ကောင်းဆုံး အဆိုးဆုံးသူငယ်ချင်း။
Vol. 6 Ch. 132
အရင်က အခင်းဖြစ်ပွားသည့်နေရာကိုတောင် သွားဖူးတယ်။
သို့သော် နောက်ပိုင်း အမှုက လွယ်ကူစွာ ပြေလည်သွားပုံရတယ်။
လှည်းမောင်းသူက သေဆုံးသူရဲ့မိသားစုကို ငွေတုံး ၁ ဒါဇင် ပေးပြီးနောက် ဒီအမှု ရပ်တန့်သွားခဲ့သည်။
သေဆုံးသူသည် အနီးနားက ရွာသားတစ်ဦးဖြစ်ပြီး ကြီးကြီးမားမားအသတ်ခံရတာမဟုတ်လို့ ဒီကိစ္စကို လူတိုင်းက ခပ်မြန်မြန်ပဲ မေ့သွားတယ်။
လုရှန်း ဘာလို့ ရုတ်တရက် ပြောတာလဲ?
"ကျွန်မ အခု အဲဒီဝိညာဉ်ကို ဆင့်ခေါ်မှာ။”
လုရှန်း ဒီလိုပြောလိုက်ချိန်တွင် ရှီရီနဲ့ ယွမ်တင်း မပြောနဲ့ အပြင်က လှည်းမောင်းနေတဲ့ ချုယွမ်တောင် ကြက်သီးထသွားသည်။
ချုစစ်ဟန် ပြုံးတယ်။ “မထူးဆန်းပါဘူး။”
"တကယ်… တကယ်?"
ရှီရီက တုန်လှုပ်သောအသံဖြင့် မေးလိုက်တယ်။
လုရှန်း သူတို့ကိုကြည့်ပြီး ပြုံးတယ်။ "ရှင်တို့ သူ့ကိုတွေ့ချင်ရင် အဲဒီဝိညာဉ်ကို ပြပေးလို့ရတယ်။”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လုရှန်းကို ခေါင်းညိတ်ပြတယ်။
လုရှန်း သူတို့နှစ်ယောက်ကို မျက်လုံးမှိတ်ခိုင်းလိုက်သည်။ သူမက ဂါထာစာရွက်ထုတ်ပြီး ဂါထာအနည်းငယ်ရွတ်တယ်။ ထို့နောက် သူတို့ မျက်လုံးပေါ် တင်လိုက်သည်။
သူမက တာ့နူကို လွှတ်ပေးလိုက်ပြီး "မျက်လုံးဖွင့်လို့ရပြီ။"
မြင်းလှည်းပေါ်တွင် နောက်ထပ်လူတစ်ယောက်ကိုမြင်တော့ နှစ်ယောက်သား ထိတ်လန့်သွားကြ၏။
တာ့နူသည် သူအသက်ရှင်စဉ်က ရိုးသားသူဖြစ်တယ်။ သေဆုံးပြီးနောက် နာကြည်းမှုကို ခံနိုင်ရည်ရှိပြီး သူတပါးကို အလွယ်တကူ ထိခိုက်အောင်မလုပ်ခဲ့ပါ။
လုရှန်းအတွက် ထူးဆန်းတာက တာ့နူ ချုစစ်ဟန်ကိုမြင်တော့ ရထား၏ထောင့်တစ်နေရာတွင်ကပ်နေပြီး အလွန်ကြောက်လန့်နေတာဖြစ်တယ်။
လုရှန်း ချုစစ်ဟန်ရဲ့အမြင် ဖွင့်ပေးချိန်ကို အမှတ်ရမိတယ်။ ထိုအချိန်တုန်းက သရဲတစ္ဆေများဟာ သူမရဲ့ အမိန့်မပါဘဲ နာနာခံခံ တန်းစီနေကြတယ်။
သူရဲ့ ဖြောင့်မတ်တဲ့ အငွေ့အသက်က ပြင်းထန်လွန်းလို့ သရဲတစ္ဆေတွေတောင် သူ့ကို ကြောက်ကြတာများလား?
လုရှန်းသည် မြေပြင်ပေါ်ကို တစ်စုံတစ်ခု ပြုတ်ကျသွားသကဲ့သို့ ‘ဘန်း’ခနဲ့ အသံကို ကြားတော့ မျက်ခုံးပင့်သွားခဲ့တယ်။
သူမ သံသယစိတ်ဖြင့် ခေါင်းလှည့်ကြည့်တော့ ရှီရီသည် ယွမ်တင်းနဲ့ ချုစစ်ဟန်အနား လဲလျောင်းနေပြီး မျက်လုံးများကို မှိတ်ထား၏။
"သူ… အဆင်ပြေရဲ့လား?"
