင်ဖူးတာတွေက အဓိပ္ပာယ်မရှိတော့ဘူး။
ရှီရီ သူ့တံတွေးကို မျိုချလိုက်ပြီး ယွမ်တင်းကို တိတ်တဆိတ် ကြည့်တယ်။ ယွမ်တင်းက ချုစစ်ဟန်ကို မှုန်မှိုင်းသောအမူအရာနဲ့ စိုက်ကြည့်နေသည်ကို ရှီရီ နားလည်လိုက်တယ်။
"တကယ်လား?"
ယွမ်တင်း တစ်ခုခုပြောဖို့ အချိန်အတော်ကြာခဲ့တယ်။
ချုစစ်ဟန် လေးလေးနက်နက် ခေါင်းညိတ်တယ်။
"ဘယ်လိုမြင်တာလဲ?" ရှီရီက ကြောက်လန့်တကြားနဲ့ မေးတယ်။
ချုစစ်ဟန် လုရှန်းကို ကြည့်တယ်။
နှစ်ယောက်စလုံးရဲ့အကြည့် ချုစစ်ဟန်ရဲ့ အကြည့်တိုင်း လိုက်ကြည့်တယ်။
လုရှန်းရဲ့ အမူအရာ ရပ်တန့်သွားတယ်။ "ရှင်တို့ တကယ်တွေ့ချင်တာလား?”
ရှီရီနဲ့ ယွမ်တင်းခေါင်းညိတ်တယ်။
လုရှန်း ခဏလောက်စဉ်းစားပြီး ချုစစ်ဟန်ကိုမေးတယ်။ "သခင်လေး၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြို့မြောက်ပိုင်း၊ အခု မီးလောင်သွားတဲ့ တည်းခိုခန်းအနီး မြင်းလှည်းနဲ့အသတ်ခံရတဲ့လူတစ်ယောက် ရှိလား?”
ချုစစ်ဟန်က အမြဲတမ်း မှတ်ဉာဏ်ကောင်းတယ်။ သူကြားဖူးတဲ့ ကိစ္စတွေဆို မေ့မှာမဟုတ်ဘူး။ထို့ကြောင့် သူ ခေါင်းညိတ်တယ်။