သူ သေမှာ ကြောက်နေတာလား?
ချုစစ်ဟန်က နှာခေါင်းနား ကပ်ကာ စမ်းသပ်ကြည့်တယ်။ “ကျေးဇူးတင်ဖို့ကောင်းတာက သူ မသေသေးဘူး။”
ထို့နောက် ချုစစ်ဟန်သည် လက်ပိုက်ကာ မျက်လုံးမှိတ်ထားရင်း မြင်းလှည်းအနောက်ကို မှီထားသည်။
လုရှန်း ယွမ်တင်းကို ပြန်ကြည့်တော့ ယွမ်တင်း တာ့နူရဲ့ ဝိညာဉ်ကို အံ့သြစွာ ကြည့်နေတာသိလိုက်သည်။ သူက တာ့နူကို ခေါ်သွားပြီး လေ့လာစမ်းသပ်ချင်နေပုံပင်။
ချုစစ်ဟန်ကြောင့် ကြောက်လန့်နေသည့် တာ့နူကို ဂါထာစာရွက်ထဲ အမြန်ပြန်ထည့်လိုက်သည်။
ယွမ်တင်း တည့်တည့်မတ်မတ်ထိုင်ပြီး “ဒါဆို သရဲတစ္ဆေတွေ တကယ်ရှိတာပဲ။“
"ဟင်?"
ယွမ်တင်း သူ့ခြေဖဝါးအနား လဲလျောင်းနေတဲ့ ရှီရီကို ကန်ပြီး ကူရာမဲ့နေတယ်။
“ညီအစ်ကို'ရှီ' မင်း မသေသေးဘူး မဟုတ်လား?”
လုရှန်း “...”
သူမသာ ရှီရီဆိုရင် သူမ ဒီလူနှစ်ယောက်နဲ့ အဆက်အသွယ်ဖြတ်ပစ်မှာ သေချာတယ်။ သူတို့က လုံးဝကို အဆိုးဝါးဆုံး သူငယ်ချင်းကောင်းတွေပဲ။
“ကြမ်းပြင်းက တော်တော်အေးတယ်။ သခင်လေး'ရှီ'ကို အရင်ကူညီရင်ကော?”
လုရှန်း အကြံပြုတယ်။
သို့သော်လည်း သူတို့နှစ်ယောက်က သူမ စကားသံကို မကြားသလိုမျိုး လျစ်လျူရှုထားကြတယ်။
သူမ ရှီရီကို ကူညီဖို့ နှုတ်ခမ်းစူပြီး ငုံ့ကြည့်လိုက်တယ်။ မထင်မှတ်ပဲ မျက်လုံးမှိတ်ထားတဲ့ ချုစစ်ဟန် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူမ မကူညီခင် ရှီရီကို ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်သည်။
သူမ တိတ်တဆိတ် လက်ရုတ်လိုက်၏။
ချုစစ်ဟန်ရဲ့အား များတာကြောင့် ရှီရီ ညည်းတွားရင်း ဖြေးဖြေးချင်း မျက်လုံးဖွင့်လာတယ်။
"သခင်လေး'ရှီ' အဆင်ပြေရဲ့လား?"
လုရှန်း စိုးရိမ်တကြီး မေးတယ်။
ရှီရီ သူမကိုကြည့်ကာ မျက်တောင်ခတ်လိုက်သည်။ သူ တစ်ခုခုကို တွေးနေပုံရပြီး မြင်းလှည့်ရဲ့ထောင့်တနေရာကို ကြည့်တယ်။ ဘယ်သူမရှိတာမြင်မှ ရင်ဘတ်ကို ဖိပြီး သက်ပြင်းချလိုက်တော့သည်။
“မိန်းကလေး'လု' ကျွန်တော်အနာဂတ်မှာ သရဲတစ္ဆေတွေ မကြာခဏ မမြင်ရတော့ဘူးမလား?” ရှီရီ တိုးတိုးလေး မေးတယ်။
လုရှန်း တခစ်ခစ်ရယ်ပြီး ခေါင်းယမ်းတယ်။ "မမြင်ရပါဘူး။ ရှင့်မှာ ယန်-ယင် မျက်လုံးမရှိဘူး။”
"အဲဒါကောင်းတယ်! အဲဒါကောင်းတယ်!"
သူ မကြည့်ရဲတော့ဘူး ကြောက်ဖို့ကောင်းလွန်းတယ်။